အစွန်းရောက်တွေက မြန်မာပြည်မှာ ဘာသာမတူသူတွေနဲ့ သတင်းသမားတွေကိုပါ ရန်ရှာနေပြီလား

April 29, 2017



 

ကိုယ်တွေ့ကြုံ သတင်းထောက်တစ်ဦး ရေးတဲ့စာ 
(အစွန်းရောက်တွေက မြန်မာပြည်မှာ ဘာသာမတူသူတွေနဲ့ သတင်းသမားတွေကိုပါ ရန်ရှာနေပြီလား)
(ဖေ့စ်ဘွတ်ပို့စ်တခုမှ) မိုးမခ၊ ဧပြီ ၂၉ ၊ ၂၀၁၇

ဥပဒေအကာအကွယ် ရဖို့ မျှော်လင့်လို့ မလွယ်တဲ့ နိုင်ငံမှာ ကျနော်တို့တွေ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုမယ်ထင်ပါတယ် ။

ဒီနေ့ သတင်းနှစ်ခုအတွက် ဓာတ်ပုံလိုက်ရိုက်ဖြစ်တယ် ။ နှစ်ခုလုံးကလည်း မျိုးချစ်အမည်ခံ အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တယ် ။ ပထမ တခုက ကမာရွတ်တရားရုံးမှာ ။ ဖြစ်ချင်တော့ (ဦး) ၀ီရသူ ရောက်လာတယ် ။ ရောက်လာတာကို ဓာတ်ပုံရိုက်နေ သတင်းယူနေတဲ့ သတင်းထောက်သုံးလေးယောက်လောက်ရှိနေတဲ့ နေရာထဲကို လူငယ်လေးငါးယောက်လောက်က အရှိန်နဲ့ ပစ်ဝင်ပြီး ကျနော်တို့ကို တွန်းထုတ်တယ် ။ တခြားလူတွေ ဘယ်လိုဖြစ်သွားလဲမသိပေမယ့် ကျနော်ကတော့ နောက်မှာရှိတဲ့ ကားနံရံမှာ ကပ်သွားတယ် ။ ကိုယ့်ရင်ဘတ်ကို တွန်းပြီး မင်းက ဘာဖြစ်ချင်လို့လဲ မင်းက ဘာလုပ်ချင်လို့လဲလို့ လေသံမာမာနဲ့ မေးတဲ့လူက လေးယောက်လောက်ရှိတယ် ။ဒီတော့ အေးအေးဆေးဆေးပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေကြောင်း ဘာမှ ပြသနာမရှိကြောင်းပြန်ပြောတယ် ။ ဘေးမှာရှိတဲ့ မျိုးချစ်အုပ်စုထဲက အဒေါ်ကြီးတွေဝင်တားလို့ အဲ့ကောင်တွေ ပြန်ထွက်သွားတယ် ။ ဒါနဲ့ ၀ီရသူ နောက်ဆက်မလိုက်ပဲ နေခဲ့တယ် ။

အဲ့တရားရုံးနဲ့ တစ်မှတ်တိုင်လောက်ဝေးတဲ့ လက်ဘက်ရည်ဆိုင်သွားထိုင်တယ် ။ ခဏနေတော့ ဆိုင်ထဲ လေးယောက်ဝင်လာပြီး ခုဏ ရန်ဖြစ်သွားတာ ဘယ်သူလဲ ဘာညာနဲ့ လာလုပ်တယ် ။ မသိဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့လူတစ်ယောက်ကို ပါးရိုက်သွားလို့တဲ့ ။ ဘယ်လိုပုံစံလဲ ဆိုတော့ ဆံပင်အရှည်နဲ့ဆိုပြီး ကိုယ့် ကြည့်ပြီးပြောတာ ။ ဒါနဲ့ ဆိုင်အပြင် လှမ်းရှိုးလိုက်တော့ လေးငါးယောက်လောက်ကလည်း ဆိုင်အပြင်မှာ ။ ဒါနဲ့ မဟုတ်တဲ့အကြောင်း လူမှားတဲ့အကြောင်း အေးဆေးရှင်းပြတော့ သတင်းနဲ့ပတ်သတ်ပြီး အမျိုးမျိုးခြိမ်းခြောက်ပြီး ပြန်ထွက်သွားတယ် ။

ဒါနဲ့ ခဏနေပြန်လာတယ် ။ အဲ့မှာတည်းက ဒီကောင်တွေကို နောက်အဖက်မလုပ်ဖို့ ဆုံးဖြတ်မိတယ် ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်းပြောဖြစ်တယ် ။ ကိုယ်တွေကို ပစ်မှတ်ထားနေမှန်းက သေချာနေပြီလေ ။

သတင်းထောက်တွေနဲ့ ရန်ဖြစ်အောင်ဖန်တီးပြီး သတင်းထောက်တွေလွန်လို့ဖြစ်တာပါဆိုတဲ့ အချိုးမျိုးဖန်တီးနေတာ သိသာလွန်းတယ် ။ ဗိုလ်စိန်မှန်မှာ မြတ်သူကျော်ကို စထိုးပြီး ကွိုင်ရှာကတည်းက သဘောပေါက်နေတာ ။

ဒါနဲ့ ရုံးမှာနေရင်း သာကေတမှာ အာရဗီစာသင်ကျောင်းတွေကို အဲ့ကောင်တွေ သွားပြသနာရှာနေပြီဆိုတာ ကြားရတယ် ။ ဒါနဲ့ သေသေချာချာစဉ်စားရတယ် ။ မီဒီယာသမားတွေသီးသန့်ပစ်မှတ်ထားနေတဲ့ကောင်တွေကြားကို ဒီကောင်တွေတခါလိုက်တည်နေတဲ့ ကိုယ်က သွားလို့သင့်မသင့် တော်တော်စဉ်းစားပြီးမှ ဘာဖြစ်ဖြစ်ကွာဆိုပြီးထွက်သွားခဲ့တယ် ။ထင်တဲ့အတိုင်းပဲ ဟိုရောက်တာနဲ့ ကျနော့်ကို ဖုန်းတွေနဲ့ ခိုးရိုက်တာရော ပေါ်တင်လာရိုက်တာရော အမျိုးမျိုးကြုံရတော့ စိတ်ထဲတော်တော်အနှောင့်အယှက်ဖြစ်ရတယ် ။

မကြာဘူး AP က မင်းကြည်သိန်းကို ဒီကောင်တွေ ပြသနာရှာပြီး ကိုယ်ထိလက်ရောက်တွေပါလာရော ။ ဖြစ်ရတဲ့ ပြသနာက အုပ်ချုပ်ရေးမှူးရုံးထဲဝင်မယ့် သတင်းထောက်ကို ဘာမှမဟုတ်တဲ့ စကားပြောရိုင်းတဲ့ မျိုးချစ်အမည်ခံကောင်တွေက ၀င်ခွင့်မပေးလို့ အပြန်အလှန်ပြောနေတာကို ဘေးက သင်္ဃန်းဝတ်တစ်ယောက်က မင်းတို့မီဒီယာတွေ ဘလာ ဘလာနဲ့ ရပ်တည်ချက် ယုံကြည်မှုထိခိုက်စေတဲ့ စကားတွေပြောလို့ ပြန်ပြောရင်း ဖြစ်ကြတာပဲ ။ တကယ်တော့ ဒါက ပြသနာဖြစ်ရမယ့်ကိစ္စမဟုတ်ဘူး ။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တယ် ။

ဒီတော့ ဘာလဲဆိုတော့ သူတို့မီးထွန်းပြသနာရှာနေတဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းက သည်းခံနေတော့ မီးမွှေးလို့ရမယ့် သူတို့လုပ်သမျှကို အမှန်အတိုင်း အထုပ်ဖြေပြနေတဲ့ မီဒီယာဘက်ကို လှည့်တာလို့မြင်တယ် ။ ရှင်းရှင်းပြောရရင် ပွဲမဖြစ်ဖြစ်အောင် လိုက်တည်နေသလိုဖြစ်နေတယ် ။

ဒီတော့ ဒီကောင်တွေနဲ့ မလွှဲသာမရှောင်သာပက်သတ်ရမယ်ဆိုရင် မိတ်ဆွေတွေအနေနဲ့ သတိထားကြပါ ။

ဥပဒေအကာအကွယ် ရဖို့ မျှော်လင့်လို့ မလွယ်တဲ့ နိုင်ငံမှာ ကျနော်တို့တွေ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုမယ်ထင်ပါတယ် ။

တရစ်ပြီး တရစ် တိုးလာတဲ့ သူတို့ လှုပ်ရှားမှုဟာ မကြာခင် ကြီးကြီးမားမား တခုခုဖြစ်လာနိုင်လို့ သတိလည်းထားကြပါ ။ သတိပေးစရာရှိရင်လည်းအချင်းချင်း သတိပေးကြပါ မိတ်ဆွေအပေါင်းတို့

ထပ်မခံဖြည့်စွက်ချက် –

(Fri only တင်တဲ့ပို့စ်မို့ Share လို့မရပါဘူး ။ တားမရမယ့်အတူတူ တင်ချင်ရင်တော့ Copy လို့ရပါတယ် ။ ခွက်ဒစ်ကတော့ ကိုယ်တွေ့ကြုံသတင်းထောက်တစ်ဦးဆိုရပါတယ် ။ ဒါမျိုးကိစ္စနဲ့ ဆယ်လီလည်း မဖြစ်ချင်သလို လောလောဆယ်သူတို့ ပစ်မှတ်ထဲ ကိုယ်ပါ ပါနေတော့ ပြသနာရှိလာနိုင်လို့ပါ)

(အယ်ဒီတာ့မှတ်ချက် – မြန်မာပြည်တွင်းမှာ အစွန်းရောက်အကြမ်းဖက်မှုတွေ တစတစ ဖြစ်ပွားလာနေတာကို သိသာစေဖို့ ထောက်ပြတဲ့ စာကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်