ဆောင်းယွန်းလ ● ခေတ်သစ်တေး

October 4, 2016

ဆောင်းယွန်းလ ● ခေတ်သစ်တေး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၆

လိင်မှုကို
လိမ်စဉ်နဲ့ လုပ်ဇာတ်အတုခင်းရင်း
အဆင်းမှာ ဘီးမပါပဲလိမ့်သွားမယ့် အရာတခုဟာ
ဘဝ။

မောင်းသူမဲ့ လေယာဉ်တစင်း
နက်ရှိုင်းလျှိုမြောင်တောင်ကြားထဲ
တဟုန်ထိုး ဆိုက်ဆင်းသွားသလိုမျိုးပဲ။

ချောက်က နက်လွန်းတယ်လို့
ခြိမ်းခြောက်မယ့်သူမရှိလည်း
အသိ သတိနဲ့ ပကတိတရားအားလုံးကို
ကိုယ့်လမ်းပြမြေပုံနဲ့
အဝေးပြေးထိန်းချုပ်မှုခလုတ်တွေပေါ်မှာ
အဆင်သင့်တင်ဆောင်ထားနိုင်မှ။

ကိုယ့်သံသယနဲ့
သူ့သံသယ လမ်းအဆုံးဟာ
ကြည်လင်အေးမြ ရွာကလေးတရွာက စတာပဲ။

ခေတ်သစ်တေးဟာ
ပြိုင်တူဆိုမှ တပုဒ်ဆုံးတယ်။

ဆောင်းယွန်းလ (အောက်တိုဘာ ၃၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်