မြတ်လှိုင်း ● ငါ့အိမ်အပြန်လမ်း

December 26, 2016

● ငါ့အိမ်အပြန်လမ်း
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၆

ငါလာသလိုလိုနဲ့
ပြန်နေရတယ်၊ ငါ့အိမ်ဘယ်မှာလဲဆိုတာတော့ ငါမသိ
နေ့နဲ့ညဆိုတာ ခွဲခြားသိခဲ့တယ်
ရာသီတွေဘယ်ဟာက ဘယ်လိုဆိုတာ ငါမှတ်မထားခဲ့ဘူး
သဘာဝအပြင်ကိုဖောက်ပြန်ဖို့ဆိုပဲ၊ ထွက်သွားတတ်တယ်
ဒါပေမဲ့ စည်းအပြင်ကလူတွေကသစ္စာရှိပြီး
စည်းအတွင်းမှာအတ္တကြီးသူတွေနေတယ်
အရူးတယောက်က သတ်ပုံအမှားတွေလိုက်ကောက်ပြီး
ဝပ်ရှော့ထဲပို့နေတာ အရူးတယောက်ဖြစ်သွားတာပဲ
စ နစ်ခဲ့တဲ့ စနစ်ဟောင်းကို မီးပုံရှို့လိုက်တယ်
မီးစတွေကမြို့တွေရွာတွေပြန့်ပွားသွားပြီး မီးဆက်လောင်နေတယ်
ဒီလောင်နေတာ လောဘမီး၊ စစ်မီး၊ ဆင်းရဲမီးတွေ အချိန်အခါမရွေးဘူး၊ ဒုက္ခမီးတွေဟုန်းဟုန်းတောက်နေကြ
လူ့အကြောင်းနားမလည်တဲ့လူတွေ၊ လူလည်ဝင်လုပ်နေတဲ့နိုင်ငံရေးဆိုပဲ
ဒီပုံမျိုးနဲ့မိုးကြီးချုပ်ခဲ့ရပေါင်းများပြီ
ဒီလိုပုံမျိုးဆိုပြီး ငါရေးခဲ့စာကြောင်းတွေရာထောင်မက
ထောင်ထဲခြေနစ်ဝင်သွားဖို့ နည်းနည်းဝေးနေတာပဲ
ကံကောင်းခဲ့ခြင်းဆိုပြီး သီချင်းလုပ်ဆိုလိုက်တယ်
ငါလာသလိုလိုနဲ့ပြန်နေခဲ့တယ်
အေးချမ်းတဲ့အိမ်ကလေး ဘယ်မှာလဲမသိ။      ။

မြတ်လှိုင်း

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်