မောင်နောင်မွန် ● ရေတိမ်နစ် အညွှန့်တုံးနေတဲ့ ငါးတကောင် အကြောင်း

December 18, 2016

မောင်နောင်မွန် ● ရေတိမ်နစ် အညွှန့်တုံးနေတဲ့ ငါးတကောင် အကြောင်း
(မိုးမခ/သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၈၊ ၂၀၁၆

မှန်ရေကန်ရဲ့ရေပြင်ထက်ကိုနှာပေါက်လေးပေါ်ကာ လေရှုသွင်းလိုက်တာကိုက ကျနော်အတွက် အင်မတန် အဓိပ္ပါယ် ပြည့် ဝနေတယ်။ ကျနော်ရဲ့ကိုယ်ထည်လေး ရှည်မျောမျောနဲ့ အမြီးလေးလှုပ်ယမ်းလိုက်ပုံကိုက မြင်သူငေးလောက်အောင် လှပခဲ့ တယ်။ အရင်ကပါ။ ခုတော့ ဒါတွေက ရေအိုင်ထဲက လရိပ်ပမာလို ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတဲ့ အိပ်ရာဝင် ပုံပြင်လိုဖြစ်သွားတာ အတော်ကြာရောပေါ့။

တကယ်ဆို ကျနော်က အသက် သိပ်မကြီးသေးပါဘူး။ လူတွေလိုပညတ်ခေါ်ဝေါ်မှုအရဆိုရင်တော့ အခုမှ လူလတ်ပိုင်း လောက်သာ ရှိဦးမယ်ပေါ့။ ဒါပေမဲ့ ကျနော့်မှာ ခြေကုန်လက်ပန်းကျနေတာ အတော်ကြာနေခဲ့ရ။ ရေနည်းတဲ့ကြာပင်လေးလို။

အခုတော့ ကျနော့်ခမျာ အခြားကောင်တွေ ကိုယ်လုံးလေးတချက်နှစ်ချက်လှုပ်လိုက်ရင်ကို အပေါ်ရောက်နိုင်တာကို ဒီမှာ အားတွေအတော်သွင်းရင်း တကုတ်ကုတ်တက်နေရတော့တာ။ ရေထဲမှာ ချွေးတွေ တစီးစီးကျနေတာ သေချာကြည့်ရင် မြင် နိုင်လောက်တယ်။ ခုဆို ဒီကိုယ်လုံးနဲ့ ကိုယ်ထည်က တစက်မှ ပနံမတင့်တော့ ဟန်ချက်မညီတော့။

ဟုတ်ကဲ့ပါ။ ကျနော်လေ ရေထဲမှာနေတဲ့ မျက်လုံးပြူးပြူး ငါးတကောင်ရယ်ပါ။ သူများတွေမျက်လုံးပြူးတာ ကြည့်ကောင်းပေ မယ့် ကျနော်ပုံက ကြိုးဆွဲချသေပြီး ပုပ်ပွနေတဲ့ လူသေအလောင်းကောင်လို အကျည်းတန်လွန်းနေခဲ့။

သို့သော် ကျနော်လိုကောင်ကို နိမိတ်ကောင်းတယ်ဆိုပြီး အလှမွေးထားတဲ့သူတွေလည်း ရှိလေသေးရဲ့။ ဒီတော့ ကျနော်က ရေကန်ထဲ တနည်းအားဖြင့် အောက်စီဂျင်ပိုက် သွယ်တန်းထားတဲ့ မှန်ကန်ထဲက အလှမွေးငါးတကောင်သာ။

အစားချိန်အစာ ပုံမှန်ကျွေးပါရဲ့။ ပြီးတော့ သန္တာကျောက်တန်းတွေနဲ့ အလှဆင်ထားတဲ့မှန်ကန်ထဲမှာ ကျနော့် ကိုမြင်နေရတော့ အခြားငါးတွေကတော့ ကျနော်ဟာ အလွန်ကံကောင်းလှပါကလားလို့ ထင်ကောင်း ထင်နေနိုင်တယ်။

တကယ်က ကျနော်ဟာ ရွှေရည်စိမ်လွတ်လပ်ရေးရထားတဲ့ အထီးကျန်ငါးတကောင်သာ။ ငါးမှန်းသိတတ်စအရွယ်ကတည်းက တကောင်တည်း ဒီမှန်ကန်ထဲမှာ ရှင်သန်နေခဲ့ရတဲ့

ကျနော်အတွက်တော့ သေလည်းတကောင်တည်းဆိုတာ လက်မခံလည်း ဒါဟာ လိပ်စာအတိအကျနဲ့ ကျနော့်ဆီ မလွဲမသွေ ရောက်ရှိလာမယ့် အမှန်တရားတခုသာ။

ကိုယ့်အဖြစ်ကိုယ်ပြန်ဆန်းစစ်တော့ ၂၁ ရာစုရဲ့ အခွင့်အရေးပေါင်းစုံအော်ဟစ်တောင်းခံနေတဲ့ခေတ်မှာ ကျနော်လို ကောင် အတွက် ဟစ်တိုင်အဖြစ် ရင်ဖွင့်စရာတနေရာရာဟာ ဘယ်ဆီမှာမှန်းမသိ။ ဘယ်မှာမှ မရှိ။

ကိုယ့်အသက်ရှူခွင့်ကိုက ဘယ်အချိန် ရပ်တန့်ခံရမှန်းမသိသေးတဲ့အခြေအနေမှာ ကျနော့် မျိုးနွယ်စဉ်ဆက် ဆွေမျိုးတွေအ ကြောင်းဆိုတာဟာ ကမ္ဘာမီးလောင် သားကောင်ချနင်းသလိုပါပဲ။

ကမ္ဘာကြီးကို ဒဏ်ရာဒဏ်ချက်တွေများနေတော့ ကျနော်တို့ဆိုတာ ဘာမှန်း ဘယ်ဆီမှန်းမသေချာ မရေ ရာတော့။ ခေတ်မီ ဆေး ပညာ တိုးတက်လာတာနဲ့အမျှ ခေတ်မီရောဂါဆန်းတွေက အပြိုင်တိုးတက်လာတော့လည်း အခက်သားရယ်။ အသက်ဇီဝဖြစ်တည်မှုနဲ့သေဆုံးမှုတို့မှာ အကြင်နာမေတ္တာတွေအစား ငွေကြေးပကာသနတွေက အစားထိုးလာတယ်။

နှလုံးသားမှာခံစားတတ်မှု ဒြပ်ထုအစား ငွေကြေးတွေ သိပ်ထည့်ခဲ့တယ်။ ကိုမာရောဂါသည်တယောက်လို အသက်ရှုနေရတာ ဟာ အဓိပ္ပါယ်မရှိတော့လည်း ဘေးနားက အသိုင်းအဝိုင်းတွေအတွက်တော့ မျှော်လင့်ချက်ရောင်နီ အလွန်သန်းနေပြန်ရော။ တခါတလေ အသက်ဓာတ်ဆိုတာ ဘာလဲ တွေးမိနေသေးတယ်။

ခံစားမှုကို အသက်လို့ခေါ်တာလား။ လေဝင်လေထွက်ရှိနေတာကိုက အသက်ရှိတယ်လို့ ခေါ်တာလား။ သတ်မှတ်ချက် တွေကိုက တခါတလေ ဗြောင်းဆန်နေခဲ့တယ်။ အမှောင်ကိုညခေါ်တာလား။ အိပ်စက်ခြင်းကို ညခေါ်တာလား တွေးမိတယ်။ ကျနော်ရဲ့မှန်ရေကန်လေးက နေရောင်ခြည်မဝင်တော့ ကျနော့်အတွက် ညက ကျနော့်မျက်လုံးမှိတ်ချိန်သာ။

လောလောလတ်လတ်ခံစားချက်ကတော့ ဘေးနားကရေကန်က တိုက်ငါးကလေးများရဲ့ဘဝကိုသာ။ သူက လှတယ် ငယ် တယ်။ သို့သော် ကြောက်ဖို့လည်း ကောင်းတယ်။

သူရဲ့ရုပ်ရည်နဲ့အလှကို ကြည့်ချင်သူတွေများလှပါတယ်။ ဒါပေမဲ့ သူကိုက်လို့ တုံးတိတိဖြစ်နေတဲ့အမြီးနဲ့ ရေ ယက်ကိုအားပြုရ င်း အသက်လုပြေးနေရတဲ့ တခြားတိုက်ငါးတကောင်ကိုတွေ့လိုက်တဲ့အခါ ပင်ပန်းဆင်းရဲမှု ကို မြင်တွေ့ရသလိုပါပဲ။

သူ့အကိုက်ခံရတဲ့ ငါးက ကျနော့်လိုပင် ရေပြင်ပေါ်ကို တကုတ်ကုတ်တက်နေရရှာတယ်။ ဘ၀ဆိုတာ ရုန်းကန်ရှင်သန်ခြင်းပဲ မဟုတ်လား။

ဘေးနားကန်က ဒဏ်ရာရတိုက်ငါးနဲ့ ကျနော်ဟာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရသူချင်း အတူတူပါပဲလေ။ ကျ နော်တို့ဘဝတွေက ငါးဖြစ်သော်လည်း ရေနစ်နေတဲ့ငါးများ။  ဒီဘဝကိုစွန့်ခွာသွားဖို့ကလည်း သံယောဇဉ်မပြတ်သေး။

ကျနော် အားယူရင်း မှန်ရေပြင်ပေါ်သို့ တဖြည်းဖြည်းတက်လိုက်ပါတယ်။ နှာပေါက်လေးဖော်ကာ လေကို အားရပါးရ ရှူရှိုက် လိုက်ပါရဲ့။

မှန်ရေကန်ထဲတကောင်တည်း ဟိုပတ်ဒီပတ်နဲ့ ကူးခတ်နေရတာကိုက ကျနော့်အတွက် ဘဝအဓိပ္ပာယ်တခုဖြစ်နေတာ အတော်ကြာခဲ့ပြီ။  တကယ်တော့ ကျနော်ဆိုတာ အညွန့်တုံးနေသော မျက်လုံးပြူးပြူး ရေတိမ်နစ်နေရတဲ့ ငါးတကောင်သာ။

မောင်နောင်မွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်