ခက်သီ ● ခေတ်သစ် ငဘများသို့ ….

March 31, 2017

ခက်သီ ● ခေတ်သစ် ငဘများသို့ ….
(မိုးမခ) မတ် ၃၁၊ ၂၀၁၇

လက်ဝါးကြီးအုပ် ခရိုနီစီးပွားရေးဟာ
အသက်ဝင်နေတုန်း
သနားစရာအကောင်းဆုံးက
တောင်သူတွေ
သီးနှံပေါ်ပြီဆို ဈေးတွေ ထိုးကျပြီ
တောင်သူလက်ထဲ သီးနှံမရှိတော့ဘူးဆို
ဈေးတွေက ထိုးတက်ပြီ
စိုက်ချိန်ပျိုးချိန်ဆို အာမခံချက်မရှိတဲ့မြေဆီတွေ
တံဆိပ်အဖုံဖုံ နဲ့ ဝင်လာပြီ
(ကောင်း မကောင်း လျာနဲ့လျက်မြည်းလို့လည်းမရ
မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ)
ပွင့်သီး ဝင်ပြီဆို
ရွတ်ဖြန်းအားဆေး၊ ပိုးသတ်ဆေး
တံဆိပ် အဖုံဖုံနဲ့ ဝင်လာပြီ
(ကောင်း မကောင်း လျာနဲ့ လျက်မြည်းလို့မရ
မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ)
သီးနှံသိမ်းချိန် အလုပ်သမားဈေးက ခေါင်ခိုက်
တချို့တောင်သူတွေ ရှုံးကြတယ်။

ကဲ ပြောမယ်
ဒီနိုင်ငံမယ် ၆၀ % ကျော်ရှိတဲ့တောင်သူတွေဟာ
ခေတ်သစ် ငဘတွေပဲ။
(ဒီကြားထဲ မြေသိမ်ခံရသေး)
တောင်သူကို မှီခိုအားထားနေရတဲ့
လက်လုပ်လက်စားသမားတွေနဲ့
လူလတ်တန်းစား
ရောင်းဝယ်ဖောက်ကားသူတွေ ရှိသေးတယ်။
အဲ့ဒါတွေက
တပြေလုံးမယ် ၇၅ % လောက်ရှိတယ်။
တောင်သူ ဂွမ်းရင် ဂွမ်းတာပဲ။
ဒီနိုင်ငံရဲ့ ကျောင်းသူကျောင်းသား ၅၀ % အထက်ဟာ
တောင်သူ လယ်သမားတွေရဲ့သားသမီးတွေပါပဲ။

ပြောရရင်
နိုင်ငံရဲ့ပညာရေးပါ ထိခိုက်တယ်။

တကယ်တော့
မြန်မာတပြည်လုံးရဲ့
သီးနှံဈေးကွက်နဲ့
မြေဆီနဲ့ဆေးမျိုးစုံကို
စိတ်ကြိုက်ချယ်လှယ်နေတဲ့ခရိုနီတွေက
ဆယ်ယောက် မကျော်ဘူး။

ကျောကော့အောင်ခံနေရတာပ
၇၅ % သော လူဦးရေ။

ကဲ မေးပြီ
အခု အစိုးရကရော
အရင် အစိုးရလိုပဲ
ခရိုနီတွေကို မထိန်းချုပ်တော့ဘူးလား။

လုပ်နေပါတယ် စောင့်ပါဦးဆိုတာ
ဘယ်ကမ္ဘာအထိလဲ။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေက
ဘယ်တော့အသက်ဝင်မှာလဲ
တကယ်ရော အရေးယူမှုတွေရှိမှာလား။

ဈေးကွက်ထိန်းချုပ်ညှိနှိုင်းရေး ဥပဒေဆိုတာ
မရှိသေးဘူးလား မရှိတော့ဘူးလား
စားသုံးသူတွေ သီးနှံစိုက်ပျိုးရောင်းချသူတွေကို
မကာကွယ်တော့ဘူးလား။

ခရိုနီတွေ
ထင်ရာလုပ်ခွင့်လက်ဝါးကြီးအုပ်ခွင့်
ဆက်ပေးထားဦးမှာလား။
ဥပဒေ နဲ့ မထိန်းချုပ်တော့ဘူးလား။
စောင့်ရဦးမှာဆို ဘယ်လောက်ကြာဦးမှာလဲ။

ခေတ်သစ်ငဘတွေရဲ့ချွေးနည်းစာတွေဟာ
ခရိုနီတွေရဲ့ဘဏ်အကောင့်ထဲကို
တမိနစ်ကို တသန်းလောက်ဝင်သွားတယ်။
ခေတ်သစ်ငဘတွေသာ စုတ်ပြတ်သတ်လို့။ ။

ခက်သီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

One Response to ခက်သီ ● ခေတ်သစ် ငဘများသို့ ….

  1. U U lin on March 31, 2017 at 9:22 pm

    ဒီနိုင်ငံမှာလူမှန်ရင်ထမင်းစားပြီးအသက်ရှင်နေတာဗျ
    သူတောင်းစားကနေ ဟိုအထက်ဆုံးအထိပေါ့ဗျာ
    ဒီတော့ အဲဒီထမင်းတနပ်အတွက် ဆန် နဲ့ဆီမရှိရင်
    ထမင်းဆိုတာဘယ်လိုမှ ဖြစ်လာစရာအကြောင်းမရှိ
    တာအသေအချာပေါ့ ဒါပေမဲ့ အဲဒီ ဆန်တွေဆီတွေ
    ဖြစ်လာအောင်လုပ်ပေးနေတဲ့ ကျုပ်တို့ငဘတွေအတွက်
    တိုင်းပြည်က ဘာများလုပ်ပေးခဲ့ ပြီးပြီလဲ ဘာတွေလုပ်ပေး
    နေသလဲ ဘာလုပ်ပေးဖိုရောအစီအစဉ် တွေရှိပါသလဲ
    ဆိုတာမေးချင်သဗျ
    လယ်ဆည် စိုက်မွေး ဝန်ကြီးနဲ့ စီးပွါး ကူးသန်းဝန်ကြီး
    တို့ဘာတွေလုပ်နေကြပါသလဲ ဆန်နဲ့ဆီမရှိရင်
    ထမင်းမဖြစ်သလို တောင်သူတွေဒီထက်မွဲပြာကျ
    လာရင် ဆန်တွေဆီတွေလည်းဖြစ်လာကြတော့မယ်
    မဟုတ်တော့ဘူးဗျို့

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်