မင်းကိုနိုင် ● အပြန်လမ်းဆီ

December 30, 2016

မင်းကိုနိုင် ● အပြန်လမ်းဆီ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ညက နတ်တလင်းစာပေဟောပြောပွဲအတွက် ဧည့်ခံသည့်အိမ်မှ သားအမိနှစ်ဦး ဇာတ်လမ်းကိုသိရသည်။

လွန်ခဲ့သည့် နှစ်အစိတ်ကျော်သုံးဆယ်အတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်သူ သားအတွက် ဂုဏ်ယူခဲ့သောမိခင်မှာ နိုင်ငံ၏ ရေဆန်ခရီးတွင် ရုန်းကန်တက်ခဲ့သော သားအတွက် ထောင်ဝင်စာပြင်ရတော့သည့် ပင်ပန်းမှု၊ ပူပန်မှုများဖြင့် နတ္တ လင်းမြို့တွင် လွမ်းဆွတ်နေရချိန်ဖြစ်ပါသည်။

သားဖြစ်သူ အင်းစိန်မှ ထောင်ပြောင်းရသူ၊ နိုင်ငံရေးအကျဉ်းသားတစ်ရာခန့်နှင့်အတူ ရထားဖြင့်ပါလာသည်။

ဇာတိမြို့အရောက်မှာ ရထားလမ်းကြောင်းမှားပြီး နောက်ပြန်ဆုတ်ခေတ္တရပ်နားစဉ် အမေရှိရာမြို့လေးကို ရမ်းရော်ကြည့်နေ ပါ၏။ ရထားလမ်းဘေး ကစားကွင်းထဲတွင် ငယ်သူငယ်ချင်းတစ်ဦးကိုတွေ့၍ ပြတင်းမှ ခေါင်းပြူအော်ခေါ်ပါသည်။ သူငယ် ချင်းက ကြောင်တောင်အငေးဖြင့် တုန့်ပြန်ပါ၏။ ဘယ်မှတ်မိပါ့မလဲ၊ လေးကွက်ကြားဆံပင်ညှပ်ထားခံရ၊ ထောင်ဝတ်စုံနှင့်ဖုံအလိမ်းလိမ်းကျောင်းသားက လက်ထိပ်ခတ်ခံလက်ကို မြှောက်ပြရင်း သူ့နာမည်သူပြောကာ အစဖော်ရသည်။

သူငယ်ချင်း မျက်နှာမှာ အံ့သြတုန်လှုပ်ခြင်းဖြင့် ဝမ်းသာဝမ်းနည်း။ ဘာပြောရမည်မသိ။ ကျောင်းသားက သံခြေချင်း တချွင် ချွင် မြည်အောင်ထရပ်ရင်း တစ်ခွန်းသော စကားဖြင့် အကူညီတောင်းသည်။ အမေ့ကိုပြောပေးပါကွာဟူ၍။

သူငယ်ချင်း လှစ်ခနဲ ဒုန်းဆိုင်းပြေးတော့သည်။ ခြံဝင်းထဲချွေးသံတရွှဲရွှဲ ပြေးဝင်လာသော သားသူငယ်ချင်းကိုကြည့်ရင်း မ ထိတ်သာမလန့်သာဖြစ်ရသည့် မိခင်မှာ ဘူတာတွင်သားရောက်နေသည့်သတင်းသိသည်နှင့် ခြေမကိုင်မိ၊ လက်မကိုင်မိ၊။ သတိရချိန်တွင် ဘူတာသို့ အမောတကြီး ပြေးနေမိပြီ။ “ဘာဖြစ်သလဲ” ဟု စိုးရိမ်သူတို့အမေးကို ဖြေခဲ့သည်မှာ စကားတစ် လုံးတည်းသာ သား…သား… ဟူ၍။
* * *

လက်ထိပ်စုံခတ်ခံထားရသည့်သားလက်ကို မိခင်က ရထားအောက်မှလက်တုံတုံဖြင့် ဆုပ်သည်။ အားဖျော့နေသည့် အမေ့ လက်များကသားလက်ကိုသာမက ရထားကြီးကိုပါ ဆွဲထားနိုင်မည့် ခွန်အားမျိုး ဘယ်ကရလာသည်မသိ။ ဘယ်ထောင် ပြောင်းရမှာလဲ၊ ဘယ်ကိုလိုက်လာရမှာလဲ၊ နေကောင်းရဲ့လား၊ ဘာလိုသေးလဲ၊ အမေ့အမေးတွေက နဂိုဆူညံနေသည့် ဘူ တာတစ်ခုလုံးကို ဖုံးလိုက်သည်။ သားမှာ ဘာမျှတိတိကျကျမဖြေနိုင်။ ပြည်မှာ ထောင်ရှိတော့ ပြည်ထောင်ဖြစ်မလား၊ခရီးဆုံးကို ကိုယ်တိုင်သိခွင့်မရှိ။ မရေရာသည့် သား၏ခရီးအတွက် မိခင်သောက,က နှလုံးသားကို ဖိလာသည်။

မနားတမ်းပြေးလာရသည့် အမော၊ ဇရာ၏သဘောတွေကြောင့် အသက်ရှူမဝသည့်ကြားက သားကို ဘယ်ရောက်ရောက် အမေလိုက်လာမယ်ဟု ယတိပြတ် ကတိကိုသာ အထပ်ထပ်ပေးသည်။

ထိုဖြစ်ရပ်ကို ကျနော်နားထောင်ရင်း သားဘက်က ဘာမှမရေရာသလောက် အမေ့ဘက်က သေချာလိုက်တာဟု စိတ်ထဲ ချီးကျူးဂုဏ်ပြုနေမိပါသည်။ ဒုံးဆိုင်းပြေးလာရသည့် အမောကြားမှ အခိုင်အမာ ကတိပေးနေသော ထိုမိခင်သည် နံဘေးမှ ဘဝတူ နိုင်ငံရေး အကျဉ်းသားများကို အားကျစေပြီး သူတို့မိခင်တွေကို သတိရစေခဲ့သည်။

“သား ဘယ်ပဲရောက်ရောက် အမေ့အတွက်တော့ မဝေးပါဘူးသားရယ်၊ အမေ့ကို မစိုးရိမ်ပါနှင့်” ဟူသော စကားက နံဘေးမှ ရဲအစောင့်အရှောက်များကို မျက်နှာလွှဲသွားစေခဲ့သည်။

ထိုမိခင်မှာနောင်သော် ကုန်းတစ်တန်၊ ရေတစ်တန် ကူးရသော သရက်ထောင်သို့ လစဉ်ခရီးနှင်ရပါတော့သည်။
* * *

ထိုသို့ မိခင်များစွာ ထိုကာလ ကြမ်းရှရှကြီးကို လွယ်ပိုးခဲ့ကြရပါသည်။ ကိုဇာဂနာနှင့် သူ့အစ်ကို ကိုဝဏ္ဏအတွက် သူတို့မိခင် ထိုသို့ရင်ဆိုင်ခဲ့ရသည်။

စာရေးဆရာ တာရာမင်းဝေနှင့် သူအစ်ကို ကိုအောင်ဒင်အတွက် သူတို့မိခင်ကြီးမှာ ငပိကြော် ၂ ထုပ်ခွဲသယ်ခဲ့ပို့ခဲ့ရသည်ပင်။ ကိုဂျင်မီနှင့် သူ့အစ်ကိုမျိုးကိုမျိုးမိခင်လည်း ထောင်သို့အလှည့်ကျ ပြေးခဲ့ရသည်ပဲ။

သားတစ်ယောက်လည်း တစ်ယောက်မို့ နှစ်ယောက်လည်းနှစ်ယောက်မို့ ခေတ်ကြမ်းကိုဆန်ကာ တက်နှစ် ချောင်းပြိုင်တူ တစ်ကိုယ်တည်းလှော်ခဲ့ရသော မိခင်များစွာရှိကြောင်း နမူနာမျှပြပါသည်။ မထင်ရှားသော အခြားမိခင်များစွာ၏ ပင်ပန်းဆင်း ရဲမှုမှာ ဒီထက်မလျော့ခဲ့ကြပါ။

သာယာဝတီထောင်နေ ကိုစည်သူ (ဆေးရုံတွင် နိုင်ငံရေးအကျဉ်းသားကျောင်းသားဘဝဖြင့် ကျဆုံးရသူ) နှင့် သူ၏အစ်ကို ကိုခင်မောင်ဇော်တို့မိခင်ကိုလည်း ငဲ့ကြည့်မိပါသည်။ သားနှစ်ယောက်ကို လွမ်း၍ ဆိုကာထောင်ရှေ့မှာ မကြာခဏ လာငေးနေသော သားပျောက်မိခင်ဖြစ်ပါ၏။

ဟောပြောပွဲခရီးလာသော ကျနော့်အား တစ်ခါက နတ္တလင်းဘူတာမှာမြင်သူတိုင်းရင်ဆို့ခဲ့ရသော မြင်ကွင်း (သို့) အမောဆို့ နေသည့်ကြားမှ မိခင်တစ်ယောက်၏ မမောနိုင်သော ကတိစကားကို မြင်ယောင် ကြားယောင်စေသည့် နတ္တလင်းမှ ထိုအမေ ကိုကြည့်ရင်း ကျနော်လည်း ကျနော့်အမေကို အနက်ရှိုင်းဆုံး လွမ်းဆွတ်သတိရမိပါသည်။
* * *
ကျနော်တို့လိုသားတွေက ကိုယ်ယုံကြည်ရာ ရွေးလျှောက်ကြ မိသားစုကိုလှည့်မကြည့်တမ်း ချီနိုင်ကြသော်လည်း မိခင်များမှာ ကျနော်တို့လို အသည်းမမာနိုင်ကြပါ။ မစိမ်းကားနိုင်ကြပါ။ အထူးသဖြင့် ကျနော့်အမေမှာ သားတစ်ယောက်ထဲမွေးထားသူပီပီ သူ့သမီးများထက် ကျနော့်အပေါ် အားကိုးတွယ်တာစိတ်ပိုခဲ့သူ ဖြစ်ပါ၏။

ဆိုရလျှင် ကျနော်စိမ်းကားသလောက် အမေက သမုဒ္ဒယ နှစ်ဆပိုသည်။ ထိုအမေ၏ သားပျောက်ချိန်သောကသည် အခြား အမေများထက် မလျော့ခဲ့ပါ။ သူတစ်ပါးထံ အပူကူးမှာစိုး၍ ဝမ်းမနည်းအောင်နေရသူတွေ၏ ရင်တွင်းဝေဒနာမှာ ပိုကြေကွဲ စရာကောင်းသည်ဟု ကျနော်ထင်ပါသည်။

သို့နှင့် တစ်နေ့ ကျနော့်အား ဘာမှကြိုတင်အသိမပေးဘဲ နယ်ထောင်သို့ ချက်ချင်းခေါ်ဆောင်သွားကြသည်။ ဘယ်မြို့လဲဆို တာမေးလည်း သူတို့ကိုယ်တိုင်မသိပါဟု လိုက်ပို့သူတွေက ဆိုကြသည်။ ဒီတိုင်းပြည်ထဲက ကျော်မပို့လောက်ပါဘူးဟုသာ နှလုံးသွင်းရတော့သည်။

မိသားစုကိုလည်း အသိမပေးသောကြောင့် အမေ့ခမျာ ဘယ်လိုက်ရမှန်းမသိပါ။ စစ်တွေထောင်ဟုသိသောအခါတွင် တစ်ခါမျှမရောက်ဖူးသောရခိုင်ပြည်နယ် ထိုမြို့သို့ ဘယ်လိုသွားရမှန်းလည်း အမေမသိရှာပါ။

စုံစမ်းသိရသမျှ ရိုးမလမ်းက မိန်းမသားများအတွက် ကြမ်းတမ်းလှသလိုရေလမ်းဖြင့်လည်း ရက်ပေါင်းများစွာ ကြာပါလိမ့်မည်။ လေကြောင်းကရောတဲ့၊ ထိုရက်ပိုင်း ကျနော့်ထံလိုက်လာရန် လေယာဉ်လက်မှတ်စီစဉ်နေစဉ်ပင် စစ်တွေလေယာဉ်တစ်စီး မုန်တိုင်းမိကာ ပျက်ကျသည့်သတင်းဆိုးက အကျယ်တဝင့်ပါလာသည်။ နီးစပ်သူများက ရာသီဥတုကြမ်းနေသည့် ခုလိုမိုးဦး လေဦးတွင် မသွားရန် ဝိုင်းတားကြသော်လည်း အမေကား အမေပီသကြောင်း ပြပါတော့သည်။ သားဖြစ်သူထံ မုန်တိုင်း ကြားက အရောက်ပျံခဲ့သည်။

ကျနော်ကိုတွေ့သည်နှင့် သိမ်းကြုံးဖက်ကာ တသိမ့်သိမ့်ငိုရှာသည်။ အခါတိုင်း မျက်ရည်တစ်စက်မစို့၊ မျက်နှာ တစ်ချက်မပျက်အောင်နေခဲ့သူအမေ၊ ဒီတစ်ခါ ဟန်မဆောင်နိုင်ရှာတော့ပါ။ လေယာဉ်ပေါ်ရောက်ကတည်းက ဘုရားစာတွေ ဆိုလာတယ်။ သားအပေါ်ထားတဲ့ မေတ္တာကို ဘုရားထံ တိုင်တည်သစ္စာဆိုလာတယ်။ သားကို တွေ့ခွင့်ရပါစေလို့ ဆုတောင်း လာတာဟု ရှိုက်သံကြားမှ မနာတမ်းပြောပြနေခဲ့ပါသည်။
* * *

ထိုကာလရှည်ကြီးအား သားပျောက်မိခင်တွေသာမက သမီးပျောက်မိခင်တွေလည်း များစွာကျော်ဖြတ် ရင်ဆိုင်ခဲ့ရကြောင်း ဖြည့်စွက်လိုပါသည်။ ရင်သွေးများအတွက် ပူပန်ရသောမိခင်များ၊ ရင်သွေးတို့အပြန်လမ်းကို ပြတင်းဝမှ နေ့စဉ်မှန်းမျှော်ခဲ့ရ သော မိခင်များ၊ ပြက္ခဒိန်မှာမှင်နီကြက်ခြေတွေ ပြည့်အောင်ခတ်ခဲ့ရသော ရက်စွဲများရှေ့က အမေများအားလုံးအတွက် ကျနော် ပန်းချီတစ်ချပ်ဆွဲချင်သည်။ အထူးသဖြင့် လွတ်ရက်စေ့တာတောင် ပြန်ခွင့်မရ၊ ထပ်မံထိန်းသိမ်းခံရသည့်ကာလတွင် အမေမျှော်နေမှာ ဘယ်လောက်ထပ်မျှော်ရမှန်း မသိရှာသည့်အမေ့မျက်နှာကို ကျနော်မှန်းဆကြည့်ရင်း ယခုပန်းချီကို စိတ် ကူးထဲဆွဲနေခဲ့သည်။

ပထမဆုံးအကြိမ် အိမ်ပြန်ရောက်သည်နှင့် ပထမဆုံးရေးဆွဲသည်မှာ ယခုပန်းချီကားချပ်ပင်ဖြစ်ပါကြောင်း အထူးရှင်းပြစရာ လိုမည် မထင်တော့ပါ။

ကျနော့်အမေဆိုသော်လည်း သားပျောက်၊ သမီးပျောက် မိခင်အားလုံးသည်ပင် ကျနော့်အမေဖြစ်သည်ဟု သည်ပန်းချီကား ကိုယ်စားပြုဖြစ်စေချင်ပါသည်။

ခေတ်ကြမ်းတွင် သားပျောက်၊ သမီးပျောက်မိခင်တိုင်း မုန်တိုင်းကိုဆန်ခဲ့ကြသည် မဟုတ်ပါလား။

မင်းကိုနိုင်
(မြစ်ဆုံဗေဒါဂျာနယ်၊ အတွဲ (၁) ၊ အမှတ် (၇) မှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်