အောင်မော်ဦး ● လူနာဆောင် (၆၆)

January 8, 2017

အောင်မော်ဦး ● လူနာဆောင် (၆၆)

(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၁၇

သူ့ရင်ဘတ်အား နားကျပ်ဖြင့်အကြိမ်ကြိမ်ထောက်ကြည့်ပြီးနောက် ရောဂါရှာတွေ့သွားသဖြင့် ကလေးတယာက်နှယ် ပျော် သွားပုံရသည့် တာဝန်ကျဆရာဝန်ကလေးက ဘေးထွက်ဆိုးကျိုး နည်းပါးသည့် ကုထုံးဖြင့် ကုသပေးမည်ဟု ဆိုသည်။ ဆရာဝန်ပြုသမျှနုရမည့် လူနာဘဝ၌ နည်းနည်းမျှ အတွန့် မတက်ရဲ။ ”ဟုတ်ကဲ့။ ဆရာ့သဘောပါ။ ပေးသမျှသောက်၊ ခိုင်းသမျှလုပ်ပြီး ကျသလောက်ရှင်းပါ့မယ်။ ပျောက်အောင်သာ ကုပေးပါ၊ ဆရာ့ကျေးဇူး တသက်မမေ့ပါဘူး”ဟု ပျာပျာသလဲ ဆိုမိသည်။

“ခင်ဗျားက သူတို့လောက်မဆိုးသေးဘူး” ဟုဆိုသဖြင့် ဘေးကုတင်မှလူနာများအား ဝေ့ဝဲကြည့်မိသည်။ ဆရာဝန်ကလေးပြော သည့်အတိုင်းပင် ကျနော်က အခြေအနေ နည်းနည်းကောင်းသည်ဟု ပြော၍ရ သည်။ မေးကြောကြီးများ ပြတ်ထွက်မတတ် အံတင်းတင်းကြိတ်ထားကြသူများ၊ လက်ရုံးကြီးများ ပြုတ်ထွက်မတတ် ဆန့်တန်းထားကြသူများ၊ ကဗျာတပုဒ်ကို ရွတ်ရင်း ရွတ်ရင်းနှင့် ဆက်ရွတ်၍ မရနိုင်တော့သဖြင့် ရင်ဘတ်ကိုဖိ၍ မီးပွင့်မတတ် ကြည့်လေ့ရှိတတ်ကြသူတို့၏ စူးစူးရဲရဲမျက်လုံးများ။

“ဆေးရုံအုပ်ကြီး round လှည့်တော့မယ်၊ ငါးယောက်ထက် ပိုမစုကြနဲ့၊ ဟိုလူနာ လတ်လျားလတ်လျား မလုပ်နဲ့၊ ကိုယ့်ကု တင်ကိုယ်နေချေ” ဟု သူနာပြုဆရာမလေးကပြောသည်။ စကားပင်မဆုံးသေး သူ့ဘေးမှ လူတယောက်က ဗြုန်းဆိုထ၍ နံရံကို လက်သီးဖြင့် ပြေးထိုးသည်။ စောစောက သူနာပြုဆရာမလေးခမြာ သူ့စကားထဲ မည်သည့်အမှားများပါသွားလေသလဲဟူသည့် နဝေတိမ်တောင် မျက်လုံးများနှင့် ငိုမဲ့မဲ့။

ခဏမျှ ဝရုန်းသုန်းကားဖြစ်ပြီးနောက် ဆေးရုံအုပ်ကြီးရာက်လာသည်။ သူ့အား မည်သည့်ဆေးမျှ သောက်ရန် မလိုကြောင်းနှင့် ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်ကြောင်းပြောသည်။ ပါးစပ်ဟောင်းလောင်းဖြင့် ပြန်ကြည့်နေသည့် သူ့လူနာအား ကုသမှုမပြုရသေး သည်ကို သတိပြုမိသွားဟန်တူသည်။ “ဩော် … ပညာပေးဆွေးနွေးမယ့် ဆရာဝန်မလေးတယောက် လာရှင်းပြပါလိမ့်မယ်။ ခဏစောင့်ပါ” ဟု ဆို၍ ထွက်သွားသည်။

တအောင့်မျှအကြာ၌ ချောချောလှလှ ဆရာဝန်မလေးတယောက်ရောက်လာသည်။ ဆရာဝန်မလေးက သူ့ကိုယ်သူမိတ် ဆက်၍  “ရှင့် ရောဂါက ခုလိုမျိုး ရတုရာသီနဲ့ သဟဇာတမညီမျှရင် ထထလာတတ်တဲ့ ရောဂါမျိုးပါ။ ဆေးသောက်ဖို့မလိုပေမယ့် ပျောက်အောင်လည်း ကုလို့မရပါဘူး။ သက်သာအောင် လုပ်တဲ့နည်းကတော့ ရင်ဘတ်ထဲ ပြည့်ကျပ်လာရင် “တက်” တချက် သာ ပြင်းပြင်းခေါက်လိုက်ပါ။ အဲဒါ သဘာဝကုထုံးပဲ၊ ဒါပေမယ့် တနေ့ကို “တက်” တချက်ထက်တော့ ပိုမခေါက်မိပါစေနဲ့”ဟု ပြောသည်။

အံ့ဩမင်သက်စွာဖြင့် နားမလည်နိုင်စွာကြည့်၍ ”တက်တချက်ထက်ပိုခေါက်မိလျှင် ဘာဖြစ်နိုင်လဲ ဆရာမလေး”ဟု မေးမည် ကြံပြီးမှ အားနာသဖြင့် မမေးတော့။ ဆရာဝန်မလေးပြောသလိုပင်၊ အပြင်၌ ချိန်ခါမဟုတ် မိုးသားများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်။ ရှေ့ကို ရေးရေးပင် မမြင်ရ။ လေထု၌ မသိဆိုးရွား ဖိအားများပါဝင်နေသလိုခံစားရသည်။

“ဟုတ်ကဲ့ပါဆရာမ၊ အစစအရာရာအတွက် ကျေးဇူးပါ”ဟုဆို၍ တက်တချက် ပြင်းပြင်းခေါက်လိုက်မိသည်။ မည်သူ့ကို ရည်ရွယ်၍ တက်ခေါက်လိုက်မိသည်ကို ဆရာဝန်မလေး နားလည်ချင်မှ နားလည်မည် ဖြစ်သော်လည်း သူ့အဖို့မူ သည်နေ့ အတွက် ခေါက်ခွင့်ရှိသည့် တက်ပြင်းပြင်းတချက်ကိုတော့ အားရပါးရ ခေါက်ချလိုက်မိသည်။

အောင်မော်ဦး
၅၊ ဇန်နဝါရီ၊ ၂၀၁၇။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, အောင်မော်ဦး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်