မင်းကိုနိုင် ● နေခြည်ယက္ကန်း၊ နတ်ပန်းလက်ရာ

February 5, 2017

မင်းကိုနိုင် ● နေခြည်ယက္ကန်း၊ နတ်ပန်းလက်ရာ

(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

 

ဥရုချောင်းဖျားသည် ကျနော်တို့ပထဝီ အော်ကျက်ခဲ့စဉ်က ဘာတွေထူးလို့၊ ဘာတွေထွက်သည် မမှတ်မိ။ ချင်းတွင်းမြစ် အကြောင်းသင်ရစဉ်က ဟုမ္မလင်းမြို့အထိလှေ၊ သဘောင်္များ ဆန်တက်သွားလာနိုင်သည်ဟု အလွတ်ကျက်ခဲ့သည်။ မြို့ကလေးကို ယခုဆိုက်ရောက်သည်။ သွားရမည့်နေရာက ရေပိုက်နဲ့ ထိုးရုံ၊ ရွှေမှုန်တွေ ကြဲပက်ပေးသောမြေ။

ယခင်ကဆို ဟုမ္မလင်းနှင့် ‘နောင်ပိုအောင်’၊ ‘နမ့်တော’ သွားခရီးမှာနှစ်ည၊ သုံးညအိပ်ခြေလျင်ခရီးတစ်ညောင်း သွားခဲ့ ရသည်။ထိုစဉ်က ပင်ပန်းပေမယ့် လမ်းခရီးအတွက် တစ်ကိုယ်တည်းသမားလည်း အန္တရယ်မရှိ၊ လူပြတ်သည့်လမ်းကို အခွင့်အရေးယူမည့်သူမရှိ၊ပကတိ ရိုးသားကြသူများချည်းသာတဲ့။

ခုတော့ အနယ်နယ်၊ အရပ်ရပ်က ရွှေမုဆိုးတွေရောက်လာတော့ထိုနယ်သည်ကား လမ်းပေါ်ပေါက်ခဲ့သော်လည်း အရင်လို လုံခြုံစိတ်ချရသည်ဟု မခံစားရ၊ လူတိုင်းကို အာမ မခံနိုင်တော့ကြောင်း၊ဒေသခံတစ်ဦးက နှစ်မျောတသရင်ဖွင့်ပါသည်။ ဒါပေမဲ့ ရွာတွေမှာတော့ ရွာဓလေ့ကအပြည့်ကျန်နေဆဲ။ ခြံရှေ့တွေမှာ မရွေးထုတ်ကြီးတွေ တောင်ပုံယာပုံ၊ စားပွဲများအပေါ် ဒီအတိုင်း အစောင့်အရှောက်မဲ့ တင်ထားသည်။ ဝယ်လိုသူက ခြံထဲ၊ အိမ်ထဲကို ကုန်းအော်ခေါ်မှ အေးဆေးထွက်လာပြီး ရောင်း၏။ အလကားယူသွားသူဘယ်အခါမှ မရှိဟု သူတို့ဒေသခံအချင်းချင်း အာမခံနေမြဲ။

‘အရင်ကဆို ဒီခရီးတွေက ရေဆန်လမ်းဆို သိပ်ပင်ပန်းတာ၊ အင်ဂျင်စက်တွေကလည်း ပါဝါမကောင်းတော့ မဆန်တက်နိုင် တော့ဘူး။ဒါနဲ့ ကမ်းကခိုင်မယ်ထင်တဲ့ငုတ်မှာ ကြိုးချည်ပြီး ရစ်လုံးနဲ့ လက်လှည့်ဆွဲချရတာ’။

ကျွန်တော်တို့အား လာကြိုသူတစ်ဦးက အတိတ်အမောတွေကို ထိုသို့နောက်ကြောင်း ပြန်သည်။ စွန်ကြိုးရစ်သလို လှေ၊ သဘောင်္ကို ရစ်ဆွဲသည့်ကိစ္စ ကျွန်တော်လည်း တွေးရုံမောလှသည်။ နောက်တစ်ဦးကခေတ်တွေပြောင်းလာသည့် အကြောင်း ဆက်ပြောပြသည်။‘မနက်ဖြန်သွားကြရမဲ့ စေတီဆိပ်လိုနေရာဆိုလျှင် အရင်က ရေတစ်လမ်းပဲရှိခဲ့တာ၊ နောက်ဆိုင်ကယ်တွေ ပေါ်လာတော့မှ ကုန်းလမ်းပွင့်လာတာ’။

‘အဲ့ဒီတော့ သက်သာသွားတယ်မဟုတ်လား’။ ‘ကျွန်တော်တို့ဖြင့်အဲ့ဒီလမ်းကို အားရှိမှသွားတယ်ဗျ’။

‘ဘာလို့လဲ’

‘လမ်းက ဗွက်နစ်တယ်လေ။ တစ်နေ့လုံးတစ်ညလုံး ရုန်းနေရတာလူကဆိုင်ကယ်ကိုစီးလိုက်၊ ဆိုင်ကယ်က လူကိုစီးလိုက် သွားခဲ့ရတာ။အားရှိမှဖြစ်မှာပေါ့။ ဒါတောင်နှစ်ရက်လောက်မအိပ်နိုင်အောင် ကိုက်ခဲနေတာ’။
.
ထိုဒေသသည် ဖွံ့ဖြိုးလာသည်တိုင် ဒေသခံတွေက ရိုးမြဲ၊ ဧည့်သည်ကိုမျှော်မြဲ၊ ဘယ်လိုဧည့်ဝတ်ကျေရမလဲ စဉ်းစားနေမြဲ၊ စေတီဆိပ်ရွာမှာတည်းရသည့် အိမ်ရှင်ကို ကြည့်ပါ။ သူတို့ရွာမှာ စာပေဟောပြောပွဲဆိုတာ တစ်ခါမှ မလုပ်ခဲ့ဖူးလို့ ခုပထမ ဆုံးအကြိမ်ဖြစ်တာ ပျော်လွန်းလို့ဆိုကာ ဝိုင်ကူသူအားလုံးကို မိုးပြဲဒယ်ကြီးများဖြင့် ချက်ပြုတ်ကျွေးတော့သည်။ ရွာထဲက လူတွေပါရောက်လာပြီး အားလုံးနီးပါး ဝင်ကူတော့မထူးပါဘူး ဆိုကာ လာသမျှအားလုံး ကျွေးရအောင် ဝက်တစ်ကောင်ပါ ပေါ်လိုက်တော့သည်။

.မြို့မှ ဧည့်သည်တွေအပေါ် ရွာသားတွေ ဆက်ဆံပုံကလည်း ပြန်ပြောတိုင်း ပြုံးရယ်စရာတွေ ကျန်ခဲ့မြဲ။ ယဉ်ကျေးသည့် စကားသာရွေးသုံးဖြစ်အောင် သတိထားနေရသည်။ ထမင်း၊ ဟင်းကျွေးရာမှာစားပါ၊ သောက်ပါ ပြောမည့်အစားသုံးဆောင် ပါဟု ပြောရင်းကအိမ်သာတက်မည့် ဧည့်သည်အား လိုက်ပို့ရင်း နှစ်ခန်းတွဲအိမ်သာကိုညွှန်ပြကာ” နှစ်သက်ရာသုံးဆောင် ပါ”တဲ့။
.
ဧည့်သည်လာလျှင် ပျော်သည့်အလျှောက် လိုသမျှပြောပြတိုင်းလုပ်ပေးမယ် လုပ်ပေးမယ် ပြောရင်း ရေချိုးချင်သည့် ဧည့်သည်အားချိုးပေးမယ် ချိုးပေးမယ်ဟု တုန့်ပြန်ခဲ့သည့် ထိုစေတီဆိပ်အမည်ရရွာကလေးမှာ ကလေးတွေ ပညာရေး ဦးစားပေးပါဟု ကျောင်းဆရာ၊ဆရာမ များကိုယ်တိုင်က တောင်းဆိုပါသည်။ ရွာကျောင်းဆရာတော်ကလည်း ဒီနယ် ဖွံ့ဖြိုးရေးအတွက် သူတို့ကြိုးစားနေသည့် စာကြည့်တိုက်ကိုပြကာ ဘာတွေဆက်လုပ်ရပါ့ဟုတိုင်ပင်၊ စာအုပ်တွေ အလှူခံလိုက်သေးသည်။
.
ကျွန်တော်ကတော့ စာကြည့်တိုက်အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း၊ ပြီးတော့အားကစားလေ့ကျင့်ရုံ တွဲထားရန် အကြံပြုသည်။သည်နယ်တစ်ဝိုင်သည် ရွှေကြောင့်ဝင်ငွေကောင်းသည်နှင့်အမျှမူးယစ်ဆေးဝါးနှင့် အပျော်အပါးကိစ္စများ စိတ်ပူဖွယ် လိုက်လာသည်ဖြစ်၍ သွေးအလှူရှင်အသင်းများဖွဲ့ရန် တိုက်တွန်းခဲ့သေးသည်။ သူတစ်ပါးအသက်ကိုကယ်ရမည့် သူများမှာ မိမိကိုယ်တိုင် သွေးသန့်ဖို့လိုသည်။ ထို့ကြောင့်မူးယစ်နှင့် အပျော်အပါးကြောင့် ဖြစ်မယ့် HIVအပါအဝင်ရောဂါ တို့ကို ကြိုရှောင်နိုင်မယ်ဟု ကျနော်ယုံသည်။ဆရာတော်ကား ငါးနှစ်အတွင်း ထိုငါးမျိုးပြည့်အောင် မတည်မည်ဟုဆန္ဒ ပြင်းပြနေပါသည်။
.
နမ့်တောရွာမှ ရွာလည်ကျောင်းဆရာတော်က ဝိနည်းနာမည် စည်းကမ်းကြီးသူ၊ ကျောင်းဝင်းထဲ မည်သည့် တီးမှုတ်၊ ကခုန် ပွဲမှ ခွင့်မပြုခဲ့သော်လည်း စာပေဟောပြောပွဲကိုကား လိုလားစွာ ခွင့်ပြုသည်။ လူတွေအနွေးထည်နှစ်ထပ်၊ သုံးထပ်၊ ခေါင်းစွပ်တွေနှင့် ရှုပ်နေချိန် ဆရာတော်အနွေးထည်မဝတ်ဘူးလားမေးသူကို သင်္ကန်းတစ်ထပ် လွှမ်းထားသည့်ခန္ဓာအား လက်ဖြင့်ကာပြရင်း ဒါပဲ အနွေးထည်ပေါ့၊ သင်္ကန်းပဲပေါ့ဟု
ပြန်မိန့်ပါသည်။
.
ယခင်က တောတောင်တွေထူစဉ်က ပိုချမ်းသည်။ ယခုတောတွေပြုန်းကုန်တော့ ဘာဖြစ်သလဲဆိုတော့ အအေးသက်သာ သွားတာပေါ့လေဟုပြုံးစစသာ မိန့်တော့သည်။ ရွာလေးရွာရောက်ခဲ့သည့် အနက် နမ့်တောရွာသာ ဒုတိယအကြိမ်စာပေဟောပြောပွဲဖြစ်ပြီး၊ ကျန်စေတီဆိပ်၊ဘိုကုန်း၊ ဘုရားကုန်း စသည်တို့မှာ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်၍အလွဲအချော်များရှိသည်။ ပြဿနာမဟုတ် ရယ်စရာ၊ ပျော်စရာမျှသာ၊ရိုးသားမှု၏ အလွဲတွေသာ။
.
ကုလားထိုင်တွေ ထားသည့်တိုင် အပြည့်ခင်းသည်မဟုတ် ရှေ့ဆုံးနှင့်အလယ်ကိုဖျာ၊ ကော်ဇောတွေသာ ခင်းထားသည်။ ကလေးတွေက ပွဲကြည့်သလို၊ ဂျွမ်းထိုးမျှော်နှင့်ပြီ၊ ကုလားထိုင်တွေအပေါ် လူကြီးတွေကဘေးနှင့် နောက်နားကျကျမှာသာ ဟောပြောရင်း ကလေးထိန်းရသည့်အလုပ်တော့အပိုယူခဲ့ရသည်ပေါ့။
.
ဘုရားကုန်းမှာတော့ ထိုဒေသရိုးရာ တချို့ကို သိခွင့်ရခဲ့သေးသည်။တစ်ခါက ဟောပြောပွဲတစ်ခုတွင် စာရေးဆရာအား လက်ဆောင်ပဏ္ဍာများအပ်နှင်းပါတော့မည် ဆို၍ လက်ဆောင်ကတော့ ဟုတ်ပါပြီ။ ပဏ္ဍာကဘာလဲဟုမေးရာအဖြေမရခဲ့။ယခုရွာမှာတော့ ပဏ္ဍာဆိုသည်ကို သူတို့ကိုယ်တိုင်သုံးနေဆဲ။ ဖြစ်ပုံက ဧည့်သည်တစ်ဦးမှ ထမင်းစားပြီး ကိုယ့်ပန်းကန် ကိုယ်ဆေးရန် ကြိုးစားရာမှာ ရွာကလူတွေက အဆေးမခံ ပြန်လုနေကြရင်း ဧည့်သည်က ကိုယ့်တာဝန်ကိုယ်ယူချင်လို့ပါဟု
တောင်းပန်သည်ကို ရွာက လက်မခံ။

.အိမ်ရှင်စကားနားထောင်နော်၊ အိမ်ရှင်မကြိုက်ဘူး၊ အိမ်ရှင်မကြိုက်တာဧည့်သည်လုပ်ရင်ပဏ္ဍာဆက်ရမယ်ဟုရိုးရာတစ်မျိုး ဖြင့် ချစ်ကြည်စွာတားပါသည်။ပဏ္ဍာဆိုတာ ဘယ်လိုလဲဆိုတော့ ဧည့်သည်က အိမ်ရှင်တွေ ရွာခံတွေ လက်မခံနိုင်တာ လုပ်မိတဲ့အခါမျိုးမှာ အုန်းပွဲ၊ ငှက်ပျောပွဲနှင့် တောင်းပန်ရတာမျိုးဖြစ်ပါသည်။ ငွေသားတစ်မတ်စေ့ ၄ စေ့ထည့်ကန်တော့ရသည့် ခေတ်ကစ၍ ‘လေး’ ဂဏန်းအဖြစ် လေးကျပ်၊ လေးရာ၊လေးထောင်၊ လေးသောင်းစသဖြင့် တင်ရသည်ဟု ဆိုပါသည်။ ဘာကြောင့်‘လေး’ ဂဏန်းဖြစ်နေရသလဲ ဆိုသော် အိမ်မှာ ထောင့်လေးထောင့်ရှိတယ်မဟုတ်လား။ အိမ်ကိုထိခိုက်မိရင် ထောင့်လေးထောင့် အတွက်လေးဂဏန်းပေးရတာက စ,တာပဲဟု ရှင်းပြသည်။
.

ယခုတော့ သူတို့ရိုးရာကို သူတို့အသုံးပြုပုံက ချစ်စရာ၊ ခင်စရာကောင်းနေသည်။ ထမင်းစားပြီး ကိုယ့်ပန်းကန်ကိုယ် ဆေးမည့် ဧည့်သည်အားတားမရသည့်အဆုံး ရိုးရားနှင့်တားလိုက်ပုံက ပျော်စရာကောင်းပါဘိ။ထိုရွာကလေးတွင် ဓလေ့တွေ၊ ရိုးရာတွေက ပြန်ပြောချင်စရာ၊ ချစ်စဖွယ်တွေများလှသည်။ မင်္ဂလာဆောင်လျှင် လက်ဖက် ကမ်းရသည့်ဓလေ့ကိုလည်း ခုမှရှင်းပြတာ ကြားဖူးသည်။ ယခုခေတ် ဖိတ်စာကမ်းသလိုသူတို့က လက်ဖက်ကမ်းသည်။ ဆန်ကြဲပက်သည်။ အဓိပ္ပာယ်ကား သူတို့ဇနီးမောင်နှံကို အသိအမှတ်ပြုပါရန် မီးဖိုချောင်ချင်းလိုသမျှယူစား၊ပေးစားရင်းနှီး ခွင့်ပြုပါရန် ဟူသည့် အဓိပ္ပာယ်များ ဖြစ်ပါသည်။
.
လက်ဖက်ကမ်း၊ ဆန်ကြဲပက်သည့်အိမ်ကို တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့်၊အစာလဲလှယ်ခွင့်ရပြီ။ ထိုသို့မပြုမလုပ်ထားခဲ့လျှင်ကား သူစိမ်းဆန် လှသမို့ခြံထဲတောင်မဝင်ရဟု၏။

ဥရုချောင်း(အချို့ကမြစ်ဟုခေါ်) နံဘေးမေးကလေးတင်ထောက်ထားသည့်ရွာကလေး၏အလှကို ကျနော်ပန်းချီဖြင့် မှတ်တမ်းတင်မိသည်။ ရေတက်ချိန်အတွက် ခြေတံရှည်အိမ်တွေ စီတန်းဆောက်ထားပုံက အရပ်မြင့်မြင့်မော်ဒယ်တွေ ခြေသလုံးပေါ် ဝတ်စုံမျိုးဖြင့် ရပ်ပြနေကြသလို။
.
ရေကျချိန်ပေါ် လတာပြင်ကြီးက ရွှံ့ခြောက်ပြင်ကြီးဖြစ်ကာ ကလေးတွေအတွက် အကောင်းဆုံးကစားကွင်းဖြစ်လေသည်။ မြို့မှာလို ကားတိုက်၊ဆိုင်ကယ်တိုက်မှာ မပူရ။ ပြေးစမ်း မညောင်းမခြင်း၊ ခွေးတွေကလည်းကလေးတွေနောက် တရုန်းရုန်း လိုက်နေတာကြည့်ရင်း ခွေးတွေအားလုံးပိန်တာ မတွေ့ရဘူးနော်၊ အားလုံးကဝနေတယ်ဟုမေးရာ သူတို့လည်းအိမ်သား တွေပဲလေ ကိုယ့်သားသမီးပဲပေါ့၊ ကိုယ်မွေးထားတယ်ဆိုတော့ကိုယ့်ကလေးတွေလိုဘဲ ဝဝကျွေးတာပေါ့ဟူသည့် အဖြေကို ရွာသားတစ်ဦးက ဘာမှမဆန်းသလို ဖြေရင်း ကျနော်ပန်းချီအရောင်တချို့ကိုလှတယ်ဟုဆိုသည်။

ကျနော်က သူတို့ရင်ထဲက အရောင်တွေ ပိုလှတယ်ဟု ပြောလိုက်ချင်သား။ အတူပါလာသည့် တေးရေး အရိုးကတော့ ခုလို ဆိုသည်။

“နခြည်ယက္ကန်း၊ နတ်ပန်းလက်ရာ ပန်းချီရွာက ပြန်ရပြီ”တဲ့။

မင်းကိုနိုင်

မြစ်ဆုံဗေဒါဂျာနယ်ပါ ဆောင်းပါးဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်