ကျော်ဟုန်း – နေလောင် အညတရ

January 19, 2017

ကျော်ဟုန်း – နေလောင် အညတရ
(မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၇

ယုံကြည်ရာတခုအတွက်
ဘဝထူထောင်ရေးကို စတေး
ကျောက်တောင်နံရံကြီးကို
ခေါင်းနဲ့ ဆောင့်တွန်းတဲ့ အမိုက်အမဲ
ရွှေကွပ်ကာ သိမ်းမထားခဲ့ပေမဲ့။

မျှော်မြင်ရာတခုအတွက်
ချိန်ခါရွေးမှုတွေ စတေး
ကြည်နူးဖွယ် သိုက်မြုံဆောက်သင့်ချိန်
နက္ခတ်မှားနေတဲ့ ရက်ရာဇာကို
ဇောချွေးကြား အဆိပ်သင့်ချိန်မှာ။

သူဌေးကြီး ဘီဂိတ်ရဲ့စကား
ပြန်ကြားယောင်မိ
“မင်း ဘာမှ မဟုတ်သေးချိန်မှာ
မင်းကိုယ်မင်း သတိရမယ်၊
သူများက မင်းကို မေ့နေမယ်”

“မင်းဟာ တခုခုဖြစ်လာရင်တော့
မင်းကိုယ်မင်း မေ့နေမယ်၊
သူများက မင်းကို သတိရမယ်” တဲ့။

ငါလေးလား
ခုချိန်အထိ
ရေပေါ် အရုပ်ရေးဖို့ တောင်
မေ့ချင်ဟန်ဆောင်နေရတဲ့
ဘဝနက်ထဲက ဝဋ်ကောင်ပါ
ဒဏ္ဍာရီတောင် မဆန်ဝံ့ခဲ့သူလေ။ ။

၂၀၁၇၀၁၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ကျော်ဟုန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)