ဆောင်းယွန်းလ ● ခေတ်ပေါ်အသံ

April 7, 2017

ဆောင်းယွန်းလ ● ခေတ်ပေါ်အသံ
(မိုးခ) ဧပြီ ၇၊ ၂၀၁၇

အသံထွက်မှန်ပြီး
စာလုံးပေါင်းက မှားနေတယ်ဆိုပဲ
လောကဟာ ကြီးလွန်းကျယ်လွန်းတယ်ဆိုတော့
ဘာလုပ်လုပ်
အသံကျယ်ကြီးဆွဲထုတ်ပြီး အော်ပြောနေရတော့တာပေါ့။

လဆန်း လဆုတ်
အချိန်စာရွက်ကြီးတွေကို ဆွဲဆုတ်နေရရင်း
အသက်ရှူသံတွေလည်း ပိုပြင်းလာခဲ့တယ်။

အသက်ပြင်းတယ်ဆိုလည်း
ခံလှရင် ကိုးဆယ် တရာအများဆုံးပေါ့
နှစ်ကြာကြာနေရလေ ဒုက္ခနဲ့လှလှတွေ့ကြလေပဲ။

ကိုယ့်ကြမ္မာနဲ့ကိုယ်
မာအောင်တောင့်ထားရတော့
ပေါ့ပေါ့ပါးပါး တွေးစရာ အနုပညာကရှားလာခဲ့ပြီး
အကြမ်းပညာကများလာခဲ့တယ်။

ဦးနှောက်ကို မုဒိမ်းကျင့်တဲ့ နိုင်ငံရေးဟာ
အဆိုးရွားဆုံး ရောဂါပဲ
ရှင်သန်ခြင်းမှာ အသက်ပါမလာခဲ့တာ ကြာပါပြီ။

ဆောင်းယွန်းလ
(ဧပြီလ ၄ ရက်၊၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်