မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များ ၊ အပိုင်း ၃

February 6, 2017

မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များ ၊ အပိုင်း ၃
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၇

ဝရမ်းပြေးအစ

၁၉၇၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ညနေ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှ စတင်ထွက်ခဲ့သော ခြေလှမ်းများသည် ရှည်လျားရှု ပ်ထွေးသော ခက်ခဲကြမ်းတမ်းသော ဘဝတခု၏အစဖြစ်ခဲ့သည်။ ထို့ပြင် ရှေ့ဆက်၍ မိမိသွားလိုသည့် အရှေ့မြောက်ဒေသနှင့် အဆက်အသွယ်က မရသေး။ သို့ပေမဲ့ စစ်ထောက်လှမ်းရေးကတော့ မိမိအား လိုက်ဖမ်းတော့မည်က သေချာနေပေပြီဖြစ်ရာ အပြေးသမားတယောက် ဝရမ်းပြေးတစ်ယောက်အဖြစ် ဘဝကို အစပြု ခဲ့ရ ပေတော့သည်။

အရှေ့မြောက်တောင်တန်းများပေါ်၌ နှင်းဆီနီနီအိပ်မက်များစွာဖြင့် ရှင်သန်ရုန်းကန်ခဲ့သော ” တောပုန်းကြီးစံဖဲ ” မဖြစ်မှီ ဝရမ်းပြေးဘဝက တနှစ်နီးပါးကြာမြင့်ခဲ့သည်။ ထိုတနှစ်ကာလတွင် အချို့ အချိန်အပိုင်းအခြားများက မြန်ဆန်သည့် အပြောင်းအလဲများပြု လုပ်ခဲ့ရသည့်အပြင် မှတ်စုမှတ်တမ်း ထား၍မရသည့် အခြေအနေဖြစ်ပေရာ ထိုကာလကို ပြန်ပြောင်းရေးသားရသည့်အခါ အစီအစဉ်တကျ မမှတ်မိတော့ပါ။ သို့သော်ငြားလည်း တတ်နိုင်သ၍ ပုံဖေါ်နိုင်အောင် ကြိုးစားသွားပါမည်။

ကိုချစ်ဆောင်ဦး အစီအစဉ်ဖြင့် စတင်တိမ်းရှောင်ရာတွင် ပထမဆုံး ရက်တချို့ကတော့ ရန်ကုန်မြို့ ပေါ်တွင်ဖြစ်သည်။ ကျောက်မြောင်းထဲက အိမ်တအိမ်တွင် စတင်ပုန်းခိုရသည်။ မိမိအားတာဝန်ယူပေးသူက ကိုဖြူ ဖြစ်သည်။ လူပုံခပ်နွဲ့နွဲ့ အသားဖြူ ဖြူ နှုတ်ခမ်းမွှေးရေးရေးနှင့်မို့ ကိုဖြူ ဟုခေါ်ကြပုံရသည်။ နံမည်ရင်းတော့ဟုတ်ပုံမရ။ ကိုဖြူ ကကျောင်းသားမဟုတ်။ ဆိပ်ကမ်းအကောက်ခွန်တွင် အလုပ်ဝင်နေသူဖြစ်သည်။ သူဇနီးကလည်း သူကဲ့သို့ပင် ဖြူ ဖြူ ချောချောဖြစ်သည်။ ရွှေတိဂုံဘုရားပေါ်တွင် ကျောင်းသားရာချီ အဖမ်းခံရပြီးနောက် နောက်ဆက်တွဲအဖမ်းအဆီးများ စတင်နေပြီဖြစ်ရာ မိမိအားသူမ တို့ထံတွင် လက်ခံထားရသည့်အတွက် ကိုဖြူ ဇနီးသည်၏ မျက်နှာတွင် စိုးရိမ် ပူပန်မှု များကို တွေ့နေရသည်။ မိမိကြောင့် သူမ၏ယောက်ျားပါ ထောင်ထဲ ဝင်ရနိုင်သည်မဟုတ်ပါလား။

ကိုဖြူ အိမ်တွင် သိပ်မကြာခဲ့။ နောက် ရန်ကင်းအစိုးရအိမ်ယာရှိ တိုက်ခန်းတခုသို့ပြောင်းရွှေ့ရသည်။ မိမိအားလက်ခံထားပေးသူနံမည်အား ကောင်းစွာမမှတ်မိတော့ ။ ကိုမောင်မောင်မြင့်ဟု ထင်သည်။ သူသည်လည်း
ကျောင်းသားမဟုတ်၊ ဝန်ထမ်းတစ်ဦးဖြစ်သည်။ အိမ်ထောင်မရှိသူ လူလွတ်ဖြစ်၍ သူဆီမှာ နေရသည်မှာအနဲငယ်ပို၍ အဆင်ပြေသည်။ နေ့လည် သူ အလုပ်သွားလျင်တော့ သူအခန်းကျ ဉ်းလေးထဲက ဘယ်မှ မထွက်ဘဲ စာဖတ်နေရသည်။ သူမိဘများက ထမင်းစားချိန်ခေါ်လျင် ထွက်စားသည်။ ညဘက် သူပြန်ရောက်လျင် စကားပြောဖေါ်ရသည်။ ညစာစားပြီးလျင် ရန်ကင်းတိုက်တန်းများနောက်ရှိ ချိုးဖြူ ရေပိုက်လိုင်းဘေးတွင် လမ်းထွက်လျှောက်ကြသည်။ ဝရမ်းပြေးဆိုတော့ နေ့လည် လင်းလင်းထင်းထင်း ရှောင်ရသည်။ ညမှထွက်သည့် ဇီးကွက်သဖွယ်ဖြစ်၍နေသည်။

ထိုသူနှစ်ဦးသည် မိမိနှင့်အရင်ကမတွေ့ဘူးပေ။ နိုင်ငံရေးယုံကြည်မှု အခြေခံတခုပေါ်တွင် မိမိအားလက်ခံထားပေး ကျွေးမွေးထားပေး ဖွက်ထားပေးခဲ့သူများဖြစ်သည်။ ထို့ပြင် သူတို့က ကျောင်းသားအဝန်းအဝိုင်းမဟုတ်သည့်ပြင် မိမိနှင့်လည်း အဆက်အစပ်မရှိသူများဖြစ်သဖြင့် ထောက်လှမ်းရေးတို့ အနံ့ခံနိုင်သည့် စက်ကွင်းမှလည်း ကောင်းကောင်းလွတ်ခဲ့သည်။ သို့သော် တနေရာတည်းတွင် ကြာကြာနေ၍ မဖြစ်ပေရာ မကြာမှီ တနေရာသို့ ထပ်ရွှေ့ ရပြန်သည်။

တနေရာနှင့် တနေရာအပြောင်းအရွှေ့တွင် ပုံဖျက်ရသေးသည်။ မျက်မှန်တကားကားနှင့် မိမိရုပ်က မှတ်မိလွယ်သည်။ တက္ကသိုလ်ကျောင်းသားဘဝက ရှည်ရှည်ထားသည့် ဆံပင်ကို တိုတိုညှပ်ရသည်။ လုံချ ည်ကို ခြေဖျားသီ ခပ်ရှည်ရှည် ဝတ်လေ့ရှိရာမှ ခပ်တိုတိုပြောင်းဝတ်ရသည်။ ဦးထုပ်ဆောင်းလေ့မရှိသူ မိမိက ဦးထုပ်တလုံးဆောင်းလိုက်သည်။ အဓိက ပုံပြောင်းသွားသည်မှာ အမြဲတပ်ထားသော မျက်မှန်ကို ချွတ်လိုက်ခြင်းဖြစ်သည်။ ထိုအခါ မျက်နှာက ပုံစံတမျိုးပြောင်းသွားသည်။ ရင်းနှီးသူများပင် အနီးကပ်၍တောင်မှ မမှတ်မိခဲ့ကြ။ သို့ပေမဲ့ မိမိကတော့ ဒုက္ခအတန်ငယ်ရောက်သည်။ ထိုစဉ်က မိမိ၏မျက်မှန်ပါဝါမှာ အဝေးမှုံ အနှု တ် ၇ ခေါ် ပါဝါ ၇၀၀ ခန့်ရှိပေရာ ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်ရပေ။ ပြူးပြဲ၍ ကြည့်တန်သည်ကြည့်။ ရမ်း၍
မှန်း၍ တွက်ဆ၍ လုပ်သည်ကလုပ်နှင့် ခရီးသွားစဉ် အနဲငယ်ဒုက္ခခံရသည်။

နောက်တခါ သွားပုန်းရသည့်နေရာက ကျောက်ဆည်နယ်ထဲဖြစ်သည်။  ကိုချစ်ဆောင်ဦးတို့ အီကိုမှ ကျောင်းနေဖက်သူငယ်ချင်း ကိုလှသိန်းခေါ် ကိုလေးတို့ ရွာတွင်ဖြစ်သည်။ ရန်ကုန်ဘက်မှလာလျင် ကျောက်ဆည်မရောက်မှီ  ဟန်မြင့်မိုရ် ဟူသည့်ရွာအနီးတွင်ဆင်း၍ အရှေ့ဖက်သို့ နာရီဝက် တနာရီ ခန့်လမ်းလျှောက်လျင် ကိုလေးတို့၏ တမံတလင်းရွာသို့ရောက်သည်။ ငှက်ပျော နှင့်ပိန္နဲပင် အလွန်ပေါသည့်ရွာကြီးဖြစ်သည်။ သို့သော် အောင်မြင်၍ စီးပွါးဖြစ်နေသော ငှက်ပျောခင်းများအား ဖျက်ခိုင်းပြီး မဆလ၏ စီမံကိန်း ဝင်သီးနှံကိုအတင်းစိုက်ခိုင်းနေ၍ လယ်သမားများ စိတ်ပျက်နေကြသည့် အချိန်ဖြစ်သည်။ မဆလ ပါတီ ကောင်စီ လူကြီးမင်းတို့ တန်ခိုးထွား၍ လက်စွမ်းပြနေချိန်ဖြစ်သည်။

ကျောင်းသားအရေးနှင့် မိမိပြေးလာရသည်ကို ကိုလေးက အိမ်၌ လယ်လယ်ဝယ်ဝယ်ရှိသည့် သူအဒေါ်တစ်ဦးကိုသာပြောထားသည်။ ကျန်သူများကတော့ လာလည်သည်ဟုသာ သိထားကြသည်။ ကိုလေးခရီးသွားနေချိန် တွင် မိမိလည်း ထမင်းဘူးထည့်၍ ရွာနှင့်ခပ်လှမ်းလှမ်းရှိ သူတို့ပိုင်ယာခင်းထဲ သွားနေသည်။ ခြံပေါက် မြက်ရှင်းလုပ်ရင်း အချိန်များကို ကုန်လွန်ရသည်။ ထိုရွာတွင် မှတ်မှတ်ရရကတော့ အညာဆန်ဖြစ်သည်။ အတော်ကြမ်း၍ မာသော အညာဆန်( ငစိန်ဖြစ်မည်ထင်သည် ) ကိုနဖူးတွေ့ ဒူးတွေ့ တွေ့ရသည်။ အောက်ပြည်အောက်ရွာတွင် ကြီးပြင်းခဲ့ပြီး ပေါ်ဆန်မွှေးနှင့်ရင်းနှီးခဲ့သော မိမိအဖို့ ငစိန်ကတော့ မာမာဘဲနှင့် စတင်တွေ့ရပေတော့သည်။ ထမင်းက ထွေး၍ မနေ။ ထမင်းတစေ့ချင်းသည် အေးသွားပါက ပိုမာလာသည်။ ဒန်ပုဂံ
ပြားပေါ် လွှတ်ချပါက တဒေါင်ဒေါင်မည်သည်။ မိမိမသိသေးသော ဘဝများ ကို လက်တွေ့ စတင်ကြုံ ရသည်ဟုဆိုရမည်။

ထို့ပြင် ကိုလေး၏စီစဉ်ပေးမှု နှင့် ကျောက်ဆည်က ကိုလေးသူငယ်ချင်းတစ်ယောက်၏ အိမ်တွင်လည်း ခေတ္တသွားနေခဲ့သေးသည်။ မိမိအသွား အလာအရောက်အပေါက်မရှိခဲ့သည့် ဒေသများမို့ ရဲရဲတင်းတင်း သွားလာ၍ ရသည်။ ကိုလေးနှင့် နောက် နှစ် ၃၀ ခန့်အကြာတွင် ရန်ကုန်တွင်တခေါက် ပြန်ဆုံသည်။ အိမ်ထောင်ကျ ပြီး ကျူ ရှင်ဆရာဖြစ်နေသည်။ သူဘွဲ့ရပြီးနောက်ပိုင်း မဆလ ပါတီဌာနချုပ်တွင် အလုပ်ဝင်လုပ်ခဲ့သေးသည်ဟု ဆိုသည်။ မိမိ နားမလည်နိုင်ခဲ့သော အကြောင်းအရာတခုဖြစ်ခဲ့သည်။ ကိုလေးနှင့်တွေ့စဉ်
သူက မိမိအားမေးခွန်းတခုမေးခဲ့သည်။

” ခင်ဗျား လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး နောင်တမရဘူးလား” ဟူ၏။
မိမိ မတု့န့်မဆိုင်းပြန်ဖြေခဲ့ပါသည်။
” နောင်တမရပါဘူး၊ နောင်တရစရာ အကြောင်းလဲမရှိပါဘူး၊ သူ့သမိုင်းကာလမှာ လုပ်သင့်တာ လုပ်ခဲ့တာပါ၊ ကျနော့ကိုယ်ကျိုးတခုမှမပါဘဲ စိတ်သန့်သန့်နဲ့လုပ်ခဲ့လေ။ အောင်မြင်တာ ရှုံးနိမ့်တာက သီးခြားပြသနာ တခုပေါ့ဗျာ “
မိမိ၏အဖြေအား သူမည်သို့မှ မတုန့်ပြန်ခဲ့ပါ။ မည်သို့ဆိုစေ တချိန်က သူသည် မိမိအား ကူညီစောင့်ရှောက် ကာကွယ်ကျွေးမွေးခဲ့သူ တစ်ဦးဖြစ်ခဲ့ ပါသည်။ ထိုစဉ်က သူသည်လည်း ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါသည်။ အချိန် ကာလများသည် နောက်ပြန်လှည့်၍မရတော့။မိတ္ထီလာ

ထို့အတူ ကိုချစ်ဆောင်ဦး၏ ကျောင်းသားရဲဘော်တစ်ဦးဖြစ်သော ကိုခင်မောင်လေးအိမ်တွင် ရက်ပိုင်းသွား၍ ခိုရပါသေးသည်။ ကိုခင်မောင်လေးသည်လည်း အီကိုကဖြစ်သည်။ သူမိဘများက မိတ္ထီလာချည်မျှင်နှင့်အထည် စက်ရုံတွင် အလုပ်လုပ်သဖြင့် စက်ရုံဝန်ထမ်းအိမ်ယာရသည်။ သို့နှင့် စက်ရုံ ဝန်ထမ်းမိသားစုများကြားသို့ မိမိရောက်ရှိသွားတော့သည်။ အနေအထိုင် မမြင့်မားကြသော်လည်း ရှိတာလေးနှင့် သပ်သပ်ခပ်ခပ် နေထိုင်ကြသော မိသားစုများဖြစ်ကြသည်။ သိုင်းသိုင်းဝိုင်းဝိုင်း စုစုစည်းစည်းရှိကြသည်။ စက်ရုံကြီးတခုလုံး ပုံမှန်လည်ပတ်နိုင်အောင် သူတို့တတွေ အချိန်မှန်မှန် စုပေါင်းဆောင်ရွက်လုပ်ကိုင်နေကြရသည်မဟုတ်ပါလား။

ကိုခင်မောင်လေးက ကဗျာတွေစာတွေသာမက အတီးအမှု တ်လဲ ဝါသနာပါသည်။ ညဘက်တွင် ဝါသနာတူသည့် အလုပ်သမားလိုင်ခန်းများဆီသွားသည်။ အိမ်ရှေ့ကွပ်ပျစ်တွင် လဘက်ရည်ကြမ်းဝိုင်း ဗမာဂစ်တာတီး၍ အလွမ်းသီချင်းများဆိုလေ့ရှိသည်။ အနောက်တိုင်းဂစ်တာနှင့်သာ အကျွမ်းဝင်ခဲ့သော မိမိအဖို့ အသစ်အဆန်းဖြစ်သည်။ ဗမာဂစ်တာက အပေါ်က ကြိုးကို နှိပ်တာလဲ ” ကြေးဘိ” နှင့်ဖြစ်သည်။ တီးသည်ကလည်း ကြေးလက်ခတ်နှင့် ဖြစ်သည်။ထွက်ပေါ်လာသည်က မြန်မာသံစဉ်ဖြစ်သည်။ ညဘက် ဗမာ ဂစ်တာလက်သံနှင့် ကိုတင်လှိုင်တို့ ကိုသန်းလှို င်တို့၏ အလွမ်းသီချင်းများဖြင့် ဝေစည်ခဲ့သောမိတ္ထီလာချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားလိုင်းခန်းမှ လဘက်ရည်ကြမ်းဝိုင်းလေးသည် လွမ်းစရာဖြစ်ခဲ့ပါသည်။

ကိုခင်မောင်လေးက မိမိအား သတင်းခုပြောပြပါသည်။

” တင်မောင်သန်း နဲ့ သန်းလှို င်လဲ ရွှေတိဂုံပေါ် မနက်အစောကြီး ဖမ်းတဲ့နေ့က သွေးဆေးကန်ဘက်က ခုန်ဆင်းပြေးလာကြတာ။ ခု ရပ်စောက်ဘက် သွားရှောင်နေကြတယ်ဗျ ” ဟုဆိုသည်။ ထိုစဉ်က ကိုခင်မောင်လေးတို့၏သူငယ်ချင်းအချို့ ရပ်စောက် ရေဦးဘက်က ဓနုရွာတရွာတွင် ကျောင်းဆရာ လုပ်ရင်း အခင်းစိုက်နေကြရာ ထိုသူတို့ထံ သွားရောက်ရှောင်နေပုံရသည်။ကိုခင်မောင်လေးပြော၍မှ မကြာမှီပင် ရန်ကုန်မှ ကိုတင်မောင်သန်း သူငယ်ချင်း ကိုကိုနှင့် နောက်တစ်ဦး မိတ္ထီလာသို့ရောက်လာသည်။ ကိုတင်မောင်သန်းကို လိုက်ရှာမလို့ဟုဆိုသည်။ တင်မောင်သန်းအမေနှင့် အနီလေး က အကူအညီတောင်း ရှာခိုင်း၍ဟုဆိုသည်။ မိမိလည်း မျက်စေ့အနဲငယ် လည်သွားသည်။

” နေပါအုံးဗျ ၊ အနီလေးက တင်မောင်သန်းကို ဖြတ်စာပေးပြီး ဖြတ်ထားတာမဟုတ်ဘူးလားဗျာ ”

” တကယ်ဖြတ်ချင်လို့ မဟုတ်ဘူးတဲ့ဗျာ ၊ စိတ်စမ်းကြည့်တာပါတဲ့”
ချစ်မှု ရေးရာဆိုသည်မှာ ရိုးစင်းစွာတွေး၍မရကြောင်း မိမိသဘောပေါက်သွားခဲ့ပြီး ” ကောင်းလေစွ ကောင်းလေစွ ” ဟုသာ မြည်တမ်းမိပေတော့သည်။ ကိုတင်မောင်သန်း သူငယ်ချင်းများကတော့ ကိုခင်မောင်လေးထံမှ ရသောသတင်းအရ ရပ်စောက် ရေဦးဘက်သို့ထွက်ခွါသွားကြသည်။ မိမိ ကိုခင်မောင်လေးအိမ်မှ ထွက်ခွါလာသည့်အချိန်ထိတော့ မည်သည့်သတင်းမှ ထပ်မကြားရတော့ပေ။ ကျောင်းသားအရေးက ရှု ပ်ထွေးနေစဉ် အချစ်ရေးက တမှောင့်။ အရပ်ကယ်ပါ လူဝိုင်းပါနှင့်။ကိုခင်မောင်လေးကား အသားဖြူ ဖြူ ဝဝဖိုင့်ဖိုင့် အမြဲလိုလိုပြုံးရွှင်နေပြီး မျက်နှာချို သူဖြစ်သည်။ ဇော်မှို င်းဆို့သည့်နံမည် ကဗျာရေးသည်။ တက်ကြွသောနိုင်ငံရေးလှု ပ်ရှားမှု များကြောင့် ထောင်နှင့်မကင်းခဲ့။ ထိုစဉ်
၁၉၇၅ ဇွန်အရေးအခင်းတွင်ပါဝင်သော မိမိတို့ ပြေးလွှားလှု ပ်ရှားနေစဉ် တက်တက်ကြွကြွ အကူအညီပေးခဲ့သကဲ့သို့ ထိုကျောင်းသားတိုက်ပွဲတွင် ပါဝင်ခွင့်မကြုံ လိုက်ရ၍ ကိုခင်မောင်လေးတစ်ယောက် တက်တခေါက်ခေါက် ဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း ၁၉၇၆ ခုနှစ် မှို င်းရာပြည့်လှု ပ်ရှားမှု သတင်းများထွက်ပေါ်လာတော့ သူရန်ကုန်သို့ဆင်းသွားခဲ့သည်။ တကယ်တော့ သူသည် အီကိုကဘွဲ့ရပြီး စာရင်းစစ်အဖြစ် အလုပ်ဝင်ရန်ပြင်ဆင်နေချိန်ဖြစ်သည်။

မှိုင်းရာပြည့်လှု ပ်ရှားမှုတွင် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ကိုခင်မောင်လေး တက်တက်ကြွကြွ ပါဝင်ဟောပြောခဲ့သည်။ အချိန်ခါမသင့်သေးဟု ယူဆကြသည့် သူ၏သူငယ်ချင်းများဖြစ်သည့် တင်မောင်သန်း၊ မောင်မောင်ထွေးတို့က သူ့အား လှု ပ်ရှားမှု ထဲက ဆွဲထုတ်ခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း မြစ်ကြီးနားသို့ စာရင်းစစ်အဖြစ် သူအလုပ်ဝင်စမှာပင် မှိုင်းရာ ပြည့် အမှုတွဲဖြင့် လာရောက်ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ အပို့ခံလိုက်ရတော့သည်။ သို့နှင့် ၁၉၇၈ ခုနှစ် ပြန်လည်လွတ်လာခဲ့သည်ဟုဆိုပါသည်။

ပြန်လွတ်လာတော့ မြေအောက်နိုင်ငံရေးစည်းရုံးလှု ပ်ရှားမှု များတွင် ဆက်လက်ပါဝင်နေသော ကိုခင်မောင်လေးသည် ၁၉၈၈ အရေးတော်ပုံအပြီး ၁၉၈၉/၁၉၉၀ ကာလများတွင် CPB ယူဂျီ အနေနှင့် ထပ်မံအဖမ်းဆီးခံခဲ့ရသည်။ ဤတကြိမ်တွင်တော့ ၁၀ နှစ်ခန့် ထောင်တွင်း၌ နေလိုက်ရသည်။ ၂၀၀၀ ခုနှစ်လောက်က ထောင်ကပြန်လွတ်သည်။ သူထောင်က ပြန်လွတ်ပြီး နောက် မန္တလေးတွင် သူနှင့်တခါ ပြန်ဆုံသေးသည်။ အရင်က ကဲ့သို့ ဝနေ သေးသော်လည်း လူကတော့ အနဲငယ် ကျနေချေ ပြီ။ နောက်ပိုင်းလေဖြတ် သွားသည်ဟုသတင်းကြားရပြီး မိတ္ထီလာက သူ့ညီမအိမ်တွင် ကွယ်လွန်သွား သည်ဟု ကြားလိုက်ရသည်။

အရွယ်ကောင်း အချိန်ကောင်းတွင် နိုင်ငံရေးလှု ပ်ရှားမှု နှင့် ထောင်တွင်း၌ အချိန်ကုန်ခဲရသူ ကိုခင်မောင်လေးတစ်ယောက် စီးပွါးအဆင်မပြေဘဲ ကြပ်ကြပ်တည်းတည်းဖြင့် ဘဝကိုဖြတ်သန်းရင်း ကွယ်လွန်သွားခဲ့သည်ဟု ကြားလိုက်ရသည်။ ယုံကြည်ချက်အတွက် ပေးဆပ်အနစ်နာခံခဲ့သူ အညတရတစ်ဦး၏ နေဝင်ချိန်သည် မလှပခဲ့ပါချေ ။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး ( Mg Mg Soe )

photo – ကိုချစ်ဆောင်ဦး ( ပြည် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်