မောင်စွမ်းရည် – “ အမေရိကားမှာ မြန်မာစာသင်ပြီ”

May 25, 2017

 

မောင်စွမ်းရည် – “ အမေရိကားမှာ မြန်မာစာသင်ပြီ”
(မိုးမခ) မေ ၂၅၊ ၂၀၁၇

အမေရိကားလို နိုင်ငံကြီးမှာ မြန်မာစာသင်ပြီဆိုတာ ကြားရတော့ မြန်မာလူမျိုးတိုင်း ဝမ်းသာကြမှာပဲ၊ ဒို့ဗမာစာ ဗမာစကားဟာ ကမ္ဘာမှာဝင်ဆံ့လာပြီဆိုပြီး ဝမ်းသာကြမှာပေါ့၊ ကျွန်တော်ကတော့ ဝမ်းသာစရာတခြား အကြောင်းတချက်တခုကိုလဲ တစိမ့်စိမ့်တွေးနေမိပါတယ်၊

ကျွန်တော်တို့မြန်မာစာဟာ ကိုလိုနီခေတ်မှာတုန်းက ဗမာပြည်တွင်းမှာကိုပဲ မျက်နှာငယ်ခဲ့ဖူးတာကို ဒီခေတ်လူငယ်များ သိကောင်းမှသိပါတော့မယ်၊ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်စမှာပဲ တက္ကသိုလ်မှာ မြန်မာစာသင်ကြားခွင့်ရရှိရေးကို ဆရာကြီးဦးဖေမောင်တင်က ဦးဆောင်ကြိုးစားခဲ့ရပါတယ်၊ သူငယ်တန်းကနေ မဟာဝိဇာတန်းအထိဖတ်စရာ မနည်း စာအုပ်တွေကိုလဲ ဒီဆရာကြီးကပဲ ဦးဆောင်အားထုတ်ခဲ့တာပါ၊

ခုအခါ မြန်မာစာဟာ ကမ္ဘာတခွင်ကို တိုးဝင်စပြုနေပါပြီ၊ အင်္ဂလန်၊ ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယား၊ ဂျပန်၊ တရုတ်၊ ရုရှားစတဲ့ နိုင်ငံကြီးတွေက တက္ကသိုလ်တွေမှာလဲ မြန်မာစာ မြန်မာစကားကို လေ့လာနေကြပါပြီ၊ ဒါပေမဲ့ မြန်မာစာဟာ မြန်မာပြည်မှာတောင် မျက်နှာငယ်ပြီး အောက်တန်းနောက်တန်းမှာပဲ ရှိသေးတာကို ဝမ်းနည်းစရာ သတိပြုမိပါတယ်၊ မြန်မာစာဆိုတာ တက္ကသိုလ်ဝင်တန်းမှာ အမှတ်အနည်းဆုံးရရှိသူတွေ ယူတဲ့ဘာသာတဲ့၊ ဒီတော့ မြန်မာဌာနဟာ အညံ့တွေစုပြီး အပို့ခံရတဲ့ နေရာလို ဖြစ်နေပါသေးတယ်၊

တက္ကသိုလ်မှာ ဘာသာတွဲတွေကို လွတ်လွတ်လပ်လပ်ရွေးချယ်သင်ယူခွင့်ရရှိတယ်ထားဦးတော့ မြန်မာစာသင်ကြားမှုဟာ အလိုလို အဆင့်အတန်းမြင့်လာမှာမဟုတ်ပါ၊ တက္ကသိုလ် မြန်မာစာမှာ အရင်ကတော့ ပျို့၊ မော်ကွန်း၊ ဧချင်းတို့လို ရှေးစာတွေပဲ ဦးစားပေးခဲ့ရာက ခုအခါ ခေတ်စာတွေပါ ပြဌာန်းလာတာကတော့ တိုးတက်မှု တခုပါပဲ၊ ဒါပေမဲ့ ဘာသာဗေဒ၊ ဘာသာသိပ္ပံ သင်ကြားပို့ချမှုကတော့ အားနည်းနေဆဲပဲရှိတယ်လို့ထင်ပါတယ်၊ သဒ္ဒဗေဒကို ပို့ချတာတောင် မကြားသေးပါဘူး၊ ဘာသာသိပ္ပံပို့ချနိုင်သူ ဆရာတွေအလုံအလောက်မရှိသေးတာကတော့ သေချာပါတယ်၊ တက္ကသိုလ်မြန်မာစာသင်ကြားမှု တိုးတက်လာရင် အခြေခံပညာမှာလဲ မြန်မာစာသင်ကြားမှုတိုးတက်လာမှာပါ၊ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်တွဖြစ်ကြတဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့က အခြေခံပညာကျောင်းသုံးစာအုပ် ပြဌာန်းရေးတွေမှာ ခဏတဖြုတ်ပါဝင်ခွင့်ရခဲ့ဖူးပါတယ်၊ အဲဒီကာမှာ အတန်အသင့် ပြောင်းလဲတိုးတက်မှုရှိခဲ့ဖူးပါတယ်၊

စပ်မိလို့ပြောပါရစေ။ ဒီခေတ်မှာ ဆရာကြီးမင်းသုဝဏ်လောက် မြန်မာစာ မြန်မာမှုကို စနစ်တကျ တတ်သိ နာလည်းသူ တယောက်မှ မပေါ်ထွန်းခဲ့သေးဘူးလို့ ကျွန်တော်ပြောရဲပါတယ်၊ ဒါပေမဲ့ ဗိုလ်နေဝင်းက (ခရစ်ယာန်ကြီး (ဦးဖေမောင်တင်)ရဲ့ တပည့်၊ မကျက်တကျက်ပေါင်မုန့်)လို့ စွပ်စွဲရှုတ်ချပယ်ရှားခဲ့ဖူးပါတယ်၊ “မညက်တညက် ဆန်မှုန့်” က ခုလိုပြောရဲတာ အံ့ပါရဲ့။ ဆရာကြီးမင်းသုဝဏ်ရဲ့ “ကကြီး-ကစွန်းပင် ရေမှာရွှင်” အစရှိတဲ့ ဗျည်းလင်္ကာ ကားချပ်ကလေးတွေကို ကျောင်းတွေမှာ သုံးတော့ “စီးပွားရှာတာ” “အမြတ်ထုတ်တာ” လို့ စွပ်စွဲပြီး တခြားပုဂိုလ် ( မြန်မာစာပါမောက္ခတဦး) ကို အသစ်ရေးခိုင်းခဲ့ပါတယ်၊ “ကကြီးကညစ်၊ ပေမှာခြစ်” လို့ ရေးတော့ “ပေ” နဲ့ “ကညစ်” ဆိုတာ ကလေးမပြောနဲ့ လူကြီးတွေနဲ့ဆရာတွေတချို့တောင် မမြင်ဖူးကြဘူးလေ၊ ဗျည်းလင်္ကာဆိုတာ ကလေးတွေဆိုလို့ ကောင်းအောင် အသံစည်းဝါးလဲ ပြေပြစ်ရတယ်၊ ဒါမျိုးမှာ ဆရာကြီးမင်းသုဝဏ်လို ပုဂ္ဂိုလ်မျိုးရဲ့ လက်ရာကို ခြေဖျားမှီဖို့တောင် မလွယ်ဘူးမဟုတ်လား၊ အဲဒီလို စာမတတ်ပေမတတ်တွေက ကိုယ့်နေရာကိုယ်မနေခဲ့တော့ မြန်မာစာသင်ကြာားရေးလဲ ဘယ်မှာ တိုးတက်မှာလဲ၊ “သေရှာရှင်စာ” ဖတ်တတ်ရုံတတ်တာကို စာတတ်တယ်မခေါ်ချင်ဘူး၊

ကဲ- ခုတော့ ဘယ်လိုလုပ်ကြမှာလဲ၊ မြန်မာစာဆရာတွေကို ဘာသာစကားလေ့လာရေးပညာ( ဘာသာသိပ္ပံ၊ ဘာသာဗေဒ) စသည် လေ့လာဖို့ နိုင်ငံခြားကို လွှတ်ရအုံးမှာပဲ၊ ဗမာပြည်မှာက မွန်၊ ကရင်၊ ကယား၊ ချင်း၊ ကချင်၊ ရှမ်း၊ ဝ၊ ရဝမ်၊ သက်၊ ရခိုင် စတဲ့ ဘာသာစကားတွေကို လေ့လာ စိစစ်ဖို့ လုပ်ကြရမှာ တွေကလဲ အများကြီးကျန်ပါသေးတယ်၊ (နိုင်ငံခြားကတော့ လာရောက်လေ့လာဖူးကြပါရဲ့) မြန်မာစာဌာနက ဆရာတွေက ဒီဘာသာစကားတွေအားလုံးကို သုတေသန လုပ်ကြရာမှာ ခေတ်မှီတဲ့ ဘာသာစကားလေ့လာနည်းပညာတွေ မသိမတတ်ရင် ဘယ်မှာဖြစ်မှာလဲ၊ ဗမာပြည်မှာ နိုင်ငံခြားဘာသာသင်တက္ကသိုလ်ရှိနေပါတယ်၊ မြန်မာစာကလွဲလို့ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ ဂျာမန်စာ၊ တရုတ်စာ၊ ဂျပန်စာစတဲ့ နိုင်ငံခြားဘာသာသင်ဆရာတွေက ခေတ်မီ၊ စနစ်မီ ပေမီဒေါက်မီ ရှိကြပေမဲ့ မြန်မာစာဆရာများက သူတို့ကိုတော့ မီမယ်မထင်ပါ၊

ခုအခါ အမေရိကားမှာ မြန်မာစာဆရာတွေ လိုအပ်နေပြီ၊ ဗမာပြည်ကို လှမ်းတောင်းကြရတော့မှာပဲ၊ အနည်းဆုံးအတွေ့အကြုံကတော နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာ မြန်မာစာပြဖူးမှ သင့်တော်မှာဖြစ်ပါတယ်၊ စာသင်ပေးခဲ့ဖူးသူတွေက အငြိမ်းစာယူကုန်ကြပြီ၊ ဒါပေမဲ့ ခုအခါ အမေရိကန်ပြည်ထောင်စု၊ မြောက်အီလီနှိုက်တက္ကသိုလ်မှာ မြန်မာစာဌာနရှိနေပါတယ်၊ မြန်မာစာဆရာမတယောက် စာပြနေပါတယ်၊ ဦးစောထွန်းလို အတွေ့အကြုံရှိတဲ့ ဆရာကြီးလဲရှိနေတော့ သူတို့ဆီမှာ သင်တန်းတက်ဖို့ ဒါမှမဟုတ် နွေရာသီမှာ ဆရာကြီးများကို ပင့်ဖိတ်ပြီး သင်တန်းပေးဖို့ စသဖြင့် စီစဉ်နိုင်ပါတယ်၊

မင်းက ဘာကောင်မို့ဒါတွေဝင်ပြီး ပူပန်နေရသလဲလို့ မေးနိုင်ပါတယ်၊ ကျွန်တော်ဟာ နိုင်ငံခြားသားတွေကို ကိုယ်တိုင် မြန်မာစာသင်ပေးဖူးတဲ့ အပြင် ဦးသာနိုး၊ ဦးစောထွန်းတို့လို ပုဂိုလ်များ သင်ကြားပို့ချပုံကိုလဲ အနီးကပ်လေ့လာပါတယ်၊ မလွယ်ပါ၊ ဥပမာ- Voicing Rule ခေါ် အသံထွက်နည်းစနစ်တခုတည်းကိုပဲ ကျွမ်းကျင်ပါရဲ့လားလို့ ပြန်မေးချင်ပါတယ်၊ “ရေးတော့ အမှန်၊ ဖတ်တော့အသံတဲ့၊ ဒါကို လူတိုင်း (မြန်မာတိုင်း) ကြားဖူးမှာပါ၊ ကောင်းတယ်ကို ကောင်းဒယ်၊ စောင်းတန်းကို စောင်းဒန်း၊ တောင်တန်းကို တောင်ဒန်း၊ ရန်ကုန်ကို ရန်ဂုန်၊ မန္တလေးကို မန္ဒလေး၊ ပြည်တော်သာကို ပြည်ဒေါ်သာ(ဒါ)၊ တန်းခူးကို ဒဂူး။ တဲ့ ဘယ်လိုအသံပြောင်းသွားသလဲ၊ ဒါတွေကို စည်းချ၊ နည်းချပေးရမှာပါ၊

နောက်ပြီးအင်္ဂလိပ်စာသင်တဲ့အခါ-
I go to school ဆိုရင် ပြီးပြီ၊ မြန်မာလိုဆိုရင်

(၁) ကျွန်တော်သည် ကျောင်းသို့ သွားသည်။ (စာရေးနည်း)

(၂) ကျွန်တော် ကျောင်းကို သွားတယ်၊ (ပြောရင်)

(၃) ကျွန်တော် ကျောင်းကို သွားဒယ်၊ (အသံထွက်)

ကဲ- အဲဒါကို သင်ဖို့က လွယ်မယ်ထင်သလား၊ ကျွန်တော်က မိတ်ဆွေတိုင်းရင်းသာား နာဂလူမျိုး၊ ချင်းလူမျိုး၊ တယောက်နှစ်ယောက်နဲ့ ဆွေးနွေးကြည့်ဖူးရုံပါ၊ ဒါနဲ့ပဲ ပြီးပြီလား။ မဟုတ်သေးဘူးဗျို့။

ကြိယာထောက်တွေရှိသေးတယ်၊

ကောင်းသည်။ ကောင်းတယ်။ ကောင်းပါတယ်။ ကောင်းတာပေါ့။ ကောင်းတော့ကောင်းပါရဲ့။ ကောင်းမှာပေါ့။ ကောင်းချင်ကောင်းမှာပေါ့။ ကောင်းမှကောင်း။ ကောင်းချင်မှလဲကောင်းမယ်။ ကောင်းပြီ။ ကောင်းပြီ၊ ကောင်းလျက်နှင့်(ကောင်းရက်နဲ့) ကောင်းလှ၏။ ကောင်းလှပေ၏။ ကောင်းကောင်း မကောင်းကောင်း။ ကောင်းသော်ရှိ မကောင်းသော်ရှိ၊ ကဲ ကောင်းရော။ ကောင်းပါလေရော။ ကဲ- ဒါတောင် ကျွန်တော် လက်တန်းချရေးလိုက်တာ။ လေယူလေသိမ်းကလဲ ရှိသေးတယ်။ အဝေးကြီး။ ဟို- အဝေးကြီး၊ ဟို- ဟို့( ဟုတ်) အဝေးကြီး…။ အဲဒါမျိုးတွေရှိပါသေးတယ်၊

ကျွန်တော်တတ်လို့ရေးတာမဟုတ်ပါ၊ ဦးသာနိုး၊ ဦးစောထွန်းတို့နဲ့ လက်ပွန်းတတည်းနေဖူးတော့ “ဗျောသံကြားနဲ့ တရားနာ” ဆိုသလိုပါ။ ကိုယ်တွေ့ အခက်အခဲတွေလဲ ကြုံဖူးလို့ပါ၊ အမေရိကားမှာ မြန်မာစာသင်တော့မယ်ဆိုတော့ ဝမ်းသာလို့ ထရေုးလိုက်တာပါ၊ မကြိုက်ရင်လဲ သည်းခံပါ၊ ကျွန်တော်မောင်စွမ်းရည်ပါ။

မောင်စွမ်းရည်
၂၀၁၇၊ ဧပြီ ၂၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်