သာထက်အောင် ● လုပ်စားကိုင်စား နိုင်ငံရေးသမား

December 25, 2016

သာထက်အောင် ● လုပ်စားကိုင်စား နိုင်ငံရေးသမား
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆

တိုင်းရေးပြည်ရေးနိုင်ငံရေးတွေကို ကိုယ်နဲ့မဆိုင်သလိုနေတတ်ရင်တော့ စိတ်ချမ်းသာမလားမသိဘူး။  ခုတော့တီဗီပဲဖွင့်ဖွင့်၊ အင်တာနက်ပဲကြည့်ကြည့် စိတ်ချမ်းသာစရာရယ်လို့ တွေ့ရခဲသားကလား။  စစ်အကြီးအကျယ်ဖြစ်နေတဲ့ ဆီးရီးယားက မြို့ ပျက်ကြီးတွေမြင်ရတာ စိတ်ခြောက်ခြားဖို့တောင် ကောင်းပါတယ်။  ကလေးအရွယ် လူမမည်လေးတွေ စစ်ကြောင့် ထိခိုက် ဒဏ်ရာရတာတွေ မြင်ရတာကြေကွဲဖို့ကောင်းပါတယ်။  ရွှေပြည်ကြီးက အရှေ့မြောက်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေ အနောက် ဘက်တံခါးမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ခုစာရေးနေစဉ်မှာပဲ အိုင်အက်စ်လက်ချက်၊ ဘာလင်ကဈေးတန်းကို ထရပ်ကားနဲ့ ၀င်တိုက်တဲ့သတင်း၊ ရုရှားသံအမတ်ကို သေနတ်နဲ့ပစ်သတ်တဲ့ အင်ကာရာကသတင်း၊ ဘယ်ဒင်းမှ နှလုံးစိတ်ဝမ်းချမ်းသာစရာမရှိပါဘူး။

နိုင်ငံရေးနဲ့ဖြေရှင်းလို့မရတဲ့အခါ စစ်ရေးနည်းနဲ့ဖြေရှင်းကြရတယ်ဆိုတဲ့ အတွေးအခေါ်ဟာ ဘယ်အထိမှန်နိုင်မလဲဆိုတာ စဉ်းစားဖို့တော့ကောင်းပြီ။  အခုအရှေ့မြောက်ပိုင်းလို တပ်မတော်က ထိုးစစ်ဆင်တယ်။  မဟာမိတ်တပ်ပေါင်းစု ၄ ဖွဲ့က ပြန် ချတယ်။ အကျိုးအမြတ်က နှစ်ဦးနှစ်ဖက် အကျအဆုံးများကြရပြီး အပြစ်မဲ့တဲ့ပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ပြေးကြ လွှားကြရပြီ။  ဥသျှစ်သီးကို ဥသျှစ်သီးနဲ့ထုတော့ နှစ်လုံးစလုံးကွဲတာပဲ အဖတ်တင်မှာပါ။  စစ်ဖြစ်ပြီဆိုရင် ဘယ်သူမှမနိုင်ဘူး။  နှစ်ဖက်စလုံးအရှုံးချည်းပဲဆိုတာ နှလုံးသွင်းတတ်ဖို့လိုပြီ။ တိုင်းပြည်ကမွဲရတဲ့အထဲ စစ်စရိတ်ကြောင့် ဘူးလေးရာဖရုံဆင့်ပြီ။

ပြဿနာတွေကို စစ်ရေးနည်းနဲ့မဖြေရှင်းဘဲ နိုင်ငံရေးနဲ့ဖြေရှင်းတဲ့အခါမှာ ဘာကြောင့်အောင်မြင်မှုမရခဲ့သလဲ။ ရိုးရိုးရှင်းရှင်း လေးတွေးကြည့်ရင် မရိုးသားလို့ပါပဲ။  ကိုယ့်ပါတီ၊ ကိုယ့်အုပ်စု၊ ကိုယ့်လူမျိုး၊ ကိုယ့်နေရာ၊ ကိုယ့်အကျိုးစီးပွားတခုတည်းကြည့်ပြီး လုပ်တဲ့နိုင်ငံရေး၊ နိုင်ငံရေးသေနတ်ဗျူဟာလို့ ထင်မှတ်မှားနေတဲ့ ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းတွေအသုံးပြုပြီး အုပ်ချုပ်တဲ့အုပ်ချုပ်ရေး ဘယ်တော့မှမအောင်မြင်ပါဘူး။  ၁၉၆၃ ခု ဗိုလ်နေ၀င်းတို့ခေါ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြားခဲ့ရ တယ်ဆိုတာကလည်း အဲဒီမရိုးသားမှုကြောင့်ပါပဲ။  ဖဆပလ မအောင်မြင်တာလည်း ဒီမရိုးသားမှုကြောင့်ပါပဲ။

Politics လို့ခေါ်တဲ့ဝေါဟာရကို အကြမ်းဖျင်း ဘာသာပြန်ကြည့်ရင် နိုင်ငံရေး၊ နိုင်ငံရေးနဲ့စပ်ဆိုင်သော လုပ်ငန်းလို့ အဓိပ္ပါယ် ရမယ်ထင်ပါတယ်။  တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို ကိုယ်ကျိုးမဖက် အနစ်နာခံ စွမ်းစွမ်းတမံဆောင်ရွက်တဲ့ ပုဂ္ဂိုလ်များကို ပြည်သူတွေကချီးကျူးကြတယ်။  အားကိုးကြတယ်။  ဂုဏ်ပြုကြတယ်။ ကမ္ဘာမှာ ဒီလိုပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်ပြည်တွေရှိခဲ့ပါတယ်။

ဒါပေမယ်…လောကဓမ္မတာအတိုင်း အကောင်းထက် အဆိုးက ပြုရလွယ်လေတော့ အာဏာမက်သူ ကိုယ်ကျိုးရှာသူ အတ္တ ကြီးသူတွေက နိုင်ငံရေးအရေခြုံပြီး တွင်ကျယ်လာတဲ့အခါ Politics တို့ Politician လို့ခေါ်တဲ့ နိုင်ငံရေးသမားတို့ကို လူတွေက တဖြည်းဖြည်း အယုံအကြည်ကင်းလာပါတယ်။  ရွေးကောက်ပွဲအကြိုကာလ အာဏာမရခင်တော့ မက်လုံးတွေ တပုံကြီးပေး  တကယ်အာဏာလည်းရလာရော ကုလားထိုင်မှာ မိန်းမူးသာယာပြီး ကိုယ်ကျိုးစီးပွားရှာသွားတဲ့ နိုင်ငံရေးသမားဆိုသူတွေ ကတော့ လောကမှာမမြင်ချင်မှမဆုံး၊ ကြာတော့ Politics ဆိုတဲ့စကားလုံးကို မကောင်းတဲ့အဓိပ္ပါယ်နဲ့ ဖွင့်ဆို သုံးနှုန်းလာ တာတွေ ကျွန်တော်သြစတြေးလျရောက်ပြီး မကြာခင်မှာသိလာရပါတော့တယ်။

သြစတြေးလျမှာနေလာခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ကျွန်တော် အလုပ်အမျိုးမျိုးလုပ်ခဲ့ဖူးလို့ လူအမျိုးမျိုးနဲ့လည်းထိ တွေ့ ဆက်ဆံဖူးပါတယ်။ တရုတ်၊ ကုလား၊ ဂျပန်၊ သြဇီ၊ အီတလီ၊ ဖိလစ်၊ ပီနို၊ အာဖရိကန်…စသဖြင့် တချို့စက်ရုံတွေမှာ နှစ်ပေါင်းများစွာလုပ်နေတဲ့ အလုပ်သမားတွေရှိသလို တချို့ကတော့ လုပ်လို့ လပိုင်းနှစ်ပိုင်းပဲရှိသေးတယ်။  ရာထူးအဆင့် လည်းကောင်းရဲ့သားနဲ့ ထွက်သွားတဲ့လူတွေလည်း ရှိပါတယ်။ မင်းဒီမှာမပျော်ဘူးလား၊ လုပ်ခနည်းလို့လားမေးကြည့်တော့ မဟုတ်ဘူးတဲ့။ ဒီစက်ရုံက Politics သိပ်များတယ်။ ဒါ့ကြောင့်ထွက်တာ၊ သူပြောတဲ့ Politics သိပ်များတယ်ဆိုတဲ့ အဓိပ္ပါယ်က တရားမျှတမှုမရှိဘူး။ ဘက်လိုက်တယ်။ အုပ်စုဖွဲ့တယ်။ အသားအရောင်ခွဲခြားတယ်။ အထက်ဖား အောက်ဖိတွေရှိတယ်။ လူ့အခွင့်အရေးပိတ်ပင်တယ် စတဲ့အဓိပ္ပါယ်ပေါင်းများစွာပါတယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်တော် အလိုလိုသိလာပါတော့ တယ်။

ဒါ့ကြောင့် ဒီကုမ္ပဏီ၊ ဒီစက်ရုံက Politics သိပ်များတယ်လို့ နာမည်ထွက်ရင်မကောင်းတဲ့ အဓိပ္ပါယ်ကောက်ယူကြလေတော့ နဂိုကသူ့အဓိပ္ပါယ်နဲ့သူ ပြည့်စုံကောင်းမွန်တဲ့ ‘နိုင်ငံရေး’ ဆိုတဲ့ ဝေါဟာရနိုင်ငံရေးသမားအမည်ခံတို့ရဲ့လက်ချက်ကြောင့် အဓိပ္ပါယ်တမျိုး သက်ရောက်ခဲ့ရပါတယ်။ စိတ်ထားထက်ရင်မြတ်တဲ့ နိုင်ငံရေးလုပ်ငန်းဟာ အာဏာ၊ ပါဝါ၊ နေရာ၊ သြဇာ၊ ငွေ ကြေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အမှန်တရားကို မျက်ကွယ်ပြုရမှာ ၀န်မလေးတော့သလို သူ့ကို ဆန့်ကျင်ဝေဖန်လာရင် လည်း မိုက်ရိုင်းစွာတုံ့ပြန်လာတတ်ကြပါတယ်။

မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓဘုရားတော်ကို ယုံကြည်စွာဆည်းကပ်ကိုးကွယ်ပါတယ်ဆိုတဲ့ ဘုရားသားတော် ရဟန်း၊ သံဃာတော် တွေတောင်မှ နိုင်ငံရေးပူးကပ်လာရင် မပြောသင့်တဲ့ ရုန်းရင်းကြမ်းတမ်းတာတွေပြောလို့ ပြော၊ ကျင့်ဝတ်နဲ့မညီတဲ့ အနေအ ထိုင်၊ အပြောအဆို၊ အမူအကျင့်တွေကျင့်လို့ကျင့်၊ မရင့်ကျက်သေးသူအဖို့တော့  နိုင်ငံရေးဆိုတာ မူးယစ်ဆေး၊ စိတ်ကြွ ဆေးများလို လူကို ကပြောင်းကပြန်လုပ်နိုင်တဲ့ သတ္တိရှိပါတယ်။

ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီး တနိုင်ငံဖြစ်တဲ့ အမေရိကားမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲကတော့ တကယ့်ကို အုတ်အော် သောင်းနင်းပါ။  မမျှော်လင့်ဘဲ ဒေါ်နယ်ထရမ့်အနိုင်ရသွားတော့ နိုင်ငံရေးဆိုတာကြီးဟာ တယ်လည်း ရှုပ်ထွေး၊ တယ်လည်း မာယာများပါ့လားလို့ တွေးမိပါသေးတယ်။ တရားကျဖို့လည်း ကောင်းပါတယ်။ သူ့ကိုဆန့်ကျင်ခဲ့၊ ဝေဖန်ခဲ့တဲ့လူတွေလည်း ပါးစပ်ပိတ်သွားပြီး နေရာလေးဘာလေး ကမ်းလှမ်းရင်း ပြုံးဖြီးဖြီးနဲ့ ကြွလာတာတွေ့ရတော့၊ သြော်…နိုင်ငံရေးဆိုတာ ဒီလို ချည်းပါလားလို့ သံဝေဂရမိပါတယ်။

ရွေးကောက်ပွဲအကြိုကာလတုန်းက ရီပတ်ပလီကန်ပါတီက သမ္မတဟောင်း ၀င်အရွေးခံပြီး နောက်ပိုင်းမှာနှုတ်ထွက်သွားတဲ့ Mitt Romney ဆိုတဲ့ပုဂ္ဂိုလ်ကလည်း သူ့ပြိုင်ဖက် ဒေါ်နယ်ထရမ့်ကို ပယ်ပယ်နယ်နယ် တွယ်ခဲ့တဲ့သူပါ။ ဒေါ်နယ်ထရန့် အနိုင်ရလို့ သူ့ကိုနေရာပေးချင်လို့ခေါ်တော့လည်း မငြင်းနိုင်ရှာပါဘူး။  ဒါ့ကြောင့် လောကမှာမယုံရဆုံးလူဟာ နိုင်ငံရေးသမား လို့ တချို့က မြင်ကြပါတယ်။

စပ်မိတုန်း နိုင်ငံရေးသမားကို လှောင်ပြောင်သရော်တဲ့ပုံပြင်လေးမှတ်မိသလောက်ရေးပြပြီး ဒီဆောင်းပါးကို အဆုံးသတ်ပါ့ မယ်။

တခါတုန်းက ရွာတရွာမှာ သူငယ်ချင်းနှစ်ယောက် အလွန်ခင်ကြဆိုပဲ။ ကလေးဘ၀တုန်းကအတူ ဆော့၊ အတူကျောင်းနေရင်း ကြီးလာတော့ ရေကြည်ရာမြက်နုရာရှာရင်း ကွဲသွားကြတယ်။  နှစ်ပေါင်းများစွာကြာမှ တနေရာမှာပြန်ဆုံကြတော့ တယောက် က တော်တော့်ကိုချမ်းသာနေတဲ့ ခရိုနီသူဌေးကြီးဖြစ်နေပြီး ကျန်တယောက်ကတော့ နွမ်းနွမ်းပါးပါးနဲ့ အားအားရှိတရားထိုင်၊ တရားအားထုတ်နေတဲ့ ဘာသာရေးသမားကြီးလုံးလုံး ဖြစ်နေပါတယ်။

စီးပွားရေးသမား သူဌေးက သူ့သူငယ်ချင်းနွမ်းနွမ်းပါးပါးဖြစ်နေတာကိုကြည့်ပြီး စိတ်မကောင်းစွာနဲ့ စီးပွားရေးကြိုးစားလုပ်ဖို့အကြောင်း သူတတ်နိုင်သမျှကူညီမယ့်အကြောင်း ခုလိုဘာသာရေးတွေလုပ်နေလို့ ဘယ်သူကမှပိုက်ဆံလာပေးမှာမဟုတ် ကြောင်း၊ ပိုက်ဆံမရှိသူတယောက်အဖို့ ဘယ်လိုမှပျော်ရွှင်ချမ်းသာမှုတွေရမှာမဟုတ်တဲ့အကြောင်း တရားချပါတယ်။

ဘာသာရေးသမားက သူ့သူငယ်ချင်းစီးပွားရေးသမားပြောသမျှတွေကို ခေါင်းတညိတ်ညိတ် ပြုံးပြုံးကြီး နားထောင်နေပြီး သူ့ စကားလည်းဆုံးရော… ဒီမှာသူငယ်ချင်း မင်းက လောကကြီးမှာ ငွေသာ ပထမ၊ ငွေသာ အဓိကလို့ထင်နေတာကိုး၊ တကယ် တော့ မင်းဘာသာမသိလို့၊ မင်းဟာလောဘသမားပဲ၊ လောဘဆိုတာမီးပဲ။  ဒါကြောင့် ပညာရှိတွေက လောဘမီးလို့ တင်စား ခဲ့တာ။  လောဘဆိုတာ ပူလောင်တယ် သူငယ်ချင်း၊ တကယ့် ချမ်းသာအစစ် မင်းမရနိုင်ဘူး။  ရလေ လိုလေ အိုတစ္ဆေပဲ၊ ပင်လယ်ရေလိုပဲ၊ သောက်လေ သောက်လေ ငတ်မပြေဆို တာမင်းကြားဖူးမှာပေါ့။  တကယ့်ချမ်းသာအစစ်က ငွေမဟုတ်ဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနဆိုတဲ့ ကိလေသာမီးတွေငြိမ်းနိုင်၊ သတ်နိုင်မှ…

အဲသလို စီးပွားရေးသမားနဲ့ ဘာသာရေးသမားငြင်းခုန်နေလိုက်ကြတာ အဖြေမရနိုင်ဘဲ အခြေအနေက တင်းမာလာတဲ့အချိန် မှာ နိုင်ငံရေးသမားတယောက် သူတို့နားကိုရောက်လာပါတယ်။

‘ကိုယ့်လူတို့ ဘာတွေများ ဒါလောက် အကြိတ်အနယ်ငြင်းခုန်နေကြတာလဲဗျ၊ ပြောစမ်းပါဦး’ ဆိုတော့…

စီးပွားရေးသမားကလည်း စောစောကအတိုင်းငွေမရှိဘဲနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့မဖြစ်နိုင်တဲ့အကြောင်း ငွေကို ရသမျှ ရှာရမယ့်အကြောင်း ဘာသာရေးသမားကလည်း သူ့သူငယ်ချင်းအမြင်လွဲနေကြောင်း၊ လောဘရဲ့ သားကောင်ဖြစ်မှန်းမသိဖြစ် နေတဲ့အကြောင်းပြောတဲ့အခါ နိုင်ငံရေးသမားက ခေါင်းတဆတ်ဆတ်ငြိမ်ရင်း …

‘အင်း…ဒီပြဿနာက အင်မတန်သိမ်မွေ့လေးနက်တဲ့ပြဿနာ ဖြစ်နေတယ်။ ဒီတော့ ဒီလိုလုပ်၊ ခင်ဗျားတို့ကို ပါးစပ်နဲ့ နား လည်အောင်ရှားပြတာထက် လက်တွေ့လုပ်ပြမှ ပိုသဘောပေါက်လိမ့်မယ်။  လာ..ဟိုဘက်နားက လူရှင်းတဲ့ရေကန်နား သွားရအောင်ဆိုပြီး ၂ ယောက်လုံးကို ရေစပ်နားထိခေါ်သွားတယ်။

‘အောက်ခံဘောင်းဘီကလွဲရင် ခင်ဗျားတို့အ၀တ်အစားတွေ အကုန်ချွတ်လိုက်၊ ဟို သူဌေးကြီး ခင်ဗျားနာရီတွေ၊ လက်စွပ်တွေ ချွတ်၊ ဒီမှာပုံထား၊ ဟုတ်ပြီး နှစ်ယောက်ကျောချင်းကပ်ထိုင်၊ လက်နှစ်ဖက်ယှက်ပြီး တရားထိုင်သလို တင်ပျဉ်ခွေထိုင်၊ မျက်စိ ကိုမှတ်ထား၊ အာရုံကိုမလွင့်စေပဲ ၁ ကနေ ၁၀၀ အထိ ဖြည်းဖြည်း မှန်မှန်ရွတ်၊ မျက်စိလုံးဝဖွင့်မကြည့်နဲ့၊  ၁၀၀ ပြည့်တော့မှ မျက်လုံးကိုဖွင့် အဲဒီကျ ဘယ်သူမှန်တယ်ဆိုတာ မျက်ဝါးထင်ထင်သိလိမ့်မယ်။’

နိုင်ငံရးသမားညွှန်ကြားတဲ့အတိုင်း အ၀တ်အစားတွေချွတ်၊ ကျောချင်းကပ်၊ မျက်စိမှိတ်ပြီး ၁ ကနေ ၁၀၀ အထိ ဖြည်းဖြည်း မှန်မှန်ရွတ်လာပြီး ၁၀၀ ပြည့်လို့မျက်စိဖွင့်ကြည့်လိုက်တော့ နိုင်ငံရေးသမားဆိုသူလည်း မရှိ၊ သူတို့အ၀တ်အစားတွေလည်း မရှိတော့၊ အဲဒီမှာသူငယ်ချင်းနှစ်ယောက်လုံးရလိုက်တဲ့ ဉာဏ်အလင်းကတော့ ‘နိုင်ငံရေးသမားစကား နားယောင် လံကွတ် တီတောင် ပေါင်ရလိမ့်မယ်’ တဲ့။    ။

(နိုင်ငံရေးသမားအားလုံးကို မဆိုလိုပါ။ လုပ်စားကိုင်စား နိုင်ငံရေးသမားများကို ရည်ညွှန်းပါသည်။)

သာထက်အောင်
၂၁-၁၂-၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်