နိုင်ဝင်းသီ ● ရူးနှမ်းနေတဲ့ မိုးတိမ်

April 28, 2017

နိုင်ဝင်းသီ ● ရူးနှမ်းနေတဲ့ မိုးတိမ်
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၇

 

(တစ်ဆယ်)
ငါတို့ခေတ်တုန်းက သမန်းကျားဟာ ငါတို့ကို လမ်းမပေါ်ဆွဲချသွားခဲ့တာပေါ့။ ကိုမြင့်၊ ဝင်းလှိုင်၊ တိုးညွန့်၊ စိုင်းဝဏ္ဏ။ တေလေ ဆိုး ဘဝင်မြင့်လေလွင့်ကြတဲ့လူမျိုး မိုက်သွေးပို ထင်ရာစိုင်း စိတ်ရိုင်းပြကာ ဆိုးကြသကို။ ငါတို့လူငယ်ဘဝကို ပူနွေးစေခဲ့တဲ့ သမန်းကျားထဲက ဇာတ်ဝင်သီချင်း။ ငမန်းစွယ်နဲ့ချိန်းကြိုးတွေကို BOAC နက်ပြာရောင်ခရီးဆောင်အိတ်ထဲမှာထည့်။ သံလက် သီးကွင်းကို လက်မှာစွပ်။ အပေါ့စားသစ်သားတုတ်တွေကို တယောက်တချောင်းစီကိုင်ပြီး ညဘက်တွေဆို ငါတို့ဟာ ခုန် ထွက်လာခဲ့ကြပြီ။ စာတိုက်ကုန်းဘုရားရှေ့ကျောက်တိုင်ကွင်းနဲ့ ပြည်တော်သာလမ်းဟာ ငါတို့ချိန်းရိုက်ခဲ့တဲ့နေရာတွေပေါ့။ အားလုံးဟာ ငါတို့မြို့သားတွေ။ ချစ်ခြင်းမုန်းခြင်းဆိုတာ ငါတို့မှာ နည်းနည်းလေးမှ မရှိခဲ့လေဘူး။ ဒါပေမဲ့ ငါတို့ဟာ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ပြီး အရသာရှိရှိ ချိန်းရိုက်ခဲ့ကြတယ်။ ကွဲတဲ့လူကွဲ။ ပြဲတဲ့လူပြဲ။ ဖူးယောင်တဲ့လူလည်း ဖူးယောင်ကြ။ ဒါပေမဲ့ ငါတို့ဟာ မညည်းညူခဲ့ကြဘူး။

အဲဒီ ဒဏ်ရာဒဏ်ချက်တွေဟာ ငါတို့ရဲ့သူရဲကောင်း အမှတ်သင်္ကေတတွေ။ အဲဒီတုန်းက ငါတို့ရဲ့အနာတရတွေဟာ ရေ လည် အရသာရှိခဲ့တာပေါ့။

(ဆယ့်တစ်)
စက်တင်ဘာဟာ သိပ်မကြာဘူး ထွက်ခွာသွားတော့မှာ။ အမှန်က နေ့တွေလတွေဆိုတာ ငါ့ဘဝမှာ သိပ်အရေးပါတာ မဟုတ် ပါဘူးကွာ။

သူလည်း သူ့ဟာနဲ့သူ ပြောင်းလဲနေတာပဲ။ ငါတို့လည်း လုပ်ချင်ရာလုပ်နေခဲ့တာပဲ။ ဒါပေမဲ့ တချို့စက်တင်ဘာတွေကိုတော့ အသေအချာငါ မှတ်မိနေခဲ့တယ်။ တခုသောစက်တင်ဘာမှာ ငါ့ကိုမွေးဖွားခဲ့တယ်။ တခုသောစက်တင်ဘာမှာ ငါခိုက်နေတဲ့ မမတယာက်ဟာသြဇီကို အပြီးအပိုင် ဒိုးသွားခဲ့တယ်။ တခုသောစက်တင်ဘာမှာ အရက်ပုန်းရောင်းတဲ့ မမေရီတို့ဆိုင်လေးကို လာလာရစ်နေတဲ့ “ဇောက်” တဗွေကို ငါတို့ ခဲနဲ့ဝိုင်းထုခဲ့ကြတယ်။ တခုသော စက်တင်ဘာမှာ ငါနဲ့အနီးဆုံးနေရာမှာ ကျည် ဆန်တွေ တဖောက်ဖောက်နဲ့ အော်ဟစ်ပျံသန်းနေခဲ့တယ်။ တခုသော စက်တင်ဘာမှာ ငါတို့ကောင်တွေ ” ဒညင်းမြိုင်” ကို ရောက်ရှိခဲ့ကြတယ်။ ဒညင်းမြိုင်ဆိုတာ ပေါင်တံရှည်ရှည်နဲ့မိန်းမတွေ စုဝေးရာ နေရာလေးပေါ့။ လူတယောက်ဟာ ဝိုင် ကောင်းကောင်းတခွက်ကို ရွေးချယ်သောက်တတ်ဖို့ လိုအပ်သလို ပေါင်တံတွေရှိရာအရပ်ကိုလည်း သွားတတ်ရမှာပေါ့ကွာ။ ဒီလိုနဲ့ပဲ ငါတို့ဟာ အမှောင်ခေတ်ထဲကနေပြီး အဋ္ဌာရဿ တဆယ့်ရှစ်ရပ်ကို သင်ရိုးကုန်အောင် သင်ယူခဲ့ရတာပေါ့။ ငါတို့ရဲ့ ဒိသာပါမောက္ခဆရာကြီးက နာရီပြင်ဆိုင်လေးဖွင့်ထားတဲ့ စီနီယာတယောက်ပေါ့။ သူ့ပုံစံဟာ တောင်ပိုင်း ဒါကိုတာပြည်နယ် သားတယောက်ရဲ့ အသွင်သဏ္ဌာန်မျိုး။ ဘယ်သူ့ကိုမှ ထီမထင်တဲ့ ဆိုက်ဂိုက်မျိုး။ သူပဲ ငါတို့ကို ရေရောပြီး အရက် သောက်တတ်အောင်သင်ပေးခဲ့တယ်။ သူပဲ ငါတို့ကို ဘန်လတ်တို့၊ ကိုးမီးတို့၊ ဟောလီးဝုဒ်တို့ ကစားတတ်အောင် သင်ပေး ခဲ့တယ်။ သူပဲ ငါတို့ကို “ဒညင်းမြိုင်” ရောက်အောင် ခေါ်သွားခဲ့တယ်။ သူဟာ နှစ်ပေါင်းများစွာ နာရီပျက်တွေကြားမှာ အကျဉ်း ကျသလို နေလာခဲ့လို့လားမသိဘူး။ သူ့ကိုကြည့်လိုက်ရင် နာရီပျက်တလုံးနဲ့ အသေအချာကို တူနေခဲ့တယ်။ တခါတခါ ငါ့ မျက်စိထဲမှာ သူဟာ တီတိုနီနာရီလိုလို၊ အိုဂျီဘယ်လ်နာရီလိုလိုနဲ့။ သူ့ကို စစ်အေးခေတ်အကြောင်း သွားမပြောနဲ့။ သူ့ကို ဒိုမီနိုသီအိုရီအကြောင်း သွားမပြောနဲ့။ သူ့ကို အမှတ် (၁၀) ဒေါင်းနင်းလမ်းတို့၊ ကရင်မလင်တို့၊ အိမ်ဖြူတော်တို့ သွားမပြောလေ နဲ့။ သူဘာမှ မသိဘူး။ ဒါပေမဲ့ သူဟာ အသက်ဇီဝဓာတ် ပြတ်တောက်နေတဲ့နာရီတွေကိုတော့ သွေးပြန်ခုန်အောင် တကယ် လုပ်နိုင်ခဲ့တဲ့လူ။ သူမူးလာရင် သူ့နာရီပြင်ဆိုင်လေးကိုရော၊ သူ့မိန်းမကိုရော၊ သူ့ကိုယ်သူရော ရိုက်ခွဲဖို့ ဝန်လေးခဲ့တာမဟုတ် ဘူး။ တမြို့တည်းနေပြီး သူနဲ့မတွေ့တာတောင် ကြာမြင့်သွားခဲ့ပြီ။ သူဟာ သူအဖြစ်နဲ့ ဖြစ်တည်နေသေးရဲ့လား။ နာရီတလုံးလို တချက်ချက်နဲ့သွားနေဆဲပဲလား။ သူ့မေးရိုးတွေဟာ အရင်တုန်းကလို မာကျောနေဆဲပဲလား။ တခုသော စက်တင်ဘာမှာ သူ့အကြောင်းကို ငါတွေးနေခဲ့တာ။

(ဆယ့်နှစ်)
ငါတို့တိုင်းပြည်ကလည်း  ကံဆိုးပါတယ်ကွာ။ ဦးနေဝင်းဆိုတဲ့ ဂျော်ကီကြီးတယောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး အဂ္ဂိရတ်ထိုးချလိုက်တဲ့ဟာ ငါတို့မျိုးဆက်ဟာ ခုချိန်ထိ လူရုပ်မပေါ်သေးဘူး။ မျိုးဆက်သစ်ဆိုတာလည်း အလင်းရောင်ပျပျကို ထိစမ်းပွတ်သပ် ဖို့နေနေသာသာ အမှောင်ထဲမှာ ဟိုငြိဒီငြိနဲ့စမ်းတဝါးဝါး လျှောက်လှမ်းနေရတုန်းပဲ။ အဲဒီလိုပျော်ရွှင်စရာ နည်းနည်းလေးမှ မရှိတဲ့ နိုင်ငံတော်မှာ ငါတို့ဟာ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ပျော်ရွှင်အောင် ကြံဖန်ပြီး နေထိုင်ရတာပေါ့။ စစ်ပွဲ တွေ ခြိမ့်ခြိမ့်သဲသဲဖြစ်နေရင်လည်း ငါတို့ဟာ ပျော်ရွှင်နေကြတာပဲ။ ကျည်ဆန်တွေ ငါတို့နားက တဝီဝီဖြတ်သန်းနေရင်လည်း ငါတို့ဟာ ပျော်ရွှင်နေကြတာပဲ။

လောကကြီးထဲမှာ မနေချင်လို့ လက်ပြထွက်ခွာသွားတဲ့လူရှိခဲ့ရင်လည်း ငါတို့ဟာပျော်ရွှင်နေကြတာပဲ။ ဆန္ဒဖော်ထုတ်တဲ့ လူစုလူဝေးတွေ တွေ့ခဲ့ရင်လည်း ငါတို့ဟာ ပျော်ရွှင်နေကြတာပဲ။ WY ဆေးပြားတွေ ဘီလျံနဲ့ချီပြီး ပိုင်ရှင်မဲ့ မိခဲ့ရင်လည်း ငါ တို့ဟာ ပျော်ရွှင်နေကြတာပဲ။ မပျော်ရွှင်တဲ့ သစ်တောတွေကတော့ ငါတို့ကိုထားရစ်ခဲ့ပြီး ထွက်ခွာသွားကြပြီပေါ့။ ညိုမောင်း စိမ်းညို့နေတဲ့ တောင်တချို့လည်း ငါတို့ မျက်စိအောက်မှာတင် ပျောက်ကွယ်သွားခဲ့ပြီ။ မြစ်တချို့ရဲ့ ညည်းညူအော်ဟစ် သံတွေကတော့ နောင်အခါမှာ ဆင်ဖိုနီတခုခု အသေအချာ ဖြစ်သွားနိုင်တာပေါ့ကွာ။

(ဆယ့်သုံး)
နတ်ရှင်နောင်ဟာ အဖွဲ့အနှောင်တခုထဲမှာ မလူးသာမလွန့်သာ ပိတ်မိနာကျင်ခဲ့ဖူးတယ်။ ကြေကွဲဖွယ်အော်သံတခုဟာ သွေးစက်တွေအောက်မှာ တဆတ်ဆတ်နဲ့ တုန်ယင်နေဆဲပေါ့။ သွားစမ်းပါကွာ။ သမိုင်းဆိုတာ စစ်နိုင်တဲ့ ဘုရင်တပါးက စစ် ရှုံးသူ ဧက္ကရာဇ်တယောက်အပေါ် ရေးချင်သလို ရေးခြစ်ထားတဲ့ အရေးအသားတမျိုးပါကွာ။ ဘယ်တုန်းကမှ အမှန်တရားနဲ့ မနီးစပ်ခဲ့ပါဘူး။ ငါကတော့ “ဇီမာလမ်းဆုံ” ကို ကြိုက်ခဲ့သလို “ပေါ်နွေလလျှင်” ကိုလည်း ခိုက်ခဲ့တာပဲ။ “ဘောင်းဘီဝတ်မိုးတိမ်” ကို ငြိခဲ့သလို “ဆွတ်ပျံ့ဖွယ်အောင်၊ ယုဂန်တောင်က၊ ဝေမှောင်အုံ့ပျ၊ နွေနှောင်းလကို” လည်း အစွဲအလမ်းကြီးခဲ့တာပဲ။ သူ့ ရဲ့ အရေးအသားတချို့ဟာ ငါတို့လူငယ်ဘဝရဲ့အရေပြားပေါ်က တက်တူးတချို့ပေါ့။ ငါတို့ဘဝထဲမှာ အစက်အပြောက်တွေ ဖြစ်ပြီး ထင်းကြွနေခဲ့တာပေါ့။

အငြင်းပွားဖွယ် အဖြစ်အပျက်တွေနဲ့ နတ်ရှင်နောင်ဟာ ငါတို့မြို့ကလေးက ဆံတော်ရှင် ကျိုက်ခေါက်စေတီခြေတော်ရင်းမှာ ငြိမ်းချမ်းစွာ မှေးစက်နေခဲ့ပြီ။ ငါသိတာပေါ့။ သူဟာ သံသရာအဆက်ဆက် မဟာဓမ္မရာဇာဓိပတိကို ဘယ်တော့မှ အခဲမကြေ ဘူးဆိုတာ။ ဘာပဲပြောပြော ငါတို့ဟာ တောင်ငူဘုရင်ဆီကို မကြာခဏဆိုသလို သွားခဲ့ကြတယ်။ ငါတို့ သွားတတ်တဲ့အချိန်ဟာ ညနေခင်းတွေပေါ့ကွာ။ တခါတခါ မှောင်ရီသမ်းနေခဲ့ပြီ။ အဲလိုအချိန်မျိုးဆို ကျိုက်ခေါက်စေတီဝန်းကျင်ဟာ တိတ်ဆိတ် အေးစက်လို့။ ဆည်းလည်းသံတလွင်လွင်နဲ့ ညနေခင်းဟာ ဆွတ်ရီလွမ်းမောစရာပေါ့ကွာ။ အဲဒီနှစ်တွေတုန်းက ငါတို့ဟာ ငါတို့မြို့ကလေးရဲ့လမ်းမတွေပေါ်မှာ ရင်ဘောင်တန်း လမ်းလျှောက်ပြီး မြင်မြင်ကရာကိုဖြတ်တိုက်သွားရဲတဲ့ မုန်တိုင်းတွေပေါ့။ ငါတို့ရှေ့မှာ ကန့်လန့်ဖြတ်ခွေအိပ်နေတဲ့ ခွေးတကောင်တွေ့ရင် လည်း ပြေးကန်လိုက်တာပဲ။

ငါတို့ခေါင်းပေါ်မှာ ပိုင်စိုးပိုင်နင်း အုပ်မိုးနေတဲ့ မိုးတိမ်တွေတွေ့ရင်လည်း  ခုန်တိုက်ပစ်လိုက်တာပဲ။ အဲဒီကာလတုန်းက နတ်ရှင်နောင်ဟာငါတို့လူငယ်ဘဝထဲကို အရိပ်တခုလိုထိုးကျနေခဲ့တဲ့ အိုင်ကွန်ပေါ့။ မှောင်ရီသမ်းနေတဲ့အချိန်မျိုးဆို နတ်သျှင် နောင်ရဲ့ဂူထဲမှာ နတ်သျှင်နောင်ကို မင်းညီမင်းသားအဆောင်အယောင်နဲ့များ တွေ့ရမြင်ရလေမလားပေါ့။ ငါတို့ စိတ်ကူးတွေ တအားယဉ်ခဲ့တာပေါ့။ အလကားပါကွာ။ နတ်ရှင်နောင်အစား အကြင်နာပေးနေတဲ့အတွဲတွေကိုပဲ မြင်ခဲ့ရတာပါကွာ။ အတွဲ တွေကလည်း ကဲစရာရှားလွန်းလို့ကွာ။ ရတုဘုရင်နတ်ရှင်နောင်ရဲ့  ဂူထဲကိုတောင် ဝင်ပြီး ကဲနေရတယ်လို့။ တရက်မှာတော့ ငါတယောက်တည်း ရောက်သွားတဲ့အချိန်ပေါ့ကွာ။

လက်နှိပ်မီး တဝင်းဝင်းနဲ့ ဘုရားဂေါပကလား။ လုံခြုံရေးလား ။ ငါ့တကိုယ်လုံးကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး မသင်္ကာသလိုလို ဘာလိုလိုနဲ့။ လူကိုများ ဌာပနာတိုက်လာဖောက်တဲ့ကောင်များ မှတ်နေသလား မသိပါဘူးကွာ။

ခုချိန်မှာတော့ ငါတို့မြို့မှာ ငါတယောက်တည်း ကျန်ရစ်ခဲ့ပြီ။ ငါနဲ့အတူတူတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက  တချို့မုန်တိုင်း တွေဟာ အားပျော့ပျက်ပြယ်သွားခဲ့ပြီ။ တချို့မုန်တိုင်းတွေကတော့ ကမ္ဘာမြေရဲ့ ဟိုဖက်အခြမ်းကို ရောက်ရှိသွားခဲ့ကြပြီ။ တချို့မုန်တိုင်းတွေကတော့ ကုန်းတွင်းပိုင်းကို ဖြတ်သန်းဝင်ရောက်ဖို့ အားယူနေတုန်းပေါ့။ ငါအချက်ပြလိုက်တဲ့ ငါ့ရဲ့အလံ တော်ကို ငါတို့သူငယ်ချင်းတွေ ရောက်ရာအရပ်က မြင်နိုင် ကြားနိုင်ကြပါစေကွာ။

(ဆယ့်လေး)
ခက်နေတာက ဒီကောင်ကြီးဟာ အေသင်မြို့ထဲကို သွားချင်နေတာကွ။ ဒီအချိန် အေသင်ထဲမှာ ဘယ်သူရှိမှာလဲကွာ။ အေဂျီ ယန်ပင်လယ်မှ ရေပြာတာမဟုတ်ပါဘူးကွာ။ ငါတို့ဆီက ပင်လယ်တွေလည်း အပြာရောင်ရေလှိုင်းတွေပါပဲ။ ခက်ထန်ကြမ်း တမ်းဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတာပါပဲ။ ဝီစီလေးတချက်သာ မင်းမှုတ်ကြည့်ပါလား။ ကြယ်တွေကိုတောင် ဝုန်းခနဲကြွေ သွားအောင် ရိုက်ချပြလိမ့်မယ်။ ပေါင်တံမှာ သဲပွင့်ကပ်နေတဲ့ အဖြူမတွေကိုတော့ The Wild One မှာ ဘေ့စ်ဂစ်တာတီးတဲ့ “ဇူဆီကွာထရို” လောက်စိတ်မရောက်ဘူးကွာ။

သစ်ခွရိုင်းတပွင့်နဲ့တူတဲ့ တောင်အမေရိကသူတွေဆိုရင် စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်ထင်တယ်။ “ရီကွယ်မီး” လို ပါရာ ဂွေး မော်ဒယ်လ်မျိုးပေါ့ကွာ။ အဲဒီနှစ်က ငါတို့တွေရဲ့မျက်လုံးတွေဟာ “ဆိုင်းနိုင်းကောင်းကင်” က ကြယ်ပွင့်တွေလို အစွမ်း ကုန်တောက်ပလို့။ ပွင့်အားကောင်းတဲ့  ကျောက်မျက်တွေတဖျတ်ဖျတ်တောက်ပသလိုမျိုးပေါ့။ ဒါပေမဲ့ အဲဒီနှစ်က ဂျာမနီဟာ ဗိုလ်စွဲသွားခဲ့တယ်။

ကိုကာကိုလာတလုံးသောက်ပြီး ဗုံးတလုံးဖောက်ခွဲဖို့ ဝန်မလေးတဲ့ ကမ္ဘာကြီးဟာလည်း ငိုင်ဆင်းသွားခဲ့ပေါ့။ ကမ္ဘာသူ ကမ္ဘာ သားများ (အထူးအားဖြင့် ကမ္ဘာသားများ) ဟာလည်း ကြေကွဲသွားကြတာပေါ့။ ငါတို့ရဲ့Blood pressure တွေကို တထစ်ချင်း ဆွဲတင်ပေးသွားမယ့်  ရီကွယ်မီးရဲ့ ကြေးဝါရောင်အလှအပတွေကို မမြင်ရတော့ဘူးပေါ့ကွာ။

တောင်အမေရိကရဲ့ အဆင့်မြင့်ထုတ်ကုန်တမျိုးဟာ ငါတို့နဲ့ကံမစပ်သေးဘူးလို့ပဲ ပြောရတော့မှာပေါ့။ ရီကွယ်မီးရဲ့ fb acc ကိုတွေ့ခဲ့ရင် ငါ့ဆီကို mention ခေါ်လိုက်ပါဦး သူငယ်ချင်းတို့။ ။

နိုင်ဝင်းသီ
ဧပြီ ၂၄၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်