မောင်လူရေး ● တပြုံးပြုံး နိုင်ငံတော်

April 19, 2017

● တပြုံးပြုံး နိုင်ငံတော်

(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၇

မြန်မာကွာတာလီးထဲက စာတပုဒ်ဖတ်ပြီး တမျှော်တခေါ်ကြီး လျှောက်စဉ်းစားကြည့်မိတယ်။ သုတေသနတွေ့ရှိချက်များဆိုတဲ့ဟာထဲက ဒါန ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုတဲ့ဆောင်းပါးပါ။ ရေးသူက ဇော်တူးဆိုင်း။

ဒီဆောင်းပါးက ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုအကြောင်းဆိုပေတဲ့  ဗုဒ္ဓဘာသာအ ကြောင်းဘဲ ရေးထားတယ်ဆိုပါတော့လေ။ ခရစ်ယာန်နဲ့ပတ်သက်လို့ အမေရိကန်က သိက္ခာတော်ရဘုန်းကြီးတပါး ဒေါ်လာ တသန်းခွဲလောက် ဖြောင်တဲ့စာတကြောင်းဘဲ ပါတယ်ပေါ့။ တခြား အစ္စလာမ်နဲ့ဟိန္ဒူအကြောင်းတော့ မပါသေးဘူး။

ဘာသာရေးဟာ စီးပွားရေးလုပ်ငန်းတရပ်လုပ်ပြီး ငွေမရှာကြပေမဲ့ ငွေအလွန်သုံးရတဲ့လုပ်ငန်းတခုပါ။ လာရောက်ပတ်သက် သူတိုင်းကို ငွေကြေးအခမဲ့ ကိုယ်ချမ်းသာ စိတ်ချမ်းသာရအောင် လုပ်ပေးရတဲ့လုပ်ငန်းကိုး။ တဘာသာနဲ့ တဘာသာ ငွေရှာပုံ ငွေရပုံ မတူကြပေမဲ့ ငွေအသုံးလိုအပ်ပုံတွေကတော့ တူမှာပါဘဲ။

ဗုဒ္ဓဘာသာမှာက ဘုရားတွေဆိုရင် ဂေါပကအဖွဲ့က ငွေကြေးကို တာဝန်ခံရပါတယ်။ ရှင်းရမှာပါ။ အဲဒီဂေါပကကလည်း ရပ် ရွာကဆိုတာထက် အစိုးရအဖွဲ့ကလူတွေများပါတယ်။

ဘုန်းကြီးကျောင်းတွေမှာတော့ တမင်အလှူခံတာမဟုတ်ဘဲ လိုရာသုံးဖို့ဆိုပြီး နဝကမ္မအနေနဲ့ ငါးရာတထောင်ကစ သိန်းဂ ဏန်းထိ လှူတာတွေ ရှိတတ်ပါတယ်။ သာမှု နာမှုမှာ လှူတာမျိုးပေါ့။ ဒါမျိုးတွေက ရှင်းလေ့မရှိကြပါဘူး။ ဘုန်းကြီးကျောင်း တွေမှာ လုပ်ငန်းတခုအတွက် တမင်သက်သက်အလှူခံပြီဆိုရင်တော့ အဖွဲ့ရှိပါတယ်။ ရှင်းရပါတယ်။ အလှူရှင်နာမည်နဲ့ ငွေအမောင့်တခါတည်း ဆိုင်းဘုတ်ထိုးရတဲ့အလှူဓလေ့ဆိုတော့လဲ တသက်လုံးစာရင်းရှင်းထားသလိုပါဘဲ။

အဲဒီဆိုင်းဘုတ် အဲ အလှူရှင်ကမ္ဗည်းထိုးတာကလဲ ကြွားစိန်လုပ်တယ်ထင်ရပေမဲ့ ထရန်စပါရင်စီ ထရန်စပါရင်စီဆိုတဲ့မန္တာန်ကို အထပ်ထပ်ရွတ်ဖတ်သရဇ္ဈယ်တဲ့ ဒီမိုခရေစီခေတ်ကြီးထဲရောက်ပါမှ အော် ဒါဟာ ရှေးလူကြီးတွေရဲ့ ထရန်စပါရင်စီပါလားလို့ ပေါက်လာတော့တယ်။ ကိုယ်ထင်တာက မြင်မြင်သမျှ ဝမ်းသာကြဖို့လောက်ဘဲ ရည်ရွယ်တယ်ထင်ခဲ့တာ။ အော် ခုမှ “ဟိုက် ရှားလဘတ် ထရန်စပါရင်စီပါလား” ဆိုပြီး အာမေဋိတ်လိုက်ရပေါ့။

တဦးတည်းသီးသန့်လှူတာတွေကတော့ တော်တော်များများဟာ ကျောင်းမှာ တာဝန်ခံသူမရှိရင် အလှူရှင်ကိုယ်တိုင် စီမံ တာများတာပါဘဲ။ ဓမ္မကထိကတွေကို ဓမ္မပူဇာလှူတာကတော့ သူ့ဘာသာ ဘာသုံးသုံးပေါ့လေ။ ထထိုင်ထဲ ဘယ်သူ့ပေးခဲ့ ပေးခဲ့ပေါ့။ ခေါင်းစည်းတပ်ထားတဲ့တရားပွဲတွေကတော့ တခါတည်း ဆိုင်ရာခေါင်းစည်းထဲ ဝင်သွားတာဘဲ။ တခြားဘာသာ တွေ ဘယ်လိုငွေရ ဘယ်လိုသုံးစွဲကြလည်းတော့ မသိပါဘူး။

ဒီဆောင်းပါးဖတ်ရတော့ ပြန်သတိရမိတဲ့ အဖြစ်ကလေးတွေရှိတယ်။

ဦးဇင်းတို့ ၂၀၁၀ တုန်းက BLCE (ဗုဒ္ဓစ် လီးဒါးရှစ် စိဗစ် အင်ပါဝါးမင့်) ဆိုတဲ့သင်တန်း ချင်းမိုင်မှာ တလသွားတက်ဘူးတယ်။ ဗဟုအဖွဲ့က ဦးစီးတာလို့ ယူဆရတာဘဲ။ အဲဒီသင်တန်းမှာ စရင်းဇယားနဲ့ပတ်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာ မဟောင်းကြီးတယာက် ၂ ရက်လာသင်ပါတယ်။ ဆရာမကြီးက “ဦးဇင်းတို့ လူငယ်တွေချည်းဘဲ၊ အလုပ်တောင် မစကြရသေး ဘူးလို့ သိရတယ်၊ အလုပ်စလုပ်ရင် စရင်းဇယားနဲ့ သေချာလုပ်ပါ။ အရေးကြီးပါတယ်။ ချာ့ခ်ျတွေမှာတော့ တပည့်တော်က စရင်းအင်းအကြောင်းပြောရင် ဘုန်းကြီးတွေက လက်မခံပါဘူး။ တပည့်တော်ကပြောလွန်းတော့ မြင်ရင်ကို မောင်းထုတ် မ တတ်ဘဲ။ တပည့်တော် ခရစ်ယာန်ပါ။ သင်တန်းမှာ စကားပြောမှားရင် ခွင့်လွတ်ပါ” တဲ့။ စကားလုံးတွေကတော့ အတိအကျမ ဟုတ်ဘူးပေါ့ဗျာ။

ဦးဇင်းတို့ HIV လုပ်ငန်းလုပ်ကြတော့ INGO ကြီးတခုနဲ့ တွဲလုပ်ဖြစ်ပါတယ်။ အဲဒီမှာ ဦးဇင်းတို့က ဘုန်းကြီးကျောင်းကို အခြေပြုသလို ချာ့ခ်ျကိုအခြေပြုတဲ့ အဖွဲ့တွေလည်း ပါပါတယ်။ တဖွဲ့က ပြဿနာပေါ်တယ်။ ထောက်ပံ့ငွေတွေဟာ လူနာ တွေဆီ အပြည့်မရောက်ပါဘူး။ ၁၀ ရာခိုင်နှုန်းက ချာ့ခ်ျကို စီမံခန့်ခွဲမှုစရိတ်ဆိုပေမဲ့ နာမည်ခံခဘဲထားပါတော့ ပေးရတယ်လို့ သိရပါတယ်။ စီမံခန့်ခွဲမှုစရိတ်အနေနဲ့ ပေးခွင့်ရှိတယ်ဆိုပေမဲ့ အဲဒီထက် ပိုတောင်းလာလို့ ပြဿနာဖြစ်တယ်လို့ သိရပါတယ်။

နောက် ခရစ်ယာန်မိတ်ဆွေတယောက်ဆီက ကြားဖူးတာလေးရှိတယ်။

သူဟာ သူနေခဲ့တဲ့ မိဘမဲ့ကျောင်းဆီ ပြန်မသွားချင်ဘူးတဲ့။ ဘုန်းကြီးကို သိပ်စိတ်နာတယ်တဲ့။ အလှူငွေတွေအများကြီးရှိပေမဲ့ မသေရုံတမယ် နေခဲ့ရတယ်တဲ့။

ပြောလိုတာက ဘာသာရေးလုပ်ငန်းဟာ ဘယ်ဘာသာမဆို ငွေသွန်သုံးတဲ့လုပ်ငန်းလို့တောင် ပြောလို့ရပါတယ်။ ဆိုတော့ ဘာသာပေါင်းစုံကို သုတေသနလုပ်ပြီး ငွေကြေးဝင်လာပုံ ထွက်သွားပုံ ဘယ်အတွက်ထွက်တယ် ဘယ်က လာတယ် ဘယ် လိုလာတယ်ဆိုတာတွေပါ ဆက်လက် သုတေသနပြုတင်ပြကြရင် ကောင်းမှာဘဲလို့ တွေးမိပါတယ်။ ဒါမှသာ စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေကို တခုနဲ့တခု အတုယူလို့ရမှာဖြစ်သလို ပွင့်လင်းမြင်သာမှုအားကောင်းလာပြီး ဒီမိုကရေစီအကူး အပြောင်း ကိုတောင် အထောက်အကူပြုမယ်ပေါ့လေ။ ဘာ့လို့လဲဆိုတော့ ဘာသာရေးပုဂ္ဂိုလ်တွေရဲ့ အလေ့အထဟာ လူ့အဖွဲ့အစည်းရဲ့ စီမံအုပ်ချုပ်မှုပုံစံတွေအပေါ်မှာ သြဇာကြီးတယ်မဟုတ်လား။

ဒါ့အပြင် ဘာသာပေါင်းစုံ ငွေကြေးရှာဖွေမှုနှင့် စီမံသုံးစွဲပုံဆိုင်ရာညီလာခံကြီးတွေ ဘာတွေ ဆက်လုပ်လို့ရတာပေါ့။ ငွေကြေး ဆိုင်ရာတွေ ပွင့်လင်းမြင်သာမှုရှိလာပြီဆိုရင် တဘာသာနဲ့ တဘာသာ သံသယတွေ ပြေလာပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲကြီးက သူ့ဘာသာ အလိုအလျောက်ရလာမှာလေ။

အဲဒီကတဆင့် ဘာသာရေးစာပေတွေ အပြန်အလှန် အတူယှဉ်တွဲလေ့လာသင်ယူနာကြားတဲ့အဆင့်ရောက်လာပြီး အနက် အဓိပ္ပါယ်အဖွင့်တွေတောင် ခေတ်ရဲ့လူနေမှုတွေနဲ့ညီအောင် စုပေါင်းနှီးနှော ဆွေးနွေးပြုပြင် ရေးကြသားကြတဲ့အထိတောင် ရောက်လာနိုင်တာပ။

အဲဒီလို ဖွင့်ဆိုတဲ့ထိ ရောက်လာရင် ပိုကောင်းမယ်လို့ ထင်တာပါဘဲ။ ဘာ့လို့ဆို၂၀၀၈တုန်းက ဘာလီမှာ ICAAP ဆိုတဲ့ HIV နဲ့ ပတ်သက်တဲ့ ညီလာခံလုပ်တယ်။ အဲဒီနှစ်က ယူအန်အေ့ဒ်က ဦးဆောင်တဲ့အခန်းကဏ္ဍကတော့ ဘာသာရေးနဲ့ ဆိုင်ပါ တယ်။ ဘာသာရေးမှာ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေဟာ HIV/AIDS တိုက်ဖျက်ရေးမှာ အဟန့်အတားဖြစ်လာတယ်ပေါ့လေ။ အထူး သဖြင့်ကတော့ လိင်ဆက်ဆံဖက်များတဲ့သူတွေနဲ့ လိင်တူဆက်ဆံတဲ့သူတွေအတွက် ဘာသာရေးရဲ့ သတ်မှတ်ချက် တွေ ကြောင့် ပညာပေးရေးရော အကူအညီပေးရေးရော ပိုလုပ်ရခက်လာပါတယ်တဲ့။ သူတို့က အဲဒါတွေကို သက်သာရာရစေမယ့် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ရမလားဆိုတာ ရည်ရွယ်တယ်ပေါ့လေ။ အဲဒီတုန်းက ပုတ်ရဟန်းမင်းကြီးဟာ ကွန်ဒုံးကို လက်မခံ ဘူးလို့ ပြောလိုက်တာကိုး။ နောင်မှာတော့ သူ့အယူအဆမှားကြောင်း ပြောသွားပါတယ်။

အခုလည်း မြန်မာပြည်မှာ ဘာသာရေးရဲ့ အိမ်ထောင်မှုအပေါ်မှာ ဝင်စွက်ဖက်ထားတာတွေကြောင့် ပြဿနာတွေ ရှိနေတယ် မဟုတ်လား။ ဘာသာမတူသူ လူတွေ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံတခုမှာ ဘာသာမတူသူနဲ့ အိမ်ထောင်ဖက်ကြတော့မယ် ဆိုတော့ ခရစ်ယန်ကလည်း ချာ့ခ်ျထဲမှာ သူ့ထုံး သူ့တမ်းလေးနဲ့ လက်ထပ်စေချင်၊ မွေးလာတဲ့ကလေး ဘာသာဝင် မှုပြုစေချင်။ အစ္စလာမ်ကလည်း ဘာသာဝင်အဖြစ်ပြောင်းလဲပြီး ဗလီထဲ သွင်းချင်၊ ဟိန္ဒူကလည်း ဇာတ်မတူရင် လက်မခံချင်ဆိုတော့ ခု ဗုဒ္ဓဘာ သာတွေကလည်း မျိုးစောင့်ဥပဒေတွေ ဘာတွေရေးတော့ တော်တော်ရှုပ်လာရော။

အဲဒါကို ကန့်ကွက်ရှုတ်ချပါတယ်ဆိုတဲ့သူတွေကလည်း ဘာသာကိုအခြေမခံဘဲ နိုင်ငံသားမှန်သမျှ လိုက်နာနိုင်မယ့် လက် ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေမျိုး ပေါ်လာအောင် အားမထုတ်နိုင်တော့ ပိုရှုပ်ထွေးလာတာဘဲ အဖတ်တင်တာပေါ့လေ။ လူ့ အခွင့်အရေးရှုထောင့် အမျိုးသမီးအခွင့်အရေးရှုထောင့် မွေးစကလေးအခွင့်အရေးရှုထောင့်ကနေ ဘာသာပေါင်းစုံကို ဝေ ဘန်တာမျိုးမဟုတ်တော့ နိုင်ငံ့အင်အားစုတွေ ကွဲပြားတာဘဲ အဖတ်တင်ရဲ့။ ခုတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုတောင် အမျိုးသားလုံခြုံရေးကို ကြာကူလီရိုက်တဲ့ဟာလို့တောင် ထင်လာသူတွေ ရှိလာတာပ။

ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုကနေ တဘာသာနဲ့ တဘာသာ သံသယတွေလျော့ချ၊ အဲဒီကတဆင့် ဘာသာရေးသဘော တရားဆိုင်ရာ ပူးပေါင်းလေ့လာမှုဆီရောက်၊ အဲဒီကတဆင့် ကိုယ့်ရေမြေနဲ့ ကိုယ့်အခြေအနေနဲ့ ကိုက်အောင်ပြုပြင်ဖွင့်ဆို၊ အများလိုက်နာနိုင်တဲ့ ဘုံသဘောတူချက်တွေလောက်သာ မကတော့ဘဲ တဦးချင်း ကျင့်သုံးလိုက ကြိုက်ရာ လွတ်လွတ် လပ်လပ် အခြိမ်းအခြောက်မရှိကျင့်သုံး တပြုံးပြုံးနိုင်ငံတော်ကြီးများ တည်ထောင်လို့ရရင် ကောင်းမှာဘဲလို့ စိတ်ကူးယဉ်ကြည့် တယ်။

အော် စကားမစပ် အလှူငွေဆိုလို့ ဘုန်းကြီးနဲ့ဘဲ ဆိုင်တယ်ထင်နေအုံးမယ်။ ဘုန်းကြီးတွေထက် ဘုန်းကြီးတဲ့ လူတွေ အများ ကြီးရှိသေးတယ်ဗျ။ အလှူငွေအများကြီးရတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေလဲ အများကြီးမဟုတ်လား။ ဘယ်က ဘယ် လောက်ရ ဘာအတွက် ဘယ်လိုသုံးနေလဲဆိုတာ အဖက်ဖက်က ဘယ်သူမဆို ဒိုးယိုပေါက်မြင်ခွင့်ရရင် သိပ်ကောင်းမှာပေါ့။

အစိုးရကြီးရတဲ့ အလှူငွေတွေရောပေါ့လေ။

တကယ်တော့ ညီညွတ်ရေးတို့ ငြိမ်းချမ်းရေးတို့ဆိုတာကလဲ အလှူငွေရဲ့ ပွင့်လင်းမြင်သာမှုအပေါ်မှာဘဲ အခြေခံထားတာ မဟုတ်ပါလား။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments