မောင်ကျော်မော် – ” ဖေဖေါ်ဝါရီ ၇ ရက်” အကြောင်း

February 8, 2017

– ” ဖေဖေါ်ဝါရီ ၇ ရက်” အကြောင်း 
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

” ပင်လုံ စာချုပ်အကြောင်း” ပြောကြရေးကြတာတွေက များသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဘက်ကိုချည်း တဖက်သတ် အသားပေးရေးကြတာကများ ပါတယ်။ အောက်ပါအချက်တွေဖော်ပြပေးဖို့ လိုအပ်ပါတယ်။

– ပင်လုံမှာ ရှမ်းနဲ့ ကချင်ကိုယ်စားလှယ်များ သဘောတူညီချက် (၆ ဖေဖေါ်ဝါရီ ၁၉၄၇)

– ( ၇ ဖေဖေါ်ဝါရီ ၁၉၄၇ ) မှာရောက်လာတဲ့ ချင်းအမျိုးသားကိုယ်စားလှယ်များရဲ့ ရှမ်းနဲ့ ကချင်ကိုယ်စားလှယ်များရဲ့ သဘောတူညီချက်အပေါ် ထပ်ဆင့်ပြီထောက်ခံ သဘောတူတဲ့အချက်

အဲဒီလို (၁၉၄၇ ဖေဖေါ်ဝါရီ ၇ ရက်) မှာ ရှမ်း၊ ၊ ချင်းကိုယ်စားလှယ်တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဟာ ပင်လုံစာချုပ်အတွက် ကြီးမားတဲ့ အကျိုးပြုမှုဖြစ်ပါတယ်။

– ဒီလိုသဘောတူညီချက်တွေရရှိဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့် (တောင်ကြီး) အမှူးပြုတဲ့ (ရပလ) ခေါင်းဆောင်များရဲ့ အခန်းကိုလည်း အထင် အရှားရေးသားဖော်ပြဖို့လိုအပ်ပါတယ်။

– မဖြစ်မနေဖော်ပြသင့်တဲ့အချက်ကတော့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ရဲ့ ကြေညာစာတမ်း အမှတ် (၄) ပဲဖြစ်ပါတယ်။

ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် ကြေညာစာတမ်း အမှတ် (၄)၊ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့စွဲ “မြန်မာပြည်မနဲ့ ပူးတွဲပြီး လွတ်လပ်ေ၇းအရယူကြစို့ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးထွန်းမြင့် (တောင်ကြီး) ရဲ့ (ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့် အုတ်တစ်ချပ် ) စာအုပ်၊ စာမျက်နှာ ၃၄၆ – ၃၅၄ ) မှာ ဖတ်ရှုနိုင်ပါတယ်။

– ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ဖေဖေါ်ဝါရီ ၇ ရက်ကို “ရှမ်းအမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ကြတာ မဟုတ်လား။

ရိုသေစွာဖြင့်
မောင်ကျော်မော်
၇ ဖေဖေါ်ဝါရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်