သ င်း ရ ည် လွ င် ● အ ခ န်း လွ တ် တ ခု

December 4, 2016

သ င်း ရ ည် လွ င် ● အ ခ န်း လွ တ် တ ခု
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၆

ကျွန်တော်သည် တောင်တန်းများဝန်းရံထားသော မြစ်တခုစီးဆင်းနေသော၊ လျှို့ဝှက်ခြင်းတွေ ပြည့်နေသော၊ နိုင်ငံတော် လုံခြုံရေး အမည်းရောင်သတ်မှတ်ခံရသော၊ သီးသန့်ကမ္ဘာတခုလို ဖြစ်သော၊ ရွာကလေးသို့ဘဝ၏စေရာ ကံကြမ္မာညွှန်ရာ အတိုင်း ရောက်ရှိနေခဲ့တာ ဖြစ်သည်။

အနေကြာလာသည့်အမျှ ရွာကလေး၏အတွင်းသားအထိ ကျွန်တော် ထိတွေ့ခံစားရသည်။ ပုံသဏ္ဍန်အမျိုးမျိုးဖွဲ့အပ်သော မြင်ကွင်းများ အိပ်မက်များပျော်ရွှင်ဝမ်းနည်း စရာတို့သည် ကျွန်တော် ကြည့်နေသော ရုပ်ရှင်ပင်ဖြစ်သည် ရွာရှေ့ ဖက်တွင် မှိုင်းညို့တောင် တန်းများအရိပ်က ကျောထောက်နောက်ခံပြုသည်။ မြို့ ပြသို့ဆက်သွယ်သွားလာရေးကိစ္စများကိုတော့ မြစ် ကြောင်း ခရီးသာ အားပြုနေသောရွာလည်း ဖြစ်သည်။

သို့ဖြစ်၍ ရွာကလေးသည် သီးသီးသန့်သန့်ရှိနေခဲ့ပြီး တိတ်ဆိတ်ခြင်းမှာ ပျော်မွေ့ ရင်းရှင်ခြင်းနှင့် သေခြင်းကို အလောင်းစားပြုလုပ်နေရသော ရွာကလေးလည်း ဖြစ်ပြန်သည်။ မြို့ ပြနှင့် ရင်းနှီးသူ တချို့မှလွဲလို့ရွာသားအများ စုမှာ မိရိုးဖလာအတိုင်း အဆင်သင့်သလို စီးဆင်းနေသူတွေသာ ဖြစ်သည်။ သက်ကြီးရွယ်အိုတချို့ပြောပြသော ရွာကလေးငယ်ဘဝသည် စိတ်ဒဏ်ရာများ၊ မျက်ရည်များ၊ သားတကွဲမိတကွဲ အလွမ်းများနှင့်ပျော်နေသူပုံပြင်တို့ နားထောင်ရသည်။ ရွာကလေး သည် ထူးဆန်းထွေလာညအချို့တွင် ဂမ္မီရဆန်ပြီး ရှေးအယူအဆရှိသူတို့ ပွဲတော်ဖြစ်ခဲ့သည်။ တခါတခါတွင် တိတ်ဆိတ်နေပုံမှာ လူဦးရေ တစ်ထောင်ခန့်ရှိသည်မထင်ရလောက်အောင် စီးဝါးကိုက် ဖြစ်တတ်ပြန်သေးသည်။ တချို့အဖြစ်ပျက်ဆိုလျှင် ကျွန်တော်ကိုယ်တိုင် ဝင်ကရတာမျိုး ရှိလာသည်။

တကယ်ဆို ထိုအခါမျိုးကြုံတာကို စိတ်ပျက်သည်။ တိုးတက်လာသောနိုင်ငံဟု ကျယ်ကျယ် လောင်လောင်ပြောနေချိန်ပြောင်းလဲချိန်တန်ပြီလို့ ဟစ်ကြွေးနေချိန် ရွာကလေးမှာ အမှောင် အရသာ ခါးသက်သက် တစိမ့်စိမ့်စားသုံးနေပုံကိုလည်း နားမလည်နိုင် ဖြစ်သည်။ အဆိုးဆုံးမှာ သူတို့ပြောသလို ရိုးသားသူ (တကယ်တော့ ရိုးအသူ ) ဆိုခြင်းကို တလွဲဆံပင်ကောင်းနေသည် ထင်သည်။ အမှန်တရား ဆိုသည်ကို ရင်ဆိုင်လိုက်လို့ ဖြစ်ပေါ်လာမည့်ပြဿနာလို့ ထင်သည့် အရာများကို ရင်မဆိုင်နိုင်ခြင်း ဖြစ်သည်။ ရိုးအသူတို့ထုံးစံအတိုင်းရင်ဆိုင်ရန် ဝန်လေးကြဖြစ် သည်။

ဘာသာရေးမှာလည်း ဗုဒ္ဓဘာသာ ရွာဖြစ်သည့်အားလျော်စွာ အလှုအတန်းများ တခြားဘာသာရေး ပွဲများကျင်းပပြုလုပ်ကျင်းပကြသော်လည်း ဘာသာရေး အစွန်းရောက်များ မဟုတ်ကြဘဲ အယူအဆတခု သို့မဟုတ် စွဲလန်းရာတခုကို တဖက်စောင်းနင်း စားသုံးနေကြတာတော့အံ့သြ မိသည်။ ကျွန်တော့်အဖို့မှာ ရွာကလေးရဲ့ပြုမူပုံကို နားလည်သလိုလို နားမလည်သလိုလိုနဲ့  ဘာသာဗေဒအသစ်တခု သင်ယူနေရသလို ဖြစ်သည်။

ကျန်းမာရေးမကောင်းရင် ရွာရှိ ကျန်းမာရေး ဆရာမ ထံဆေးကုသမှုခံယူတတ်သော်လည်း နာတာရှည်လာရင်တော့ အိမ်မှာမွေးတဲ့ ကြက်ဖို ကြက်မဟာ အထူးကုဆရာ ဖြစ်လာတော့တာ။ ကျွန်တော်မတွေ့ ဘူးတဲ့အဘိုးဆိုသူကိုတင်မြှောက် ပသတော့တာ။

ရောဂါအမည်က တောမှားတာဟူ၍။

သူတို့စိတ်ထဲ ထိုသို့ပြုလုပ်လျှင် ရောဂါ အပျောက်မြန်သည်၊ ဆေးတိုးသည်ဆိုသည့် အတွေးသည် တကျောင်း တဂါထာ ဖြစ်လို့နေတော့သည်။

ဥုံဖွ ဆရာ၊ ပရောဂဆရာ၊ ဘိုးတော်တို့  စားကျက်မှာ ရွာကလေးဖြစ်ကြောင်း သူတို့သတိမပြုမိ။ ရံဖန်ရံခါ ထိုသူများ နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လူမှုရေးကိစ္စများ ကြုံလာပြီဆို ကျားမြီး သွားဆွဲ ခိုင်းလိုက်တာသာ အကောင်းဆုံး အသေချာဆုံး ဖြစ်သည်။
သူတို့ကိုကြည့်ပြီး ကျွန်တော် မရီနိုင်၊ မောနေသည်။ သနားစရာလားဆိုတာလည်း မပြောပြနိုင်ဖြစ်သည်။ ဒါမျိုးတွေရှိနေတုန်းဆိုတာတွေးပြီး စိတ်ပျက်သည်။ ပြောစရာ စကားတို့ သူတို့ထံ ဘယ်လိုပို့ရပါ့။

သူတို့ခမျာ နစ်ဝင်နေတဲ့ သံအဟောင်းလို စွဲမြဲလို့။

မြို့ ပြနှင့်မနီးမဝေးရွာလေးသည် မှော်ဆန်ဆဲ။ အစွဲတို့ချွတ်ရခက်နေဆဲ။

လှေနံဒါးထစ် မျက်စိမှိတ် စုံလုံးကန်းတွေ များခဲ့သည်။ ဘယ်အရာမဆို တဖက်စွန်းရောက်လျှင် မကောင်းကြောင်း ပြောကြသည်။ ကျင့်သုံးဖို့ခက်လွန်းသည်။ အရိုးစွဲနေသော ဝါကျများ၊ ဖျက်ရခက် တတ်သည်။

တကယ်တန်းကျတော့ ဘယ်အရာမှ သေချာမသိသူတယောက်ကို သွေးအေးချိန်မှာ တရားချရတာ လွယ်နိုင်ပေမယ့် သိသလိုမသိသလို လူများ၊ တတ်ယောင်ကန်းများ၊ ကျွန်တော်သည် အမြဲတန်း အငြင်းဝါကျ ဖြစ်နေရသည်။

ကျွန်တော်က အကြောင်းရာတခုပြောဖို့လုပ်တိုင်း မဖြစ်ပါဘူးဗျာ သူတို့က ပညာတတ်တယ်၊ သူ့ပညာကြောင့် ဘယ်သူဘယ်ဝါဘယ်တုန်းကဆိုပြီး ရာဇဝင်အူပေါက် ပြောတော့တာ။

သူတို့ပြောတဲ့ပညာဆိုတာ အတန်းပညာမဟုတ်ကြောင်းနားလည်ဖို့  ဘယ်လိုများ တတ်နိုင်ပါမည်နည်း။

လူအချို့သည် အယူလွဲတွေကို လူသူမသိ လက်ထပ်ပေါင်းသင်းနေဆဲ ဖြစ်သည်။

ထိုရွာကလေးသို့ တခါတရံ ရောက်လာသည့်ယောဂီဝတ်လူပုဂ္ဂိုလ်များ၊ ပိတ်ဖြူဝတ်များ ရှိသည်။ ဘယ်အချိန်က မိတ်ဆက်လိုက်သည်မသိ။ သူတို့အိမ်ခေါင်းရင်း ရောက်နေတော့သည်။ မကြာလိုက်တဲ့အချိန်မှာ ပဋ္ဌာန်းဆက်ရှိလို့ သာသနာလာပြုတာဆိုတဲ့စကားမှာ စီးမျောကုန်ကြတာ။ စိတ်ပျက်စရာအကောင်းဆုံးက မိဘအသိုင်းအဝန်းကြောင့် ယုံကြည်မှုလွန်ရောဂါထဲ ရွာရှိ အတန်းပညာတတ် မိန်းမငယ်တချို့ ဒုက္ခကို စားသုံးလိုက်ရခြင်းပင်ဖြစ်သည်။

သည်ဇာတ်လမ်းမျိုးတွေ သည်ရောဂါ မျိုးတွေ ကူးစက်ရောဂါ ထက်ဆိုးသည်။ ဘယ်တော့မှ ဆေးတိုးမည် မထင်တော့။ တကယ့်ကို နက်နက်ရှိုင်းရှိုင်း။ အလိမ်ခံရတာ ယုံလို့ဆိုတဲ့စကားကို အကြိမ်ကြိမ်ကြားဖူးသည်။ ဒါပေမဲ့ ခုတ်ရာတလွဲ ရှရာတခြား။ အမှန်တော့ ယုံကြည်တာ အကြောင်းပြပြီး သူတို့ကိုသူတို့ပြောတဲ့ ပညာဆိုတာကြီးနဲ့လုပ်မှာ ကြောက်တာ။ အကြောက်တရားက သူတို့ကိုနိုင်နေတာ မသိယောင်ဆောင်ကြ ခြင်းဖြစ်သည်။ တခါ အဲလိုပုဂ္ဂိုလ် တယောက်ကိုကိုးကွယ်မိရာမှ သမီးဖြစ်သူ ဘွဲ့ရပညာတတ်မိန်းမငယ်တဦး၊ ကလေးတယောက် ကိုယ်ဝန်ကို လူမသိသူမသိရသည်အထိ ယုံလိုက်သည်။ ရွာဆိုတော့ သည်သတင်းက ရွာကလေး မှာ ခေါင်းစဉ် ဖြစ်လာသည်။ လူတချို့က အံကြိတ်လက်သီးဆုပ်။ သည့်အပြင် ဘာမှမပို။

သီးခံခြင်းဆိုတဲ့တရားကို သေသေချာချာ အသုံးချလိုက်တာပါပဲ။ သူတို့ တရားစွဲလို့ ဟိုလူက သူတို့ကို အောက်လမ်းနဲ့ ပြုစားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ကြောက်ခြင်းဟာ ဘဝပျက်သွားတဲ့ မိန်းမငယ်အတွက် စဉ်းစား မပေးနိုင်လောက်အောင်ဖြစ်ခဲ့သည် ။

ရွာကလေးသည် စမ်းချောင်းလေးလိုစီးဆင်းဆဲ။ ရွာ ကလူတချို့အားနည်းချက်ကို ခူးစွတ် နေသူတို့လည်း ရှင်သန်ဆဲ။ သည်လို ဘဝတွေရှိနေမြဲ။ အိုဇုန်းလွှာပေါက်တာ အယ်နီညို လာနီညာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ။ ရာသီဥတုတွေ ဖောက်ပြန်နေတယ်။ ဟောပြောနေကြ သူတွေ။ ဒီမိုကရေစီ ခေတ်ပြောင်းပြီ၊ ဥပဒေအထက် ဘာမှမရှိဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွာကလေးကတော့ ယောင်ဝါးဝါး အလိုက်သင့် လွင့်လို့။ ဗွီဒီယိုတကားစာ လောက်ပါပဲ။ ပေါ့ ပေါ့ပါးပါး လူဟာ ကိုယ့်အကြောင်းပဲ စိတ်ဝင်စားတယ်ဆိုတဲ့စကားကို ပိုသေချာခဲ့တဲ့ ရွာကလေးပေါ့ ။

ကျွန်တော်တို့နိုင်ငံတွင် ကျေးရွာများတွင် လူဦးရေအများဆုံးနေထိုင်ပြီး နိုင်ငံ၏ လူဦးရေ ၇၀ % သည် ကျေးလက်တွင် နေထိုင်သည်ဟုဆိုသည်။ ကမ္ဘာကြီး ရွာဖြစ်ကြောင်း တွင်တွင်ကျယ်ကျယ် ပြောလာကြ။ ထို့အတူ တိုးတက်လာသောနည်းပညာတွေကြောင့် မည်သို့ ဝေးကွာနေသည်ဖြစ်စေ ကူးလူးဆက်ဆံ ပြောဆိုလုပ်ကိုင်နေကြပြီ ။ ထိုသို့ ကမ္ဘာသည်ရွာဖြစ်လာသည့်အတွက် ကျွန်တော်နေထိုင်ရာ ရွာသေးလေးသည် ကမ္ဘာရွာကြီးထဲမှ အိမ်လေးတလုံး။ ထိုအိမ်လေးတလုံးထဲ မှာမှ အင်မတန်ကျဉ်းမြောင်းပြီး အကြောက်တရားတွေ စား သုံးရင်း တံခါးဖွင့်ရန်မေ့နေသော၊ တံခါးဖွင့်ရန်မစဉ်းစားမိသော၊ လွတ်နေတဲ့အခန်း ဒါမှမဟုတ် အခန်းလွတ်တခုသာ ဖြစ်သည်။


၂ ၀ ၁ ၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)