သီရိဇွန် ● ရွာရန် ရာနှုန်း ၅၀

December 9, 2016

● ရွာရန် ရာနှုန်း ၅၀
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆

တကယ်တော့ ထိုနေ့က မိုးမရွာခဲ့ပါ။ တေးဆိုငှက်များလည်း သီချင်းဆိုဖို့ မေ့နေခဲ့ကြသည်။ သူသည် ပြတင်းပေါက် အ ပြင်သို့ငေးပြီး တေးသံ မတောက်တခေါက်တခုကို ညည်းနေခဲ့သည်။ ရာသီဥတုက ထုံမှိုင်းသည်။ ပြတင်းပေါက်အပြင်ဘက် မှ ရေတမာပင်ကြီးက သူ၏လက်ကိုကားပြီး ကမ္ဘာလောကကြီးကို နှုတ်ဆက်နေဟန်တူသည်။ သူသည် မည်မျှကြာအောင် ထိုစားပွဲတွင် ထိုင်နေမိသည်မသိ။ သူ၏စိတ်က သူမသိသော အရာတခုဆီသို့် ရောက်နေသည်။

လေကခပ်အေးအေးနှင့် ပုံမှန်တိုက်နေသည်။ သူသည် အေးစိမ့်သောလေ၏အရသာကိုခံစားရင်း သူ၏အတွေးစများကို ပုံဖော်ရန် ကြိုးစားနေသည်။ ဘဝသည် နရီမှန်မှန်၊ စည်းချက်ကျကျပင် သွားနေသည်။ ပတ်ဝန်းကျင်တခုလုံးသည် အေးအေး ဆေးဆေးပင် ငြိမ်သက်တိတ်ဆိတ်နေလေသည်။

သူ့ကို “ဘာလုပ်ကသလဲ” ဟုမေးလျှင် သူက ပြုံး၍ ‘အနုပညာသမားပါ’ ဟု ဖြေလေ့ရှိသည်။ ‘ဘာအနုပညာလဲ’ ဟုမေးလျှင် တော့ သူကပြုံး၍သာနေသည်။ သူအနုပညာအလုပ်ကိုလုပ်သည်မှာ အနုပညာဗီဇကြောင့် ဖြစ်သည်။ သို့မဟုတ် သည်အ ရာမှာ ဤလောကတွင် သူတတ်ကျွမ်းသော တခုတည်းသောအရာဖြစ်၍ ဖြစ်သည်။ သို့မဟုတ် သူသည် အနုပညာကိုနားမ လည်ဘဲ ပျက်ရယ်ပြုချင်သောသူများကို ရုပ်ပြောင်ဆွဲ၍ ဖြစ်သည်။ ဒါမှမဟုတ် ထိုအကြောင်းပြချက်အားလုံးကြောင့် ဖြစ် သည်။

ယနေ့မနက် ရေဒီယိုက မိုးရွာရန် ၅၀ ရာခိုင်နှုန်းရှိသည်ဟု ကြေညာခဲ့သည်။ ပုံမှန်အသိစိတ်ရှိ သူများဆိုလျှင် ဤသည်မှာ မိုးမရွာဟုပြောသည်နှင့်အတူတူပင်ဖြစ်သည်ဟု နားလည်သည်။ သို့သော် သူက အနုပညာသမားပီပီ မျှော်လင့်ချက်ထားသည်။ သူအလွန်ကြိုက်သော ‘To Kill a Mockingbird’ ဝတ္ထုထဲမှ စကားတခွန်းကို သူယုံကြည်သည်။

‘မဖြစ်နိုင်ဘူးဆိုတဲ့ဆိုတဲ့ အရာတွေရဲ့နောက်မှာ ဖြစ်နိုင်ချေဆိုတာ အမြဲတမ်းရှိတယ်’

သူမိုးရွာရန် ဆုတောင်းမိသည်။ ၅၀ ရာခိုင်နှုန်းတောင် သူ့ဘက်မှာရှိနေပြီပဲ။

‘တချို့က မိုးရွာသည်ကို ခံစား၍ ရသည်။ တစ်ချို့က စွတ်စိုရုံမျှသာ။ ’- ဘော့မာလေ

သူသည် အတိတ်ကိုပြန်လှည့်ကြည့်ရန် မကြိုးစားချေ။ အနာဂတ်ကိုမျှော်ကြည့်ရန်လည်း စိတ် မဝင်စား၊ သူ ပစ္စုပ္ပန်တွင် ငြိမ်ငြိမ်လေးရပ်နေမိသည်။

စိတ်ပျက်အားငယ်ခြင်းများကိုရေးပြရသည်က လွယ်သည်။ အသည်းကွဲခြင်း၊ ရှုံးနိမ့်ခြင်း၊ မပြည့် စုံခြင်းများကိုပြောပြရလျှင် လူတိုင်းစိတ်ဝင်စားသည်။ သို့သော် ပကတိဆိတ်ငြိမ်ခြင်းဆိုသည်က ရေးပြ၊ ပြောပြ၍ရသောအရာမဟုတ်၊ ခံစား၍သာရ သည်။ သူထိုခံစားမှုကို ယခုခံစားနေရသည်။ သူဘာမှ မတွေးတော့၊ ငြိမ်ငြိမ်လေးထိုင်နေမိသည်။ သူ့ရှေ့က ပြတင်းပေါက် မှမြင်နေရသော မြင်ကွင်းက ရိုးရှင်း သည်။ ရေတမာပင်ကြီးနှင့် ၎င်း၏ဘေးမှ လူသူကင်းရှင်းနေသော လမ်းကလေး၊ သို့သော် မြင်ကွင်းက သူ့ကို (ထူးဆန်းစွာ) ပင် အေးချမ်းစေသည်။ အရာအားလုံးသည် အသက်မဲ့စွာပင် အသက်ဝင်နေသည်။ ပြီးလျှင် ဗလာကျင်းနေသည်။ ဗလာကျင်းမှုက သူ့ကို ပြည့်စုံစေသည်။ လူဆိုသည်က စိတ်ထဲတွင် အများကြီးထည့်ထားလျှင် မပြည့် စုံတော့။ ဗလာကျင်းနေမှသာလျှင် ကိုယ်ထည့်ချင်တာ ထည့်ထားနိုင်သည်။ အရာအားလုံး၏အစသည် ဗလာပင် မဟုတ်ပါ လော။

မိုးရွာကောင်းရွာနိုင်သည်။ မျှော်လင့်ချက်ဆိုသည်က ရာသီဥတုသုံးပါးလုံးအားကိုးနိုင်သော မိတ်ဆွေဖြစ်သည်။ သူတို့ရင်းနှီး ကြသည်မှာ သက္ကရာဇ်များပင်ကြာခဲ့ပြီ။ ဘဝက စည်းချက်မှန်သလို တခါတလေလည်း မုန်တိုင်းပါတတ်သည်။ သို့သော် သူ့ဘဝက မုန်တိုင်းနှင့် ယဉ်ပါးခဲ့သည်။

‘မုန်တိုင်းတွင်လည်း အောက်စီဂျင်ပါသည်’- တာရာမင်းဝေ။

သူသည် အထီးကျန်ခြင်းနှင့်ရင်းနှီးကျွမ်းဝင်ပြီးနောက်ပိုင်း သူ၎င်းကို လိုရမယ်ရ လက်ကိုင်ဆေးတပါးလို သုံးစွဲတတ်နေပြီ။ သူ့အတွက် ဗလာကျင်းခြင်း၊ အထီးကျန်ခြင်းများက ပြုံးစရာများသာဖြစ်ခဲ့ပြီ။ သို့သော် သူဘယ်သောအခါမှ မျှော်လင့်ချက်မ မဲ့ခဲ့ပါ။ ရွာရန်ရာနှုန်း ၅၀ ဆိုသည်က သူ့အတွက် လုံလောက်သည်။

ဤသို့ဖြင့် နေညိုချိန်ပင်ရောက်ခဲ့ပြီ။ ကောင်းကင်က အုံ့ဆိုင်းသော်လည်း မိုးမရွာခဲ့ပါ။ ညင်သာ စွာပြုံးပြီး ခေါင်းညိတ်မိသည်။ ‘ဒါ ငါ့ဘဝနဲ့သိပ်တူတာပဲ’။ ညငှက်များ အိပ်တန်းဝင်ကြသည်။ ဟိုးအဝေးမှ ခေါင်းလောင်းသံသဲ့သဲ့။ ထို့နောက် အဆက်အစပ် မရှိသော မပီဝိုးတဝါးအသံများ။ သူသည် သူ၏ အပြီးမသတ်ရသေးသော အနုပညာတခုကို ထုလုပ်ရင်းနှင့်ပင် ထိုညကုန်ဆုံး သွားသည်။

ထိုနေ့က မိုးမရွာခဲ့ပါ။ သို့သော် သူအိပ်ရာဝင်သောအခါ အိပ်မက်ထဲ အိပ်မက်ထဲ၌ မိုးသံများကို ကြားမိသလိုလို အိပ်မက် မက်သည်။ အနည်းဆုံးတော့ သူ့အိပ်မက်များက ငြိမ်းချမ်းခဲ့သည်။

သန်းခေါင်ယံကျော် ၁၂ နာရီ ၁ မိနစ်တိတိတွင် မိုးစရွာသည်။ သူနိုးလာပြီး ပြုံးလိုက်သည်။

‘ငါ့ဘဝနဲ့ သိပ်တူတာပဲ’။

တစ်မိနစ်အလွဲများ၊ တစ်မိနစ်ဆုံးဖြတ်ချက်နှင့်လွဲချော်မှုများ၊ ဝမ်းနည်းရသည်မှာ အချိန်ကုန်သည်။ သူငြိမ်ငြိမ်လေးပဲ နေ လိုက်တော့မည်။ သူမတတ်နိုင်သောအရာများအတွက် ဖြောင့်ချက်မပေးတော့။ သူမလျှောက်ဖြစ်သော လမ်းများကို တွေးမ ဆွေးတော့။ သူရင့်ကျက် တည်ငြိမ်တတ်ခဲ့ပြီ။

နောက်တနေ့သတင်းစာတွင် ယမန်နေ့က သူနေသောအနီးဝန်းကျင်တဝိုက်တွင် မိုးရွာသွားကြောင်း သူဖတ်ရသည်။ သူ့အိမ် အနီးတဝိုက်တွင်သာ ကပ်၍မရွာခဲ့ပဲ သန်းခေါင်ကျော်မှ ရွာသည်တဲ့။ ‘ငါ့ဘဝနဲ့တူလိုက်တာ’။ သူရယ်ပင် ရယ်နေသည်။ သူ့ ဘဝသည် အမြဲရွာရန်ရာနှုန်း ၅၀ ပင်။ သို့သော် သူဘယ်အခါမှ ထို ၅၀ ကို ယုံကြည်မှုမပျက်ခဲ့ပေ။ မိုးတနေရာ၌ရွာနေ၍ ရင်ခွင်တခုကို အေးချမ်းစေခဲ့သည်ဟူသော အတွေးနှင့်ပင် သူ့အိပ်စက်ခြင်းများ ငြိမ်းချမ်းခဲ့သည်။

မှန်ပါသည်။ ထိုနေ့က မိုးမရွာခဲ့ပါ။ သို့သော် သူ့ရင်ထဲ၌ကား ပေါက္ခရဝဿမိုးများရွာနေခဲ့ပြီး သူ့ တကိုယ်ရည်စာ ဖူလုံစေခဲ့ သည်။

သီရိဇွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်