အကြွေးတွေဆပ်နေရတဲ့ မြန်မာပြည်နှင့် မောင်မိုးသူ

October 6, 2016


အကြွေးတွေဆပ်နေရတဲ့ မြန်မာပြည်နှင့် မောင်မိုးသူ 

(ကုမုဒြာဂျာနယ်၊ ရန်ကုန်ထုတ်) မိုးမခ၊ အောက်တိုဘာ ၆၊ ၂၀၁၆

မြန်မာစကားမှာ စားစရာမရှိ လျော် စရာ ရှိရတယ်ဆိုတဲ့စကား ရှိပါတယ်။ စီမံ ကိန်းဝန်ကြီးဌာန တာဝန်ရှိသူက အရင်အ စိုးရလက်ထက်က ပြု လုပ်ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းများဟာ မ အောင်မြင်တဲ့အပြင် မလိုအပ်တာတွေ ဝယ် ယူသုံးစွဲထားလို့ အကြွေးဆပ်နေရကြောင်း ပြောတာကို တွေ့လိုက်ရ ဖတ်လိုက်ရပါ တယ်။ သည် တော့ မြန်မာစကားကို ပြေး သတိရမိသွားတာပေါ့။ စားစရာသာမရှိတာ လျော်စရာ တော့ ရှိရတယ် ဆိုတာလေ။

ဒါနဲ့ပတ်သက်ပြီး စာနယ်ဇင်းဝေါဟာ ရနဲ့ ပြောရရင် ဆက်စပ်သတင်းဆိုတာတွေ ပေါ့။ ဆက်စပ်သတင်းဆိုတာတေကိုတော့ ယခင်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ စီမံ ကိန်းပေါင်းစုံတွေအကြောင်းတွေပါပဲ။ ပြန်စရရင် စစ်အစိုးရတက်ပြီးခါစက ပြည်သူ ပိုင်သိမ်းခဲ့တဲ့ စက်ရုံတွေ၊ လုပ်ငန်းတွေ၊ စီမံကိန်းတွေအကြောင်းက ပြန်စရမယ် ထင်ပါ တယ်။ ပြည်သူပိုင်မသိမ်းမီက မြန်မာနိုင်ငံ ရဲ့ စီးပွားရေးလုပ်ငန်းအဝဝဟာ အရှေ့ တောင်အာရှမှာ ရှေ့ဆုံးက အောင်မြင်နေ တဲ့ နိုင်ငံဖြစ်ပါတယ်။ ပွင့်ကောင်းငံပြာရည် တို့၊ ဟံသာအေး ခေတ်အကြိုက် နိုင်လွန် တို့၊ ဗန္ဓုလစောင်စက်တို့၊ နတ်သမီး မီးခြစ် တို့၊ စီးကရက်ကုမဏီများ၊ လုပ်ငန်းများ ဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံး ရှေ့ ဆုံးက ရှိခဲ့တာ ဖြစ်ပါတယ်။ အဲသည် စက် ရုံ၊ အလုပ်ရုံတွေကို ပြည်သူ ပိုင်ဆိုပြီး အ လကားရခဲ့ပြီး စီမံအုပ်ချုပ်မှု ဘယ်လိုလုပ် လိုက်သလဲ မသိပါဘူး။ လုပ် ငန်းနဲ့ စက်မှု ဆိုင်ရာအဝဝမှာ အမြတ်မထွက်ဘဲ အရှုံး ပေါ်ခဲ့တာတွေ တွေ့ရမှာ ဖြစ်ပါတယ်။

မောင်မိုးသူက ရုပ်ရှင်လူမျိုးဟောင်းတစ်ယောက်လည်းဖြစ်၊ ရုပ်ရှင်ကောင်စီ ဗဟိုဦးစီးလူကြီးတစ်ယောက်လည်း ဖြစ်ခဲ့ ပါတယ်။ အဲသည်ခေတ်က ရုပ်ရှင်၊ ကား ရှင် ပူးတွဲအစည်းအဝေးတွေမှာ ကားရှင် (ရုပ်ရှင်ကောင် စီ) က တာဝန်ခံအဖြစ် မြန်မာရုပ်ရှင်ကားတွေကို ရန်ကုန်မြို့လယ်၊ မြို့ပတ်ရုံများကို စနစ်တကျပြသဖို့ ရုံရက် သတ်မှတ်တာကို ရုံပိုင်ရှင်များနဲ့ ညှိနှိုင်း ဖြေရှင်းရတဲ့အလုပ် ကို လုပ်ခဲ့ရသူ ဖြစ်ပါ တယ်။ အဲသည်အချိန် မှာ မြန်မာရုပ်ရှင် ကားတွေက တစ်နှစ်ကို ၈၀၊ ၉၀ ထွက်နေ ပြီး ရုပ်ရှင်ရုံပေါင်းက ရန် ကုန်က ရုံ ၄၀ အ ပါအဝင် မြန်မာတစ်ပြည် လုံးမှာ ၄၀ဝ လောက်ရှိတာ ဖြစ်ပါတယ်။

မြို့တစ်မြို့မှာ ရုပ်ရှင်ရုံပိုင်ရှင်ဆိုတာ အဲသည်မြို့ရဲ့ မျက်နှာဖုံး သူ ဌေးကြီး ဖြစ်ပါ တယ်။ သူတို့မိသားစု ရုပ်ရှင်ရုံ တည် ဆောက်ပြီးကတည်းက ဘိုးစဉ် ဘောင် ဆက် သည်လုပ်ငန်းလုပ်လာတာ အောင် မြင်လွန်းလို့ သူဌေးကြီးတွေ၊ မြို့ မျက်နှာဖုံး တွေ ဖြစ်နေကြပါပြီ။ အဲသည် ရုပ်ရှင်ရုံတွေ အားလုံး အစိုးရက ပြည်သူပိုင် သိမ်းလိုက် ပြီး ရုပ်ရှင်ပြသတဲ့ လုပ်ငန်းကို လုပ်ပါ တယ်။ ခေတ်အဆက်ဆက်က အမြတ်ပေါ် ခဲ့တဲ့ လုပ်ငန်း၊ တစ်နေ့ကို ရွှေဥ ဥပေးတဲ့ ငန်းကို ဗိုက်ခွဲလိုက်သလို ဖြစ်သွားပြီး ရုပ် ရှင်ရုံအားလုံး အရှုံးပေါ်ပြီး ရုပ်ရှင်ရုံဘဝ ကနေ ဆုံးရှုံးယုတ်လျော့လာ ကာ ဂိုဒေါင် ဖြစ်လိုဖြစ်၊ တခြား ဖြစ်ချင်တာတွေ ဖြစ်ကုန်ကြတာပါပဲ။

အရင် ပုဂ္ဂလိက ရုပ်ရှင်ရုံပိုင်ရှင်တစ် ယောက်က သူ့ရဲ့ မိသားစုဝင် လေးငါး ယောက်နဲ့ လည်ပတ်နေတဲ့ ရုပ်ရှင် ရုံကို အ စိုးရရုပ်ရှင်ရုံအဖြစ်၊ အစိုးရလခစားများအ ဖြစ် နေ့ဆိုင်း ညဆိုင်း လူ လေးငါးဆယ်နဲ့ လည်ပတ်တော့တာကိုး။ စီးပွားရေးဝေါဟာရနဲ့ပြောရရင် အိုဗာဟက်ချာ့ချက် များလျက် လူအင်အားအပိုသက်သက် စရိတ်တွေများပြီး ကုန်းကောက်စရာ မရှိ အောင် ရှုံးသွားတော့တာမို့ ရုပ်ရှင်ရုံဆိုတာ ကို မရှိတော့တဲ့အဖြစ်ကို ရောက်ခဲ့တာပါ။
ရုပ်ရှင်လုပ်ငန်းဟာ ဘယ်လောက် အ မြတ်ကြီးသလဲဆိုတာ မောင်မိုးသူ အတိ အကျသိလို့ တွက်ပြပါ့မယ်။

ရုပ်ရှင်ရုံတစ်ရုံမှာ ရုပ်ရှင်ကြည့်သူ တစ် ယောက်က အဲသည်ရုပ်ရှင်ကားအတွက် ပိုက်ဆံတစ်ကျပ်၊ ၁၀ သို့မဟုတ် ၁၀ဝ ပေး ပြီး ကြည့်တယ် ဆိုပါစို့။ အဲသည် ပိုက်ဆံ ၁၀ဝ ထဲက အင်တာတိန်းမန့်အခွန် ပွဲခွန် တော်က ၄၀ ရာခိုင်နှုန်းကောက်ပါတယ် (အစိုးရက ရတာပါ)။ သည်တော့ ၆၀ ပဲ ကျန်ပါတော့တယ်။ အဲသည် ၆၀ ကို ရုပ်ရှင် ရုံက ထက် ဝက် ၃၀၊ ကားရှင်က ၃၀ ရပါ တယ်။ ဆိုလို တာက အစိုးရက ပွဲခွန်တော် အတွက် ၄၀၊ ရုံခအတွက် ၃၀ ဆိုတော့ စုစု ပေါင်း ၇၀ ရနေပြီနော်။ ရုပ်ရှင်ကားထုတ် လုပ်သူက ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလုံး ထုတ်လုပ်ရတဲ့ အထွေထွေ ကုန်ကျစရိတ် (ဖလင်ဖိုး၊ စက် ဖိုး၊ ပညာသည်ဖိုးနဲ့ ကုန် ကျစရိတ် အထွေ ထွေ)တွေကျခံရတဲ့အပြင် ရုံတင်ပြသရတဲ့ ကြော် ငြာစရိတ် အစရှိ တာတွေ အများကြီး ကုန်ကျပါတယ်။ ဒါပေမဲ့ ရတာက ၃၀ ပဲနော်။ ဒါတောင်မှ ရုပ်ရှင်လောကဟာ အမြတ်ကြီး မြတ်လို့ ရုပ်ရှင်လုပ်ငန်းရှင်တွေနဲ့ ရုပ်ရှင် သရုပ်ဆောင်တွေဟာ အမြတ်ခွန် အများဆုံး ဆောင်ရသူတွေ ဖြစ်ခဲ့တာတွေ ကြည့် ရင်သိပါတယ်။

ဒါ မောင်မိုးသူ ရုပ်ရှင်လူမျိုးမို့ စာရင်း နဲ့အင်းနဲ့ တိတိကျကျသိလို့ ပြောပြနိုင်တာပါ။ စက်ရုံတွေ အားလုံး ပြည်သူပိုင်သိမ်း လိုက်တဲ့ လုပ်ငန်းတွေအားလုံး ဘာ့ကြောင့် ဘယ်လိုဆုံးရှုံးပြီး မွဲပြာကျ၊ ဒေဝါလီခံရတဲ့ ဘဝ ရောက်ရသလဲဆိုတာတော့ ရှင်းပါ တယ်။ စီမံခန့်ခွဲမှု မကျွမ်းကျင်တဲ့ မတတ်ကျွမ်းတဲ့ ကိုယ့်လူတွေနဲ့ ကိုယ့်ဆွေမျိုးတွေပဲ စီမံခန့်ခွဲ အုပ်ချုပ်မှုအလွဲတွေကြောင့်ပဲ ဖြစ် ပါတယ်။

လုပ်ငန်းအသီးသီး ဆုံးရှုံးမှု၊ ကုန်းကောက်စရာ မရှိလောက်အောင် အရှုံးပေါ် ခဲ့ပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကြီး ကျဆုံး ကာ အာဏာပိုင်များ လက်သပ်မွေး လုပ်ကိုင်တဲ့ ခရိုနီစီးပွားရေးစနစ် ပေါ်လာပြီး လက်တစ်ဆုပ်စာ သူတို့တစ်တွေပဲ အချမ်း သာကြီးချမ်းသာပြီး ပြည်သူအများက အ ဆင်းရဲကြီးဆင်းရဲပြီး လယ်မြေတွေအသိမ်းခံရ၊ စက်ရုံတွေ အသိမ်းခံရ၊ နောက်ဆုံး နိုင်ငံ တကာမှာ ရွှေ့ပြောင်းလုပ်သားတွေ သန်း ပေါင်းများစွာ ဖြစ်လာပြီး အဆင်းရဲဆုံး တိုင်းပြည် ဖြစ်လာပါတယ်။

အရင်လက်ထက်က စီမံကိန်းတွေ အားလုံးဟာ အကြီးစားကြီးတွေ ဆိုရင် နိုင် ငံခြားလုပ်ငန်းရှင်များနဲ့ ဖက်စပ် စာချုပ် လုပ်တာပါ။ သိသာထင်ရှားတဲ့ ပြယုဂ်တစ်ခုကတော့ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းပဲ ဖြစ်ပါတယ်။ ပြဿနာတွေ အကြီးအကျယ်ပေါ်လာပြီးမှ စာချုပ်ကိုကြည့် လိုက်တော့ မြန်မာပိုင်တဲ့ ဦးပိုင်ဟာ ရှစ်ရာ ခိုင်နှုန်းပဲရပြီး ဝမ်ပေါင်က အားလုံးရနေတာပါ။ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပြီးခါမှ မြန်မာဦးပိုင်က ၄၀/၆၀ ပြန်ရခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်း တွေအားလုံးမှာ မြန်မာ ဘက်က ၁၀ ရာခိုင် နှုန်းထက် မပိုတဲ့ ရပိုင်ခွင့်ရတာဖြစ်ပြီး ရရှိ တဲ့ အကျိုးအမြတ်တွေကိုလည်း တိုင်းတစ် ပါးက ရယူသွားတာ တွေ တွေ့ရမှာပါ။ သည်ကြားထဲမှာ စီမံ ကိန်းကို စီမံခန့်ခွဲသူ တွေက မလိုအပ်တဲ့ ပစ္စည်းတွေကို မှာယူသုံးစွဲလို့ အပိုတွေ ဖြစ်နေပြီး အကြွေးတွေ ဆပ်နေရတာတွေ ဖြစ်လာရတာပေါ့။

နောက်တစ်ခု ရှိသေးတယ်ခင်ဗျ။နိုင်ငံ ခြားက ခေတ်မမီလို့ မသုံးတဲ့ သံမဏိ စက် ရုံ၊ ဘိလပ်မြေစက်ရုံ၊ ဝါယာစက်ရုံ အစ ရှိ သည်ဖြင့်ပေါ့လေ၊ မသုံးတော့တဲ့ စက်ရုံတွေဝယ်၊ မြန်မာနိုင်ငံမှာ ဆောက်၊ ပစ္စည်း တွေထုတ်တော့ပစ္စည်းကလည်းမကောင်း၊ ထွက်လည်း မထွက် တော့ အရှုံးကြီး ရှုံး တော့တာပေါ့။

မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိသမျှ ချည် မျှင်စက်ရုံအားလုံး၊ စက္ကူစက်ရုံအားလုံး အားလုံး၊ ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့ခင်ဗျ။

မောင်မိုးသူတို့ မြန်မာပြည်မှာ စက်ရုံတွေ၊ စီမံကိန်းတွေက နှစ်မျိုးနှစ်စားပဲ ရှိ တယ်ခင်ဗျ။ မလည်ပတ်နိုင်တဲ့စက်ရုံ၊ မ လည်ပတ်နိုင်တဲ့ စီမံကိန်းနဲ့ ကုန်ပစ္စည်း မထွက်၊ အရှုံးပေါ်နေတဲ့ စက်ရုံ၊ စီမံကိန်း ရယ်လို့ နှစ်မျိုးနှစ်စားပဲတွေ့ရတယ်ခင်ဗျ။

သည်တော့ ခုအခါမှာ၊ ခုအချိန်အခါ မှာတော့ အကြွေးတွေဆပ်နေရတဲ့ မြန်မာပြည်နှင့် မောင်မိုးသူ ဖြစ်နေကြောင်းပါ။

မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်မိုးသူ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်