fbpx

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့

September 27, 2016

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆

နီယွန်မီးတွေကိုအကြောင်းပြုပြီး မြို့က ညနဲ့နီးစပ်လာတာကို မြင်နေရတယ် ..။ ယောက်ယက်ခတ်နေတဲ့ ကိစ္စတွေ တ ထွေးကြီးကို မနိုင်မနင်းထမ်းပိုးထားပြီး လမ်းကလည်း သူ့လမ်းကြောင်းအတိုင်း စုန်ဆန်ဆင်းနေတယ် …။ မိတ်ကပ်တွေ အဖွေးသားနဲ့ ချွေးချောင်းတွေစီးဆင်းနေတဲ့ လမ်းကြိုလမ်းကြားတွေရဲ့ ဝလစ္စလစ်ဆန်မှုကလည်း အထင်းသား …။

လာနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို နီယွန်းမီးတွေ အိပ်ငိုက်နေကြတယ် …။
လနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို မိတ်ကပ်ပျက်နေတဲ့ အခွင့်အရေးသမားတွေရှိတယ် …။

လာနေကြလမ်းမှာ ည ည ဆို ကျီးတွေလည်း အာနေတယ် ….။
လာနေကြလမ်းမှာ ည ည ဆို ဆက်ရက် (ဇရက်) တွေလည်း အာနေတယ် …။

လာနေကြလမ်းရဲ့ အချိုးအကွေ့မှာ ဂီတတွေဖြန့်ခင်းထားတဲ့ ဘုံဆိုင်လေးရှိတယ် …။
လာနေကြလမ်းရဲ့ အရှေ့တည့်တည့်မှာ နောက်မီးလင်းနေတဲ့ ညတွေရှိတယ် …။

နေ့ကို နေ့နဲ့တူအောင် ဖြန့်ခင်းထားရင်း …
ညကို ညနဲ့တူအောင် ဖြန့်ခင်းထားရင်း …
မြို့ဟာ လိင်တူချစ်သူတွေကို ဆွဲဆောင်ထားတယ် …။

နေ့က သာသာယာယာရှိအောင် မြို့ကို မထားတယ် …
ညက ဖွယ်ဖွယ်ရာရာရှိအောင် မြို့ကို မထားတယ် …
ကြည်နူးမှုတွေနဲ့အတူ မြို့က နေ့ရော ညရောကို တဖန်ပြန်မထားတယ် …။
ခုတလောတော့ အမလွန်လွန်းလို့ မြို့ဟာ မ,မနိုင်တာတွေကို ထွေးငုံပေးထားရပြန်ရော …။

ပြောသားပဲ ..။
မြို့မှာ လိင်တူချစ်သူတွေနေပါတယ်လို့ …။
ချွေးကြောင်းတွေကို အပြန်အလှန်သုပ်သပ်ပေးရင်း ဒီမြို့ဟာ လိင်တူချစ်သူတွေပျော်တဲ့မြို့ဆိုတာ ငြင်းမရဘူး …။

ဒီမြို့မှာ ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်နေတာတောင် လမ်းပျောက်နေတုန်း …။
ဒီမြို့မှာ အဆီတထပ် အသားတထပ်နဲ့ ဟန်ကျ ပန်ကျ နေနေရတာတောင် .. အာသာမပြေဖြစ်နေတုန်း …။

ဒီမြို့မှာ ….
ဒီမြို့မှာ ….

ခုချိန်ထိ ကျီးတွေ အာတုန်း …
ခုချိန်ထိ ဆက်ရက် (ဇရက်) တွေ အာတုန်း …
ခုချိန်ထိ အခွင့်အရေးသမားတွေ နေတုန်း ….

ဒီမြို့ကို …
ခုချိန်ထိ အခွင့်အရေးသမားတွေ လာနေတုန်း ….

ခုချိန်ထိ …
အခုချိန်ထိကို ….
ဒီ သန္ဓေဆောင်လို့မရတဲ့မြို့မှာ ဟင်းသိုး ဟင်းကျန်အနံ့တွေနဲ့ လိင်တူချစ်သူတွေ ပျော်မွေ့နေတယ် …။

စက်တင်ဘာ ၁၉၊ ၂၀၁၆၊ ည ၇း ၄၄ နာရီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဆောင်းလူ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)