မောင်လွမ်းဏီ ● ကျနော့်မြို့ကို မပြန်ရဲဘူး

February 10, 2017

မောင်လွမ်းဏီ ● ကျနော့်မြို့ကို မပြန်ရဲဘူး
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇

ကျနော်က
ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူးလို့ ရေးတယ်။

သူကတော့
သူတို့မြို့ဟာ ပျော်စရာကောင်းတယ်တဲ့။

ယောဟန်အောင်
ငါတို့မြို့က
ပျော်စရာကောင်းတယ်
စောနဒီ (မြစ်ကြီးနား)
နေဖို့မကောင်းဘူး ကဗျာဆရာတွေနဲ့
ပျော်တဲ့ကဗျာဆရာတွေဖွဲ့သီတာ
ခံစားရတာကြောင့်လည်းပါ။

အောင်ဆန်းတံတားတော့မဟုတ်ပါဘူး
(ဗိုလ်အောင်ဆန်းက အာဇာနည်သူရဲကောင်းကြီးပါ)
နတ်မောက်ကလည်း မင်းဘူး – မကွေး – နတ်မောက်
ဝန်ရိုးစွန်း မတည့်တတည့်လောက်ကျမဲ့ မြေလတ်မြို့တွေပါ။ ထား။

မကွေးတံတားတဲ့
မကွေးနဲ့ မင်းဘူးကို ကျောခင်းပေးထားတယ်
အရှေ့နဲ့ အနောက်တရား
တံတားကိုတောင် ပိုင်းခြားနေဆဲဆိုသပေါ့လေ။

ကဗျာကျွန်းမကြီးကို
တံတားထက်ကဖြစ်ဖြစ်
တံတားအောက်က ဖြစ်ဖြစ်။

လွမ်းဖျားနဲ့ အမြဲ အပူရှပ်တာကို မြင်ရတယ်
၃၀ စွန်းစွန်း ဆိုင်ကယ်သမားလေးက ပြောပြရှာတယ်
ငယ်စဉ်က အဖေက
ဟောဒီ့ ဧရာဝတီက ဟော့ဒီမြို့က တို့တွေက ချမ်းသာကြတယ်တဲ့
အဖေက မြေနုကျွန်းမှာ လှေရှိတယ်၊ ချဉ်ပေါင်စိုက်တယ်၊ ဖရဲစိုက်တယ်၊
ငါ ပိုက်ဆံရှိတယ်
ဧရာဝတီမြစ်ကြီးကလည်း ပြောတယ်
လှေသမ္မာန်တွေ ပြည်ကူးတို့တွေ ဆန်စုန်ဆင်းကြ
ငါ့ရေစီးသံ၊ ငါ့လှိုင်းသံ၊ ငါ့တံပိုးနဲ့ တံငါမျိုးရိုး မသိုးမပုတ် ရှိနေစေရမယ်
ငါ ကျွေးထားနိုင်တယ်တဲ့။

မြို့က ပြောတယ်ဆိုပဲ
အမှန်တရားရဲ့ဆင်းရဲခြင်းတွေကို ဘူဒိုဇာနဲ့ ထိုးချင်လာခဲ့
ရဲရင့်စိတ်တွေ တို့ကြွယ်ဝခဲ့တယ်တဲ့။
ရွှေရောင်တော်၊ သံပုရာကန်၊ မန်းရေနံမြေမှာ
နယ်စုံက သတ္တိကောင်းတဲ့ အလုပ်သမားကြီးတွေရှိတာကိုး။

အဖေ ပြောပြခဲ့တာတွေပေါ့ဗျာ
အဖေက နွားလှည်းကုန်စိမ်းတိုက်ရင်း သေသွားတာလေ။

သူက ဘာရယ်မဟုတ်ဘူး ထင်ရဲ့
နောက်က ထိုင်လိုက်လာတဲ့ကျနော့်လို သူ့အဖေအရွယ်တယောက်ကို
ကြွားလိုစိတ်မပါဘဲ ပြောပြချင်တဲ့ စိတ်နေစိတ်ထားလို့ မြင်ပါတယ်
ရေနံရောင် ညိုညစ်ညစ်အသားအရည်
တရုတ်သားရည်ဂျာကင်အင်္ကျီ ဖုန်းဖိထားလည်းမရပါ
သူ့ကြည့်ရတာ ရေနံမှော်က ထွက်လာတာ ကြာသေးဟန်မတူ
ချေးထူလပစ်ပေမဲ့ ဆိုင်ကယ်က သစ်တယ်လေ။

ဒီတခေါက်က
နောက်မကျရအောင်လာရတဲ့ ခရီး
မနီးမဝေးက ကျွန်းမကြီးဆီ
မောင်နီဦးရဲ့အလွမ်းမောရာသီ
နေ့တာရှည်
မောင်နွေထက်၊ စံညိမ်းဦး၊ စောဝေ၊ စိုးသော်တာတို့ကလည်း
ကျွန်းမကြီးကို အလွမ်းရင့်ဆေးရောင်။

မွန်မြတ်ရယ်
ငယ်ချစ်တို့ရဲ့ ခေတ်တခေတ်
ဒီမြစ်မှာ စီဆင်းခဲ့ဖူးပါတယ်။

ဟုတ်လား မိတ်ဆွေကြီး
ကျနော် ဆိုင်ကယ်ဦးထုပ်စောင်းထားတဲ့ သူ့မျက်နှာပြင်ကို မမြင်ရပေမဲ့
အလန့်တကြား ဆိုသလို
ကြမ်းရှ နွမ်းလျခဲ့တဲ့ ကျနော့်တို့ အတိတ်တွေကို တူးဆွမိခဲ့
ကျွန်းမကြီးပေါ်က ရင်ကွဲပက်လက် ဘဝခြေရာတွေက
ယုံမှားသံသယရှိမှာ မဟုတ်ပါ။

ချစ်စွာသောသူတွေ၊ ငယ်ပေါင်းတွေ
အိမ်ထောင်ကွဲတွေ၊ မုဆိုးမတွေ
မျက်ရည်တွေနဲ့ ထွေးဖက်
ချစ်မက်နေရဆဲ နှစ်ကာလများစွာ
ကဗျာရေးဖို့ မွန်းကျပ်ပါတယ်
ရဲဘော်ဖုန်းဇော်နဲ့ ရဲဘော်ထင်ကျော်
ရဲဘော်အေးကျော်နဲ့ ရဲဘော်ဖိုးတုတ်
ကျွန်ုပ်တို့တတွေ၊ ရဲဘော်တွေ ရေးဖော်တွေ၊
ကမ္ဘာမကြေ သံပြိုင်ဟစ်ကြွေးခဲ့ကြတယ် မဟုတ်လား။
ကြွေလွင့်ခဲ့ကြ၊ ဝေးခဲ့ကြ
မဝေးကွာတာက၊ ချစ်ခြင်းမေတ္တာတွေ၊ အမှတ်တရတွေ၊
တန်ဖိုးတွေ၊ ယုံကြည်ချက်တွေ၊ သစ္စာတရားတွေပါ။

စေတီပုထိုးတွေထက်
နဂါးပွက်တောင်ထိပ်က သက်ရင့်ရုန်းကြွမှုတွေ
ဘာသာတရားရဲ့ အဆုံးအမအောက်က ရပ်ဆွေရပ်မျိုးတွေ
ဂုဏ်ကြီးသူတွေ၊ ဒေသစွဲကြီးသူတွေ
မန်ကျီးပင်ကြီးတွေ၊ တမာပင်ကြီးတွေ
မြို့လုံးကျွတ်မီးလောင်ခံရတဲ့ ပူလောင်ကျွမ်းမြိုက်မှုတွေ
ရေနံမြေလို့ ကျော်ကြားတဲ့မြို့ဟာ
မီးမှောင်မှောင်အောက်မှာ မတရားမှုအောက်က ရုန်းထရင်း
အကျအဆုံးတွေလည်း များခဲ့ပါတယ်။

ဒါဟာ
မြေလတ်အနောက်ကမ်းသမိုင်းရဲ့ ပုံရိပ်တွေပါ
မြေလတ်သားတွေရဲ့ ပြဋ္ဌာန်းချက်ပါ
လွမ်းမောဖွယ်ရာပေါ့ရဲဘော်တို့
တောင်တွင်း၊ မြို့သစ်၊ ရေနံချောင်း၊ ဆင်ဖြူကွန်း၊ မကွေး၊ ငဖဲ၊ ပွင့်ဖြူ
နိုင်ငံရေးနဲ့ စာပေလှုပ်ရှားမှုကို
လူတလုံး သူတလုံး ဖြစ်အောင်
ရှင်မဟာရဋ္ဌသာရ၊ ဦးသြဘာသနဲ့ ပေလေးပင် ရှင်လေးပါးကို
ဦးထိပ်ထားခဲ့ကြတယ်။

ရဲဘော်ဇော်သက်ထွေး၊ ရဲဘော်ကိုကိုအေး၊ ရဲဘော်မောင်နီဦး၊ ရဲဘော် မော်ဖူးတို့
ဗဟိန်းအောင်နဲ့ တို့ မြစ်အနောက်ဘက်ကမ်းက
အမှန်တရား မြတ်နိုးခဲ့သူ အားလုံးကို လွမ်းဆွတ်ကြပါ။

မင်းမြင့်ဇင်နဲ့ နှင်ဦး၊ ဝင်းဌေးဦးတို့ကို ထာဝရ ရင်ထဲမှာ ရှိနေပါ
လူငယ်မျိုးဆက်သစ်တွေကို ရွှေစက်တော်ခြေတော်ရင်းမှာ
သမိုင်းတန်ဖိုးသိအောင် ညွှန်းဆိုထုဆစ်ပါ
မန်းချောင်းလရောင်ဟာ
တို့တွေ အားလုံးရဲ့အနာဂတ်သစ်ပါ။

ပင်လုံကို ရင်ခုန်သူတွေ
လေဆိပ်က သေနတ်သံ
အံကျဖိတ်စင်လာတော့
ဧရာဝတီကမ်းဆိပ်မှာ
ထိတ်ထိတ်ပြာပြာဖြစ်ရပြန်တယ်။

ဒါကြောင့်
ကျနော် မြို့ကို မပြန်ရဲပါဘူး
မလွဲမရှောင်သာ ပြန်လာခဲ့ရသော်ငြား
ကျနော်ဟာ တိုင်းနိုင်ငံမဲ့သူတယောက်ပါ။

မောင်လွမ်းဏီ
ဖေဖော်ဝါရီ ၂၊ ၂၀၁၇

…..
မှတ်ချက်

အကိုဆရာ WPM ရဲ့ ရွှေစက်တော်နွေ အမည်ရ ပန်းချီကားလေးနဲ့ ဒီညရေးဖြစ်တဲ့ကဗျာကို ခံစားစေချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်