ညီစောလွင် ● စစ်ပွဲထဲက အလှတရားကို ရှာခြင်း

April 19, 2017

ညီစောလွင် ● စစ်ပွဲထဲက အလှတရားကို ရှာခြင်း

(မိုးမခ) ဧပြီ ၁၉၊ ၂ဝ၁၇

တနေ့တုန်းက သူငယ်ချင်းတွေ ဝိုင်းဖွဲ့ရင်း ဘာရယ်မဟုတ် ရုပ်ရှင်တွေဘက်ရောက်တယ်။ အင်းဝနဲ့ဟံသာဝတီ စစ်ကို ရုပ်ရှင် ရိုက်နိုင်ရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။ ဇာတ်ညွှန်းကောင်းကောင်းနဲ့ ဆက်တင်ကောင်းကောင်းနဲ့ဆိုရင် ကိုရီးယားဇာတ် လမ်းတွဲထက် ကောင်းအောင်ရိုက်နိုင်ပါတယ်။

နရစွမ်းထက်သာနိုင်သလို ‘သူရဲကောင်း ၃ဝဝ’ လောက် ကောင်းနိုင်ပါတယ်။ နောက်တချက်တော့ မြန်မာပြည်အတွက် ဒီလို ကားမျိုးလိုအပ်ပါတယ်။

လိုရင်းဆိုပါစို့ … ။
အမှာမှာ ဆရာမကြီးဒေါ်ခင်မျိုးချစ်က သမိန်ဗရမ်းစိတ်ဓာတ်ကို ချီးကျူးတယ်။ ဒါနဲ့ပဲ ဒီစာအုပ်က တန်တယ်လို့ဆရာမကြီးက မှတ်ချက်ပေးထားပါတယ်။ အဓိကကတော့ သမိန်ဗရမ်းရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ချီးကျူးတာပါ။ စိနသူရဲကောင်း ကာ မနိ (ဂါမဏိ) နဲ့ စီးချင်းထိုးဖို့ သမိန်ဗရမ်းက ဆုံးဖြတ်တဲ့အခါ မဟာဗျူဟာမြောက် စဉ်းစားချက်ပါတယ်။

အားလုံးသိတဲ့အတိုင်း မွန်သူရဲကောင်းဟာ ဗမာဘုရင်ရဲ့  အကျဉ်းသားဖြစ်နေတယ်။ ဒါပေမယ့် သမိန်ဗရမ်းက အင်းဝကို တ ရုတ်သိမ်းမိရင် ဟံသာဝတီလည်းတနေ့တော့ တရုတ်အောက် ကျမယ်။

ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ ကာမနိကို အနိုင်တိုက်ရင် ဟံသာဝတီကို ကာကွယ်ပြီးသား ဖြစ်မယ်။ လွှတ်ငြိမ်းချမ်းသာခွင့်လည်း ရမယ်။ ဒီလိုတွေးပါတယ်။ ဒါကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ပြည်ထောင်စုစိတ်ဓာတ်လို့ အမှတ်ပေးပါတယ်။

အင်းဝနဲ့ဟံသာဝတီ စစ်ခင်းကြတယ်။ အပြန်အလှန်လုပ်ကြံကြတဲ့အခါ မွန်ဘက်မှာ သမိန်ဗရမ်းလို သူရဲကောင်းတွေ ပေါ် လာတယ်။ ဗမာဘက်မှာ မင်းရဲကျော်စွာလို သူရဲကောင်းတွေ ပေါ်လာတယ်။ သံခင်းတမန်ခင်းသာမက စစ်ဗျူဟာခင်းတဲ့ နေ ရာမှာ ထူးချွန်တဲ့ အမတ်တွေ၊ ရဟန်းတွေပေါ်တယ်။ wars made states; states make wars ဆိုတဲ့ စကားအတိုင်းပါပဲ။ စစ်ပွဲတွေကြောင့်ပဲ နိုင်ငံတွေဖြစ်လာပြီး နိုင်ငံတွေကြောင့်ပဲ စစ်ဖြစ်ပြန်တယ်။ ဒီစစ်ပွဲတွေက လူစွမ်းကောင်းတွေ၊ အရည်အ ချင်းရှိတဲ့ မှူးကြီးမတ်ကြီးတွေကို မွေးထုတ်တယ်။ ဥရောပဟာလည်း ဒီလို ထီးပြိုင်နန်းပြိုင်ခေတ်တွေကို ဖြတ်သန်းခဲ့ပါတယ်။

သေချာပါတယ်။ စစ်ဆိုမှတော့ ဘယ်စစ်မှမကောင်းနိုင်ပါဘူး။ အဆိုးထဲအကောင်းက မွန်-မြန်မာစစ်မှာ နှစ်ဖက်စလုံးက လူ ကြီး လူကောင်းဆန်တာ များပါတယ်။ (အများအားဖြင့်) ကတိတည်ကြပါတယ်။ စစ်ဖြစ်နေတုန်း အပြန်အလှန်ပေးစားတွေမှာ ယဉ်ကျေးကြပါတယ်။

စစ်ပြေငြိမ်းတဲ့အခါ လက်ရည်တပြင်တည်း ပွဲတော်တည်ပါတယ်။ နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းဖောက်ပြီး သာယာဝပြော ခဲ့တဲ့နှစ်တွေ မနည်းပါဘူး။  ဒါကြောင့်လည်း မင်းတပါးနတ်ရွာစံတဲ့အခါ ကျန်ခဲ့တဲ့မင်းက ငိုရှာပါတယ်။ စစ်ဖက်ပြိုင်ပေမယ့် သူ့ကို ငါမမုန်း၊ သူမရှိတဲ့အခါ ငါရဲ ဘုန်းတန်းခိုးကိုပြဖို့ ဘယ်သူနဲ့စစ်ခင်းရပါ့။ ငါသည်လည်း တနေ့မှာ ဇရာကို လွန်ဆန်နိုင် မှာမဟုတ်လို့ နန်းစည်းစိမ်နှင့်တကွ အားလုံးကို နောက်ချန်ထားခဲ့ရမှာတကားဆိုတဲ့ ဝိရောဓိဆန်တဲ့စိတ်နဲ့ ငိုတယ်လို့ ဆိုပါ တယ်။

ရာဇဓိရာဇ်အရေးတော်ပုံကျမ်းရဲ့အောင်မြင်မှုဟာ သူရဲကောင်းစိတ်ဓာတ် အဖွဲ့အနွဲ့နဲ့ ဒီလိုလူသားဆန်မှုတွေကို လှလှပပ ပေါင်းစပ် နိုင်တာကြောင့်ပါပဲ။

မင်းရဲကျော်စွာဟာ ရှေ့ဘဝက ရာဇဓိရာဇ် (ဗညာနွဲ့) ရဲ့သားဖြစ်ခဲ့တယ်။ ကွပ်မျက်ခါရနီးမှာ ဖခမည်းတော်ကို ဒေါသစိတ်နဲ့ နောက်ဘဝကျရင် အင်းဝဘက်မှာ ဝင်စားပြီး ဖခင်ဟောင်းနဲ့ စစ်ခင်းပါရစေလို့ဆုတောင်းတယ်။ ဒါကြောင့် မင်းရဲကျော်စွာကို အရှင်မိတော့ ရာဇဓိရာဇ်က မသတ်ရက်ရှာပါဘူး။ မင်းဟာ အရင်ဘဝက ငါ့သားပါလို့ တဖွဖွ ပြောခဲ့တယ်။
သမိန်ဗရမ်းနဲ့ပတ်သက်လို့ ရှားရှားပါးပါး လူသားဆန်တဲ့ဇာတ်ကွက်တခုက ကာမနိကိုနိုင်ပြီး ရန်သူ့သမီးကို ယူ၊ မယူ ဝေခွဲမရ တဲ့ အခန်းပါပဲ။

အင်းဝဘုရင်က သူ့ကတိအတိုင်း သမီးတော်ကိုပေးစားတဲ့အခါ ပထမတော့ ငြင်းတယ်။ နောက်တော့မှ ဗမာမင်းသမီးအလှပ ဂေးကိုမြင်ပြီး ဗမာမင်းသမီးကိုယူရင် အရသာဘယ်သို့  ရှိမလဲဆိုပြီး ယူလိုက်တယ်။

တနည်းနဲ့ကြည့်ရင် မရင့်ကျက်တဲ့သဘောဆောင်ပေမယ့် လူသားဆန်မှုကို ရိုးရိုးသားသား ရေးပြတယ်လို့ယူသော် ရပါလိမ့် မယ်။ နောက်ဆုံးမှာတော့ အင်းဝဘုရင်က အမှတ်တမဲ့ ကျွန်လို့ခေါ်တာကို မကျေနပ်လို့ ဟံသာဝတီကို ထွက်ပြေးခဲ့ပါတယ်။

ရာဇဓိရာဇ်ကျမ်းထဲမှာ မကြိုက်တာကို ပြပါဆိုရင် မဂဒူးမင်းဆက်ဟာ ဇင်းမယ်ဘုရင်ရဲ့လက်အောက်ခံ လက်ဆောင်ဆက်နိုင်ငံ တွေ ဖြစ်နေတာပါ။ မွန်ဘုရင် အင်ပါယာထဲမှာ ဆူပူသောင်းကျန်းမှုတွေပေါ်ရင်ဖြစ်ဖြစ်၊ နန်းသစ်တက်ရင် ဖြစ်ဖြစ် စစ်ကူ တောင်းတာ၊ ဘွဲ့အမည်တောင်းတာ စသဖြင့် ဇင်းမယ်ဘုရင်ကို သံတော်ဦးတင်ကြပါတယ်။ ဆင်၊ ရွှေ၊ သမီးတော် စသဖြင့် လက်ဆောင် ဆက်ကြပါတယ်။

အဓိကအကြောင်းက မွန်အင်ပါယာမှာ မင်းညီမင်းသားတွေ နန်းလုကြတယ်။ နန်းတွင်းမှာ နန်းလုပွဲဖြစ်ရင် နယ်စားတွေက ဆူပါတယ်။ ရာဇဓိရာဇ်လို မွန်အင်ပါယာကို ထိန်းနိုင်တဲ့ မင်းလက်ထက်ကြတော့ ဗမာအင်ပါယာနဲ့ အားပြိုင်ပါတယ်။

မွန်-မြန်မာ စစ်ပွဲမှာ ဘယ်သူမှမနိုင်ပါဘူး။ ရဟန်းပညာရှိ လူပညာရှိ လက်ရုံးနှလုံး ပြည့်ဝတဲ့ သူရဲကောင်းတွေ နှစ်ဖက်စလုံးက ဆုံးရှုံးခဲ့ပါတယ်။

ဒါသည်ပင် ရာဇဓိရာဇ်ဇာတ်လမ်းတွဲက အဓိကပေးရမယ့်သတင်းစကားလို့  ကျနော်ထင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, ညီစောလွင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်