ကိုသန်းလွင် – ကွန်မြူနစ်စနစ်၏အကြွင်းအကျန်

May 9, 2017

ကိုသန်းလွင် – ကွန်မြူနစ်စနစ်၏အကြွင်းအကျန်
(မိုးမခ) မေ ၉၊ ၂၀၁၇
(၁)

ရုရှားပြည်တွင် ၁၉၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့သော ဗော်ရှီဗစ်တော်လှန်ရေးနှင့် ပါတ်သက်၍ အထိမ်းအမှတ်ပွဲများကို ခမ်းခမ်းနားနားကျင်းပခဲ့ကြသည်မှာ ၁၉၈၇ခုနှစ် မစ္စတာဂိုဗာချော့ ( Mikhail Gorbachev) သမ္မတရာထူးတွင်ရှိ နေစဉ်က နောက်ဆုံးဖြစ်ပါသည်၊ ရင်ပြင်နီတွင် ရုရှားတပ်တော်က နောက်ဆုံးပေါ် တိုက်ချင်းပြစ်ဒုံးပျံကြီးများ အပါအ၀င် စစ်လက်နက်ပစ္စည်းများကို ရရှားတပ်မတော်၏အင်အားအဖြစ် ပြသခဲ့ကြပါသည်၊ တော်လှန်ရေးကြီး က မွေးဖွားပေးလိုက်သော လူထု၏စွမ်းအင်နှင့် ကမ္ဘာကြီးတွင် ကွန်မြူနစ်ဝါဒ၏ အရေးပါပုံအခမ်းကဏ္ဍကို ဖွင့်လှစ်ပြသသည်ဟုလည်း ယူဆနိုင်ပါသည်။

နိုင်ငံခြားဧည့်သည်များအကြားတွင် တောင်အာဖရိကနိုင်ငံ လက်ဝဲယိမ်းပါတီခေါင်းဆောင် အိုလီဗာတမ်ဗို (Oliver Tambo) နှင့် ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖက်တို့ ပါဝင်ပါသည်၊ “လီနင်သည် ထာဝရ အသက်ရှင် နေမည်”ဆိုသောကဗျာစာသားကိုလည်း ကြီးမားသည့် ဆိုင်းဘုတ်ကြီးများဖြင့် ချိတ်ဆွဲခဲ့ကြပါသည်၊

(၂)

လူငယ်များက လီနင်၏ ရုပ်အလောင်းထားရှိရာ အာဇာနည်ဗိမ္မာန်သို့ ချီတက်အလေးပြုခဲ့ကြပါသည်၊ တိုင်းသူ ပြည်သားအများစု၏ခံစားချက်မှာ မျိုးချစ်စိတ် ထက်သန်ခြင်းကတဖက်၊ အစာရေစာရှားပါးပြီး လူသုံးကုန်ပစ္စည်း များ ဈေးကြီးခြင်းဒဏ်ကို ခံစားကြရသည်ကတဖက် ဖြစ်ခဲ့ကြပါသည်။

ထိုစဉ်ကမူ လာမည့် နှစ်နှစ်အတွင်း ကွန်မြူနစ်ဝါဒကြီးမြင့်ခြင်းမှ လျှောကျခဲ့ရပြီး လေးနှစ်ကြာလျင် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားရတော့မည်ဟု ဘယ်သူမှ မခန်မှန်းနိုင်ခဲ့ကြပါ၊ ၁၉၁၇ခုနှစ် ဗော်ရှီဗစ်တော်လှန်ရေး ကြီးကြောင့်တိုင်းပြည်၏ ဂုဏ်သိက္ခာတက်လာရန်မရှိတော့ဘဲ တဖြည်းဖြည်းကျဆင်းနေရခြင်းကိုသာ သတိ ထားမိခဲ့ကြပါသည်။

ယနေ့အခြေအနေတွင်မူ ဖြစ်ပေါ်ခဲ့သော သမိုင်းအဖြစ်အပျက်များအပေါ်အမြင်များမှာ ပြောင်းလဲကုန်ကြပါပြီ၊ အထင်ကရ ကွန်မြူနစ်နိုင်ငံအဖြစ်တည်ရှိနေသည့် ရုရှားနှင့်တရုတ်နိုင်ငံတို့မှာပင် ကားလ်မတ်စ်နှင့်အိမ်ဂျယ် (Karl Marx and Engels) တို့၏ကွန်မြူနစ်ဝါဒမှာ ချုပ်ငြိမ်းလုနီးပါးဖြစ်နေပါသည်၊ အစိုးရချုပ်ကိုင်မှု မရှိသော ဈေးကွက်စီးပွားရေးစနစ်သည်သာ သဘာဝကျပြီး မရှောင်လွဲနိုင်သည့်လမ်းဖြစ်နေပါပြီ၊

ကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်သော လီယွန်ထရော်စကီး (Leon Trotsky) က တချိန်တွင် ကွန်မြူနစ်ဝါဒသည် သမိုင်း၏အမှိုက်ပုံ (Dusbin Of History) ထဲသို့ ရောက်သွားရလိမ့်မည်ဟု နိမိတ်ဖတ်ခဲ့ဖူးပါသည်၊ တချိန်တည်း မှာပင်အနောက်နိုင်ငံများ၏ ဈေးကွက်စီးပွားရေးစနစ်မှာလည်း ၂၀၀၈ခု ဈေးကွက်ပြိုကွဲမှုဒဏ်မှ နလံမထူနိုင်ကြ သေးသည်ကိုလည်းတွေ့မြင်နိုင်ပါသည်၊ နောင်တွင် ဤအခက်အခဲမျိုး ထပ်မံမကြုံရစေရန် ခိုင်မာသော အာမခံချက်ကိုလည်း မတွေ့မမြင်ကြရသေးပါ၊

ယခုအချိန် ၂၁ရာစုတွင် ရုရှားနိုင်ငံ၌ ပူတင် (Vladimir Putin) အစိုးရက ကွန်မြူနစ်စနစ်ကို ပုံစံအသစ်ဖြင့် အသက်သွင်းရန် ကြိုးစားနေမှုများကို စိုးရိမ်စိတ်ဖြင့် ကမ္ဘာကြီးကစောင့်ကြည့်နေကြပါသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုကြီးထွားလာနေချိန်တွင် အစိုးရကဗြောင်ကျကျ လာဘ်ပေးလာဘ်ယူလုပ်နေကြသည်ကို လစ်လျူရှုထား သည်၊ မတရားမှုများကို ယနေ့အစိုးရက ဖယ်ရှားမပေးနိုင်ပါ။

ယခင် ကွန်မြူနစ်ပါတီအဆက်ဆက်က စီးပွားရေးတွင် ပြည်သူများအကြား တန်းတူညီမျှ ဖြစ်ရမည်ဟုဆိုခဲ့ကြ သည်၊၊ အစိုးရကချမှတ်သည့် စီမံကိန်းစီးပွားရေးဖြင့် ချီတက်ရမည်၊ အပြောင်းအလဲသည် တော်လှန်ရေးပုံစံဖြင့် လာရမည်ဟု ပြည်သူလူထုကို စည်းရုံးခဲ့ကြပါသည်။

သို့တစေ ထိုဝါဒ၊ ပေါ်လစီများကို တပြိုင်နက်တည်း အကောင်အထည်ဖေါ်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ပါ၊ အာဏာကိုလူတစုကချုပ်ကိုင်ထားသဖြင့် အုပ်ချုပ်သူလူတန်းစားနှင့် ၄င်းတို့က မျှဝေပေးသည့် ချမ်းသာသော လူတန်းစားဟူ၍ ဖြစ်ပေါ်လာသည်၊ အကြမ်းဖက်မှုများဖြင့် ရှုပ်ထွေးနေသော တော်လှန်ရေးမှာ စိတ်ကူးယဉ် ဖန်တီးထားသော ရန်သူလူတန်းစားကို အမြဲတိုက်ခိုက်နေကြရသည်။

ပထမကမ္ဘာစစ်ပြီးချိန်တွင် ရုရှားနိုင်ငံသည်ပထမဆုံး ကွန်မြူနစ်ဝါဒကို ထူထောင်ခဲ့သည့်နိုင်ငံဖြစ်သည်၊ အရှေ့ ဥရောပတွင် သူတို့နှင့်သဘောတူနိုင်ငံအငယ်ကလေးများသာ ထွက်ပေါ်ခဲ့သည်၊ အမေရိကန်တို့ဦးဆောင် သော ဈေးကွက်စီးပွားရေးစနစ်မှာ ကွန်မြူနစ်တို့နှင့်ပြောင်းပြန်ဖြစ်နေသည်၊ စားသုံးသူတို့ကို ဦးစားပေးရသောစနစ် ဖြစ်သည်၊ အစိုးရက စီးပွားရေးလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင် စွက်ဖက်ခြင်းမရှိရပေ။

၁၉၂၉ခုနှစ်က wall street ဈေးကွက်ပြိုပျက်မှုဖြစ်ခဲ့ခြင်းကြောင့်အရင်းရှင်စနစ်သည်လည်းစားသုံးသူ ပြည်သူ လူထု ကိုအကာအကွယ်မပေးနိုင်ဟူ၍ ဖြစ်လာပြန်သည်၊ ဆက်တိုက်ဖြစ်ခဲ့သောစီးပွားရေး ဆုတ်ကပ်ကြောင့် လည်းကောင်း၊ ဈေးကွက်၏ လူအများမမြင်နိုင်၊ နားမလည်နိုင်သော သဘာဝက ချုပ်ကိုင်ထား ခြင်းကြောင့် လည်းကောင်း တခြားစနစ်ရှိနိုင်သေးသလားဟု ရှာဖွေကြံဆခဲ့ကြသည်၊

ဖက်ဆစ်ကိုတိုက်ရန်လိုသဖြင့် ရရှားခေါင်းဆောင် စကာလင်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်မှုများကို မသိကျိုးကျွံပြုခဲ့ကြသည်၊ ဖက်ဆစ်တို့ကို အောင်ပွဲခံရသည့် ၁၉၃၀-၄၀ နှစ်များနောက်တွင် ကွန်မြူနစ်တို့၏ ပေါ်ပြူလာဖြစ်မှုမှာ တာရှည်မခံခဲ့ပြန်ချေ၊ အရှေ့ဥရောပနိုင်ငံများတွင် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်မှုများ ကြောင့်ဆိုဗီယက်ရုရှားတို့၏ သြဇာအာဏာမှာ မှေးမှိန်သွားသည်၊ စစ်ကြီးဖြစ်နေစဉ်က အစိုးရကဦးစီးသော စီမံကိန်းစီးပွားရေးစနစ်မှာ အဆင်ပြေသလိုလိုရှိခဲ့စေခါမူ ငြိမ်းချမ်းသော ကာလတွင်မူ အလုပ်မဖြစ်ခဲ့ပြန်ချေ။

၁၉၆၆ခု ကျူးဘားနိုင်ငံက ဦးစီးပြုလုပ်ခဲ့သော တိုက်သုံးတိုက် ကွန်မြူနစ်ညီလာခံကို အာဖရိက၊ တောင်အမေရိကားနှင့် အာရှနိုင်ငံ ၈၂ နိုင်ငံတက်ရောက်ခဲ့ကြပြီး အရင်းရှင်နှင့် ကိုလိုနီဝါဒဆန့်ကျင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်၊ နိုင်ငံအများအပြားမှ အစိုးရများကို တော်လှန်ရေးအတွက် ကွန်မြူနစ်ကိုယ်စားလှယ်များ စုဝေးခဲ့ကြ ခြင်းလည်း ဖြစ်ပါသည်၊ အာဖဂန်နစ္စတန်၊ အင်ဂိုလာ၊ အာရှနိုင်ငံအများအပြား၌ ဆိုရှယ်လစ်ဝါဒကို အသက်သွင်း လာခဲ့ကြပြန်ပါသည်။

တရုပ်ပြည်တွင် ၁၉၄၉ခု တော်လှန်ရေး အောင်မြင်ပြီးချိန်တွင် အမေရိကန်တို့အဖို့ ကွန်မြူနစ်ဝါဒပြန့်ပွားခြင်းကို အန္တရာယ်တခုအဖြစ်သတ်မှတ်ပြီး ထိုဝါဒကို ဟန့်တားရေးအတွက် စစ်အင်အားကိုသုံးခဲ့ပါသည်၊ အမေရီကန်တို့ က ဗီယက်နမ်နိုင်ငံတွင် စစ်အကြီးအကျယ်တိုက်နေချိန်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို နိုင်ငံများစွာက ထူထောင်ခဲ့ကြပါသည်။

ကမ္ဘာကြီးတွင် အဓိကကျသည့် စီးပွားရေးစနစ်ပြောင်းလဲမှုများကို တွေ့မြင်နေရခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ စက်မှုဖွံ့ဖြိုးသည့်ကုမ္ပဏီများဖြင့် ချမ်းသာသောလူတန်းစားများ ရှိနေကြသလိုပင် ပညာတတ်ပြီး မိမိဘ၀ အခြေ အနေကို အားမရနိုင်ကြသည့် ၀န်ထမ်းအများစုကလည်း စနစ်ကိုသာ အပြစ်ဖို့ကြပါသည်၊ ကားလမတ်(စ်)က ကြွေးကျော်ခဲ့သည်မှာ “လူအားလုံးမိမိတို့စွမ်းရည်အလိုက် အလိုဆန္ဒပြည့်ရစေရမည်” ဟူသော အာမခံချက်မှာ လူအများကို များစွာဆွဲဆောင်ခဲ့ပါသည်။

နိုင်ငံတော်အနေဖြင့် စည်းစိမ်ချမ်းသာကို တပြေးညီဆောင်ကျဉ်းပေးနိုင်မည့်စနစ်(သို့) အခြေခံလစာကို အစိုးရ ကပြည်သူအားလုံးကို ပေးဝေသည့်စနစ်ကို ဖင်လန်နှင့် နယ်သာလန်နိုင်ငံတို့တွင် စမ်းသပ်လျက်ရှိကြပါသည်။

(၃)

၁၉၈ရခုနှစ်က မော်စကိုရင်ပြင်နီတွင် ပြုလုပ်ခဲ့သော အောက်တိုဘာတော်လှန်ရေး အထိမ်းအမှတ်ပွဲတော်ကြီး များကို ကျွန်တော်တို့တွေ့မြင်ရတော့မှာ မဟုတ်သလို ကွန်မြူနစ်ဝါဒ အသက်ပြန်ဝင်လာရန်လည်း မဖြစ်နိုင်တော့ပါ၊ ဗဟိုကစီစဉ်ပေးသည့် စီမံကိန်းစီးပွားရေးစနစ် နှင့် ပြည်သူကိုဖိနှိပ်မည့် (Gulag)ခေါ် အကျဉ်းထောင်များကို လည်း မမြင်လိုကြတော့ပါ။

လီနင်လည်း ကွယ်လွန်ခဲ့ပါပြီ၊ ကွန်မြူနစ်ဝါဒသည်လည်း မှေးမှိန်သွားခဲ့ပါပြီ၊ သို့တစေ သူတို့ကို စင်ပေါ်ရောက် လာအောင်တွန်းအားပေးခဲ့သည့် မညီမျှမှုများမှာမူ ကမ္ဘာတွင် ရှိနေဆဲဖြစ်ပါသည်။

ကိုသန်းလွင်
Ref: What’s left of communism, New York Time 24, February 2017


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, နိုင်ငံတကာရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်