သားကြီးမောင်ဇေယျ ● မြန်မာ့မီဒီယာနှင့် မြန်မာ့နိုင်ငံရေးစာတမ်း အကျဉ်း

March 19, 2017

သားကြီးမောင်ဇေယျ ● မြန်မာ့မီဒီယာနှင့် မြန်မာ့နိုင်ငံရေးစာတမ်း အကျဉ်း
(မိုးမခ) မတ် ၁၉၊ ၂ဝ၁၇

● ကုန်းဘောင်ခေတ်
ကုန်းဘောင်ခေတ်တွင် မြန်မာရုပ်သေးပွဲများသည် ဖျော်ဖြေရေးအပြင် မြန်မာစစ်နိုင်သတင်းများကို ကြေညာပေးခြင်းဖြင့် သ တင်းမီဒီယာတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ကြသည်။

● အင်္ဂလိပ်ကိုလိုနီခေတ်
မြန်မာသတင်းမီဒီယာသည် မြန်မာတို့ အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ချိန်မှ အစပြုကာ ရုပ်သေးစင်မီဒီယာမှတ ဆင့် ပုံနှိပ်သတင်းစာမီဒီယာသို့ ပုံစံပြောင်းခဲ့သည်ဟု ဆိုနိုင်ပါသည်။

တနင်္သာရီတိုင်းမင်းကြီး ဘရန်ဒဲ (Blum Dell) က မော်လမြိုင်မြို့တွင် မောလမင်းခရောနီကယ် (Molumein Chronicle) သတင်းစာကို အင်္ဂလိပ်စာဖြင့် ထုတ်ဝေခဲ့သည်။ ၁၈၄၁ ခုနှစ်တွင် ဆာတူခေါ (The Morning Star) ကို ခရစ်ယာန် သာသ နာပြုအဖွဲ့မှ ထုတ်ဝေခဲ့သည်။ တိုင်းရင်းဘာသာဖြင့်ထုတ်ဝေသော ပထမဆုံးသတင်းစာ ဖြစ်သည်။ ထိုအဖွဲ့မှပင် ‘ဓမ္မသိ’ အမည်ရှိ သတင်းစာကို မြန်မာဘာသာဖြင့် စတင်ထုတ်ဝေခဲ့သည်။ ၎င်းသတင်းစာများသည် ကိုလိုနီအုပ်ချုပ်ရေးကို အ ထောက်အကူပြုခဲ့သည်။

ခရစ်နှစ် ၁၈၅၂ အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပြီးနောက် ထုတ်ဝေသော ရန်ကုန်တိုင်းသတင်းစာ၊ ရန် ကုန်ဂေဇက် သတင်းစာ စသောသတင်းစာများသည်လည်း ကိုလိုနီအုပ်ချုပ်ရေးကို အထောက်အကူပေးခဲ့ပြီး မြန်မာပဒေသ ရာဇ်စနစ်ကို အထင်အမြင်သေးစေသော သတင်းအရေးအသားများ လွှမ်းမိုးခဲ့သည်။

၁၈၇၅ ခုနှစ်တွင် မင်းတုန်းမင်းကြီးကမကထပြုကာ ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေခဲ့သည်။

● ၁၉၀၀ ပြည့်အလွန် အင်္ဂလိပ်ကိုလိုနီခေတ်
မြန်မာအမျိုးသားပိုင် သတင်းစာများပေါ်ပေါက်ခဲ့သည်။

၁၉၁၇ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာနှင့် သူရိယသတင်းစာတို့ပေါ်ပေါက်သောကာလဖြစ်သဖြင့် ထူးခြားသည်။

သူရိယသတင်းစာကို မြန်မာပညာတတ်လူငယ်များဖြစ်ကြသော ဦးဘဘေ၊ ဦးလှဘေတို့က ထုတ်ဝေသူအဖြစ်တာဝန်ယူကာ ဦးဘကလေး၊ ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) တို့က ပူးပေါင်းပါဝင်သောကြောင့် အားကောင်းခဲ့သည်။

ပထမ ကမ္ဘာစစ်သတင်းများကို စိတ်ဝင်စားချိန်ဖြစ်သဖြင့် စစ်ကြေးနန်းသတင်းစာအဖြစ်အောင်မြင်ခဲ့သည်။

● ၁၉၂ဝ – ၁၉၂၉
မြန်မာသတင်းမီဒီယာများသည် စီးပွားရေး၊ နိုင်ငံရေး ဝဲဂယက်များတွင် ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရသည်။ နိုင်ငံရေး အကွဲအပြဲ များကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ သတင်းစာသမားများသည် မြန်မာ့လွတ်လပ်ရေးအတွက် ညှိနှိုင်းသူများအဖြစ် သတင်းမီဒီယာ လုပ်ငန်းဘောင်ကိုကျော်လွန်ကာ တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်ပေးခဲ့သည်။

● ၁၉၃ဝ – ၁၉၃၉
ခွဲရေး တွဲရေး အရေးပေါ် ရွေးကောက်ပွဲအတွက် ခါတော်မီသတင်းစာများထွက်ခဲ့သည်။ အစိုးရသတင်းစာအဖြစ် သူကြီးဂေ ဇက် သတင်းစာကို ထုတ်ဝေသည်။

မြန်မာသတင်းသမားတို့၏ ယေဘုယျဦးတည်ချက်မှာ မြန်မာတမျိုးသားလုံး လွပ်လတ်ရေးအရယူရန်သာ ဖြစ်သည်။

ဂျပန်ခေတ်တွင် ဖက်ဆစ်ဂျပန်တို့၏ စစ်ရေးရည်ရွယ်ချက်များကိုသာ ထောက်ခံဖြန့်ချိပေးရသော ဝါဒဖြန့်ချိရေးသတင်းများ သာ ဖြန့်ချိပေးရသောကြောင့် သတင်းစာလုပ်ငန်းသည် အလွန်ကျဉ်းမြောင်းသွားသည်။ ဖက်ဆစ်တော်လှန်ရေးကာလ တွင်ထုတ်ဝေသော သတင်းစာများသည် စစ်နှင့်တော်လှန်ရေးကို အခြေပြုဝါဒဖြန့်စည်းရုံးခဲ့သော သတင်းစာများဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့ဟစ်တိုင် သတင်းစာသို့ ပေးပို့သော သဝဏ်လွှာတွင် (အဘယ်နည်းနှင့်မဆို ဘက်မလိုက်ဘဲ ယထာဘူတ ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစားပါ) ဟု ရေးသားဖော်ပြခဲ့သည်။

ထိုခေတ်က သတင်းစာအများစုသည် လွတ်လပ်ရေးအတွက် ထက်ထက်သန်သန် ရေးသား တိုက်ပွဲဝင်ခဲ့သည်။ မြန်မာပြည် သူတွေဘက်ကို မျက်နှာမူ ရေးသားခဲ့သည်။

● လွတ်လပ်ရေးရပြီး
ထိုခေတ်တွင် သတင်းစာများသည်နိုင်ငံရေးပါတီများ၊ နိုင်ငံတကာသံရုံးများ စီးပွားရေးသမားများ ကိုကျောထောက်နောက်ခံ ပြု ထုတ်ဝေလာကြသည်။

● ၁၉၆၂ ခု တော်လှန်ရေးကောင်စီ လက်ထက်
ထိုအချိန်က ထုတ်ဝေသောသတင်းစာ ၄ဝ ရှိသည်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်သားပြည်သူ့ နေ့စဉ် (မြန်မာ) နှင့် (အင်္ဂလိပ်) သတင်းစာများကို ထုတ်ဝေခဲ့သည်။

တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်စနစ်နှင့်အညီ ဆိုရှယ်လစ်သတင်းစာ၏ အနှစ်သာရကို ဖော်ထုတ်မည်ဟုဆိုကာ စစ်အစိုးရ ဝါဒဖြန့်ချိရေးသတင်းများသာ ဖြန့်ချိပေးရသောကြောင့် သတင်းစာလုပ်ငန်းသည် ဂျပန်ခေတ်ကဲ့သို့ပင် အလွန် ကျဉ်းမြောင်းသွားသည်။

သတင်းစာဖတ် ပရိသတ်သည် အစိုးရသတင်းစာတွင် နာရေးကြော်ငြာသည်သာ သတင်းမှန် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ လူထုက သတင်းစာကို ပိဿာချိန်နှင့် ပြန်လည်ရောင်းစားရန် ဝယ်ယူအားပေးခဲ့ကြသဖြင့် စောင်ရေကောင်းခဲ့သည်ဟု ဆိုသည်။

● ၁၉၈၈ (အရေးတော်ပုံကာလ)
၈၈ အရေးတော်ပုံမတိုင်မီ နိုင်ငံပိုင်သတင်းစာ ၆ စောင် ရှိခဲ့သည်။ ၈၈ အရေးတော်ပုံကာလအတွင်း အစိုးရကို အတိုက်အခံ လုပ်သော သတင်းစာပေါင်း ၁ဝဝ နီးပါး ရှိမည်ဟုခန့်မှန်းရသည်။

● ၂ဝဝ၇ (ရွှေဝါရောင်တော်လှန်ရေးကာလ)
၂ဝဝ၇ ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ မြန်မာ မီဒီယာသမားများသည် ဆက်သွယ်ရေးနည်းပညာသစ်များကို ကိုင်ဆွဲရင်း ခေါင်းထောင်လာခဲ့ပါသည်။ တနည်းအားဖြင့်ဆိုသော် မီဒီယာသမားများသည် ခေတ်မီအီလက်ထရွန်နစ် နည်း ပညာများကို သုံးပြီး ပြည်တွင်းသတင်းများကို ကမ္ဘာ့ပြည်သူတွေဆီ အရောက်ပို့နိုင်ခဲ့ပါသည်။

● ၂ဝဝ၈
သတင်းသမားများ အထူးအရေးယူခံရသောကာလဖြစ်သည်။ အစိုးရဆန့်ကျင်ရေး online မီဒီယာများ အမြောက်အမြား ပေါ်ပေါက်ခဲ့သည်။ BBC, VOA, DVB, RFA စသော နိုင်ငံခြားအခြေစိုက်မီဒီယာများကို ပြည်သူက ပိုမိုယုံကြည်အားထား လာကြသည်။

● ဦးသိန်းစိန် သမ္မတ သက်တမ်းကာလ (၂ဝ၁ဝ – ၂ဝ၁၅)
ထိုအချိန်က မြန်မာပြည် သတင်းလွတ်လပ်ခွင့်မှာ အနိမ့်ဆုံးအဆင့်မှာ ရှိခဲ့သည်။

သို့သော် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ကြိုတင်မဲဖြင့် အနိုင်ယူခဲ့သည်ကို သတင်းသမား များက ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ခဲ့ပါသည်။

၂ဝ၁၂ ခုနှစ် ဩဂုတ်လ ၂ဝ မှာ စာပေစိစစ်ရေး ဖျက်သိမ်းခဲ့သည်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် အသိအမှတ်ပြုခဲ့သည်။

၂ဝ၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို မျက်ကွယ်ပြုပြီး အစိုးရအလိုကျ ရေးဆွဲထားသည်ဟု သတင်းသမားများက ယူဆကာ သတင်းမီဒီ ယာကောင်စီ (ယာယီ) အပါအဝင် သတင်းသမားများက ၎င်းဥပဒေကို ကြိုဆိုခြင်း မရှိခဲ့ပေ။

`သမ္မဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အခါအားလျှော်စွာ တွေ့ဆုံခွင့်ရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို မီဒီယာနှင့်ဆက်ဆံရေးတွင် အဆင်ပြေဆုံး စစ်ဘက်ထိပ်တန်းအရာရှိတစ်ဦးအဖြစ် မီဒီယာများက အသိအမှတ်ပြုခဲ့ ပါသည်။

၂ဝ၁၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေ (၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၅၃) ကို ပြဋ္ဌာန်းခဲ့သည်။

အစိုးရသတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဦးသိန်းစိန်အစိုးရသတင်းနှင့် တပ်မတော်သတင်းများကိုသာ အထူးဖော်ပြလေ့ရှိ သည်။ထိုကြောင့် ပုဂ္ဂလိက သတင်းစာများကို လူထုက အားပေးလာကြသည်။ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် သတင်းပါသော သတင်းစာစောင်များ ရောင်းအားကောင်းခဲ့သည်။

အထူးသဖြင့် ပုဂ္ဂလိကသတင်းစာများတွင် အပြောမတတ်သော အစိုးရအဖွဲ့ဝင်များ၏ (နွားနို့ သောက်ပါ)၊ (ဗူးလက်နဲ့ ခေါ် မယ်)၊ (နယ်လှည့်ပါးရိုက်) စသော စကားများကို ဖော်ပြလှောင်ပြောင်ခဲ့သဖြင့် ပြည်သူများအကြိုက်တွေ့ကာ ရောင်းအား ကောင်းခဲ့သည်။

သို့သော် သတင်းစာနှင့် ဂျာနယ်များ၊ အသံလွှင့်မီဒီယာများ၊ ပုံနှိပ်တိုက်ပိုင်ရှင်များနှင့် ထုတ်ဝေခွင့်ရသူများသည် စစ်အစိုးရနှင့် အထူးနီးစပ်သူများ ဖြစ်သည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

● ဦးထင်ကျော် သမ္မတသက်တမ်းကာလ (၂ဝ၁၆ ဧပြီ – _ _ _ )
သမ္မတ ဦးထင်ကျော် လက်ထက်တွင် အစိုးရပိုင် သတင်းစာများသည် ပုဂ္ဂလိကပိုင်သတင်းစာများကဲ့သို့ ပြည်သူတို့ သိလို သောသတင်းများကို ဖော်ပြလာကြသဖြင့်လည်းကောင်း၊ ပုဂ္ဂလိကသတင်းစာများထက် အစိုးရသတင်းစာက ဈေးချိုသော ကြောင့်လည်းကောင်း၊ ပုဂ္ဂလိကသတင်းစာများ သိသိသာသာ ရောင်းအားကျလာသည်။ ကြော်ငြာများကိုလည်း အစိုးရသ တင်းစာများက ပိုမိုရရှိထားသည်။ ထို့ကြောင့် ပုဂ္ဂလိကသတင်းစာများ ရပ်တည်ဖို့ ခက်ခဲလာသည်။ ဂျာနယ်များလည်း ရောင်းအားကျသွားသည်။ အချို့ ရပ်ဆိုင်းကုန်သည်။

အစိုးရ သတင်းစာ အပါအဝင် ပုဂ္ဂလိက သတင်းစာ ၁၂ စောင်ခန့်သာ ကျန်ခဲ့သည်။

သတင်းသမားများမှတစ်ဆင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့် (Right to information) ကို တောင်းဆိုသောအသံများ ပိုမို ကျယ်လောင်လာသည်။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကိုယ်တိုင် သတင်းသမားများနှင့် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်များကို တွေ့ဆုံစေပြီး သတင်း သိပိုင်ခွင့် ပိုမိုရရှိ အဆင်ပြေစေရန် ကြိုးပမ်းခဲ့သည်။

မီဒီယာများကို အမိန့်ပေးစနစ်၊ အလစ်တိုက်ခိုက်သော နည်းလမ်း၊ ဖိအားပေး အကျပ်ကိုင်သောနည်းလမ်းကို မသုံးဘဲ တွေ့ ဆုံဆွေးနွေး အဖြေရှာသောနည်းလမ်းကို သမ္မတကြီးဦးထင်ကျော်အစိုးရ လက်ထက်တွင် ပိုမိုကျင့်သုံးလာသည်။

သတင်းသမားမျာသည် အာဏာ လက်ဝယ်ရှိ အစိုးရများနှင့် ထိပ်တိုက်တွေ့သောအခါ ခါးသီးသောအတွေ့အကြုံများကို ခံစားရသည်။ သို့သော် ပြည်သူကို မျက်နှာမူသော သတင်းမီဒီယာတို့သည် ပြန်လည်ရှင်သန်ထမြောက်လာကြသည်။ ပြည် သူကို မျက်နှာမမူသောမီဒီယာတို့သည် အင်အား ဘယ်လောက်ပင်ကြီးပါစေ၊ ကျဆုံးသွားကြသည်ကို သတိပြုမိပါသည်။

မီဒီယာသမားတို့သည် နားစွင့်၊ မျက်စိဖွင့်ကာနေဖို့ လိုအပ်သလို မြန်ဆန်၊ မှန်ကန်၊ တိကျ၊ အကျိုးရှိ၊ အချိန်အခါနှင့် ကိုက်ညီ သော သတင်းစကားမျိုးကို ဆိုအပ်သည်ဟု ယုံကြည်ပါသည်။

နောက်ထပ် တိုးတက်ဖြစ်ပေါ်လာမည့် နည်းပညာသစ်များကို အသုံးပြုရင်း မီဒီယာကျင့်ဝတ်နှင့်အညီ ခရီးနှင်ကြရမည်ဟု မြင်ပါသည်။

သားကြီးမောင်ဇေယျ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်