သစ်စိုး ● ဘီယာ တခေါက်

March 18, 2017

  ● ဘီယာ တခေါက်

(မိုးမခ) မတ် ၁၈၊ ၂၀၁၇

 

ဘီယာတခွက်သောက်ဖို့ စပြီးစိတ်ကူးမိချိန်နဲ့ တထပ်တည်း အနီးအနားဘားဆိုင်မှာ ဘီယာတခွက် ထိုင်သောက်နေမိတဲ့အ ဖြစ်ကို သူသတိထားလိုက်မိရဲ့။

တကယ်တော့ သူတခွက်သောက်ထားပြီးသား။ ဒုတိယတခွက်သောက်ဖို့ လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာလို့ သူစဉ်းစားမိ တယ်။ ဘီယာခွက်ကို မော့ချလိုက်ပြီး တတိယတခွက် ထပ်မှာလိုက်တယ်။ သူနဲ့ မလှမ်းမကမ်းမှာ ကောင်မလေးတယောက် ထိုင်နေလေရဲ့။ သိပ်ပြီးအလန်းကြီးတော့ မဟုတ်။ ခပ်မိုက်မိုက်ကလေး။ အိပ်ယာထဲမှာဆို အသုံးတည့်လောက်မှာ။ ဘီယာ သောက်ပြီးသွားပြီလား။ မမှတ်မိလိုက်။ တကယ့်တကယ် အရေးပါတာကတော့ သူ့လိင်အာသီသ ပြေလျှော့ခဲ့ပြီလား။ ဒီလို ပြေလျှော့ဖူးလို့လား။

ကောင်မလေးရဲ့တိုက်ခန်းကနေအိမ်ပြန်အလာ မြူဆိုင်းနေတဲ့ညဘက်လမ်းတွေ ဖြတ်သွားရင်း ဒီအဖြစ်ကို သူတွေးနေမိ။ ခယူးဖီကော်ပတ်ရုပ်တွေတပုံတပင်ရှိရာ တိုက်ခန်း။ ခါးနစ်ဗဲလ်ပွေဲတ်ာက မဲပေါက်တဲ့ဟာမျိုး။ သူမှတ်မိသလောက် သူတို့ အဲဒီလိုပွဲတော်မှာ အချိန်းအချက်လုပ်ဖြစ်တာ။ အဲဒီမှာ ကောင်မလေးက အရုပ်တရုပ် ထပ်ရတယ်။ ဒါမျိုးအထာ ကျွမ်းလောက် ပါရဲ့။ ကောင်မလေးတိုက်ခန်းဆီ သူတို့ နောက်တခေါက်ရောက်သွားတော့ အဝတ်တွေ ချွတ်ချကြတယ်။ ကောင်မလေးက သူတို့ လဲလျောင်းကြရာ အိပ်ယာထဲမှာ၊ ကော်ပတ်ရုပ်အသစ်လေးကို စိတ်လှုပ်လှုပ်ရှားရှားနဲ့ ဖက်ထားလိုက်သေး။

ဘယ်အချိန်လောက် အိပ်ပျော်သွားသလဲဆိုတာတောင် မမှတ်မိလိုက်ဘူး။ ဒီလောက်လည်း အသေးစိတ်မနေချင်ပါ။ ည ဘက် လမ်းကြောမှာ သူ ကယီးကယိုင် လျှောက်နေမိတာ။ မြူတွေက ဆိုင်းနေတုန်း။ သူနေထိုင်ရာ တိုက်ခန်းဟာ သူ့ မှာရှိခဲ့ဖူးတဲ့ လိင်အာသီသစိတ်လို သူ့မှတ်ဉာဏ်ထကဲနေ မှေးမှိန်ပျောက်ကွယ်နေပေါ့။ အဲဒီ ခါးနစ် ဗဲလ်ပွီဆဲ ကောင်မ လေးကိုပြန် ခေါ်သွားဖို့ သူအတွေးပေါ်မိလိုက်သေးတယ်။ အဲဒီမှာ ကောင်မလေးက ခယူးဖီကော်ပတ်ရုပ် မဲပေါက်ဦးမှာ။ (ဒီ အကြိမ်ဟာ သူ တို့တတွေရဲ့ ဒုတိယအကြိမ်မြောက် အချိန်းအချက်။ စတုတ္ထအကြိမ်လည်း ဖြစ်ချင်ဖြစ်မှာ။)

ဒီတခါ သူတို့နှစ်ယောက် အရင်ကဆုံဖြစ်တဲ့ဘားဆိုင်မှာ အိပ်ယာဝင်ခါနီး အချစ်နှိုး၊ ဘီယာ နောက်ထပ်တခွက်စီ သွား သောက်ကြတယ်။ အဲဒီမှာ ဗလကောင်းကောင်း ထောင့်မကျိုးတဲ့အကောင်နဲ့ ကောင်မလေးတို့ စပြီးအခြေအတင်ဖြစ်ကြ တယ်။ သူဝင်ဖျန်လိုက်တော့ ကောင်မလေးက သူ့ကိုဆေးရုံမှာ လာတွေ့ရတော့တာပဲ။ ကောင်မလေးကသူအဖော်ရအောင် ခယူးဖီကော်ပတ်တရုပ်တောင် လာပို့သွားသေး။ ဒါဟာ ကောင်မလေးအနေနဲ့ သူတို့နှစ်ယောက်ရဲ့သံယောဇဉ်ကို ပုံဖော် လိုက်တာ။ အဲဒီလို ယူဆရတာပဲ။ ဂျိုင်းထောက်တကားကားနဲ့ ဆေးရုံကဆင်းလာတော့ မြို့ဘယ်ဘက်ပိုင်းကိုရောက်နေတယ်ဆိုတာတောင် ဇဝေဇဝါနဲ့။ တနှစ်တာ ဘယ်အချိန် ဘယ်လပိုင်းဆိုတာ တောင်ခပ်မေ့မေ့။ အဆက်ဖြတ်ကြဖို့ အချိန်တန်ပြီ လို့ စိတ်ကူးလိုက်မိသေးတယ်။ ကောင်မလေးက သူ့ကို ဒေါသပုန်ထတော့တာပေါ့။ ဗလကောင်းကောင်းထောင့်မကျိုးတဲ့ကောင် သူတို့မင်္ဂလာဆောင် ရောက်လာသေးတယ်။ သူ့ကို ဆော်ပလော်ခဲ့တာနဲ့ပတ်သက်လို့ တောင်းပန်သွားတယ်။

ကိစ္စမရှိပါဘူးလို့သူကပြန်ပြောလိုက်မိရဲ့။ အဲဒီကောင်ရဲ့မဂင်္လာလက်ဖွဲ့ကတော့ သူတို့ဆုံဖြစ်တဲ့ဘားဆိုင်မှာ ဘီယာနှစ်ခွက်အလကားသောက်လို့ရတဲ့လက်ဆောင်ပြေစာနဲ့ သူ့ဂျိုင်းထောက်မှာ ချည်စရာ အဖြူရောင် ဖဲကြိုးနှစ်စ။ မင်္ဂလာဆောင်အခမ်း အနားအချိန်မှာ သူတို့နှစ်ယောက်စလုံး ခယူးဖီကော်ပတ်ရုပ်တွေ လက်ထဲပွေ့ထားကြတယ်။ ကိုယ့်အ တိတ်နိမိတ်နဲ့ကိုယ် ပေါ့။ သူ့ပစ္စည်းဖြစ်ဖြစ်၊ အခြားအကောင်ဟာပဲဖြစ်ဖြစ် ကောင်မလေး ကလေးမီးဖွားတော့ အချိန်တွေအကုန် မြန်လိုက်တာရယ် လို့ တွေးမိတွေးရာ တွေးမိလိုက်သေး။ အခုတော့ သူ့မှာလည်း တာဝန်တွေပိနေပြီပေါ့။ ကောင်မလေးနဲ့တွေ့စဦးတုန်းက အလုပ်ရှိနေသေးသလားလို့ ပြန်စုံစမ်းဖို့ ဆုံးဖြတ်လိုက်မိတယ်။ ရှိနေသေးတယ်တဲ့။ အလုပ်ကနေ အချိန်အကြာကြီး ပျက် ကွက်နေတဲ့ ပျက်ကွက်မှုကို အရေးမထားကြပါဘူး။ ဒါပေမယ့် သူအိမ်ထောင်ကျတာနဲ့ပတ်သက်လို့ ဘယ်သူကမျှ လှိုက် လှိုက်လှဲလှဲရှိပုံ မပေါ်ကြ။ ဒီလိုဖြစ်ရတာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပါ။ ဒီဇနီးနဲ့ မဆုံဖြစ်ခင်ကတည်းက သူကိုယ်တိုင် လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတယောက်နဲ့ စေ့စပ်ကြောင်းလမ်းနှင့်ပြီးသား။ တဌာနတည်းသားတွေ သူတို့စုံတွဲကို စေ့စပ်ပွဲဖြစ် အောင် ကမကထ လုပ်ပေးခဲ့ကြတယ်။ ဒါကြောင့် အဲဒီပွဲမှာ သူတို့ ပံ့ပိုးခဲ့ကြရတဲ့ လက်ဆောင်ပစ္စည်းကုန်ကျစရိတ်တွေအတွက် မကျေမချမ်းဖြစ်နေကြမှာပေါ့။ အားနာစရာ။ အခြေအနေကတော့ ဘေးကြပ်နံကြပ်။ ကလေးတကောင်က သူငယ်တန်း မှာ။ နောက်ထပ်တယောက်ကလည်း ပြူတစ်ပြူတစ်။ သူဘာတတ်နိုင်ဦးမှာလဲ။ လက်ဆောင်ပြေစာက ဘီယာတောင် မ သောက်ရသေးဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့။ ဘီယာတခွက်၊ နှစ်ခက်ွလောက်တော့ သောက်လို့ရနေပါသေးတယ်။ တကယ်ပြော ရရင် တတိယခွက်တောင် သောက်နိုင်သေး။ သူ့နားမှာထိုင်နေတဲ့ ကောင်မလေးတယောက်။ အိပ်ရာထဲမှာဆိုရင် အသုံး တည့်ကောင်းတည့်နိုင်ရဲ့။

ကောင်မလေးက သူ့မယားမှမဟုတ်တာ။သူ့မှာလည်း ဖောက်လွေဲဖာက်ပြန်လုပ်ဖို့ ဆန္ဒမရှိ။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ချွန်းအုပ် ကြည့်ရတာပေါ့။ သူကတော့ ကောင်မလေးကုတင်အစွန်းမှာထိုင်လျှက်သား။ ဘောင်းဘီတောင် ခြေကျင်းဝတ်ရောက်အောင် ချွတ်ချပြီးသား။ ဆက်ပြီးချွတ်ချရမှာလား။ ပြန်ပြီးဆွတဲင်လိုက်ရမှာလား။ သိပ်တော့မသေချာပေမယ့်လည်း သူက ဘောင်း ဘီကိုပဲ ပြန်ဆွဲတင် ဝတ်လိုက်မိပေါ့။ ပြီးတော့ အိမ်ဆီ လိမ်ဖည်လိမ်ဖည်နဲ့ ပြန်လာမိတယ်။ သူရဲ့ ဖဲကြိုးချည်ထားတဲ့ ဂျိုင်း ထောက်တောင် တနေရာမှာ ကျန်ရစ်ခဲ့သေး။ အိမ်ပြန်ရောက်တော့ နဂိုတုန်းက စင်ပေါ်တင်ထားတဲ့ခယူးဖီကော်ပတ်ရုပ်တွေ ကလေးတွေ နည်းနည်းကြီးလာတော့ တိုက်ခန်းတခန်းလုံးမှာပြန့်ကြဲနေတာပဲ။ ခေါင်းပြုတ်တာပြုတ်။ ခြေလက်ပြုတ်တာပြုတ်။ ကလေးတယောက်က ငိုနေတယ်။ မီးဖိုပေါ်မှာ နို့တပုလင်းကို နွှေးထားလိုက်ပြီး၊ ကလေးကို ချိုလိမ်နဲ့တပ်ထားဖို့ အခန်းထဲ အဝင် ညဝတ်အင်္ကျီမှာ ပင်အပ်နဲ့ချိတ်တွဲထားတဲ့ မိန်းမရဲ့စာတစောင် တွေ့လိုက်မိတာပေါ့။ စာထဲမှာ မိန်းမက နောက်ထပ် တယောက်ထပ် မေွးဖို့ ဆေးရုံကိုပြေးပြီတဲ့။ အိမ်ပြန်ရောက်တဲ့အခါ သူ့ကိုမတွေ့ရရင် ပိုကောင်းမယ်တဲ့။ မိန်းမက သူ့ကိုသတ် ပစ်မယ်လို့ ကြိမ်းထားတာ။ သိတ်ယုံတာပေါ့။ ဒါနဲ့ သူလမ်းပေါ်ချက်ချင်းပြန်ထွက်လာမိတယ်။

ကလေးကို နို့ပုလင်းပေးထားဖြစ်ခဲ့သလား၊ ဒါမှမဟုတ် မီးဖိုပေါ်မှာပဲ ခမ်းကုန်ပြီလားဆိုတာ သူတွေးနေမိပြန်တယ်။  အိမ်နားကဘားဆိုင်ရှေ့ဖြတ်သွားရင်း စိတ်ပြန်လည်လာမိပေါ့။ ဒီဘဝ ဒီဒုက္ခသုက္ခလောက်နဲ့ပဲ တော်သင့်ပြီလို့ ဆုံးဖြတ်မိရဲ့။ ဆက်လျှောက်ဖို့အလုပ်မှာ သူ့ကိုဆော်ထည့်လိုက်ဖူးတဲ့ ငတိကြီးက သူ့ကိုဖမ်းတားထားလိုက်သပေါ့။

သူ့ကို ဆေးပြင်းလိပ်တ လိပ်လှမ်းပေးလိုက်တယ်။ ဒီငတိကြီးက သူအခုလေးတင် ကလေးအဖေဖြစ်သွားပြီဆိုပြီး အောင်ပွဲခံ ဖို့သောက်ကြရအောင်တဲ့။ သူ့ကို ဘားဆိုင်ထဲဆွေဲခ်ါသွားပေါ့။ တခွက်ပြီး တခွက်နဲ့ သူ ဒေါင်ချာစိုင်းသွားလေရဲ့။ အောင်ပွဲသ ဘင်တော့ ပြီးဆုံးသွားလေပြီ။ သူ့ကိုပစ်ထားခဲ့တဲ့မိန်းမနဲ့ ပြန်ပြီးညားနေတဲ့ ကလေးအဖေ အသစ်ချတ်ချွတ်ကြီးက ဘီယာထွေ ထွေနဲ့ ငိုပွဲဆင်ပါလေရော။ သူ့အိမ်ထောင်ရေးကံခေလွန်းလို့တဲ့။ သူ့ကိုတော့ ဒီဝဋ်ဒုက္ခကကျွတ်လွတ်သွားလို့ ဖိုးကံကောင်း ဆိုပြီး ဂုဏ်ပြုထောပနာပြုနေလိုက်သေး။ သူ့ကိုယ်သူတော့ ကံကောင်းလှချည်ရယ်လို့တော့ မထင်လှပါ။ သူက သူတို့ အနားမှာထိုင်နေတ့၊ဲ အိပ်ရာထဲမှာဆို အဆင်ပြေကောင်းပြေနိုင်မယ့် ကောင်မလေးတယောက်ကို လှမ်းမြင်လိုက်မိပေါ့။ သူတို့နှစ်ယောက် ကောင်မလေးရှိရာသွားကြဖို့ အကြံပေးမလားလို့ ဆုံးဖြတ်ရုံရှိသေး။ တအားနောက်ကျသွားပြီ။ ကောင်မ လေးက သူ့မယားကိုလည်း ခိုးသေး၊ သူ့ကိုလည်း ဆော်ပလော်တီးသေးတဲ့ငတိနဲ့ တံခါးအပြင်ဘက်ရောက်နှင့်သွားပြီ။ ဒီလိုနဲ့လောလောဆယ် သူဘယ်နေရာမှာနေရမလဲလို့စဉ်းစားနေရင်း နောက်ထပ်တခွက်ထပ်သောက်မိပေါ့။ စာပွဲထိုးက နောက်ထပ်တခွက်လာပေးတုန်း အိမ်အကြောင်းစကားစရောက်သွားပြီး ဘဝဆိုတာ တိုတောင်းရက်စက်လွန်းလှတယ်လို့ မှတ်ချက်ချသွားတာ သတိရနေမိတယ်။ ဘဝအကြောင်း မသိကြရသေးခင် သေကြရမှာတဲ့။ သူပြောတာ မှန်တယ်။ နောက် ထပ်ဘီယာနည်းနည်းနဲ့ လိင်အာသီသတွေ၊ တချို့တလေကိုတော့ ဝိုးတိုးဝါးတားလောက်ပဲ မှတ်မိလိုက်မိရဲ့။ အများကြီးတော့ မဟုတ်ပါဘူး။ ပြိုင်ကားမောင်းနေတဲ့သားတယောက်က အခုသူလုပ်ခဲ့ဖူးတဲ့ကုမ္ပဏီမှာ ဥက္ကဋ္ဌတောင်ဖြစ်နေပြီ။ အဲဒီကောင် သူသေခါနီး သူ့ဆီရောက်လာသေးတယ်။ အရောက်နောက်ကျတာတောင် တောင်းပန်သွားလိုက်သေး။

(ကျွန်တော်ခါတိုင်းလို ဘီယာသောက်နေလို့ပါ၊ အဖေရယ်တဲ့။) သူ့ကိုသတိရနေပါတယ်ရယ်လို့တောင် အလွမ်းသယ်သွား လိုက်သေး။ ဒါကလည်း အကောင်းဆုံးဖြစ်ချင်ဖြစ်မှာ။ ဘာအတွက်အကောင်းဆုံးလဲလို့သူမေးကြည့် လိုက်မိတယ်။ ဒါပေ မယ့် သူ့သားတော့ပြန်သွားပြီ။ ဒီအကောင် ဒီကိုရောက်လာတာ အဦးဆုံးပဲ။ သူ့မျက်နှာပေါ်လွှမ်းထားတဲ့ အဝတ်စကိုဆွဲခွာပြီး လက်တွန်းလှည်းနဲ့ တင်တွန်းဖို့ရောက်လာတဲ့ရောက်လာတဲ့ သူနာပြုဆရာမလေးကို သူလှမ်းပြောပြမိရဲ့။ သိပါတယ်နော်။ ဘဝဆိုတာ… …။

MARCH 14, 2011 ထုတ် NEW YORKER မဂ္ဂဇင်းမှ ROBERT COOVER ၏ GOING FOR A BEER ဝတ္ထုကို ဘာသာပြန်သည်။  

သစ်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဘာသာပြန်ကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်