ကိုသန်းလွင် – ၀င်စတန်ချာချီ၏ပုံမနှိပ်ရသေးသောဆောင်းပါးတပုဒ်

February 21, 2017


ကိုသန်းလွင် – ၀င်စတန်ချာချီ၏ပုံမနှိပ်ရသေးသောဆောင်းပါးတပုဒ်

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇

(၁)

လွန်ခဲ့သောနှစ်ပေါင်း ၇၀ခန့်က ရန်သူ နာဇီဂျာမဏီတို့နှင့် စစ်တိုက်ရန်ုပြင်ဆင်နေချိန်တွင် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမည့် ၀င်စတန်ချာချီက သိပ္ပံဆောင်းပါးတပုဒ်ကို ရေးနေခဲ့ပါသည်၊ “ Are we alone in the universe” ဆိုသော ဆောင်းပါးကို ထုတ်ဝေသူတို့ထံ ပို့ခဲ့သည့်တိုင် မထုတ်ဝေဖြစ်ခဲ့ပါ၊ ၁၁ မျက်နှာရှိသော ထိုဆောင်းပါးကို မစ်ဆိုရီပြည်နယ်ရှိ ချာချီစာကြည့်တိုက်မှတဆင့ှ် ကမ္ဘာကသိခွင့်ရခဲ့ပါသည်။

ဗြိတိန်နိုင်ငံက စစ်ကြေညာ၍ စစ်ကြီးထဲသို့မပါဝင်မှီ ရက်သတ္တပါတ်အနည်းငယ်အတွင်း အောက်တိုဘာ ၁၆, ၁၉၃၉ နေ့စွဲဖြင့် ထုတ်ဝေသူတို့ထံ ချာချီကပို့ခဲ့ပါသည်၊ ဒုတိယကမ္ဘာစစ်အတွင်း ကက်ဘိနက်ဝန်ကြီးဖြစ်လာ သော မစ္စတာချာချီ မှာ ပြင်ပအာကာသ၌ သက်ရှိသတ္တ၀ါများရှိနိုင် မရှိနိုင် ပြဿနာကို အမြဲတမ်းစဉ်းစားနေခဲ့ပြီး သူ့ဆောင်းပါးကို အကြိမ်ကြိမ် ပြင်ရေးခဲ့ပါသည်။

(၂)

ယနေ့ အင်တာနက်ခေတ်ကြီးတွင် ဖတ်ရသော သူ၏ဆောင်းပါးကိုကြည့်လျင် သူ၏သိပ္ပံအတွေးအခေါ်ရှိပုံ၊ သိပ္ပံပညာရှင်တစ်ဦး၏ စဉ်းစားပုံအတိုင်း စဉ်းစားတက်ပုံတို့ကို မြင်နိုင်သလိုပင် သူမေးထားသည့် အခြေခံကျ သော မေးခွန်းကို ယနေ့အချိန်အထိ တိတိပပ အဖြေမထုတ်နိုင်ကြသေးသည်ကိုလည်း တွေ့နိုင်ပါသည်၊ သူ့ ဆောင်းပါးတွင် သက်ရှိများဖြစ်ပေါ်တည်ရှိနေနိုင်ရေးအတွက် ရေလိုအပ်ပုံ၊ လေထုတွင် လိုအပ်သောဓါတ်ငွေ့ များကိုထိမ်းသိမ်းထားနိုင်ရန် မြေဆွဲအား လိုအပ်ပုံတို့ကိုဆွေးနွေးထားသည်၊

သူဆောင်းပါးကိုရေးစဉ်အခါက အာကာသပြင်ကျယ်တွင် ကမ္ဘာကဲ့သို့သော နေကို ၀ိုင်းပတ်နေမည့် အရာဝတ္ထု များ၊များစွာ ရှိသည်ဟု မသိကြရသေးပါ၊ သူတို့ခေတ်ကစဉ်းစားနိုင်သည်မှာ အသက်ဟူ၍ ဖြစ်ပေါ်တည်ရှိနိုင်ရန် အင်္ဂါ ဂြိုလ်နှင့် သောကြာဂြိုလ် နှစ်ခုသာရှိပြီး မာကျူရီဂြိုလ်မှာ နေနှင့်အလွန်နီးသောကြောင့် သက်ရှိ သတ္တ၀ါ များ မရှိနိုင်ဟုလက်ခံထားကြပါသည်၊ ၁၈၈ရ ခုနှစ်က အင်္ဂါဂြိုလ်တွင် ဖြောင့်တန်းနေသော လမ်းကြောင်းများကို မြင်ကြရရာ သက်ရှိများကတူးထားသည့် တူးမြောင်းများဟု ယူဆခဲ့ကြသည်၊ ယခုအခါ အမြင်မှားခြင်း (Optical illusions) သာဖြစ်ကြောင်းသိကြရပါပြီ၊ ၁၉၆၁ခုနှစ် ကက်ပလာ အာကာသလေ့လာရေးစခမ်း (Kepler Space Observatory) ပေါ်လာ သောအခါ မစ်လ်ကီဝေး စင်္ကြာဝဠာတခုတည်းမှာပင် ကမ္ဘာ ကဲ့သို့သော ဂြိုလ်များမှာ သန်းထောင်ချီ၍ရှိနိုင် ကြောင်းသိကြရပါပြီ၊

ဗုဒ္ဓကအနန္တစင်္ကြာဝဠာ ဟုဟောခဲ့သည့်အတိုင်း ဂယ်လက်စီကြယ်အစုအဝေး အပေါင်းမှာအရေအတွက်ကို ခန့်မှန်းရန် မဖြစ်နိုင်လောက်အောင် များပြားသည်ကို ကျွန်တော်တို့သိပြီး ဖြစ်ပါသည်၊ ထိုသို့ဆိုလျင် ချာချီက ကောက်ချက်ချခဲ့သလို ဤစကြ်ာဝဠာလောကကြီးတွင် သက်ရှိသတ္တ၀ါရှိသော ကမ္ဘာဂြိုလ်ကဲ့သို့သော ဂြိုလ်ကြီး များရှိကြဦးမည်၊ ကျွန်တော်တို့နှင့် အဆက်အသွယ် မလုပ်နိုင်သေးသည်သာ ရှိသည်ဟု ဆိုရန်သာရှိပါသည်။

သူ၏သိပ္ပံကိုစိတ်ဝင်စားမှုမှာ ၂၂နှစ်အရွယ် အိန္ဒိယစစ်တပ်အရာရှိအဖြစ် အမှု့ထမ်းစဉ်ကတည်းက စခဲ့ပါသည်၊ မိခင်ဖြစ်သူက အင်္ဂလန်မှနေ၍ သူမှာသမျှ သိပ္ပံစာအုပ်များကို ပို့ပေးခဲ့ရပါသည်၊ ဒါဝင်၏အီဗော်လူးရှင်းစာအုပ် အိပ်(ချ)ဂျီဝဲလ် ၏စာအုပ်များမှာ သူအကြိုက်နှစ်သက်ဆုံးစာအုပ်များစာရင်းတွင်ပါဝင်ပါသည်၊

သိပ္ပံပညာရှင်တယောက်ဖြစ်လာစေရန် စနစ်တကျ သင်ယူခဲ့ရခြင်းမဟုတ်ဘဲ မိမိဖါသာ ဗဟုသုတရှာဖွေပြီး သိပ္ပံ ပညာရှင်တယောက်ကဲ့သို့ ကောက်ချက်ချနိုင်ခဲ့ခြင်းမှာ ချာချီ၏ အရည်အချင်းပင် ဖြစ်ပါသည်၊ Cold Fusion အကြောင်းရေးရာတွင် ရေတပေါင် တွင်ပါဝင်သော ဟိုက်ဒြိုဂျင်များကိုသာ ဟီလီယံအဖြစ်ပြောင်းပေးနိုင်ခဲ့လျင် မြင်းကောင်ရေ တထောင်အား အင်ဂျင်တခု ကိုတနှစ်လုံးဆက်တိုက်မောင်းနှင်နီုင်သည့် စွမ်းအင်ကို ရမည် ဟုရေးခဲ့ဖူးသည်၊

သူ့ဘ၀တလျှောက်လုံး စာလုံးရေသန်း ၃၀ မျှ ရေးခဲ့သည်ဟု ခန်မှန်းကြပါသည်၊ စစ်ပွဲအကြောင်းမှတ်တမ်းများ၊ သူ့ဘ၀ဇာတ်ကြောင်း၊ မိန့်ခွန်းများ စသည်ဖြင့် စာကိုဆက်တိုက်ရေးနိုင်ခဲ့သူ ဖြစ်ပါသည်၊ နိုဗယ်ဆု ရွေးချယ်ရေး အဖွဲ့က ၁၉၅၃ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဗယ်ဆုကို ချီးမြှင့်ခဲ့သည်။

သူဝန်ကြီးချုပ် ဖြစ်လာသောအခါ သူ့မိတ်ဆွေ Frederick Lindermann ကို အစိုးရ၏ သိပ္ပံဆိုင်ရာ အကြံပေး အရာရှိအဖြစ် ခန့်အပ်ခဲ့သည်၊ ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်လာသည့်ရာထူးနေရာ ဖြစ်ပါသည်၊ နောက်ပိုင်းတွင်မူ အမေရိကန် အစိုးရသည် သမ္မတကိုအကြံပေးရမည့် သိပ္ပံပညာအကြံပေးအရာရှိများကို ဆက်တိုက်ခန့်အပ်ခဲ့ကြ သည်၊ ချာချီ၏ သိပ္ပံပညာတွင် စိတ်ဝင်စားပြီးသိပ္ပံအတွေးအခေါ်ထူးခွန်မှုကို သိလာသောအခါ ချာချီသည် သိပ္ပံပညာရှင် ဖြစ်ရမည့်အစား နိုင်ငံရေးလောကသို့ နေရာမှားရောက်လာသူဖြစ်သည်ဟု ဆိုခဲ့ကြပါသည်။

ချာချီက သိပ္ပံပညာရှင်အများအပြားကို အမြဲတွေ့ဆုံနေခဲ့ပြီး စစ်အတွင်း ရေဒါများ (Radar) တိုးတက်အသုံးချ နိုင်ရေး၊ ရန်သူ U-boat များကို အဝေးမှမြင်နိုင်သော စက်ကရိယာများအကြောင်း ပြောဖန်များလာသောအခါ သူ၏ ရေတပ်ဗိုလ်ချုပ်ကြီးက “စစ်တိုက်တာ လက်နက်နဲ့တိုက်မှာလား Slide rule နဲ့တိုက်မှာလား” ဟု မေးခဲ့ သည်၊ ချာချီက “Slide Rule တွေနဲ့စမ်းကြည့်ရအောင်” ဟု စိန်ခေါ်ခဲ့ဖူးသည်၊ (Slide rule ဆိုသည်မှာ အီလက် ထရောနစ် ဂဏန်းပေါင်းစက်များမပေါ်မှီက အင်ဂျင်နီယာသုံးဂဏန်းပေါင်း ကရိယာများဖြစ်သည်)

အမေရိကားရှိ မက်ဆာချူဆက် စက်မှုတက္ကသိုလ်ကိုပုံစံယူ၍ အလားတူ ချာချီကောလိပ်တခုကို တည်ထောင်ခဲ့ သည်၊ ထိုကောလိပ်မှ ယနေ့အထိ နိုဗယ်လ်ဆုရပညာရှင် ၃၂ ဦးအထိ ထွက်ပေါ်ခဲ့ပါပြီ၊ သူကအခါအားလျော်စွာ သိပ္ပံ ဆောင်းပါးများကို ရေးလေ့ရှိရာ ၁၉၂၄ ခုနှစ်က ကျွန်တော်တို့အားလုံး ကိုယ့်ဖါသာ သတ်သေကြရမလား (Shall we all commit suicide?) ခေါ်ဆောင်းပါးကို ရေးခဲ့သည်၊ အနုမြူဗုံးများ မပေါ်မှီအချိန်ကရေးခဲ့ခြင်းဖြစ်ပါ သည်၊ မြို့ကြီးတမြို့လုံးကို ဖျက်ဆီးနိုင် သည့်ဗုံးတွေ ပေါ်ပေါက်လာပါလျင် မိမိဖါသာသက်သေသလို ဖြစ်ပါ လိမ့်မည်ဟု သတိပေးခဲ့ခြင်း ဖြစ်ပါသည်။

ချာချီက ဂြိုလ်ကြီးများ ဖြစ်ပေါ်လာပုံကို ဖေါ်ပြရာတွင် နေကဲ့သို့သော ကြီးမားသည့် ကြယ်ကြီးနှစ်ခုတို့ နီးကပ် သွားချိန်တွင် ကြယ်တခုမှဓါတ်ငွေ့များထွက်စင်ကျလာသည်၊ ထိုဓါတ်ငွေ့များ အေးခဲသွားချိန်တွင် ကမ္ဘာဂြိုလ် ကဲ့သို့သော ဂြိုလ်များဖြစ်ပေါ်လာသည်ဟုဆိုသည်၊ ၁၉၁၇ခုနှစ်က James Jeans ဆိုသူကထိုသို့ ကြံဆခဲ့ဘူးရာ ယခုအခါ ဤကဲ့သို့ မဖြစ်နိုင်ကြောင်းသိနေကြပါပြီ၊

ကျွန်တော်တို့သည် ကမ္ဘာပေါ်တွင် လူဖြစ်လာသည့်တိုင်အောင် မိမိတို့၏ ဖြစ်ပေါ်ပုံသမိုင်းကြောင်းကို အလုံးစုံ သိကြသေးသည်မဟုတ်ပါ၊ ဥပမာ တခါက ကမ္ဘာကြီးတခုလုံးသည် ရေခဲတွေ ပိတ်ဖုံး၍ နှင်းလုံးကြီးများသဘွယ် အာကာသတွင် မျောနေခဲ့ကြဘူးသည်ဟုဆိုကြသည်၊ ဒိုင်နိုဆော ကဲ့သို့သော သတ္တ၀ါကြီးများသည် ကမ္ဘာပေါ်မှ ဘယ်ပုံဘယ်နည်းပျောက်ကွယ်သွားရသည်ကို တိတိကျကျ မသိနိုင်ကြသေးပါ၊ နေစင်္ကြာဝဌာကြီးအတွင်းမှာပင် ဂြိုလ်များသည် နေနှင့် အနီးအဝေး ပါတ်လမ်းကြောင်းများပြောင်းခဲ့ကြဖူးသည်ဟု ဆိုသူကဆိုကြသည်။

၁၉၇၀ခုနှစ်များက Vera Rubin ဆိုသည့် အမေရိကန် နက္ခတ္တပညာရှင်အမျိုးသမီးက စကြ်ာဝဠာကြီးများ၏ ရွေ့လျားနှုန်းအလျင်များကို တိုင်းတာပြီး ထိုမျှအမြန်ရွေ့နေကြဘို့ဆိုလျင် စင်္ကြ၀ဠာကြီး၌ ကျွန်တော်တို့ မမြင်နိုင် သော ဒြပ်ထုကြီးများ ရှိရမည်ဟု ဟောကိန်းထုတ်ခဲ့သည်၊ ယနေ့တိုင် ထိုဒြပ်ထုမဲများကို မတွေ့ မမြင်ကြရသေး ပါ၊ ၄င်းဒြပ်ထုမဲ(Black Hole) ဟု ယူဆသည့်နေရာများကိုမူ ဓါတ်ပုံရိုက်ယူရန် ပြင်ဆင်နေကြဆဲဖြစ်ပါသည်။

ဆိုလိုသည်မှာ ချာချီ ထိုဆောင်းပါးကို ရေးခဲ့သည့်ကာလမှကြည့်လျင် ယနေ့တိုင် အခြေခံကျသော မေးခွန်းများ ကိုကျွန်တော်တို့ မဖြေနိုင်ကြသေးပါ၊ သို့တိုင် သိပ္ပံ၏ တိုးတက်မူများကြောင့် လူတို့၏နေထိုင်မူ ဘ၀တွင်အံ့မခန်း တိုးတက်လာပုံများကိုမူ ကျွန်တော်တို့မြင်တွေ့ရှိနေကြပါပြီ။

ချာချီ ကို ၂၀ ရာစု၏သြဇာကြီးမားသောနိုင်ငံရေးခေါင်းဆောင်၊ ကြည်လင်သောအမြင်ရှိသည့် သမိုင်းပညာရှင်၊ ဆွဲဆောင်မှု အပြည့်ရှိသော ဆော်သြနိုင်သူဖြစ်သည့်ပြင် သိပ္ပံရေးရာများတွင် ကောင်းမွန်သော ပေါ်လစီများကို ချမှတ်နိုင်သူအဖြစ်အသိအမှတ်ပြုကြရပါလိမ့်မည်၊ သူက သုတေသနဓါတ်ခွဲခမ်းများ၊ တယ်လီစကုပ်မှန်ပြောင်း များတည်ဆောက်ရေး၊ ဂျင်း (Gene) ဆိုင်ရာသုတေသန၊ အိပ်(စ)ရေး ဆိုင်ရာသုတေသန လုပ်ငန်းများကို အမြဲ အားပေးခဲ့ပါသည်၊

(၃)

ဝင်စကန်ချာချီသည် သိပ္ပံပညာကိုစိတ်ဝင်စားပြီး သိပ္ပံပညာနှင့် တက်ခနိုလိုဂျီတိုးတက်ရေးကို ဦးစား ပေးသူဖြစ် သည်၊ လူနှင့်လူ့တန်ဘိုးအတွက်အခြေခံကျပြီးအရေးကြီးသော မေးခွန်းများကို မေးတတ်သူဖြစ်သည်၊

ယနေ့ Globalization ခေတ်ကြီးတွင်ရွေးချယ်တင်မြောက်ခံရသော နိုင်ငံခေါင်းဆောင်ကြီးများသည် ချာချီ၏ ဥပမာအတိုင်း သိပ္ပံပညာရှင်များကို အစိုးရအကြံပေးအဖွဲ့တွင်ပါဝင်စေပြီး သိပ္ပံပညာ၏အသီးအပွင့်များကို ဖန်တီး ရယူသင့်လှပါသည်၊

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, အတွေးအမြင်

One Response to ကိုသန်းလွင် – ၀င်စတန်ချာချီ၏ပုံမနှိပ်ရသေးသောဆောင်းပါးတပုဒ်

  1. U U lin on February 21, 2017 at 9:07 pm

    လက်နက်ကိုင်ထား လက်နက်နက်ပိုင်ထားသူအားလုံး
    ကျုပ်တ်ု့သာမန်ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကြည့်ကြ
    စေချင်ပါတယ် သာမန်ပြည်သူတွေရဲ့နေရာမှာခေတ္တဝင်ရောက်ခံစားကြည့်ကြစေချင်ပါတယ ခင်ဗျား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်