မျိုးတေဇာမောင် ● ဆာပါရတီ ဒီဂျိုကို ဒမ်မိုနို (အင်ဒိုနီးရှား – ၁၉၄၀)

January 4, 2017

မျိုးတေဇာမောင် ● ဆာပါရတီ ဒီဂျိုကို ဒမ်မိုနို (အင်ဒိုနီးရှား – ၁၉၄၀)
(Sapardi Djoko Damono-Indonesia, 1940)
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၆

အင်ဒိုနီးရှားနဲ့ ကျနော်တို့ဗမာပြည်ဟာ တစ်ပါတီ စစ်အာဏာရှင် လက်အောက်မှာပြားပြားဝပ်ခဲ့ရတဲ့ကံကြမ္မာ ချင်းဆင်ဆင် တူတယ်။ နိုင်ငံရေးအခြေအနေတွေကယဉ်ကျေးမှုပစ္စည်းတစ်ခုဖြစ်တဲ့ကဗျာကိုရိုက်ခတ်တယ်။ အဲ့ဒီ့ရိုက်ခတ်မှုရဲ့ရောင်ပြန်ဟတ်မှုတွေကို ကဗျာဆရာက ဘာသာစကားနဲ့ ထုတ်လုပ်ကြတယ်။ အခုမိတ်ဆက်ပေးမယ့်ကဗျာဆရာကတော့ အင်ဒိုနီးရှား ကဗျာဆရာ Sapardi Djoko Damono ပါပဲ။ သူဟာ ကျနော်တို့ဆီက မောင်သင်းခိုင်ထက် အသက်တစ်ရက်ပဲကြီးတယ် ။ ၁၉၄၀ မတ်လ ၂၀ မှာ Central Java က Solo ဒေသမှာ ဖွားမြင်တယ်။

ဂျော့ဂျာ မှာရှိတဲ့ Gadjah Mada University မှာအင်္ဂလိပ် စာပေသင်ယူခဲ့တယ်။ ဝတ္ထုတွေ၊ ကဗျာတွေ တော်တော်များများ ကို အင်္ဂလိပ်ဘာသာကနေ အင်ဒိုနီးရှန်းဘာသာ ပြန်ဆိုခဲ့တယ်။ ဒါ့အပြင်သူဟာ အင်ဒိုနီးရှား စာပေမဂ္ဂဇင်းသုံးဆောင်ဖြစ်တဲ့Basis ၊Horisonနဲ့Kalam တို့ရဲ့ အယ်ဒီတာလည်းဖြစ်တဲ့အပြင် The University of Indonesia’s Faculty of Humanities မှာ ပါမောက္ခအဖြစ် စာပေပို့ချနေပါတယ်။ ၁၉၆၉ မှာထုတ်ဝေခဲ့တဲ့ dukaMu abadi (Your Sorrow is Eternal) ဆိုတဲ့ သူ့ရဲ့ကဗျာစာအုပ်ကို အင်ဒိုနီးရှားလစ်ရစ်ခ်ကဗျာရဲ့ပြန်လည်မွေးဖွားခြင်းလို့ သတ်မှတ်ဂုဏ်ပြုကြပါတယ်။ အခု သူ့ရဲ့ ကဗျာ နှစ်ပုဒ်ကို မိတ်ဆက်ဘာသာပြန်ပေးလိုက်ပါတယ်။

|စက္ကူလှေ|

ခင်ဗျား ကလေးဘဝ တုန်းက စက္ကူလှေလေးလုပ်ပြီး
မျှောဖူးမယ်
မြစ်ကမ်းနားမှာ၊ရေစီးကညင်ညင်သာသာနဲ့
လှေကလေးဟာလူးလွန့်၊ သမုဒ္ဒရာဆီ
“လှေဟာ အကြီးဆုံးဆိပ်ကမ်းတိုင်းမှာ ဆိုက်ကပ်လိမ့်မယ်” အဘိုးအိုကပြောခဲ့။
ခင်ဗျားပျော်ရွှင်ပြီး
ဦးခေါင်းထဲတလှပ်လှပ်ပုံရိပ်တွေနဲ့
အိမ်ကိုအပြေးလေးပြန်လာမယ်
အဲ့ဒီ့အချိန်ကတည်းက အဲ့ဒီလှေအကြောင်းသတင်း
ကံကောင်းထောက်မလို့ကြားရနိုးနိုး
ခင်ဗျားမျှော်လင့်နေမယ်
လှေဟာအမြဲခင်ဗျားစိတ်ထဲမှာ
တော်တော့်ကိုကြာပြီးမှ အဘိုးကြီးနောဧဆီက
နောက်ဆုံးသတင်းစကားခင်ဗျားကြားရတယ်
“ကမ္ဘာကြီးကိုရေလွှမ်းမိုးသန့်စင်ခဲ့တုန်းက
မင့်လှေကိုငါသုံးခဲ့တယ်
အခုတောင်ထိပ်တနေရာရာမှာ မင့်လှေသောင်တင်နေမှာပါ”တဲ့။

၁၉၄၀ ဖွား အင်ဒိုနီးရှားကဗျာဆရာ Spardi Djoko Damono ရဲ့ Paper Boat

|မျက်နှာဖုံး|

(၁)
သူဟာ မျက်နှာဖုံးတွေထွင်းနေရတာ ကြိုက်တယ်။
သူ့နဂိုမျက်နှာပေါ်မှာမျက်နှာဖုံး အထပ်ထပ် ဆက်စွပ်ထားတယ်။

မျက်နှာဖုံးတွေကိုနံရံမှာလည်း ချိတ်ထားတယ်
ဒါရိုက်တာကပြောတယ်
”ငါ့ပြဇတ်မှာ ဒီမျက်နှာဖုံးတွေ သုံးမယ်”
ဒီည ပြဇတ်ကပြီ
သူဟာ
တီးတိုးပြောသံတွေ ထဲ
အော်ဟစ်သံငြီးငြူသံတွေထဲ
သူ့နဂိုကိုယ်ပိုင်မျက်နှာကို ရှာတယ်
မျက်နှာဖုံးကပြောတယ်
”ဒီမှာမရှိဘူး”
သူဟာ မျက်နှာဖုံးအထပ်ထပ်စွတ်ပြီး ဆက်နေရအုံးမယ့်ပုံပဲ။

(၂)
”ငါ့မျက်နှာဖုံးဘယ်မှာလဲ” တစ်ယောက်ချင်း
သီးခြားမေးတာတော့မဟုတ်ဘူး
မိတ်ကပ်ခန်းထဲမှာ မှန်ကွဲစတွေ
နှုတ်ခမ်းနီပါးနီတွေ ပေါင်ဒါတွေ ပြန့်ကျဲလို့
မျက်နှာဖုံးတော့မရှိဘူး
”ငါ့မျက်နှာဖုံးဘယ်မှာလဲ” ဗို့အားနည်းမီးရောင်အောက်မှာ
မျက်နှာကျက်မှာ ပင့်ကူအိမ်တွေ
သူ့လက်ထဲ သွေးကျဆေးတချို့
ဒါပေမယ့် မျက်နှာဖုံးတော့မရှိဘူး
ဒါရိုက်တာက အရိပ်အမြွက်တော့ပြောတယ်
”အာဏာရှင်ဆိုတာ နဂိုမျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခုရှိဖို့လိုတယ်”

(၃)
ဒါပေမယ့်မျက်နှာဖုံးမှာ လူဖြစ်ဖို့ အခွင့်အရေးမရှိဘူး
မျက်နှာဖုံးဟာ ဘုရင်ရဲ့အမိန့်အာဏာကို
အသေအချာမှတ်မိနေတယ်
မျက်နှာဖုံးဟာ စစ်ဗိုလ်တွေရဲ့နောက်ဆုံးဝေဒနာထဲ
နေထိုင်ရတယ်
ဘေးကရပ်ကြည့်သူတွေရဲ့တအံ့တသြ ရင်ခုန်သံတွေနဲ့
မျက်နှာဖုံးရင်းနှီးသတဲ့၊ ဘုရားသခင်
မျက်နှာဖုံးကိုဘယ်တော့မှ အစီအစဉ်စာအုပ်မှာ မဖေါ်ပြဘူး
လစာစာရင်းမှာလည်း မျက်နှာဖုံးမပါဘူး
နံရံမှာချိတ်ထားရုံသက်သက်
ပြဇတ်ပြီးတဲ့အခါ ဇတ်စင်ပေါ်နှစ်ယောက်တည်းကျန်တော့တဲ့အခါ
ဒါရိုက်တာကတော့ အရင်လိုပဲ ထူးမခြားနား
မျက်နှာဖုံးဆိုတာ လူဖြစ်ဖို့ အခွင့်အရေးမရှိဘူး။


၁၉၄၀ ဖွား အင်ဒိုနီးရှားကဗျာဆရာ Spardi Djoko Damono ရဲ့ Mask


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဘာသာပြန်ကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်