ယောဟန်အောင် – သက်ကြားအို ဆောင်းခိုတဲ့မြို့

February 1, 2017

 

– သက်ကြားအို ဆောင်းခိုတဲ့မြို့
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇



မုန်တိုင်းတွေ စဲခဲ့ပြီထင်နေရတယ်
နေ့တွေက သမားရိုးကျဖြစ်လာ
အခုမှ ကိစ္စပေါင်းစုံကို သူ ကျမ်းပြုမတတ် စိတ်ဝင်စားနေပုံများ
ကမ္ဘာလောကကြီး တခုလုံးကိုတောင် မြိုချမလိုထင်ရ။




အိမ်တလုံးရဲ့
ရင်ပုံရိုးထဲမှာ
အတွေးမီးတပုံ ပျိုးလို့နေချိန်
တံခါးတွေ တခုပြီးတခု တဂျိုင်းဂျိုင်း ပိတ်သံကြားနေရပေါ့
စက္ကန့်ကလေးတခု လျှော့သွားအောင်
သူ့အတွက် လွှင့်မပစ်ရက် အဖိုးတန်
ပင်လယ်ခရုဆီက အသံကို နားထောင်တယ်။


သတင်းစာနေ့စဉ် ဗေဒင်လှန်ကြည့်တယ်။


တယောက်ထဲ စစ်တုရင် ကစားတယ်။


မီးခံသေတ္တာကို ပြန်ဖွင့်တယ်။


ပြူတင်းကို ဖွင့်လို့ ပင်လယ်ကိုငေးတယ်။


ကွင်းကလေးတခုမှာ လမ်းလျှောက်ရင်းတွေ့တဲ့ ကောင်ကလေးကို
“ဟဲလို.. ဟဲလို အဂိန်း” (Hello! Hello Again) ဆိုပြီး တပတ်ပြီး တပတ်
နှုတ်ဆက်တယ်။


ညမှာလည်း နိုးနေတတ်ပြန်တယ်။
ငယ်စဉ်ဘဝက
လေတံခွန်ကြိုးတွေ ပြန်ရုပ်သိမ်းတယ်။
ကြယ်တွေစုံညီလည်း ပြန်ညိပါလာ
ဓါတ်ပုံဟောင်းများလည်း ပြန်ငြိပါလာ
စာတအုပ် ကောက်ကိုင်ဖတ်လိုက်တိုင်း
အတွေးတွေက ရထားလို ရှည်ရှည်လျားလျား ခရီးထွက်သွားပြန်တယ်။


သူ့ကိုယ်သူ စုဗူးထဲမှာ ထည့်တယ်။
(ဗီတာမင်၊ ကယ်လ်ဆီယံ၊ သွေးချိုကျဆေးတွေနဲ့အတူ)
ဒါတင် မဟုတ်သေးဘူး။
အဖိုးအိုဟာ
သူ စားမကုန်တာတွေ ချကျွေးဖို့
ကြောင်ကလေးတကောင် စုထားသေးတယ်။


စိတ်ပျင်းပျင်း ရှိလာရင်
အဝတ်စကလေး ချပေး
ကြောင်ကလေး လှည့်ပတ်ပြေးနေတာကို ပြုံးကြည့်
သူ့အိပ်မက်တွေက ကြောင်ကလေးနဲ့ အတူပြေးတယ်။


ငယ်ငယ်ကစီးတဲ့ မှိုတက်အပြေးဖိနပ်ကလေးထဲက
အိပ်မက်တွေလည်း ပုန်းရှိုးနေရာက ပြန်ထွက်လာကြတယ်..
အဖွားကြီးကိုလည်း သတိရလို့။


ဆောင်းအအေးကို အရက်နည်းနည်းနဲ့ ကာတယ်
သူက စောင့်နေချင်သေးတော့ ဖြေတွေးတွေး ကာတယ်။
ငှက်တွေ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာတော့ မဖြစ်နိုင်လှဘူး။
သူက ပြက္ခဒိန်ကို သိဖို့ မလိုတော့ပေမယ့်
ငှက်တွေက သိနေကြတယ်။


ယောဟန်အောင်၅ ဖေဖေါ်ဝါရီ ၂၀၀၈

ကျနော် အမေရိကန်ဂရင်းကဒ် ကိုင်ထားတော့ နှစ်စဉ်လိုလို ဟိုကိုပြန်၊ Travel document ပြန်လျှောက်ရတတ်ပါတယ်။ တခါတလေ သိပ်ကြာတတ်ပါတယ်။ တခါက ၆-လလောက်အထိ ကြာခဲ့ဖူးတယ်။ ဟိုမှာနေစဉ် အထီးကျန်မှုဝေဒနာ ရှိတာပေါ့။ တောင်တောင်အီအီ စဉ်းစားနေမှုတွေလည်း ရှိတာပေါ့။ အဲဒီမှာ တောင်ကာရိုလိုင်းနား ပြည်နယ်၊ ကိုလံဘီယာမှာ နေတုန်းက နေ့စဉ် ပြေးလိုက်၊ လမ်းလျှောက်လိုက်လုပ်ရင်း စိတ်ကိုဖြေရပါတယ်။ အဲသည်မှာ အဖိုးအိုတဦးနဲ့တွေ့ပြီး ရင်းနှီးလာတယ်။ သူက Hello, hello again ဆိုပြီး နှုတ်ဆက်တတ်တယ်။ သူ့ကိုယ်စား စဉ်းစားရေးဖွဲ့တာပါ။ ဒါပေမယ့် ကျနော်တို့အားလုံးမှာ သူစိမ်းဆန်မှု ဝေဒနာ (alienation) ကို တနည်းမဟုတ် တနည်းခံစားနေကြရတာကို ညွှန်းဖွဲ့တာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်