ဆောင်းယွန်းလ ● သက်မဲ့ ကဗျာ

May 27, 2017

ဆောင်းယွန်းလ ● သက်မဲ့ ကဗျာ
(မိုးမခ) မေ ၂၇၊ ၂၀၁၇

စိတ်ဟာ
အုံ့မှိုင်းနေတဲ့ ရာသီဥတုပဲ။

လေနှင်ရာပြေးထွက်ဖို့
ပြတင်းပေါက်တို့ ရှာမတွေ့ခဲ့သေးပါ။

မိုးသားတိမ်လိပ်တွေနဲ့ ရောပြီးရွာချဖို့ရန်
ခြောက်သွေ့လွန်းလှပါရဲ့
မျှော်ကိုးစရာ ကံ ကံ၏အကျိုးအတွက်
ထွက်သွားတဲ့ ရထားဟာလည်း
ပြန်လည် ဆိုက်ရောက်မလာခဲ့။

ခြေသံပြင်းပြင်း ရွှေ့သွားတဲ့ နံနက်ခင်းဟာ
တက်ခေါက်သံ ညနေတွေနဲ့ ပြန်ရွေ့လာခဲ့။

ဗလာကျင်းထားတဲ့ အခန်းတခန်းဖြစ်ရင်
သိပ်ကောင်းမှာပဲလို့ တွေးနေတုန်း
စိတ်ထဲမှာပဲ မိုးတအုံးအုံးရွာချလိုက်လေရဲ့
ရေတစက်မျှ မရလိုက်ပါ။

ဆောင်းယွန်းလ
(မေလ ၂၃ ရက်၊၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်