ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း …

April 8, 2017

ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း …
(မိုးမခ) ဧပြီ ၈၊ ၂၀၁၇

မီတာခဈေးတက်ရင် နေရောင်ခြည်သုံးပြီး ထမင်းချက်ကြမယ်၊ ဟင်းလည်းချက်လို့ရတယ်၊ မြင့်လွင် ကာလီဖိုးနီးယား (USA) ဆောင်းပါးကို ရုတ်တရက်ကြည့်ရင် အလွန်အားရစရာ ကောင်းပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့ အမေရိကန်၊ တရုတ်၊ ဗီယက် နမ်တွေမှာ နေရောင်ခြည်နဲ့ ထမင်းဟင်း မချက်ကြသလဲ မေးခွန်းကို ကျနော်ပဲမေးပြီး ကျနော်ပဲဖြေပါမယ်။ ကွဲလွဲမှုတွေ ပညာရှင်များအနေနဲ့ ရှိမှာပါ။ လက်တွေ့နဲ့ စာတွေ၊ ဓါတ်ခွဲခန်း အတွေ့တွေက အများကြီး ကွာခြားပါတယ်။ အမေရိကန်မှာ လျှပ်စစ်တယူနစ်ဈေးနှုန်းနဲ့ တရုတ်ပြည်ဈေးနှုန်း အတူတူလောက်ရှိပေမဲ့ ထမင်းဟင်းကို ဘာကြောင့် လျှပ်စစ်၊ ဂတ်စ် (ဓါတ် ငွေ့) နဲ့ ချက်ပါသလဲ။

ပထမဆုံး ဆောင်းပါးကို သေချာဖတ်ပါတယ်။ The Voice သတင်းစာက ဖြစ်ပါတယ်။ နေမီးဖိုလို့ အမေရိကန်မှာ ခေါ်ကြပါ တယ်။ ၃ မျိုး ရှိပါတယ်။
၁။ Solar Panel Cooker
၂။ Solar Parabolic Cooker
၃။ Solar Box Cooker ဆိုပြီး ခွဲခြားထားပါတယ်။

အဓိကတော့ နေရောင်ခြည် အပူစွမ်းအင်ကို ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ရယူ ထမင်းဟင်းချက်တဲ့ နည်းပညာဖြစ်ပါတယ်။ အနက်ရောင်အပူစုတ်ပြီး ရေကိုပူစေတယ်။ ထမင်းဟင်းတွေကို ချက်တဲ့နည်းဖြစ်ပါတယ်။ တနည်းအားဖြင့် ပြုတ်ပြီးချက် တာမျိုးတွေအတွက် ကောင်းပါတယ်။ ဝက်ဆိုက် (၃) ခုကိုလည်း ဖေါ်ပြထားပါတယ်။ အောက်ပါတခုမှာ ရုပ်ပုံ၊ ဗွီဒီယိုလင့် များစွာ ထည့်သွင်းထားပါတယ်။ ချက်ပြုတ်ဖို့လည်း လွယ်ကူပါတယ်။

http://solarcooking.wikia.com/wiki/CooKit

မီတာခ ဈေးနှုန်းများ US$ cent (၂၀၁၃ အမေရိကန် EIA Data)
Myanmar 3-80, China 7-11, India 8-12, Thailand 4-10, Vietnam 6-10, Malaysia 6-11, Singapore 21, Philippine 40, USA 8-17, Japan 20-24, Australia 30 .. etc.

ဘာကြောင့် အမေရိကန်၊ တရုတ်၊ ဗီယက်နမ်တွေမှာ နေရောင်ခြည်နဲ့ ထမင်းဟင်းမချက်ကြသလဲ မေးခွန်းရဲ့ အဖြေ (၃) ချက်ကို ရေးသားလိုပါတယ်။

၁။ ချက်စရာထင်း အလွယ်တကူရရှိနေခြင်း
မနေ့ကပဲ အိမ်ဖျက်ထားတဲ့ သစ်သားအတိုအစဆိုင်မှာ နှစ်တစ် 2”/1” ၁၅ ပေ ပျဉ်းကတိုးသား သစ်ဟောင်း ၇၅၀ ကျပ် (0.75 US dollar) နဲ့ ဝယ်ပါတယ်။ ပိတောက်သား အသစ်ကို ၁၅၀ ကျပ်ပေးရပါတယ်။ အဟောင်းကတော့ ၅၀ ကျပ်ဈေးနဲ့ ရပါတယ်။ တိုစဖြတ်စများကို ၁ ပေအရှည်အချောင်း၂၀ ပါတဲ့ ထင်းတစီးကို ၅၀၀ ကျပ် (US$ 0.5 dollar) နဲ့ ရောင်းသလို၊ ပျဉ်းကတိုးသားအတိုအစဆိုရင် တစီး ၁ ထောင်ကျပ်နဲ့ ရောင်းပါတယ်။ မီးသွေးထက် ထင်းကို ပိုသုံးကြပါတယ်။ ဒါက တော နယ်တွေ မဟုတ်ပါဘူး။ ပုသိမ်မြို့အိမ်ထောင်စုများက ထင်းမီးပဲ သုံးပါတယ်။ လျှပ်စစ်တတ်နိုင်သူတွေက တယူနစ် ၃၅ ကျပ် (US$0.3 dollar per unit electricity) ဆိုတော့ ထင်း၊ မီးသွေးကို အလုပ်ရှုပ်ခံ မသုံးတော့ပါဘူး။ လျှပ်စစ်နဲ့ပဲ ချက်ပြုတ်ပါ တယ်။ ပိုပြီးတတ်နိုင်သူတွေကတော့ ဓါတ်ငွေအိုးများ Gas Cooker သုံးပါတယ်။ တဗူးကို ကျပ် ၇ သောင်းနဲ့ ဝယ်ပြီး၊ Gas Cooker မီးဖိုတခုကို ၃ သောင်းကျပ် (US$ 30 dollar) ပဲပေးရပါတယ်။ လျှပ်စစ်ထမင်းအိုးတလုံး ကျပ် ၃ သောင်း၊ လျှပ်စစ် အကြော်အိုးတလုံး ကျပ် ၃ သောင်း ဈေးချိုပါတယ်။ မသုံးတတ်ရင်တော့ ခဏနဲ့ပျက်သွားတဲ့ တရုတ်လုပ် ထမင်းအိုး၊ အ ကြော်အိုးတွေဖြစ်ပါတယ်။ ဂတ်စ်မီးဖိုတော့ မြန်မာပြည်မှာပဲ လုပ်ကြတယ်။ ဂတ်စ်အိုးတွေတော့ ထိုင်းနိုင်ငံနယ်စပ်က ကား ကြီးတွေနဲ့ ပုသိမ်အထိသယ်လာပြီး ရောင်းကြပါတယ်။

မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးသွားပီဆိုပေမဲ့ ထင်းတွေကတော့ ပေါမှပေါ၊ တနိုင်ငံလုံးရဲ့ ၉၀ % ထမင်းဟင်း၊ စားသောက် ဆိုင်တွေက ထင်း၊ မီးသွေးပဲ သုံးနေဆဲလို့ သိရပါတယ်။ ဒါက ပထမအချက် ဘာကြောင့် ဆိုလာကို မသုံးဖြစ်ခြင်းပါ။

၂။ စိတ်မရှည်ခြင်း

ဒုတိယအချက်ကတော့ စိတ်မရှည်ခြင်းဖြစ်ပါတယ်။ ထင်းအလွယ်တကူရနေတော့ မြန်မာ ၇၀ ရာခိုင်နှုန်း ကျေးလက်တော ဒေသတွေမှာ ထင်းမီးနဲ့ ဝုန်းကနဲ့ ရှို့ပြီး ၁၅ မိနစ်နဲ့ ထမင်းဟင်းချက်ပြီးသွားပါတယ်။ ဆိုလာသုံးပြီး အကြာကြီး မစောင့်နိုင် ပါဘူး။ ဆင်းရဲမွဲတေသူများက အများအားဖြင့် စိတ်မရှည်ကြပါဘူး။ ဒါကြောင့် ဆိုလာမီးဖို (နေမီးဖို) အလကားပေးတောင်မှ တောနေကျေးလက်ရွာသူ၊ ရွာသားများ အသုံးပြုကြမှာမဟုတ်ပါဘူး။ အိုးခွက်လုပ်ပစ်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

၃။ ငွေမပေးချင်

 နောက်ဆုံးအချက်ကတော့ ငွေပေးပြီး မဝယ်ချင်ပါဘူး။ ပြုပြင်ထိန်းသိမ်းမတတ်တာလည်း တခုဖြစ်ပါတယ်။ အလကားပေးရင်တော့ အလကားရတဲ့နွားဆိုပြီး ယူမှာပါပဲ။

ဥပမာတခု…။ ရန်ကုန်မှာ လပြည့်ဝန်းလူမှုရေးအဖွဲ့ရှိပါတယ်။ အိန္ဒိယနိုင်ငံ တက္ကသိုလ်တခုက ဆိုလာနဲ့ လျှပ်စစ်မီးထွန်းတဲ့ စနစ်ကို အလှူရှင်တွေရှာပေးပြီး အခမဲ့ပေးပါတယ်။ မြန်မာနိုင်ငံက အိန္ဒိယကို ၆ လ အခမဲ့ (နေ၊ စားစရိတ်ငြိမ်း) သင်တန်း လွှတ်နေတာ ၅ နှစ်လောက်ရှိပါပြီ။ သူတို့က အလကားပေးတယ်။ ဝယ်ချင်သူတွေကို သင်တန်းတက်ပြီးသူတွေက သူတို့ ဒေသတွေမှာ တပ်ဆင်ပေးတယ်။ မြန်မာပြည်က သင်တန်းတက်လိုရင် အသက် ၅၀ ကျော်၊ မိန်းမဖြစ်ရမယ်၊ မြေးရှိရမယ် ဆိုတဲ့ ကန့်သတ်ချက်နဲ့ ၆ လသင်တန်းခေါ်ပါတယ်။ စာတတ်စရာမလိုဘူး၊ လက်တွေ့ ၆ လသင်ပေးတယ်။ ဆိုလာမီးထွန်း စနစ်ကို ၆ လတောင် လက်တွေ့သင်ပေး၊ လုပ်ထားတော့ မိန်းမကြီးတွေ လုပ်နည်း အလွတ်ရနေပါတယ်။ ရန်ကုန်ကို သ င်္ဘောနဲ့ရောက်လာရင် သူတို့ရွာကို ပို့ပေးတယ်။ ရွာက သင်တန်းဆင်း မြန်မာမကြီးတွေက ခဏလေးနဲ့ ရွာသားလူငယ်တွေ အကူညီနဲ့ တပ်ဆင်တယ်။ ပျက်ရင်လည်း သင်တန်း ၆ လ ဆင်းထားတော့ အလွယ်တကူ ပြင်ပေးတယ်။ သူတို့က ရွာခံ စိတ် ဝင်စားသူများကို တပ်ဆင်နည်း၊ ပြုပြင်နည်း သင်ပေးတယ်။ ဘာကြောင့် မိန်းမကြီး အသက် ၅၀ အရွယ်ပဲ ခေါ်ရသလဲဆိုတော့ ရွာကထွက်ခွာမသွားဘူး.. ဆိုတာ သေချာလို့ဖြစ်ပါတယ် …တဲ့။

● နိဂုံး
လူတွေက အလွယ်သိပ်ကြိုက်တတ်ကြပါတယ်။ ငှက်ပျောသီးစားမလားမေးရင် အခွံခွာပြီးသားလား မေးချင်ကြတယ်။ ဒါကို နားလည်တဲ့ စီးပွားရေးသမားက အသုံးချနိုင်ပါတယ်။ အခု နေမီးဖိုကို မြန်မာပြည်မှာ ရောင်းဖို့ ဖြစ်နိုင်ပါတယ်။ လူတွေကတော့ ၀ယ်ကြပါမယ်။ ဒါပေမဲ့ တကယ်အသုံးချဖို့ ဆိုတာတော့ အရမ်းခက်ပါတယ်။ လူတွေ ဒါလောက် ရှုပ်ရှုပ်ထွေးထွေး ထမင်းဟင်း မချက်ချင်ပါဘူး။ ထင်းနဲ့ချက်ရင် ပိုမြန်တယ်ဆိုတာ သိပေမဲ့ မီးဖိုရတာခက်တယ်။ အိုးမဲ၊ မီးခိုးထွက်တယ်။ ဒါကြောင့် လျှပ်စစ်၊ ဂတ်စ်တွေပဲ သုံးနေကြတာပါ။ တနည်းအားဖြင့် သက်တောင့်သက်သာ (Confort) လုပ်ချင်ကြတာပါ။

တကယ်တော့ ဆိုလာစွမ်းအင်ဆိုတာ မြန်မာဆန်ဆန်ပြောရရင် ကြက်ဆူပင်စိုက်ခြင်းနဲ့ အတူတူပါပဲ။ မီးထွန်းဖို့၊ တီဗွီကြည့် ဖို့၊ ဖုန်းအားသွင်းဖို့ပဲဆိုရင်တော့ အလွန်ကောင်းပါတယ်။ မိုတာရေတင်ခြင်း၊ ရေခဲသေတ္တာသုံးခြင်း၊ အပူပေး၊ မီးပူတိုက်တွေ အတွက်တော့ လုံးဝမကိုက်ပါဘူး။ ဘက်ထရီစရိတ်အလွန်ကြီးမြင့်ခြင်း (၂ နှစ်ပဲ သက်တမ်းရှိတယ်)။ ပစ္စည်းပျက်ရင် ပြင်လို့ မရ၊ အသစ်ပဲလဲလှယ်ရခြင်းတွေကြောင့် ဆိုလာဓါတ်အားထုတ်စက်ရုံဆိုတာ သူဌေးနိုင်ငံတွေအတွက်ပဲ အသုံးကျပါတယ်။ ဆင်းရဲနိုင်ငံမှာတော့ ဆိုလာ တနိုင်တပိုင် မီးထွန်းတဲ့ ဆိုလာပင်နယ်လေးတွေပဲ ကောင်းပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ။ နေမီးဖိုအကြောင်းဆောင်းပါးကို ကြိုဆိုရပါမယ်။ သိသူဖော်စား မသိသူကျော်သွားလို့ပဲ သတ်မှတ်ရပါ မယ်။ ဒါကို အသုံးပြုနိုင်အောင် မြန်မာအစိုးရက ပံ့ပိုးပေးနိုင်ရင် (ဒါမှမဟုတ်) မြန်မာတွေ ဝင်ငွေကောင်းလာကြပြီး အချိန်တွေ ပိုလာကြရင်တော့ နေမီးဖိုသုံးပြီး ဂုဏ်ယူစွာနဲ့ ထမင်းဟင်းချက်ချင်သူတွေ များပြားလာကြမှာပါ။

ဇော်အောင် (မုံရွာ)

ကိုးကားချက်။

https://www.slideshare.net/…/myanmar-electricity-2013-and-u…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ဇော်အောင် (မုံရွာ)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်