ငြိမ်းချမ်းရေး၊ လူသတ်ဝါဒ ဆန့်ကျင်ရေး နိုင်ငံရေးဆွးနွေးပွဲ ကျင်းပ

February 14, 2017

ငြိမ်းချမ်းရေး၊ လူသတ်ဝါဒ ဆန့်ကျင်ရေး နိုင်ငံရေးဆွးနွေးပွဲ ကျင်းပ
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇ (ဓာတ်ပုံ – ထွန်းဝင်းငြိမ်း)

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးဟောပြောဆွေးနွေးပွဲ တရပ်ကို ၁၃၊ ၂၊ ၁၇ ရက် နေ့လည်ပိုင်းမှာ ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနခန်းမ၌ ကျင်းပခဲ့ပါတယ်။

 

 

နိုင်ငံရေးဆွေးနွေးပွဲကို ၁၂၊ ၂၊ ၂၀၁၇ ပြည်ထောင်စုနေ့က မင်္ဂလာရာမ
ပါဠိတက္ကသိုလ် ကျောင်းတိုက်မှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် သက်ဆိုင်ရာ
အာဏာပိုင်တွေက ကျောင်းထိုင်ဆရာတော်တွေကို ကျင်းပခွင့်မပေးဖို့
ဖိအားပေးခံရတာကြောင့် နေရာနဲ့ အချိန်ပြောင်းရွှေ့ခဲ့ရကြောင်းသတင်းရရှိပါတယ်။

 

 

 

 

 

“ငြိမ်းချမ်းရေး၊ လူသတ်ဝါဒ ဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပတာဖြစ်ပါတယ်။ ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးဒေါက်တာ အမ်ကွန်လ(ကချင်အမျိုးသားကွန်ဂရက်)၊ ဦးချစ်ဆောင် (ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်)၊ ကိုကောင်းထက်ကျော်(ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)တို့က “ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးခဲ့ကြပါတယ်။ ဦးကြီးမြင့်(ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)၊ ကိုကျော်ကိုကို (ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး) တို့က “လူသတ်ဝါဒ ဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခဲ့ကြပါတယ်။

 

 

ဆွေးနွေးပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊
ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အမျိုးသားအင်အားစု ၆၉ ဖွဲ့ရဲ့ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ထွန်းဝင်းငြိမ်း, ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်