ရဲရင့်သက်ဇွဲ ● ကြယ်တွေကြွေတယ်လို့

January 5, 2017

ရဲရင့်သက်ဇွဲ ● ကြယ်တွေကြွေတယ်လို့
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၆

(၂၀၁၆ ၁၂ လ၊ ၂၈ ရက်)
ည တညလုံး
တစ္ဆေတွေနဲ့
နပမ်းလုံးနေတယ်။

ငါ…
ညကြီးသန်းခေါင်
ထပြီးထိုင်နေ
အိပ်ယာတွေလဲ
တွန့်ကြေမွလိပ်
သိပ် စိတ်ညစ်တယ်။

ကြည်အေးဆုံးပြီတဲ့။

တစ္ဆေတွေနဲ့ ငါ နပမ်းလုံးလို့ ကောင်းနေတုန်း
ကြည်အေးဆုံးပြီတဲ့။

အပြင်ကလူ
ကျမ ပညာသည်
နွမ်းလျအိမ်အပြန်
တစ္ဆေများနဲ့ နပမ်းလုံးနေတုန်း….
ကြည်အေးဆုံးပြီတဲ့။


“ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။”
― ကြည်အေး (အပြင်ကလူ)

ကြည်အေးဆုံးပြီတဲ့။

“တွယ်ငြိချင်လျှင် နာကျင်တတ်သော ရုပ်ကို မရှာလေနှင့်၊ အာရုံကို နားမလည်သည့် စိမ်းမြသောအကြောရှိသည့် သစ်ပင်ပန်း ရွက်၌သာ နားခိုပါချေ။”
― ကြည်အေး (တမ်းတတတ်သည်)

ကြည်အေးဆုံးပြီတဲ့။

“ဆင်ဆိုသည်မှာ ဘာနှင့်တူပါသလဲဆိုသည်ကို ဖြေဖို့ စုံစမ်းကြသော မျက်မမြင်ပုဏ္ဏားခြောက်ယောက်လိုပင် လူတိုင်းသည် ကိုယ့်အသိဉာဏ်၊ ပညာအရည်အချင်းနှင့် ဘဝအတွေ့အကြုံကို အားကိုးပြုပြီး မေးခွန်းများစွာရဲ့ အဖြေကိုရှာကြရသည်။”

ကြည်အေးဆုံးပြီတဲ့။

“လောက၌ အိပ်မက် မက်တတ်သူသာ မက်ရသည်ပဲ။ ဒါဟာ နန္ဒာရဲ့ အမှားတော့ ဖြစ်သည်။ သို့သော် နန္ဒာမပြုလုပ်ခဲ့ရသော မွေးကတည်းက ပါသော အမှားဖြစ်သည်။ ထိုအမှားကြောင့် စိတ်သိမ်မွေ့ရသည်။ အထီးတည်းနိုင်ရသည်။ သူတကာနှင့် ရောလို့ မရသည်။ တယောက်တည်း ဖဲခွာထွက်လာတတ်စေသည်။ ဝေဒနာခံစားရာ၌ ပြင်းပြစေသည်။ လောက၍ အကောင်း ဆုံးချည်း၊ အလှကိုချည်းမြင်စေ၊ မျှော်မှန်းစေပြီး အကောင်းနှင့်အလှဆိုတာချည်း ဖြစ်နိုင်သည်ဟု ယုံမှားစေသေး၏။ စိက်ကူး ယဉ်စေ၏။ စိတ်ဒဏ်ရာ ရလွယ်စေ၏။ မေ့ပျောက်ခဲစေ၏။”
― ကြည်အေး (မောင်ကိုကိုနှင့် မြနန္ဒာ)

ကြည်အေးဆုံးပြီတဲ့။

“ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှကန့်ကွက် စရာမရှိပါဘူး၊ ဗမာမှယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့အငွေ့နဲ့ မှောင် မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံ့စရာပါ။”
― ကြည်အေး (ကေဖွဲ့ဆိုသီ)

ကြည်အေးဆုံးပြီတဲ့။

“ဘဝမှာ မိဘရယ်၊ သားသမီးရယ်၊ ညီအစ်ကိုမောင်နှမရယ်၊ နောက်ဆုံးလင်မယားဆိုတာတောင် မတော်တဆ ကြုံတွေ့ကြ တာမို့ တစ်ယောက်နဲ့တစ်ယောက် မတန်တဆ မမျှော်မှန်းထိုက်ဘူး၊ မလိုချင် မတောင်းခံထိုက်ဘူး။ ပေးသမျှကိုသာ ကျေးဇူး တင် ယူထိုက်တယ် ။”
― ကြည်အေး (ကေဖွဲ့ဆိုသီ)

ကြည်အေးဆုံးပြီတဲ့။

“ချစ်ခြင်းမေတ္တာဆိုသည်မှာ အကျိုးနပ်သည်ဖြစ်စေ မနပ်သည်ဖြစ်စေ၊ လူ့ဘဝကိုတော့ အဓိပ္ပါယ်ရှိစေသည်။”
― ကြည်အေး (ဖုန်းသက်တိုင်)

ကြည်အေးဆုံးပြီတဲ့။

“ကျော်ကြားတာကို ဂရုမစိုက်ဘူးဆိုတာ ကျော်ကြားပြီးတဲ့ လူတွေ၊ ဒါမှမဟုတ် ဘယ်တော့မှ ကျော်ကြားမှာမဟုတ်တဲ့လူတွေ အဲသည်လူတွေကသာပြောတယ်လို့ ကျွန်မထင်တယ်။”
― ကြည်အေး (ကျွန်မပညာသည်)

ကြည်အေးဆုံးပြီတဲ့။

“ချမ်းသာသုခ ဆိုသည့်နောက်ကို တကောက်ကောက်ပင် တစ်သက်လုံးလိုက်သော်လည်း ဖမ်းမမိခင် မြေ၌ လျောင်းစက်ရ လေ့ရှိကာ၊ မတော်တဆ ရရှိလျှင်တော့ တွေဝေမှိုင်းမြ၍ ခဏမျှ သတိလစ်လိုက်သော် အပ်ပျောက်မြေကျ ရှာမရဖြစ်ရတတ် သည်။”
― ကြည်အေး (တမ်းတတတ်သည်)

ကြည်အေးဆုံးပြီတဲ့။

“အနုပညာသမားပေါ့.. စိတ်ကိုသိမ်မွေ့ ယဉ်ကျေးစေရုံမက အထီးတည်းနိုင်စေသော၊ သူတကာနှင့် မရောနိုင်စေသော၊ တစ်ယောက်ထည်း ဖယ်ခွာထွက်လာစေသော ထိုအရာသည် ဝေဒနာခံစားရာ၌ ပြင်းပြစေဦးမည်။ အကောင်းကိုချည်း အလှ ကိုချည်း မျှော်မှန်းစေဦးမည်။ ခွင့်လွှတ်ခက်ခဲသော သဘောထားစေမည်။ စိတ်ကူးယဉ်တတ်စေဦးမည်။”
― ကြည်အေး (မောင်ကိုကိုနှင့် မြနန္ဒာ)

ကြည်အေးဆုံးပြီတဲ့။

“စင်စစ်တော့လည်း တစ်ဦး၏အတွင်းစိတ်ကို တစ်ဦးသိနိုင်အောင်သာ လူခပ်သိမ်းတို့အား ဘယ်လူမျိုး၏ ဘုရားဖြစ်ဖြစ် တစ် ဆူသောဘုရားက ဖန်တီးခဲ့မည်ဆိုလျှင် ဒီကမ္ဘာကြီး၏ အရှုပ်အထွေးများမှာ အနည်းနှင့်အများတော့ ပြေလည်စရာ အ ကြောင်း ရှိပေဦးမည်။”
― ကြည်အေး (ကျွန်မပညာသည်)

ကြည်အေးဆုံးပြီတဲ့။

“မိန်းမဟူသည် ချောမောလှပမှ (သို့မဟုတ်) ပညာဉာဏ်ကြီးမားမှ (သို့မဟုတ်) ဖွဲမျှသာတည်း။”
― ကြည်အေး (မောင်ကိုကိုနှင့် မြနန္ဒာ)

ကြည်အေးဆုံးပြီတဲ့။

“မြနန္ဒာ၏ ပုံတူများ ဆွဲပြီးလျှင် အိပ်ရာခေါင်းရင်း၌ စီတန်းချိတ်ဆွဲနိုင်မည်။ သာမန်လူအပေါင်းတို့ စော်ကားခြင်းမှ ကင်းလွတ် ရန် ဖဲလိုက်ကာဖြူဖြင့်တော့ ဖုံးအုပ်ထားမည်။ တစ်ကိုယ်ကောင်းဆန်လို၍တော့မဟုတ်။”
― ကြည်အေး (မောင်ကိုကိုနှင့် မြနန္ဒာ)

ကြည်အေးဆုံးပြီတဲ့။

“ဒါပေမယ့် လင်းကလည်းမပြောဘူး။ သူ့မှာပြောစရာရှိသေးတယ်ဆိုတာ နန္ဒာသိပါတယ်။ သူကတော့မပြောဘူး ။ နန္ဒာက လည်းမမေးဘူး။ မာနမဟုတ်ပါဘူး။ မပြောချင်တာကို မမေးသင့်ဘူးထင်လို့ပါ။ မရေရာတာကိုလည်း မစုံမက်လို့ပါ။”
― ကြည်အေး (မောင်ကိုကိုနှင့် မြနန္ဒာ)

ကြည်အေးဆုံးပြီတဲ့။

“စီးကရက်လုပ်သူများကို ကျေးဇူးတင်မိ၏ ။ စိတ်လေလွင့်ချိန်၌ လုပ်စရာအလုပ်တစ်ခုလည်းရ၏ ။ မိုက်မိုက်မဲမဲ အလိပ် ၅၀ ဝင်ဘူးလည်း တစ်ခါတည်း ဆက်တိုက်သောက်ကာ အော့အန်မူးဝေပြီးလည်း ခေါင်းကိုက်နိုင်၏ ။ အရက်လို မိန်းမလိုတော့ ဆိုးဝါးညစ်ညမ်းသည်မဟုတ်လို့ အန္တရယ်ဖြစ်စရာရှိ၍ ဖြစ်ရလျှင်လည်း အဆုပ်ရောဂါနှင့် ကင်ဆာသာဖြစ်နိုင်သည်မို့ သန့် ရှင်း၍ ဣနြေ္ဒရသော လူမမာဖြစ်နိုင်ပေသေး၏။”
― ကြည်အေး (ဖုန်းသက်တိုင်)

ကြည်အေးဆုံးပြီတဲ့။

“ချစ်တယ်ဆိုတာ တဖြည်းဖြည်း တွယ်တာလာတာကို ခေါ်တာမဟုတ်ဘူး။ စတွေ့လို့ မျက်လုံးချင်း ဆုံလိုက်တည်းက နှလုံး မှာထိခိုက်တဲ့ ကိုယ့်ဘာသာ ကောင်းကောင်းသိတဲ့ ဒဏ်ရာတစ်ချက်ပဲ။”
― ကြည်အေး (ဖုန်းသက်တိုင်)

“စိတ်သက်သာမှုအတွက် အဓိပ္ပါယ်မရှိသော မိုက်သည်၊ လိမ္မာသည်၊ ရှက်သည်ဆိုတာတွေ နောက်ကိုလိုက်တော့မည်။ အဓိပ္ပါယ်မရှိ၊ အဘယ်ကြောင့်ဆိုလျှင် အမိုက်နှင့်အလိမ္မာသည် ပြောင်းလဲနေသော အချိန်ကာလများက တစ်မျိုးပြီးတစ်မျိုး အမည် တပ်ထားသော လူတို့၏ ရမ်းဆချက်များသာ ဖြစ်တော့သည်။”
― ကြည်အေး (ကျွန်မပညာသည်)

ကြည်အေးဆုံးပြီတဲ့။
ကြည်အေးဆုံးပြီတဲ့။

တစ္ဆေတွေနဲ့
ငါတို့ကို
စိတ်ချလက်ချထားပြီး
ကြည်အေးဟာ
အဆုံးမရှိတဲ့ ခရီးကို
ထွက်ခွာသွားခဲ့ပြီ။
ကြည်အေး ကောင်းရာသုဂတိ လားပါစေ……။

ရဲရင့်သက်ဇွဲ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, မှတ်စုမှတ်တမ်း, ရဲရင့်သက်ဇွဲ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်