စိုးနေလင်း ● စိတ်ကုကဗျာ

January 26, 2017

စိုးနေလင်း ● စိတ်ကုကဗျာ
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၇

တခါတခါမှာ…
သဘာဝတရားရဲ့အလှအပမှာနှစ်မြှုပ်
ရုပ်နဲ့စိတ်ကို အငြိမ်သက်ဆုံးထား
အခါးသီးဆုံးဖြစ်ရပ်မှန်များမှခွာ
ကန့်လန့်လာတခုကို ဖြည်ချထားချင်သောခဏ
အချိန်ဘယ်လောက်ရနိုင်အုံးမလဲ
ဖြစ်မြဲဓမ္မတာ
မသေချာမရေရာမှုတန်ဘိုးတိုးများလာရာမှ။

ဖြစ်တည်မှုဘဝကိုဆန်းစစ်
နစ်မွန်းနေကြသူချည်းသာ
လားရာအသီိးသီးကိုပြန့်ကျဲ
ငွေကြေးနဲ့ လဲနှုန်း အခြေအနေအလိုက်ပြောင်းလဲ
မိုးခါးသည်းသည်းရွာသွန်းဆဲမှာ။

ရှည်ကြာလွန်းသောမှားယွင်းမှုများအောက်
မျဉ်းကောက်များစွာပေါက်ဖွားရုန်းရုန်း
စတော့ဟုမ်းစင်ဒရုမ်း*
လွှမ်းဖုံးသိပ်သည်းလာမယ့်အဖြစ်
ညစ်စွန်းစာမျက်နှာပေါ်မှာ
အဝါရောင်လွန်ကဲလွန်းလှရဲ့။

အဲဒီပုံရိပ်စစ်တွေကိုစိတ်ထဲမှာထား
အားကိုတင်း ရင်ကိုကော့…

“ငါ့အတွက်တော့…
ဂျာမန်နာဇီတွေလက်အောက်မှာ တော်လှန်ရေး
လုပ်ခဲ့ရတဲ့အချိန်ဟာ အလွတ်လပ်ဆုံးပါပဲ” ဆိုတဲ့
ယန်းပေါဆတ်#ရဲ့စကားကိုသတိရ
ကိုယ်စီကိုယ်စီက
လွတ်လွတ်လပ်လပ်ရွေးချယ်ဆုံးဖြတ်ကြရုံသာ။   ။

*Stockholm syndrome
(တံဆာခံ အဖြစ်ဖမ်းဆီးခံထားရသူက ဖမ်းဆီးသူများကိုသဘောကျ ဘက်ပြောင်းရပ်တည်ပေးလိုသော စိတ္တဗေဒ တုန့်ပြန်မှု အခြေအနေ)

#Jean-Paul Sartre(1905-1980)
(ပြင်သစ် စာရေးဆရာ၊တွေးခေါ်ပညာရှင်နှင့် တော်လှန်ရေးသမား)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်