လှရွှေ ● အရက်ချက်တဲ့ ရွာကလေး

December 24, 2016

လှရွှေ ● အရက်ချက်တဲ့ ရွာကလေး

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၆

ကျုပ် ရွာကထွက်လာတာ ၂၇ ခုနှစ်တောင် ရှိတော့မယ်။ (အကိုရင်းတည် ဝ အလယ် ပ ကိုရရစ် င သတ်လိုက် (အဝပြင်)။ ကလေးဘဝကာရံ စပ်စပ်ရွာအမည်ကိုပြောခဲ့တာ သတိရနေဆဲ။ အဝပြင် ရွာအကြောင်းပြောရရင် ရွာရဲ့ အနောက်ဖက်မှာ ကင်းချောင်း၊ ရွာကိုပတ်လည်စီးဆင်းနေတဲ့ ချောင်းလေးနဲ့ ရွာရဲ့အရှေ့ဖက်မှာရှိနေတဲ့ ကလန်ကြမ်းတောင်ဆိုတာ ကျုပ်တို့ ရွာရဲ့ အသက်သွေးကြော။ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ရွာမှာ ကျုပ်ကို မွေးခဲ့တာ။

ကျုပ်တို့ရွာမှာ တလုံးတည်းသော အိမ်သာရှိတယ်။ ရွာဦးဘုန်းကြီးကျောင်းမှာ။ မြို့ပေါ်က ဧည့်သည်တွေလာရင် အိမ်သာ တက်ချင်ရင် ခြုံပုတ်ရှိရာ ပြေးကြရတယ်။ ခြုံပုတ်နဲ့ ဝေးတဲ့နေရာရောက်နေရင်တော့ အောင့်ပေတော့။

ကျုပ်တို့ခေတ်တုန်းက ရွာက ငွေကောက်ပြီးဆောက်ခဲ့တဲ့ မူလတန်းကျောင်းရယ်၊ တိုက်နယ်က ကိုယ်ထူ ကိုယ်ထဆောက် ထားတဲ့ တွဲဘက်အလယ်တန်းကျောင်းရှိတယ်။ ဆရာတွေအတွက် ဆောက်ထားတဲ့ မလုံ့တလုံအိမ်သာ ရှိတယ်။ ကျောင်း သားတွေအတွက်တော့ အိမ်သာတက်ချင်ရင် ကျောင်းနောက်ဖက် သင်္ချိုင်းကုန်းနားက ခြုံပုတ်တွေရှိရာကို ပြေးကြရတယ်။ တုတ်ချောင်းမရှိတဲ့နေရာမှာဆို လယ်ကသင်းဘောင်က မြက်ပုတ်လေးပေါ်မှာ သန့်ရှင်းရေးလုပ်ကြရတယ်။

အရင်တလလောက် ဖွဘုတ်ပေါ်မှာ ကျုပ်ရွာက ကလေးတွေ ဓာတ်ပုံတက်လာတယ်။ အသေအချာကြည့်မိတော့ တူတာ တခုရှိတယ်။ ကလေးတွေ အားလုံးမှာ ဖိနပ်မပါဘူး။ ကျုပ်တို့ခေတ်တုန်းက ရှစ်တန်းထိ ဖိနပ်စီးတဲ့သူမရှိဘူး။ ဖိနပ်စီးတာဆိုလို့ ရွာကို ရောက်လာတဲ့ ဆရာ၊ ဆရာမတွေလောက်ပဲ။

ဆောင်းရာသီရောက်ပြီဆို ခြုံစရာ စောင်မရှိတော့ ကောက်ရိုးပုံမှာ ကျင်းတူးပြီး ကလေးတွေ စုပြီးအိပ်ခဲ့ရတာ မြင်ယောင် နေသေးတယ်။

ကျုပ်တို့ရွာမှာ ဆေးခန်းမရှိဘူး။ ဆေးမှူးမရှိဘူး။ ဒေါက်တာ ယမ်းကုတွေနဲ့ စခန်းသွားကြရတယ်။ ဖျားနာရင် ဆေးမကု။ နတ်ဝင်ပူး၊ နတ်ကပြီး ရောဂါကို ကုကြတဲ့ရွာ။ ဖျားလို့သေတဲ့ လူတွေ၊ ဝမ်းသွားလို့ သေတဲ့လူတွေ များမှများ။

ကျုပ်ရဲ့ဆွေမျိုး ဖွားအိုတယောက်နေမကောင်းလို့ သူ့မြေး ဒေါက်တာယမ်းကုဆီမှာ ဆေးတောင်းသောက်ပါသတဲ့။ သူ့မြေးက ယမကာယစ်နေတာ့ ပါရာ (၁၂) လုံးပေးခဲ့လို့ တခါတည်း အသက်ပါပျောက်တာလည်း ရှိခဲ့ဖူးတယ်။

ကျုပ်တို့ရွာဆိုတာ အင်မတန်ခေါင်တဲ့အရပ်၊ ကျောက်ဖြူကနေ ၂၇ မိုင်လောက်သာ ဝေးပေမယ့် ဈေးဆိုင်တွေ မရှိတဲ့အရပ်။ မိုးလင်းရင် ကလေးတွေက ထမင်းကျန်လေးကို မီးဖိုထဲပစ်ထည့်ပြီး မီးဖုတ်စားခဲ့ရတာ ခုထိသတိရနေဆဲ။

ကျုပ်တို့ ရွာမှာ ပေါတာတခုရှိတယ်။ အဲဒါ ဓနိရည်ကနေချက်လုပ်တဲ့အရက်။ အိမ်တိုင်းလိုလို အရက်ချက်ကြတယ်။ လယ် လုပ်ငန်းနဲ့ အရက်ချက်အလုပ်ကို လုပ်ကြတယ်။ အရက်နဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ရွာ။

တနယ်တကျေးက ဧည့်သည်လာရင် အရက်နဲ့ဧည့်ခံတတ်ကြတယ်။ တရွာလုံးမှာ အရက်မသောက်တတ်တဲ့သူ လက်ငါး ချောင်းလောက်မှာ ကျုပ်အဖေပါတာတော့ ဂုဏ်ယူစရာ။ ဒါပေမဲ့ ကျုပ်လည်း ကိုးတန်းတက်ကတည်းက ယမကာကို မှီဝဲ တတ်နေပြီ။ အရက်ကြောင့် သေတဲ့လူတွေထဲမှာ ကျုပ်မိသားစုဝင်တွေ အများကြီး၊ အကို၊ ယောက်ဖ၊ ဝမ်းကွဲတွေ တော် တော်များတယ်။

ကျုပ်တို့ရွာကို မြို့ပေါ်က ဆရာ၊ ဆရာမတွေ သိပ်မလာချင်ကြဘူး။ ဒါလည်း သဘာဝကျပါတယ်။ အရက်ပေါတာရယ်၊ အရက်ကြောင့်ဖြစ်တတ်တဲ့ ပြဿနာကြောင့်လို့ ထင်မှတ်ရတယ်။
ကျုပ်အမျိုးသမီးကို သူ့ဆွေမျိုးအရာရှိကြီးတဦးမေးပါသတဲ့။ နင်ရတဲ့ယောက်ျားက ဘယ်ရွာကတုန်း။ ကျုပ်ရဲ့ရွာအမည်ကို ပြောလိုက်တာ အရာရှိကြီး မျက်လုံးမျက်ဆန် ပြူးသွားပါတဲ့။ အဲလောက်ကို နာမည်ကြီးတဲ့ရွာ။

တောခေါင်လှတဲ့အရပ်၊ အိမ်သာမရှိတဲ့အရပ်၊ ဆေးခန်းမရှိတဲ့အရပ်၊ ဈေးမရှိတဲ့အရပ်၊ ဆင်းရဲတာ ရေသည်တောင် မျက်ရည် ကျလောက်တဲ့အရပ်မှာ ကလန်ကြမ်းရွာက ဦးငကြွင်းအောင်ရယ်၊ ကျုပ်အဖေအပါအဝင် အနီးတဝိုက်က လူကြီးတွေ ချွေး နည်းစာလေးတွေစုဆောင်းပြီး တွဲဘက်အလယ်တန်းကျောင်းကိုဆောက်၊ ဆရာတွေကို အငှားခေါ်သင်။ ကျုပ် ငါးတန်း တုန်းကဆို အလယ်တန်းဆရာ ငါးယောက်မှာ ဆယ်တန်းအောင်တာ တဦးပဲပါတယ်။

အဲဒီကျောင်းဖြစ်လာတော့ ကျုပ်တို့ ရွာအနီးတဝိုက်မှာ ဆယ်တန်းအောင်တွေ ရှိလာတယ်။ ကျောင်းဆရာတွေ ရှိလာကြ တယ်။ အင်ဂျင်နီယာတွေ ရှိလာကြတယ်။ ခုဆိုတက္ကသိုလ်မှာ ဆရာထိ ဖြစ်လာကြပြီ။

အလယ်တန်းကျောင်းသား ဘဝတုန်းက မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးတွေလာရင် လန့်နေကြရတယ်။ အဆင် မပြေရင် မင်းတို့အလယ်တန်းကျောင်းကိုမဖွင့်နဲ့ ပိတ်လိုက်လို့ပြောမှာကြောက်လို့ ကျုပ်အဖေတို့ ရှိတာလေးတွေစုပြီး လာဘ် ထိုးခဲ့ကြတာ ခုထိ မြင်ယောင်နေသေးတယ်။

အရက်ချက်တဲ့ရွာ၊ ကျုပ်ကြီးပြင်းခဲ့တဲ့ရွာကလေးဟာ ဒီမိုခေတ်မှာလည်း မိုးခေါင်နေဆဲ။ မိုးဆိုတာ မိုးရှိတဲ့အရပ်မှာသာ ရွာ တဲ့အလေ့အထရှိသမို့ ကျုပ်အတွက် သိပ်မဆန်းဘူး။ အရက်ချက်တဲ့ရွာလေးရဲ့အနောက်ဖက် ကွင်းပြင်ပေါ်က ယိုင်နွဲ့နွဲ့ အလယ်တန်းကျောင်းဟာ ကျုပ်အတွက်တော့ မင်းညီမင်းသားတွေသာ သင်ယူခွင့်ရှိခဲ့တဲ့ ဗဏရာသီက တက္ကသီလာ ဖြစ် သလို၊ အမေရိကားက ဟားဗတ်နဲ့ ယေးလ်တက္ကသိုလ်တို့လို တုနှိုင်းမမှီတဲ့ကျောင်း၊ ပမာပြစရာမရှိကျောင်း။ အဲဒီ ကျောင်းလေးကို အရက်ချက်တဲ့ရွာသားတွေ တည်ခဲ့တာ။

လှရွှေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်