သျှင်မျိုးငယ် ● ပစ္စက္ခမှတ်တမ်း

April 23, 2017

● ပစ္စက္ခမှတ်တမ်း

(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇

ရင်ဘတ်ကို ဗလာကျင်းထားလိုက်တယ်
ရှည်လျားစပြုနေပြီဖြစ်တဲ့ မုတ်ဆိပ်မွှေးတွေကို ပွတ်သပ်ပြီး တွေးတယ်
လူငယ်တယောက်ရဲ့ယုံကြည်ချက်အတိုင်းဆိုပါတော့
ငါတို့ဟာ လူငယ်ဘဝကို သင်းသတ်ခံထားရတဲ့မျိုးနွယ်စုမဟုတ်လား
အမှောင်ထဲမှာ နေကာမျက်မှန်တလက်ကိုတပ်ပြီး ကြည့်မှတော့
ခွေးဝဲစားတကောင်လောက်တောင် လတ်ဆတ်မှုမရှိတဲ့အမြင်နဲ့
ငါတို့ဟာ မရှိမဲ့ရှိမဲ့အတွေးအခေါ်နဲ့ ခရီးတွေဆက်ခဲ့တယ်
ဒါဟာ ခရောင်းလမ်းဆိုလည်း ခရောင်းလမ်းပေါ့
ဒါဟာ ပန်းမွေ့ယာဆိုလည်း ပန်းမွေ့ယာပေါ့
ကိုယ့်အသက်အရွယ်ကိုပြန်ပြီးကြည့်လိုက်တော့
သောက်သုံးမကျတဲ့ခေတ်ကာလအပိုင်းအခြားကိုပဲ တွေ့ခဲ့ရတယ်
ဆောင်းလက်ကျန်နှင်းစက်တွေအောက်မှာ ငါ့ကို မွေးဖွားခဲ့သတဲ့
ဘယ်မှာလဲ အေးချမ်းမှု
ဘယ်မှာလဲ ငြိမ်းအေးရာ
ငါနေထိုင်ရာ ဟောဒီဘဒ္ဒကမ္ဘာဟာ အဆီအငေါ်မတည့်မှုတွေ ဒုနဲ့ဒေး
ငါတို့ အပြိုင်အဆိုင်ပြေးနေခဲ့ကြတာပဲ မဟုတ်လား
မှားယွင်းနေတဲ့လမ်းမကြီးပေါ်မှာ သံကုန်ဟစ်လို့
ဦးတည်ရာမဲ့စိတ်ကူးတွေကို စိုက်ပျိုးလို့
အထပ်ထပ်အခါခါ မှားတယ်  မှားတယ် မှားတယ်
အမှန်တရားလား ငါ ပြတင်းပေါက်ဖွင့်မထားဘူး
ဝင်လာမစဲတသဲသဲဆိုတာ ဒုက္ခတရားအတွက်ဖြစ်နေရဲ့
အမှောင်ထုတွေဟာ သိပ်ပြီး ထူးပိန်းလွန်းတယ်
လျှောက်လက်စလမ်းတွေကို ခရီးဆက်ဖို့
ကိုယ့်ကိုယ်ကို လောင်ကျွမ်းပေးခဲ့ရတယ်…ပြာကျတဲ့အထိ
အသိခေါက်ခက် အဝင်နက်တယ်ဆိုဆို
ငါတို့ဟာ နံရံထူထူတွေနဲ့တသားတည်း တသွေးတည်း
စိတ်ပျက်လက်ပျက်နဲ့ လောကဓံတရားကို ရင်ဆိုင်တယ်
ဆယ့်နှစ်ရာသီပြည်တွင်းစစ်ရှိတဲ့နိုင်ငံတော်အလံကို
ငါတို့ သစ္စာရှိရှိ အလေးပြုခဲ့ကြတယ်…အခုထက်ထိပဲ
ငါ့မိတ်ဆွေတချို့မှာ ပြင်ပဒဏ်ရာဒဏ်ချက်တွေ များလွန်းရဲ့
ငါ့မိတ်ဆွေတချို့မှာ စိတ်ဒဏ်ရာဒဏ်ချက်တွေ များလွန်းခဲ့
အလူးအလဲ အကျအဆုံး ခပ်များများ သက္ကရာဇ်တွေ
လက်ဆွဲနှုတ်ဆက်ဖို့ လက်တွေမရှိတော့ဘူး
လမ်းအတူလျှောက်ဖို့ ခြေထောက်တွေ မပါလာတော့ဘူး
ဘယ်လိုနှလုံးသားမျိုးနဲ့ ရှင်သန်နေထိုင်ရမှာလဲ
ကိုယ်ချင်းစာတရားကို အလိုရှိပါတယ်
စာနာစိတ်ကို မွေးမြူစေချင်တယ်
အရူးက တမူးပိုသာတယ်ပြောပြော
ငါတို့ဟာ ကန်းနေတဲ့မျက်လုံးနဲ့ မကြည့်ဘဲ
သန့်နေတဲ့နားနဲ့ နားထောင်ပေးခဲ့တယ်
ဒုက္ခသည်စခန်းမှာ ဘယ်သူများ နေထိုင်ချင်ပါ့မလဲ
တနပ်စာအတွက် ဝမ်းရေးဟာ အခက်အခဲပေါ့
ပြည်သူတွေကို မေးလိုက်ပါ
ငြိမ်းချမ်းရေးကို မလိုချင်သူ ဘယ်သူရှိပါ့မလဲ
အကယ်၍   ပြည်သူ့စကားသံကိုသာ နားဆင်နေခဲ့ရင်
လက်နက်ကိုစွန့်လို့ အလံဖြူကလေးကို စိုက်နေပေါ့
အခုတော့
လက်ညှိုးကလေးကွေးတယ်ဆိုတာ ဒီလို ဒီလိုဆိုပြီး
ပစ်ခတ်သတ်ဖြတ်နေလိုက်တာ
မလုပ်ပါတော့နဲ့
မပစ်ပါတော့နဲ့
မသတ်ပါတော့နဲ့
ငါ့စကားသံဟာ ဆွံ့အနေခဲ့တာ သက္ကရာဇ်ဘယ်လောက်ကြာပြီလဲ
ငါတို့ဟာ သင်းသတ်ထားခံရတဲ့လူငယ်တွေ
လူငယ်တယောက်ရဲ့အတွေးနဲ့ ဒီလိုမှတ်တမ်းကို ရေးတယ်
ရင်ဘတ်ကို ဟင်းလင်းဖွင့်ထားလိုက်တယ်
ကျည်ဆံတွေကို ဖိတ်ခေါ်လိုက်တဲ့မျက်နှာထားနဲ့ပေါ့။    ။

သျှင်မျိုးငယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်