ကိုသန်းလွင် ● အတာသင်္ကြန်နှင့် မြန်မာ့ယဉ်ကျေးမှု

April 17, 2017

ကိုသန်းလွင် ● အတာသင်္ကြန်နှင့် မြန်မာ့ယဉ်ကျေးမှု

(မိုးမခ) ဧပြီ ၁၇၊ ၂ဝ၁၇

(၁)
နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူအတာရေသွန်းချိန်ဖို့ လွမ်းလှတယ် လေး….. (မဟာအတုလမင်းကြီး)
လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံတွင် သားသမီးဘယ်နှစ်ယောက်ရှိသည်ကို ကျွန်တော်တို့မသိရပါ။ သို့ပါသော်လည်း မြင်းခုံတိုင်ရွာကိုစားရသော တရားသူကြီးဦးအေးခေါ် မဟာအတုလမင်းကြီးမှာ အမတ်ကြီးဦးမြတ်စံ၏သားဖြစ်သည်ဟု မှတ် တမ်းများရှိပါသည်။ “ထပ်ထပ်ကယ်စောတော့သည်” အစချီ တန်ခူးလရာသီဖွဲ့ကြောင့် သူ့ကိုမှတ်မိကြရပါသည်။ ထိုကဗျာ များကြောင့်လည်း မြန်မာတို့သင်္ကြန်သည်ပို၍လှပလာကြပါသည်။

(၂)
သည်နှစ်သင်္ကြန်အချိန်ဝယ် ကျွန်တော်ရွာသို့ပြန်ခွင့်မရလိုက်ပါ။ ရွာကသင်္ကြန်ကို မဟာအတုလမင်းကြီးကဲ့သို့ပင် အဝေးမှ နေ၍သာ လွမ်းလိုက်ရပါသည်။ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိရာ နိုင်ငံတိုင်းတွင် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအချိန်ကာလများတွင်လည်းကောင်း၊ ကောက်သစ်ပေါ်ချိန်၊ သီးနှံရိတ်သိမ်းချိန်၊ စသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လည်းကောင်း၊  ကိုးကွယ်သည့် အယူဝါဒ၊ နေလနက္ခတ်တာရာများ၏ အနေအထားများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရလည်းကောင်း  အထိမ်းအမှတ်ပွဲများကိုနှစ်စဉ် ကျင်းပလေ့ရှိကြပါသည်။ ထိုကမ္ဘာအရပ်ရပ် အထိမ်းအမှတ် ပွဲတော် များတွင် မြန်မာနိုင်ငံမှ အတာရေပက်ဖျန်းကြသည့် သင်္ကြန်ပွဲသည် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခြင်း၏ ပြယုဂ်အဖြစ် ထင်ရှားလှပါသည်။

သင်္ကြန်ပွဲတော်များ၏အစသည် အိန္ဒိယနိုင်ငံ၊ ဟိန္ဒူယဉ်ကျေးမှုမှလာသည်ဟု သမိုင်းဆရာတို့ကဆိုကြသော်လည်း အိန္ဒိယ ပြည်မှာ ရေကစားကြသောအစဉ်အလာမှာ မရှိတော့ပါ။ ကမ္ဘောဒီးယား၊ လောနိုင်ငံ၊ ယိုးဒယားနိုင်ငံတို့၌သာ အမှတ်တရ ကျင်းပကြပါသည်။ ခမ်းခမ်းနားနားကားမဟုတ်ပြီ၊ မြန်မာပြည်တွင်တော့တနိုင်ငံလုံး ပြည်သူများက အထွဋ်အမြတ်ထားခါ နှစ်စဉ်နှစ်တိုင်း ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြပါသည်။

ဗုဒ္ဓဘုရားရှင်က ပသေနဒီ ကောသလမင်းကြီးကို နှစ်သစ်ကူးချိန်၌ အနန္တောအနန္တငါးဖြာကို ပူဇော်ခြင်းဖြင့် စီးပွားတက်ခြင်း၊ ချမ်းသာခြင်း၊ ကောင်းကျိုးရခြင်း၊ ရန်ကိုအောင်ခြင်း၊ သူတော်ကောင်းအကျင့်တရားတိုးပွားခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု ဟောတော်မူခဲ့ဖူးသည်။ မြန်မာတို့၏ရေသဘင်ပွဲသည် လူတဦးနှင့်တဦး ရေစင်ပက်ဖြန်းကြခြင်းသာမဟုတ်၊ ကြွလာသမျှလူအပေါင်းကို စတုဒီသာကျွေးမွေးခြင်း၊ သီလဆောက် တည်ခြင်း၊ သတ်သတ်လွတ်စားခြင်း၊ ဘုရားကျောင်းကန် တို့၌ ရေသပ္ပါယ်ခြင်း၊ ရေလှုဒါန်းခြင်း၊ သက်ကြီးရွယ်အိုတို့ကို ခေါင်းလျှော်ပေးခြင်း၊ ရေသတ္တဝါ ကုန်းသတ္တဝါအများကို ဘေး မဲ့ပေးခြင်း၊ အန္တရာယ်ကင်းပရိတ်ကို အတူတကွနာယူကြခြင်း၊ အဝတ်အစားနှင့် စားစရာတို့ကို ပံ့သက္ကူလှုဒါန်းခြင်း စသည် ဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအမှုတို့ကို ပြုကြစမြဲဖြစ်ပါသည်။

ယခုခေတ်အခါမြန်မာပြည်အနှံ့တွင် သင်္ကြန်ကာလ၌ ဒုလ္လဘရဟန်းခံခြင်း၊ လူငယ်လူကြီးမရွေး ဥပဿကာအပေါင်းက တ ရားစခမ်းဝင်၍ ဒုက္ခချုပ်ငြိမ်းရာ ကမ္မဌာန်းတရားအားထုတ်ကြခြင်းများကို တွေ့မြင်နေကြရပါသည်။ ၎င်းတို့သည် မြတ်စွာ ဘုရား ဟောကြားသည့် အတ္တာကမ္မံ၊ ကရောန္တဿ၊ မဟာဘောဂံ၊ မဟာသုခံ၊ မဟာပလ္လံ၊ စတုဓိသံဝေဒီ၊ ဇေယျတုမင်္ဂလံ ဟူသောပါဠိတော်အဖွင့်အတိုင်း ကောင်းကျိုးကိုဖြစ်စေနိုင်သည့်အလုပ်ကို လုပ်နေကြခြင်းလည်းဖြစ်ပါသည်။ သံယုတ်ပါဠိ တော် ကောသလသုတ်တော်၌ မြတ်စွာဘုရားက ကောသလမင်းကြီးကို ဟောတော်မူကြောင်း ရှာဖွေမတွေ့ရပါ။ သို့တစေ ဤမင်္ဂလာစကားကို ပညာရှိများအဆက် ဆက်လက်ဆင့်ကမ်းခဲ့ကြပါသည်။

ကမ္ဘာကြီးက မိမိ၏နေပတ်လမ်းတလျှောက် တနှစ်လျင်တကြိမ် နေကိုပတ်လျက်ရှိရာတွင် ဗေဒင်ကိန်းခန်းအလို အရ တရာ သီလျင် ရက် ၃ဝ စီယူ၍ မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ စသည်ဖြင့် ရာသီ ၁၂ မျိုးပြောင်းသည်ဟု သတ်မှတ်ကြပါသည်။ ရဝိ..  ထွန်းတောက်ခြင်းမှာ သူရိန်နေမင်း (သို့) တနင်္ဂနွေဂြိုလ်ကိုကိုယ်စားပြုပါသည်။ ၎င်းသည် နောက်ဆုံး မိန်ရာသီအပြီးတွင် မိဿရာသီခွင်သို့အသစ်ပြန်၍ဝင်သည်။ ထိုသို့ဝင်သည်နှင့် နှစ်ဆန်းတရက်သို့ရောက်သည်ကား မဟုတ်သေး။ ၂ ရက် ၄ နာရီ ၄ မိနစ် စက္ကန့် ၄ဝ ကြာမှသင်္ကြန်တာကူးခြင်းပြီးဆုံးသည်။ ထိုအခါမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု ဆိုနိုင်ကြပါ သည်။ နှစ်ဆန်းတစ်ရက်နေ့တိုင်းသည်လည်း တန်ခူးလဆန်းတစ်ရက် မဟုတ်ချေ၊ ထိုနေ့သည် ကမ္ဘာ့ပြက္ခဒိန်အရဆိုသော် နှစ်စဉ် ဧပြီလ ၁၃ရက်မှ ၁၇ ရက်အတွင်းကျရောက်သော်လည်း တန်ခူးလဆန်းရက်နှင့် ကိုက်ညီလေ့မရှိ။ နှစ်ဆန်းတရက် မတိုင်မှီ တန်ခူးလရက်များကို နှောင်းတန်ခူးခေါ်၍ နောက်မှာရှိသောရက်များကို ဦးတန်ခူးရက်များဟု ခေါ်ဆိုကြပါသည်။

ကျွန်တော်မှတ်မိသော သင်္ကြန်ရက်များမှာ ပျော်စရာကောင်းသလို လွမ်းဆွတ်ဖွယ်ကောင်းသောရက်များလည်း ဖြစ်ကြပါ သည်။ သင်္ကြန်အကြိုနေ့ရောက်ပြီဆိုသည်နှင့် အမေသည် လက်သီးဆုပ်အရွယ် မြေအိုးတလုံးကိုဝယ်ကာ နတ်တို့ပြည်မှဆင်း လာမည့်သိကြာမင်းကြီးကို ကြိုဆိုသည့်ပန်းရေအိုးကိုပြင်ဆင်လေ့ရှိပါသည်။ အိမ်နံဘေး သီးပင်မှ သီးပွင့်အခက်လေးမျာကို သပြေရွက်ပန်းခိုင်ကလေးများနှင့် ရောရှက်ပြီး သိကြားကြို ပန်းအိုးထိုးလေ့ရှိပါသည်။ အတာအိုးဟု ခေါ်ကြပါသည်။ သင်္ကြန် ကျသည်နှင့် ရေကိုသွန်၍ သင်္ကြန်ပန်းကို အိမ်ဦးဝင်းထရံ စသည်တို့တွင် ထိုးစိုက်ကြရပါသည်။ လိုရာဆုကို တောင်းကြရပါ သည်။ ကျွန်တော်တို့ကလည်း အစိမ်းတရစ် အနီတရစ် အရောင်ခြယ်ထားသော သံရေပြွတ်ကလေးများကို တကိုင်ကိုင်ဖြစ်နေ တတ်ပါသည်။ ထိုသင်္ကြန်ရက်များအတွင်း ဤရေပြွတ်ကို အပျက်မခံနိုင်ကြပါ။

မိုးလင်းသော်လည်း အမေကရေပြွတ်ကို ကိုင်ခွင့်မပေးပါ။ ဥပုလ်ကျောင်းကပြန်လာပြီးမှ ရေကစားထွက်ခွင့်ပေးပါသည်။ ထို ပျော်စရာရက်များသည် ကုန်ဆုံးသွားတော့မည်ဟု တသသနစ်မျောပြီး နောက်နှစ်သင်္ကြန်ရောက်အောင် ရက်အကြာကြီး စောင့်ရဦးမည်ဟု ရင်မောကြရဖူးပါသည်။ တခါတရံ အိပ်၍ပင် မပျော်နိုင်ခဲ့ကြပါ။

“ဖက်ဆွတ်ကယ်ခိုင်ဝေဦး၊ လေရူးကလာပြီ၊ ငွေဦးစရာသီ၊ နှစ်ဖျာစုံညီလို့ မောင်ဘုရားနှင့် နေနတ်နွယ်၊ ရေသပ္ပါယ် မြန်းကြပါ စို့” ဟု ရတနာပုံခေတ် မင်းနှင့် မိဘုရားနှစ်ပါးစုံညီတို့သည် ဘုရားကျောင်းကန်တို့သို့ ရေသပ္ပါယ်ဖို့ သွားကြပါသည်။ တိုင်းသူ ပြည်သားတို့ကလည်း ဘဂဝါမြတ်ဘုရားသို့ အတာရေလှူဒါန်းကုသိုလ်ယူ ပြီးမှ အချင်းချင်း ရေစင်ပက်ဖြန်းကြရပါသည်။ မိန် ရာသီနွေအပေါက်၊ သေမလောက်ကြောက်တယ်ဟုဆိုကြရာ အေးမြအောင်သင်္ကြန်ရေလောင်းကြပါသည်။ သင်္ကြန်ရေသည် အေးမြခြင်း၊ ကြည်လင်သန့်ရှင်းခြင်း၊ အညစ်အကြေးကို ဖယ်ရှားပေးနိုင်ခြင်း တသားတည်းဖြစ်ခြင်း စသောဂုဏ်အင်္ဂါများ ရှိ ကြပါသည်။ မေတ္တာရေဟုလည်း ခိုင်းနှိုင်းကြပါသည်။

ရှေးမြန်မာမင်းအဆက်ဆက်က ခေါင်းဆေးမင်္ဂလာဆင်ယင်ကျဉ်းပကြသည်မှာလည်း သင်္ကြန်ကာလ၏ အစဉ် အလာတခုဖြစ် ခဲ့ပါသည်။ အင်းဝခေတ်ရောက်သော် အနောက်တိုင်းသားတို့က ချစ်စရာ မြန်မာတို့၏ဓလေ့ကို မှတ်တမ်းတင်ခဲ့ကြသည်လည်းရှိပါသည်။ နရသီဟပတေ့မင်းက မိဘုရားစောလုံအား “ရွှဲစိုအောင်လောင်းကြရ မည်” ဟု အမိန့်တော်ထားသည်ကိုစောလုံကအထင်မှားပြီးစားပွဲတော်တွင် အဆိပ်ခတ်၍ဘုရင်ကို လုပ်ကြံရန် ကြိုးစားခဲ့ပါသည်။ ဒေါသကိုမထိမ်းနိုင်သော ဘုရင်၏ အမိန့်ကြောင့် မိဘုရားမှာ အကွက်မျက်ခံခဲ့ရပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ၏ မျောက်ဋ္ဋီကာတွင် “အကျီစား သန် ရန်တဲ့ “ ဟု သတိပေးရေးခဲ့ရဖူးပါသည်။

“ဘော်သာခွာ ငွေဖလားရယ်နဲ့ ပျိုဖေါ်သဟာဆွေများနဲ့၊ ပျော်စရာရေကစား ရန်မို့၊ နေအားတဲ့ကညာမေရယ်၊ အတာရေ မာစေဖြန်းချင်လို့ လှမ်းထွက်ပါဦး” ဟုဖိတ်ခေါ်ကြခြင်းမှာ ယဉ်ကျေးသိမ်မွေ့ခြင်း အဓိပ္ပါယ်အပြည့် ဆောင်ပါသည်။ နွေရာသီ အပူဒဏ်ကြောင့် စလူ ယပ်ကလေးတခတ်ခတ်နဲ့ သနပ်ခါးရေကျဲလိမ်းထားသော အပျိုဖြန်းကလေးများ၊ ဖက်ဆွက်ပန်း၊ သ ပြေပန်း၊ ကန့်ကော်၊ သရဖီ၊ အင်ကြင်းပန်းမျိုးစုံ ပန်ဆင်ထားကြသော အပျို အအို လုံမလေးများမှာ မြန်မာ့သင်္ကြန်၏ ယဉ် ကျေးမှု ကိုလက်ဆင့်ကမ်းကြသူများဖြစ်ပါသည်။

“ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္မာကရမက်၊ ပန်းပေါင်းဖက်” သောအမွှေးအကြိုင်တို့ကို ဖလားမှာထည့်၍ အစ်ကိုကာလ သားတသိုက်က ရေစင်ပက်ဖြန်းကြပါသည်။

ကင်းဝန်မင်းကြီး၏ “ပန်းကန့်ကော်ရွှေစကား၊ ငွေသားနုစံပယ်မှန်” အစချီ ၁၂ရာသီပန်းလေးဆစ်ကဗျာတွင်  ပိတောက်ပန်းပွင့် သော ရာသီဥတုမပါပါ။ သိုပါသော်လည်း “ပန်းရွှေဖီကြိုင်လှောက်လို့ ပိတောက်ရယ်တဲ့သင်းချို” သောရာသီမှာ သင်္ကြန်ရာသီဖြစ်၍ ပိတောက်သည်သင်္ကြန်ပန်းသာဖြစ်ပါသည်။ သင်္ကြန်ရက်မရောက်မီသော်လည်းကောင်း၊ သင်္ကြန်တွင်းနှင့် သင်္ကြန်ပြီးသော်လည်းကောင်း ပိတောက်ပန်းပွင့်ပြီဆိုလျှင် အဆုပ်လိုက်၊ အခိုင်လိုက် တပင်လုံး ဝါထိန်နေအောင် ပွင့်တတ်ပါ သည်။ ပိတောက်သုံးခါပွင့်လျင် မိုးကျချိန်တန်ပြီဟု မှတ်ယူကြပါသည်။

ကျွန်တော်တို့ငယ်ငယ်က စာသင်ကျောင်းသို့သွားရာလမ်းမှာ ဘုန်းကြီးကျောင်းများအလယ်မှ ဖြတ်သွားရသော ဖြတ်လမ်း တစ်လမ်းရှိပါသည်။ တနှစ်ကဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ ပိတောက်ပင်ကြီးမှာဝါထိန်နေ အောင်ပွင့်ပါသည်။ လွန်ခဲ့ သောအနှစ် ၅ဝ ကျော်က ထိုပိတောက်ပွင့်သောနေ့ကို ယနေ့တိုင်စွဲနေအောင်ကျွန်တော် မှတ်မိပါသည်။ ထိုပိတောက် ပင် အောက်တွင် တွေ့ခဲ့ရသော ငယ်သူငယ်ချင်းအပေါင်းကို ယနေ့အထိ မှတ်မိနေပါသေးသည်။ အနည်းဆုံးပေ ၈ဝ ခန့်မြင့်ပြီး လုံးပါတ် ၁ဂ ပေခန့်ရှိသော ပိတောက်ပန်းတို့၏ရနံ့မှာကျောင်းဝင်းတခုလုံး ထုံသင်းမွှေးပြန့်နေပါသည်။

သင်္ကြန်တာကူး၍နှစ်သစ်ကူးပြောင်းခြင်းမှာ လူတို့၏သက်တမ်း၊ မှတ်တမ်းတတိုင် တိုးပွားခြင်းလည်းဖြစ်ပါသည်။ မိမိကုသိုလ် ကောင်းမှုအထွေထွေမည်မျှပြည့်မြောက်ပြီးဆိုသည်ကို ဆန်းစစ်ရန်အချိန်များဖြစ်ပါသည်။ အသက် အရွယ်ကြီးရင့်လာခြင်းမှာ ကုသိုလ်၊ ဗဟုသုတအထွေထွေနှင့် အသိဥာဏ်ပညာ တိုးပွားခြင်းပင်ဖြစ်ရာ မြန်မာတို့ဓလေ့မှာ မိမိထက် အသက်အရွယ်ကြီး သူကို အရိုအသေပြုကြရမြဲဖြစ်ပါသည်။

(၃)
စာရေးဆရာမောင်ထင်က သူ၏ ၁၂ရာသီပွဲတော်များ စာအုပ်တွင် သင်္ကြန်ကာလတွင် ယဉ်ကျေးသိမ်မွေ့ခြင်း အလေ့အထကို ဦးစားမပေးခဲ့ကြသည်မှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းခေတ်များတွင် ပိုမိုဆိုးသည်ဟု မှတ်ချက်ပြုခဲ့ပါသည်။ ယနေ့ အင် တာနက်၊ ဖေ့ (စ) ဘွတ်ခေတ်တွင် သင်္ကြန်ပွဲကို ဆင်ယင်ကျင်းပကြသော်လည်း သင်္ကြန်၏ယဉ်ကျေးမှုအမွေအနှစ်ကို ဦးစား မပေးကြတော့သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ဆရာကြီးက ထိုလွတ်လပ်ရေးခေတ်ကို မသိမမှီလိုက်ကြသော ယနေ့ လူငယ်လူရွယ်များ၏ သင်္ကြန်တွင်း အပြုအမူများကို မြင်လျင် ဘယ်လိုမှတ်ချက်ပေးမည်မသိနိုင်တော့ပါ။

မြန်မာတို့၏ကောင်းမြတ်သော  အတာရေကစားခြင်း၊ ရေစင်ပက်ဖြန်းခြင်း အလေ့အထကို ရိုးရာမပျက်ရအောင် ပြုပြင်ထိမ်းသိမ်းကြရန်မှာယနေ့မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ရိုးရာထုံးတမ်းဓလေ့၊ ထိုဓလေ့များ၏အဓိပ္ပါယ်၊ ၎င်းတို့ကိုထိမ်းသိမ်းရန် လိုအပ်ပုံတို့ကို ပြောပြကြရန်တာဝန်မှာ ရှေးခေတ်ကို သိမီလိုက်သူများအပေါ် တွင် ကျရောက်လျက်ရှိပေသည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်