မောင်စွမ်းရည် – ဘုန်းကြီးကျောင်းသားမဖြစ်ခဲ့ရတဲ့အကြောင်း

May 5, 2017

မောင်စွမ်းရည် – ဘုန်းကြီးကျောင်းသားမဖြစ်ခဲ့ရတဲ့အကြောင်း
(မိုးမခ) မေ ၅၊ ၂၀၁၇

ဘုန်းကြီးကျောင်းသားမဖြစ်ခဲ့ရတာကို စာဖွဲ့ရပါမို့လားဆိုပြီး အပြစ်တင်၊ လျင်တစောနဲ့မပြောစေလိုပါ။ နောက်ခံအကြောင်းအရာက စာဖွဲ့လောက်ပါတယ်။ တနိုင်ငံလုံးရဲ့အရေးနဲ့ ဆက်စပ်နေတဲ့အပြင်၊ တစ်ကမ္ဘာလုံး ရဲ့အရေးနဲ့လဲ ဆက်စပ်နေပါတယ်။ ဒီလိုဆိုပြန်တော့ ပုံကြီးချဲ့ပြန်ပြီလို့ ပြောအုံးမလားမသိပါ။ ဒီလိုပါ…

ကျွန်တော်တို့ရွာက မြင်းခြံမြို့နယ်ထဲမှာပါ။ မြင်းခြံမြို့နဲ့ဆိုရင် ၅မိုင်၆မိုင်လောက်ပဲဝေးတာဆိုတော့ ဒီ ခေတ်အမြင်နဲ့ဆိုရင် ကျေးတောသားစကားနဲ့ ‘အီးတပေါက်မကြာဘူး’လို့တောင်ပြောရမှာပါ။ ဒါပေမဲ့ ကံဆိုးချင် တော့ ရထားလမ်း၊ ကားလမ်းတွေဖောက်ကြတဲ့အခါ လမ်းပေါ် မကျဘဲ ခပ်လှမ်းလှမ်းက ကျန်နေရစ်ခဲ့ပါတယ်။ ခု ခေတ်မှာ ‘တိုးတက်လာပြီ’ဆိုရပါမယ်။ လှည်းနဲ့သွားတာထက် ‘ထော်လာဂျီ’-‘ထွေလာ’နဲ့သွားပါတယ်။ ထွန်စက် ရဲ့နောက်က ‘ထွေလာ’ဆွဲပြီး ဈေးလိုက်တာပါ။ ကျွန်တော်ပြောဖို့တစ်ခုကျန်သွားပါတယ်။ ကားလမ်း၊ ရထား လမ်းမပေါက်တဲ့အပြင် မြစ်ကမ်းပေါ်မှာလဲမရှိလို့ ရေလမ်းလဲမပေါက်ပါ။ ကျွန်တော်တို့ရွာသားတွေဟာ လှေ၊ သင်္ဘောတို့ဘာတို့လဲ မစီးဖူးပါ။ ရေလဲမကူးတတ်ကြပါ။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ မြင်းခြံမြို့ ဗုံးကြဲခံရပါတယ်။ မီးလောင်ပြာကျပါတယ်။ ချောင်ကျလို့ ဗုံး ဘေးလွတ်တဲ့ ‘ရွာ’ လဲ ‘မြို့’မှာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ဆက်သွယ်ရေးစတာတွေ အကုန်ပျက်တဲ့ဒဏ် ကိုခံရတာပါပဲ။ ရွာနဲ့မြို့ကြားမှာ ကျောက်စရစ်ကုန်းတက်၊ ကုန်းဆင်းတွေများလို့ နွားလှည်းနဲ့သွားရတာတောင် ခပ်ကြမ်းကြမ်းသွားရတာပါ။ ကျွန်တော်တို့မှာ နှစ်ရွာပေါင်းမှာ စာကျောင်းသားရှိတဲ့ရွာကျောင်းမှာလဲ ဆရာမရှိလို့ ပျက်သွားခဲ့ပါတယ်။ ဆရာများက ဂျပန်ခေတ်မှာဖြစ်ပွားတဲ့ ပုလိပ်ရောဂါနဲ့ ဆုံးသွားကြတော့ အစားပြန်မပို့နိုင်လို့ ပါ။ အဲဒီတုန်းက ‘ကြွက်ကျတယ်’ဆိုတဲ့စကားဟာ ခြောက်ခြားစရာကြီးပါ။ ကြွက်တွေတဖုတ်ဖုတ်ကျပြီး သေကြ တာပါ။ ဂျပန်စစ်တပ်က ကြွက်တကောင် တစ်ဆင့်ပေးဝယ်ပြီး မြေတွင်းထဲချ၊ ရေနံဆီလောင်းမီးရှို့၊ မြေဖို့ပစ်ပါ တယ်။ ရွာလူထုကို ရွာပြင်ထုတ်ပြီး ယာယီထန်းရွက်တဲတွေနဲ့နေစေပါတယ်။ ဘုန်းတော်ကြီးတချို့လဲ ပုလိပ် ရောဂါနဲ့ ပျံတော်မူခဲ့ကြပါတယ်။ ရွာသား သံဃာတချို့လဲ မြို့တတ်သွားကြပါတယ်။ အဲဒါကမ္ဘာစစ်ကာလပါ။

မကြာခင် ဂျပန်ပြေးပြီး၊ အင်္ဂလိပ်ပြန်ဝင်တယ်။ လူမည်းစစ်သားတွေ ရွာကိုရောက်လာကြပါသေးတယ်။ အမေရိကန်စစ်တပ်ဆို ထင်ပါရဲ့ ရွာအနောက်ဖက်၊ မြင်းခြံအရှေ့ဖက်ကုန်းတွေပေါ်မှာ ရွက်ဖျင်တဲတွေနဲ့ စခန်းချ နေကြတယ်။ ရွာကို ယိုဘူး၊ အသားဘူး၊ စီးကရက်ဗူး၊ ထောပတ်ဗူးတွေရောက်လာလို့ မြင်ဖူးတယ်။ ထောပတ် တို့၊ ဒိန်ခဲတို့ကို ကျွန်တော်တို့ရွာသားတွေက လှည်းဘီးဝင်ရိုးမှာ ဆီးထိုးပါတယ်။ ‘ချီး(စ်)’လို့ခေါ်တာနဲ့ မစားတာ ဖြစ်မယ်ထင်ပါတယ်။

ဒါပီးတော့ လွတ်လပ်ရေးမရခင် ပြည်တွင်းစစ်ဖြစ်ပါတယ်။ အလံနီကွန်မြူနစ်နဲ့ အလံဖြူကွန်မြူနစ်လို့ ခေါ်တဲ့ ကွန်မြူနစ်ချင်း စစ်ဖြစ်ပါတယ်။ ကျေးရွာကာကွယ်ရေး ပြောက်ကျားတို့၊ ပြည်သူရဲဘော် (အဖြူနဲ့အ၀ါ) တို့လဲရှိပါတယ်။ ရွာကအလံနီတွေကို အလံဖြူက လာတိုက်ပါတယ်။ ဘုန်းကြီးကျောင်းထဲက ခုခံပါတယ်။ အုတ် တိုက်ကျောင်းဆိုတော့ ခုခံလို့ကောင်းပါတယ်။ လက်နက်ကြီးတွေမပေါ်သေးဘူး။ ရိုင်ဖယ်နဲ့ စတင်းဂန်းလောက် ပဲရှိတယ်ထင်တယ်။ အလံနီတစ်ယောက်ကျဆုံးပါတယ်။ ဒီလိုနဲ့ ဘုန်းကြီးကျောင်းလဲမရှိ၊ လူကျောင်းလဲမရှိလို့ ကျောင်းနေရွယ်ရောက်တဲ့ကျွန်တော်လဲ မူလတန်းကျောင်းရှိတဲ့ ဆွေမျိုးရွာကို ကျောင်းသွားနေရတာ ၂နှစ်ပါ။ မြင်းခြံရဲ့အနောက်ဖက် တောင်ယွန်းယွန်းမှာရှိတဲ့ရွာပါ။ လှည်းနဲ့ ၁၀မိုင်၊ ၁၂မိုင်လောက် တနေကုန်နီးပါးသွားရပါ တယ်။ နွေကျောင်းပိတ်မှ ရွာကိုပြန်ရပါတယ်။ အဲဒီမှာလဲ ပြည်တွင်းစစ်ကြောင့် ဘုန်းကြီးတောင် စစ်တပ်က သတ်သွားတာ ခံရပါတယ်။ ဒါနဲ့ ရွာမှာလဲ သူပုန်ကလာလိုက်၊ အစိုးရစစ်တပ်က လာလိုက်နဲ့ နေလို့မရပါ။ အဖေ ကိုလည်း ပုဒ်မ ၅နဲ့ ဖမ်းလိုက်ပါသေးတယ်။ မြင်းခြံထောင်ကနေ မန္တလေးထောင်ရောက်သွားပါသေးတယ်။

ကျွန်တော်တို့မိသားစုလဲ ကျွန်တော်တို့ရွာရဲ့အရှေ့ဘက် ၂မိုင်လောက်ဝေးတဲ့ရွာကြီးတစ်ရွာကို သွားနေ ရပါတယ်။ အဲဒီမှာ စတုတ္ထတန်းရပေမဲ့ ၂လလောက်ကျောင်းတက်ပြီး အဲဒီရွာရဲ့အရှေ့ဖက် တောကြီးတစ်ခုထဲ ကိုသွားနေရပါတယ်။ သရက်ခြံကြီးထဲက ထန်းထဲမှာနေရတယ်။ ထန်းသမား ‘ကိုသံဂွေး’တဲလို့ပဲ မှတ်မိပါတယ်။ မလှမ်းမကမ်းတောင်ကုန်းငယ်လေးတွေမှာ ဗုံးခို၊ ဂူအောင်းစရာတွေရှိပါတယ်။ အဲဒီက အလံနီတွေဆုတ်သွား တော့ ရွာပြန်တယ်။ ရွာမှာ တိုက်သုံးတိုက်ရှိနေပေမဲ့ လုံးဝပြန်မနေတော့ပါ။ ရေအလွန်ရှားပြီး မျက်ခမ်းစပ်ရောဂါ နဲ့၊ အရေပြားရောဂါထူပြောလို့ပါ။ ပြောင်းပြာချောင်းဘေးမှာကပ်နေပြီး ရေပေါတဲ့ရွာတစ်ရွာမှာ ကိုယ့်အိမ်ခြံဝင်း ထဲ ကိုယ်ပိုင်ရေတွင်းတူးပြီးနေကြပါတယ်။ မူလရွာနဲ့မဝေးပါ။ ‘ခွေးတဟောင်’ပဲ ဝေးသတဲ့။

ကျွန်တော့်အဖေက အဲဒီရွာမှာ ကလေးတွေကို ဘုန်းကြီးကျောင်းထဲခေါ်ပြီး စာသင်ပေးပါတယ်။ အဖေ ကရွာမှာ တစ်ဦးတည်းသော ‘ပညာတတ်’ပါ။ သူကြီးသားကိုး။ မြင်းခြံအေဘီအမ်ကျောင်းထွက်တဲ့။ အဖေ့သူငယ် ချင်းပညာအုပ်က တရားဝင်ခန့်စာပေးပြီး နောက်မှ မန္တလေးဆရာအတတ်သင်ကျောင်းကို တက်စေပါတယ်။ ပညယအုပ်က အမြော်အမြင်ရှိပါတယ်။ ဆရာမရှိတာကိုရှိအောင်လို့ ၄တန်းအောင်ဖူးတယ်။ နေဖူးတယ်ဆိုသူ တွေ၊ ကျား မ မရွေး အားလုံးဆရာခန့်ပြီး နောက်မှသင်တန်းတက်ခိုင်းပါတယ်။ အဖေလဲရွယ်တူသူငယ်ချင်းတွေ နဲ့ (ကြီးတောင်ကြီးမှ ကျောင်းသွားတက်ရပေမဲ့) ပျော်ပျော်ပါးပါးပါပဲ။ (သူငယ်ချင်းဆရာလောင်းတစ်စုဟာ ရေနံ ဆီပုံးအလွတ်ထဲကို အရက်ဖြူထဲ့ ကဟေဆော်ပြီး ကျောင်းကိုယူသွားကြသတဲ့၊ ဒါ့ကြောင့် မြင်းခြံအုပ်စုဟာ အဲဒီ ခေတ်က နာမည်ကြီးခဲ့တယ်ဆိုပဲ)။ အရက်ဖြူသောက်ရင် ငှက်ဖျားတို့၊ ပုလိပ်ရောဂါတို့ ကာကွယ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ ၁၀နှစ်သားလောက်က အရက်ဖြူနဲ့မြင်းသွေး၊ ယုန်သွေးတို့ရောပြီး သောက်ခဲ့ရဖူးပါတယ်။ (ဆေး ဖြစ်ဝါးဖြစ်ဆိုတော့ သူရာမေရိယကံ မထိုက်ဖူးပေါ့နော်။)

အဖေက သူ့ကျောင်းမရှိခင်မှာပဲ ကျွန်တော့်ကို မြင်းခြံမြို့ပေါ် စစ်ပြေးရင်းရောက်ရှိနေထိုင်တဲ့ အမေ့အစ် ကိုအိမ်ကိုပို့ပြီး ပဉ္စမတန်းက စ-ကျောင်းတက်စေပါတယ်။ ဒါနဲ့ ကမ္ဘာစစ်၊ ပြည်တွင်းစစ်တွေကိုရှောင်ရင်း၊ ပြေး ရင်းနဲ့ ကျွန်တော်ဟာ ရွာမှာဘုန်းကြီးကျောင်းမနေခဲ့ရပါ။ လူကျောင်းလဲမနေခဲ့ရတော့ပါ။ မြို့ပေါ်ကျောင်းတက် နေတဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်လာခဲ့ပါတယ်။ (ဂါဗားမင်းကျောင်း) (Government High School) လို့ခေါ်တဲ့ကျောင်းပါ။ တောသားတွေ မော့မကြည့်ဝံ့အောင် ကြီးကျယ်တဲ့တိုက်ဝါကြီးပါ။

စစ်မဖြစ်ရင် အဖေကကျွန်တော့်ကို မန္တလေးဖားသားလဖုန်း ကျောင်းခေါ် ခရစ်ယာန်သာသနာပြု မိဘမဲ့ ကျောင်းကိုပို့မယ်လို့ ပြင်ဆင်ထားပါတယ်။ ဒါ့ကြောင့် အလံနီခေတ်မှာ ဓမ္မာရုံထန်းလတ်တဲလေးထိုးပြီး အိမ်နီး ချင်းကလေးတွေပါစုပြီး ဘုရားဝတ်တတ်စေပါတယ်။ ဘုရားရှိခိုးစာတွေအများကြီး သင်ပေးခဲ့ပါတယ်။ ဘုန်းကြီး ကျောင်းကို မနေခဲ့ရပေမဲ့ နယူးယောက်မှာ ပဋ္ဌာန်းအဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီး တနင်္ဂနွေနေ့တိုင်း ဘုရားဝတ်ပြုပွဲ လုပ်ပါတယ်။ ဒီ-ပဋ္ဌာန်းဝတ်အသင်းတို့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနဲ့ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ တို့က ၂၀၀၇ခုနှစ်၊ သံဃာအရေးတော်ပုံကြီးအပြီးမှာ ဖွဲ့စည်းပေးခဲ့တာပါ။ နောင်နှစ်ဆိုရင် ၁၀နှစ်သက်တမ်းပြည့် ပါပြီ။ ၀တ်ပြုတာက ‘တပါးကျောင်း’လို့ အရပ်ကခေါ်တဲ့ မဟာအောင်မြေကျောင်းမှာ ပြုလုပ်တာဖြစ်ပါတယ်။ အသက်ကြီးမှ ဘုန်းကြီးကျောင်းသားဖြစ်နေပြီလို့ဆိုရပါမယ်။ ပီနန်ဆရာတော်ကြီး ဥပစ္ဈယ်ပြုပြီး ပဉ္ဇင်းခံရဟန်း ၀တ်လိုက်ပါသေးတယ်။ ‘မိဘတွေရှိသေးရင်…’လို့ တမ်းတမိပါတယ်။

အဲဒါကျွန်တော်ငယ်စဉ်က ရွာမှာဘုန်းကြီးကျောင်းပျက်စီးသွားလို့ ဘုန်းကြီးကျောင်းလဲမနေရ၊ လူ ကျောင်းလဲမရှိတော့လို့ လူကြောင်းလဲမနေခဲ့ရတဲ့အကြောင်းပါ။ အဓိကအကြောင်းရင်ကတော့ ကမ္ဘာစစ်မီးနဲ့ ပြည်တွင်းစစ်မီး၊ နှစ်မီးဆက်တိုက်လောင်ခဲ့လို့ပါ။ ပြည်တွင်းစစ်ဟာ ‘အချင်းချင်းသတ်ကြတယ်’ဆိုတာ ပြောလေ့ ရှိပေမဲ့ ကျွန်တော်တို့ရွာလောက် ‘ဇာတ်မနာ’ပါ။ ရွာမှာဗကပ (အလံဖြူ)က လာတိုက်တော့ တိုက်တဲ့အထဲ အဖေ့ ညီတ၀မ်းကွဲ (နာမည်က ကိုအောင်ဇေယျတဲ့) ပါခဲ့တယ်။ အတိုက်ခံရသူထဲမှာ အဖေ့ညီအရင်းတစ်ယောက်ပါဝင် ပါတယ်။ ‘ကိုမောင်လေးတဲ့’ ညီအရင်းနှစ်ယောက်က အလံနီကွန်မြူနစ်တွေပါ။ တစ်ယောက်က ရွာနီးချင်း ‘ထင်း ခုတ်၊ ထန်းခုတ်တိုက်ပွဲ’ လုပ်ရာမှာ ပါဝင်ခဲ့လို့ကျဆုံးပါတယ်။ အဲဒီရွာသားတွေကလဲ အဖေတို့ညီအစ်ကိုနဲ့ကျောင်း နေဖက်ရော၊ ဆွေမျိုးရောရှိကြပါတယ်။ ပြောက်ကျားခေါ် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တွေပါ။ အလံနီနဲ့ ကျေး ရွာကာကွယ်ရေးအဖွဲ့တို့ တိုက်ကြတာပါ။

အဖေ့ညီဝမ်းကွဲသုံးယောက်နဲ့ အမေ့မောင်အရင်းတစ်ယောက်က ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့၊ ဗိုလ်ကျာ်ဇောတပ်ကပါ။ မော်ကွန်းဝင်တွေပေါ့။ အမေ့မောင်က ပြည်တွင်းစစ်မှာ ရဲဘော်ဖြူဖြစ် လာခဲ့ပါတယ်။ ရဲဘော်ဖြူနဲ့ရဲဘော်ဝါတို့ကလဲ အချင်းချင်းချကြပါတယ်။ ကွန်မြူနစ် သံမဏိမောင်မောင်နဲ့ ပီကင်း ပြန်ထွန်းငြိမ်းတို့ကလဲ အမေ့ဘက်ကဆွေမျိုးတွေပါ။ တကယ့်ကို တဆွေတမျိုးလုံး အချင်းချင်းသတ်ကြဖြတ်ကြ ပါတယ်။ တယောက်နဲ့တစ်ယောက် မဆုံဘူးကြတဲ့ တချို့ဆွေမျိုးတွေလဲ ထောင်ထဲမှာ ပုဒ်မ၅နဲ့ဆုံကြသတဲ့။ ပြည်တွင်းစစ်မှာ အားလုံးဗြောင်းဆန်သွားခဲ့ပါတယ်။ အဲ့-ထူးခြားတာက ‘အစိုးရစစ်တပ်’လို့ခေါ်တဲ့အထဲမှာတော့ တယောက်မှ ဆွေမျိုးမရှိခဲ့တာ-ခုအထိပါပဲ။

ရွာမှာ ခုအခါဘုန်းကြီးကျောင်းရော၊ လူကျောင်းရော ပြန်ရှိနေပါပြီ။ ရွာဦးက ဥယျာဉ်ခြံမြေတပိုင်းကို ကျွန် တော့်အမေက ဘုန်းကြီးကျောင်းသစ်အတွက်လှူထားပါတယ်။ ကျောင်းဟောင်းကိုတော့ ‘ဒေါင်မတဲ့’လို့ ဆိုထင်ပါ ရဲ့။ ဘုန်းကြီးတွေသတင်းမသုံးရဲကြပါ။ ဆွေးသွားပါပြီ။ မူလတန်းကျောင်းလေးလဲ ရှိနေပါပြီ။ ကျွန်တော့်ညီဝမ်းကွဲ တွေ၊ အဖေဘက်၊ အမေဘက်နှစ်မျိုးလုံး ကျောင်းဆရာတွေဖြစ်နေကြပါတယ်။ ကျွန်တော်လဲနှစ်စဉ်ငွေစုပြီး ဗလာစာအုပ်နဲ့ ခဲတံလှူပါတယ်။ စာအုပ်ခဲတံဖိုးမတတ်နိုင်လို့ ကျောင်းထွက်ကြရတဲ့ ကလေးတွေရှိနေလို့ပါ။ ဒေါ် လာငွေနဲ့ သုံး၊ လေးရာဖိုးလောက်ပါပဲ။ ရွာဦးမှာ ဘုန်းကြီးကျောင်းရော၊ လူကျောင်းပါမြင်ခဲ့ရတာ အလွန်ကျက် သရေရှိပါတယ်။ တောင်ရွာ၊ မြောက်ရွာ၊ နှစ်ရွာခွဲဝေရတော့ ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေမလားမသိပါ။ နောင်နှစ်တော့ ဆင်းရဲတဲ့ကလေးတွေပဲဝေတော့မယ်လို့ စိတ်ကူးပါတယ်။ တစ်ယောက်တည်းလှူရတာ အားမရ ရင် ဆွေမျိုးတွေစုပြီးလှူဖို့စိတ်ကူးထားပါတယ်။ ကျေးရွာတွေကတော့ ခေတ်အဆက်ဆက် ဆင်းရဲတွင်းနက်နေ ကြဆဲပါပဲ။

ကိုယ့်ရွာမှာပဲ ဘုန်းကြီးကျောင်းရော၊ လူကျောင်းရောရှိနေရင် ရွာသားတိုင်း ရေးတတ်ဖတ်တတ်ကြမယ် လို့ထင်ပါတယ်။ ‘အသုံးလုံး’လောက်ပဲ ရည်မှန်းချက်ရဲရဲထားနိုင်ပါသေးတယ်။ ပြည်တွင်းစစ်မီးအကြွင်းအကျန် တွေ အမြန်ငြိမ်းအေးပါစေ။

မောင်စွမ်းရည်

၂၀၁၇ ဧပြီ ၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Swan Yi, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်