ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ –၂

May 25, 2017
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ –၂
(မိုးမခ) မေ ၂၅၊ ၂၀၁၇

 ENGLISH FOR COMPUTERS – 2

WHAT ARE VALVES?

A simple electronic valve contains two electrodes.They are metal conductors that are attached to a circuit at one end only and either receive or give out free electrons.They are called thermionic valves. An electronic valve works by passing a stream of electrons from a heated cathode or negative electrode to anode or positive electrode.There are two types of thermionic valves : diodes and tri-odes.

 

 
DIODE

The diode is used as the detector of radio waves.The resonant circuit,consisting of an inductance and a capacitor,serves to select a specific frequency.This is the simplest radio receiver realizable with a vacuum tube.To operate a loudspeaker,the signal must be amplified.

 
TRIODE

The triode is used as a voltage amplifier. Small voltage changes at the grid result in large voltage changes over the load resistor.

 

အဆို့များသည်​ အဘယ်​နည်း

ရိုးရိုးရှင်းရှင်း အီလက်​ထ​ရောနစ်​အဆို့တွင် ​အီလက်​ထရုတ် ​နှစ်​ခု ပါဝင်​သည်​။ အီလက်​ထရုတ်​ဟူသည်​မှာ လျှပ်​စစ်​စီးရန် ​စီမံထား​သော သတ္တုပစ္စည်းဖြစ်​သည်​။ ၄င်းတို့ကို လျှပ်​စစ်​ကွန်ယက်​တစ်​ခု၏ ​တစ်​ဖက်​တည်းတွင်​ တပ်​ဆင်​ထားသည်​။ ၄င်းတို့သည် လွတ်​လပ်​​သောအီလက်​ထရွန်​အမှုန်​က​လေးများကို လက်​ခံ​သောအလုပ်​ သို့မဟုတ်​ လွှင့်​ထုတ်​​သောအလုပ်​ကို လုပ်​သည်​။ ၄င်းတို့ကို သာမီအိုနစ်​အဆို့များ ဟု​ ခေါ်သည်​။ အီလက်​ထ​ရောနစ်​အဆို့၏ ​အလုပ်​အလုပ်​ပုံမှာ အပူ​ပေဒ​သော ကက်​သုတ်​အမည်​ရှိပြွန်​​ချောင်း သို့မဟုတ်​ အနှုတ်​အီလက်​ထရုတ်​မှ စီးထွက်​​သော အီလက်​ထရွန်​အမှုန်​က​​လေးများကို အနုတ်​အမည်​ရှိပြွန်​​ချောင်း သို့မဟုတ် ​အ​ပေါင်းအီလက်​ထရုတ်​ဆီသို့ ပို့​ပေးသည်​။ သာမီယိုနစ် ​အဆို့ နှစ်​မျိုး ရှိသည်​။ ၄င်းတိုမှာ ဒိုင်​ယုတ်​ နှင့်​ ထရိုင်​ယုတ်​တို့ ဖြစ်​ကြသည်​။

ဒိုင်​ယုတ်

ဒိုင်​ယုတ်​သည် ​ရေဒီယိုလှိုင်းများကို ဖမ်းရာတွင်​သုံး​သော အဆို့ဖြစ်​သည်​။ ၄င်းတွင်​ပါဝင်​​သော ပစ္စည်းများသည်​ လိုချင်​​သော​ရေဒီယိုလှိုင်းကို ​ရွေး​ပေးသည်​။ ၄င်းသည် ​​လေဟာနယ်​ပြွန်​​ချောင်းဖြင့်​ပြုလုပ်​​သော​ ရေဒီယိုလှိုင်းဖမ်းစက်​များတွင်​ အရိုးဆုံး အရှင်းဆုံးဖြစ်​သည်​။  အကယ်​၍ အသံချယ့်​စက်​ကို သုံးမည်​ဆိုလျှင်​ သုံးနိုင်​​အောင်​ချဲ့ထွင်​၍ သုံးနိုင်​သည်​။

ထရိုင်​ယုတ်

ထရိုင်​ယုတ်​ကို ဘို့အားမြှင့်​ရာတွင်​ သုံးသည်​။ လေး​ထောင့်​ကွက်​ထဲတွင်​ ဘို့အား အနည်းငယ်​အ​ပြောင်းအလဲသည် ​အခြား​နေရာတွင်​ များများ​ပြောင်း​စေသည်​။

Language Notes

simple(adj) – ရိုးသားရှင်းလင်း​သော
valve (N) – အဆို့
conduct (v) – လျှပ်​စစ်​စီးသည်
conductor (N) – လျှပ်​စစ်​စီး​သောအရာ
work (v) – အလုပ်​လုပ်​သည်
detect (v) – ရှာ​ဖွေ​တွေ့ရှိသည်
detector (v) – ရှာ​ဖွေ​သောအရာ၊ ဖမ်းစက်
receive (v) – လက်​ခံသည်
receiver (N) – လက်​ခံ​သောအရာ
wave (N) – လှိုင်း
circuit (N) – လျှပ်​စစ်​ကွန်​ယက်​။ ဆားကစ်
serve (v) – အသုံးဝင်​သည်
It serves to select a specific radio frequency.
၎င်းကို တိကျ​သော​ ရေဒီယိုတုန်​ခါနှုံးများကို ​ရွေးရာတွင်​ အသုံးချသည်​။
Specific (adj) – တိကျ​သော
receive (v) – လက်​ခံသည်
receiver (N) – လက်​ခံ​သောအရာ၊ ဖမ်းစက်​။
realise (v) – ရသည်
realisable (adj) – ရနိုင်​​သော
Vacuum (N) – ​လေဟာနယ်​။ ​လေမရှိ​သောနယ်
amplify (v) – တိုးချဲ့သည်
loud speaker (N) – အသံချဲ့စက်
amplifier (N) – တိုးချဲ့​သောအရာ
grid (N) – ​လေး​ထောင့်​ကွက်
Result (v) – ဖြစ်​​ပေါ်​စေသည်
Small changes of voltage at the grid result in large changes over the resistor.
လေး​ထောင်​ကွက်ထဲတွင်​ ဘို့အားအနည်းငယ်​​ပြောင်းခြင်းသည် ​အခြား​နေရာတွင် ​များများ​ပြောင်း​စေသည်​။
resist (v) – ခုခံသည်
resistor (N) – ခုခံ​သောအရာ အထူးသဖြင့်​ လျှပ်​စစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဒေါက်တာခင်မောင်ဝင်း (သချာင်္), လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်