ကိုသန်းလွင် ● ပုဂံဘုရားစာရင်းပြုစုရေး ပရောဂျက်

January 17, 2017

ကိုသန်းလွင် ● ပုဂံဘုရားစာရင်းပြုစုရေး ပရောဂျက်
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၇

(၁)
ကျွန်တော်ပုဂံညောင်ဦးသို့ အစောဆုံးရောက်ဖူးရသည်မှာ ၁၉၈၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ကျောက်ပန်းတောင်းလမ်းက ကားမောင်းဝင်လာတော့ မြင်လိုက်ရသော ပုဂံမှာ အုတ်ရိုးညိုညိုတို့ဖြင့် ကြီးမားခန့်ညားလှသော ပန်းချီကားကြီးတချပ်ကို ကြည့်လိုက်ရသလိုဘဲ ဖြစ်ပါသည်။ ထိုနိမိတ်ပုံသည် ကျွန်တော့်မျက်စေ့ထဲမှ ထွက်သွားသည်ဟုမရှိ၊ ယခုအချိန်ထိ ပုဂံမြို့ ဟောင်းကိုမြင်ရလျှင် မှိုင်းသော၊ ညို့သောမြင်ကွင်းမှာ မပြောင်းလဲပါ။

ယမန်နှစ်သြဂုတ်လက လှုပ်လိုက်သောငလျင်ကြောင့် ပုဂံမှာဘုရား၊ ပုထိုးတွေ ပျက်စီးခဲ့ရပြန်သည်။ မိတ်ဆွေတဦးက သူ့သ မီး ဗိသုကာမဟာသိပံ္ပဘွဲ့ရ အင်ဂျင်နီယာတယောက် ပုဂံဘုရားများ အပျက်အစီးစာရင်းပြုစုရေးကိစ္စအတွက်ရောက် နေပါ သည်။ သူတို့ ပရောဂျက်လုပ်နေပါသည်။ သွားတွေ့ပြီး အားပေးစကားပြော၊ စောင့်ရှောက်ပေးပါဟု မှာသည်။

ကျောင်းသားအဖွဲ့ ဦးရေ (၅၀) ခန့်တည်းခိုရာ ပုဂံမြို့သစ်ဟော်တယ်သို့ ကျွန်တော်တို့ရောက်ရှိသွားကြပါသည်။ တည်းခိုခန်း ပိုင်ရှင်က အဆောက်အဦးရှေ့မြေကွက်လပ်မှာ စားပွဲကုလားထိုင်တွေကိုချကာ သူတို့ရုံးခန်းသဖွယ် ပြင်ဆင်ပေးထားပါသည်။ စက်မှုတက္ကသိုလ်မှ ပါမောက္ခတဦးကဦးဆောင်သည်။ သူတို့သည် ဘုရားစေတီများ၏ အပျက်အစီးများကို ဗိသုကာ ပညာရှု ဒေါင့်မှ စာရင်းပြုမှတ်တမ်းတင်နေကြခြင်းဖြစ်ပါသည်။ ကျွန်တော်က တက်ညီလက်ညီ နေ့မအား၊ ညမအား၊ အလုပ်လုပ်နေကြ သော လူငယ်များကိုမြင်သည်။ ကျွန်တော်တို့ ရောက်ရှိသွားချိန်မှာ နေ့လည် ၁၂ နာရီထိုးဖို့ နာရီဝက်ခန့်လိုနေသေးရာ သူ သည် ကျွန်တော်တို့ကို လက်ခံစကား မပြောနိုင်ဘဲဖြစ်နေသည်။ နာရီဝက်ခန့်နေမှ သူအားလပ်ပါမည်ဟု ပြောလေသည်။

(၂)
“သမီးတို့က အရင်ခေတ်အဆက်ဆက်က ဘုရားစေတီစာရင်းမရှိလို့ စာရင်းပြုစုနေကြရတာလား” ဟု မေးမိပါသည်။

“စာရင်းတွေကရှိတယ်၊ ဒါပေမဲ့ ဒီနေ့ မမှန်နိုင်တော့ဘူးလေ” ဟု ပြောသည်။ ၁၉၆၉ ခုနှစ်က ဂေါ်ဒွန်လု့ (စ) ၏    Old Burma – Early Pagan (Gordon Luce) စာအုပ် သုံးအုပ်တွဲ ထွက်လာခဲ့ပါသည်။ ထိုစာအုပ်မှာ ပုဂံ၏ ဗိသုကာလက်ရာများနှင့် ဘုရားများစာရင်းကိုမှတ်တမ်းတင်ထားသောစာအုပ်ဟု ဆိုနိုင်ပါသည်။ အာနန္ဒာဘုရားအတွင်းတွင် ဘုရား၏ ဖြစ်တော်စဉ်ကို မှတ်တမ်းပြုထားသော ရုပ်ပွားတော် ၈၀ ရှိသည်ဟု ကြားဖူးရာတွင် သူ့စာအုပ်တွင် မှတ်တမ်းတင်ဓါတ်ပုံများကို တွေ့နိုင်သည်။

ရှင်မဟာသီလ၀ံသ၏ “ရာဇ၀င်ကျော်” အလိုအရ သရေခေတ္တရာမြို့ကို ဘီစီ ၄၄၄ တွင်တည်သည်။ ပုဂံကိုတည် ထောင် သောနှစ်မှာ အေဒီ ၁၅၆ ဖြစ်ပါသည်။ လု့ (စ) က ပုဂံရာဇ၀င်ကိုရေးရသည်မှာ ခေါင်းနှင့်ခြေထောက်မပါသော ၀မ်းဗိုက်ပိုင်း အကြောင်းကိုရေးရသည်နှင့်တူနေသည်ဟု ငြီးတွားခဲ့သည်။ ပုဂံခေတ်ကဖြစ်ပျက်ခဲ့သော အကြောင်းတွေကသာ သမိုင်းအ ထောက်အထားတွေရှိပြီး ပုဂံခေတ်၏ အကြိုနှင့် အနှာင်းကာလတွေမှာ ခိုင်လုံခြင်းမရှိပါ ဟုဆိုလိုသည်။ ပုဂံရာဇ၀င်ကို ဒုတ်ထမ်းပြောရသည်ဟု ဆိုကြသည်မဟုတ်ပါသလော၊ ၁၉ရ၅ခု ငလျင်ကြောင့် ဘုရားစေတီ၊ ပုထိုးများပျက်စီးခဲ့ရာတွင် အ ပျက်အစီးများကို ပြင်ဆင်ရန်နှင့် စာရင်းပြုစုရန် ကုလသမဂ္ဂ UNESCO သို့ မြန်မာအစိုးရက အကူအညီ တောင်းခဲ့ပါသည်။ ယူနက်စကို၏အလုပ်များကို ၁၉၈၀ ခုနှစ်တွင် စတင်နိုင်ခဲ့ပါသည်။ ပြင်သစ်တက္ကသိုလ် (Ecole Francaise d’Extreme – Orient) မှ Mr Pierre Pichard ဦးဆောင်သောအဖွဲ့ကို စေလွှတ်ပေးခဲ့ပါသည်။

ဆိုင်ကယ်တစီး နှင့် ဘုရားအပြိုအပျက်များအကြားနေရာအနှံ့သွားပြီး အလုပ်လုပ်နေသော ပြင်သစ်ဗိသုကာပညာရှင်ကြီး၏ အလုပ်လုပ်ပုံကိုဒေသခံတွေကယနေ့အထိ ပြောနေကြတုန်ုးပင်ဖြစ်ပါသည်။ သူစတင် အလုပ်ဝင်ပြီးမကြာမီမှာပင် Pagan News Letter စာစောင်ကို ၁၉၈၂ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်းနှစ်စဉ်မှန်မှန် ထုတ်ဝေခဲ့သည်။ သူက သူ့သုတေသနမှတ်တမ်းများမှစာအုပ်နှစ်အုပ်ပြုစုခဲ့ရာ “Inventory  of  Monuments at Pagan” ရှစ်တွဲပါစာအုပ် နှင့်  “Pentagonal  Monuments at Pagan” စာအုပ်များဖြစ်သည်။ ၁၉၀၁ ခုနှစ်က စာရင်း တခုတွင် ဘုရားများကို အမှတ်စဉ်များဖြင့် မှတ်တမ်းမှာ နံပါတ် ၁၅၀၀ အထိသာရှိသည်။ (အာနန္ဒာစေတီ ၁၄၆၅) သူ၏လုပ်ငန်းမစမှီ သူ့မှာ စေတီ ၁၀၀ မှ ၂၀၀ အထိသာမှတ်တမ်း အတိအကျရှိသည်ဟုဆိုသည်။ ၁၉၈၂ ခုနှစ်ကစတင်ခဲ့သော သုတေသနလုပ်ငန်းမှာ ၁၉၉၁ ခုနှစ် တွင်အဆုံးသတ်ခဲ့ပြီး အ ကျယ် ၁၃ ကီလိုမီတာနှင့် ၆ ကီလိုမီတာဧရိယာတွင်းမှ ဘုရားပေါင်း ၂၅၀၀ ကျော်ကို စာရင်းတင်နိုင်ခဲ့သည် (အားလုံး ၂၈၃၄ ဆူရှိသည်)

သူ၏ အတွဲရှစ်တွဲပါရှိသောစာအုပ်မှာ ပုဂံ၏ဗိသုကာလက်ရာများနှင့်ဘုရားစေတီစာရင်းကို မှတ်တမ်းတင်ထား ခြင်းဖြစ်ပါ သည်။ စေတီများကို အမှတ်စဉ်ပေးရာတွင် လု့ (စ) ၏စာရင်းနှင့် တိုက်နိုင်အောင် ရည်ညွှန်းချက် နံပါတ်များတွဲပေးထားသည်။ သူ၏ ဘုရားစေတီစာရင်းမှာ ပြင်သစ်ပြည်က Website တွင် database  ဖိုင်အဖြစ် တင်ထားသည်ဟု ဆိုသည်။ ကျွန်တော် ရှာကြည့်တော့ မတွေ့တော့ပါ၊ သို့ပါသော်လည်း သူက ၁၉၉၀ နှစ်များကပြုစုခဲ့သော စာရင်းဖြစ်သည်မို့ သမီးတို့၏ ယခုလုပ် ငန်းအတွက် အထောက်ကူပြုမှာကတော့ သေချာပါသည်။

ယခုသမီးတို့လုပ်နေသော အလုပ်မှာ လု (စ) နှင့် ပီချပ်တို့၏ စာရင်းများအပါအ၀င် မှတ်တမ်းများကို ပို၍ပြည့်စုံမှန်ကန်အောင်ကျိုးစားပေးနေတာပါဟုဆိုလျင် လမ်းကြောင်း အမှန်ပေါ်ရောက်နေတာဟု ကျွန်တော်ထင်ပါ သည်။

ပီချပ်၏ဒုတိယစာအုပ်မှာ ဘက်ငါးဘက်ပါသောငါးမျက်နှာ ဘုရားများအကြောင်းဖြစ်သည်။ အေဒီ ၁၂ ရာစုအကုန် ၁၃ ရာစု အစပိုင်းတွင် ထိုဘုရားများကို ပုဂံတွင် ၁ ဆူ၊ စလေ၊ ဟင်္သာတနှင့်ရွှေဘိုတို့တွင် တည်ခဲ့ကြသည်။ ဘဒ္ဒကမ္ဘာကြီးတွင် ဘုရားငါးဆူပွင့်ခြင်းနိမိတ်ကိုယူ၍ ဤငါးမျက်နှာဘုရားများကိုတည်ခဲ့ကြခြင်းဖြစ်ပါသည်။

ပီချပ် ကငလျင်တို့တွင် ငွေရောင်အနားသတ်မရှိဘူးဆိုသည့်တိုင် ငလျင်ဒဏ်ကြောင့် ယခင်ကမတွေ့ခဲ့ရသော အနုပညာလက်ရာအမြောက်အများကိုတွေ့ခဲ့ရသည်ဟုဆိုပါသည်။  ဘုရားရှင်လက်ထက်တော်က သာဝထ္ထိမှ သူဌေးမ ၀ိသာခါ၏ ပုဗ္ဗာရုံ ကျောင်းတော်ကို ပုံစံယူ၍ဆောက်လုပ်ခဲ့သော သဗ္ဗညုစေတီအထက်ထပ်မှာ ဆင်းတုတော်တဆူရှိခဲ့သည်။ ငလျင်ကြောင့် ဦးခေါင်းတော်ကွဲအက်သွားခဲ့ရာ အတွင်းမှ လက်ရာကောင်းသော ပန်းပုရုပ်များ၊ ဆင်းတုတော်များတွေ့ကြရသည်ဟုမှတ်တမ်းတင်ခဲ့သည်။ သုတေသနဌာနမှ ဦးအောင်ကြိုင်ကမူ အ၀တ်ပေါ်တွင်ရေးဆွဲထားသော နှစ် ၉၀၀ ကျော်က ပန်းချီကား တချပ်ကို လိပ်လျက်သား စေတီအမှတ် ၂၀၁၉ မှ ဘုရားဆင်းတု၏ လက်တော်အတွင်းမှ တွေ့ရှိရသည်ဟုပြောသည်။

စာရင်းတွေ ဘယ်လောက်ပဲ ပြုစုထားစေကာမူ ပျောက်သွားသော ဘုရားတွေ၊ ရုတ်တရက်ပေါ်လာသော သို့မဟုတ် နောက် ပိုင်းတည်ကြသော ဘုရားတွေကြောင့် ကက်တလောက်ပြုစုရာတွင် အခက်ခဲများစွာ ကြုံတွေ့ရပါသည်ဟု ပြောနေသည်။ ကိုလိုနီခေတ်က အိန္ဒိယကျောက်စာဝန်ကိုခေါ်ပြီး ပုဂံတွင် စာရင်းပြုစုဘူးသည်ဟု ပြောကြသည်။ ဘုရားအမည် ဘွဲ့တော်တွေကိုရွာကလူကြီးလုပ်သူတွေကိုမေးရာ ရွာလူကြီးတို့က မိမိတို့ကို အထင်မသေးစေရန် စဉ်းစားမိရာ သမိုင်းဆန်ဆန် စိတ် ကူးယဉ်နာမည်တွေကို ပေးခဲ့ကြသည်ဟုဆိုသည်။ တနယ်တကျေးကလာရသော ပညာရှင်တွေမှာ မရိပ်မိ၊ နားမလည်ကြ သောအခါ စာရင်းတွေထဲတွင် သမိုင်းနှင့် ညှိနှိုင်း၍မရနိုင်သောနာမည်တွေပါကုန်သည်ဟု ကြားရဘူးသည်။

၁၃ရာစုနှစ်အတွင်း နှစ်ပေါင်း ၇၀ အတွင်းတွင် ဘုရားစေတီပေါင်း ၂၅၀၀ ကျော်မျှတည်ခဲ့ကြရာ ၁၀ ရက်လျင် ဘုရားတဆူနှုန်း တည်ခဲ့ကြခြင်းဖြစ်သည်ဟု မှတ်တမ်းတွေရှိခဲ့ကြသည်။ သာသနာ ထွန်းကားစည်ပင်ခဲ့ကြပုံမှာ ဘုန်းတော်ကြီးကျောင်းများမှာ ဘုရင်ရွှေနန်းတော်ထက် ကောင်းသေးသည်ဟု ဆရာဒေါက်တာသန်းထွန်းက မှတ်ချက်ချဘူးသည်။

ရှင်မဟာသီလ၀ံသက “ဂူပုထိုးသို့” ဟု ကဗျာတွင်ရေးခဲ့သဖြင့် ဘုရားစေတီတို့ကို ဘုရား၊ စေတီ၊ ပုထိုးဟုသတ်မှတ်ရန် အ တွက် အခက်အခဲတွေ ဖြစ်ကုန်ကြရသည်ဟုလည်း ကြားရဘူးပါသည်။ စေတီတော် ၀င်ပေါက်ကို စေတီပေါက်နှင့် ကွမ်း တောင်ပေါက်ဟူ၍ နှစ်မျိုးသာကြားဖူးရာ ဗောဓိပေါက်၊ ပြသဒ်ပေါက်နှင့် အခြားသောစေတီပေါက်တွေရှိပါသေးသည်။ ကျွန်မ တို့ ဒါတွေကိုလဲ စာရင်းပြုစုနေကြပါတယ်ဟုပြောလိုက်သည်။

ကျွန်တော်သည် ရှေးဟောင်းသုတေသနလုပ်ငန်းတွေကို စေ့ငုသေချာစွာသိသူမဟုတ်ပါ၊ ဗိသုကာပညာရပ်အကြောင်းကို လည်း စေ့စေ့စပ်စပ် သေချာမပြောနိုင်ပါ၊ သို့ပါသော်လည်း တက္ကသိုလ်ကျောင်းက ပညာတတ်လူငယ်ကလေးတွေ အားကြိုး မာန်တတ် အလုပ်လုပ်နေကြပုံကိုမြင်ခဲ့ရကြောင်းကိုသာ ပြောလိုခြင်းဖြစ်ပါသည်။
သူတို့သည် မိဘ၏အုပ်ထိန်းမှုကင်းကြသူလေးတွေမဟုတ်၊ သို့ပါသော်လည်း မိဘများနှင့် အိမ်ကိုပစ်ခါ ပုဂံ၌ အချိန်ပြည့်နေ ရင်း တိုင်းပြည်အတွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေကြခြင်းဖြစ်ပါသည်။ သူတို့ပရောဂျက်က နှစ်လခွဲခန့်ကြာမြင့်ပါသည်။

နိုင်ငံခြားသားတွေက ပရောဂျက်ကာလတွင် ဧည့်သည်လိုလာ၊ ဧည့်သည်လိုနေပြီး သုတေသနလုပ်ငန်းကို လုပ်ကြသည်နှင့် မတူ၊ ဤတက္ကသိုလ်ကျောင်းသားလူငယ်များသည် မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှု မိမိပိုင် အမွေအနှစ်များကို ထိမ်းသိမ်းစောင့်ရှောက် နေကြသူများဖြစ်ပါသည်။ သူတို့၏လုပ်အားနှင့် တိုးတက်နေသောခေတ်၏ ဆက်သွယ်ရေးကိရိယာ၊ ကွန်ပျူတာ၊ အင်တာ နက် စွမ်းအားတို့နှင့်ပေါင်းစပ်ပေးနိုင်လျင် နောင်တချိန်၌ ပြန်ပြင်ရန်လွယ်ကူသောမှတ်တမ်းတွေကိုဖန်တီးပေးနိုင်လိမ့်မည်ဟုကျွန်တော်ယုံကြည်ပါသည်။

(၃)
နိုင်ငံ၏ ပေါ်လစီရေးဆွဲသူများသို့ အကြုံပြုလိုသည်မှာ ကျွန်တော်မြင်ခဲ့ရသော ဗိသုကာကျောင်းသား ၅၀ ခန့်၏လုပ်အားကို အသုံးချကြရသည့် ဥပမာကိုယူနိုင်ကြစေရန်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် အခြားကိစ္စရပ်များတွင် တက္ကသိုလ်ကျောင်း သားများ၏ ကိုယ်စွမ်းအားဉာဏ်စွမ်းအားကို အသုံးချနိုင်ကြရန်ဖြစ်ပါသည်။

ဥပမာ ရန်ကုန်မြို့မှာ ကားတွေပြည့်သိပ်ကြပ်နေခြင်းပြဿနာကို ဤနည်းကိုသုံး၍ဖြင့် ဖြေရှင်းနိုင်ကြပါသည်။ တက္ကသိုလ်မှ ပါမောက္ခတယောက်ကို သူလိုသမျှ ရံပုံငွေနှင့် ကျောင်းသားအရေအတွက်ကိုပေး၍ ရန်ကုန်အပါအ၀င် မြန်မာပြည်အနှံ့ လမ်း ပမ်းဆက်သွယ်ရေးစနစ်ကြီး၏ အကောင်းအဆိုး ပြဿနာအ၀၀ကို လေ့လာစေသည့် ပရောဂျက်တာဝန် မျိုးပေးစေချင်ပါ သည်။ သူတို့ထံမှ ဖြေရှင်းရမည့် ပြဿနာများကို စာရင်း ပြုစုပေးနိုင်ကြသလို ဖြေရှင်းနည်းအတွက် ကောင်းမွန်သော အကြံ ဉာဏ်များလည်း ရနိုင်ကြပါလိမ့်မည်။

ပြသနာဖြေရှင်းရန်အတွက် ပထမအဆင့်မှာ ပြဿနာများရှိနေကြောင်း သိနားလည်ကြရန်ဖြစ်ပါသည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်