မောင်ဖေသက်နီ ● ဖက်ဆစ်စနစ်ကို တိုက်ခိုက်ချေမှုန်းပစ်နိုင်ခဲ့တဲ့ ပန်းချီကားတချပ်အကြောင်း

June 1, 2017

● ဖက်ဆစ်စနစ်ကို တိုက်ခိုက်ချေမှုန်းပစ်နိုင်ခဲ့တဲ့ ပန်းချီကားတချပ်အကြောင်း
(မိုးမခ) ဇွန် ၁၊ ၂ဝ၁၇

သမိုင်းကြောင်းအချုပ်အရ ၁၉၃၇ ခုနှစ် ပါရီ ပန်းချီ၊ အနုပညာပြပွဲ (1937 Paris Exhibition) ကို တက်ရောက်လာခဲ့ကြတဲ့ အနုပညာဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများ၊ အနုပညာရှင်ကြီးများက ဖန်တီးမှုအနုပညာတွေအပေါ် ဆန့်ကျင်မှု၊ ကန့် သတ်မှု၊  ဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထောက်ပြ ဝေဖန်ဆွေးနွေးသွားခဲ့ကြဖူးပါတယ်။

ဒီအကြောင်းကို ဆောင်းပါးရှင် ဖီယုဏ္ဏာ မက္ကဒေါ်နယ် Fiona Macdonald က အဆိုပါ ပြပွဲအကြောင်း ပြန်ပြောင်းသုံးသပ်ပြီး ဘီဘီစီယဉ်ကျေးမှုဝက်ဆိုက် BBC Culture Website ရဲ့ ၂ဝ၁၇ ခုနှစ် ဖေဖေါ်ဝါရီလ ၆ ရက် နေ့မှာ အခုလို ရှုမြင်သုံးသပ်ရေးသား တင်ပြထားခဲ့တာပါ။ ဘီဘီစီယဉ်ကျေးမှုဝက်ဆိုက် http://www.bbc.com/culture/story/20170206-the-artists-who-fought-fascism မှာ သွားရောက်ဖတ်ရှုလို့ ရပါတယ်။

ဆောင်းပါးရှင် ဖီယုဏ္ဏာ မက္ကဒေါ်နယ် Fiona Macdonald က ရေးသားပြီး မောင်ဖေသက်နီက မြန်မာပြန်ဆိုပါတယ်။ အခု ဆောင်းပါးထဲမှာ နာမည်ကျော် စပိန်နွယ်ဖွားပန်းချီဆရာကြီး ပါဘလို ပီကာဆို ‘Pablo Picasso’ ရေးဆွဲထားခဲ့တဲ့ ‘ဂွါရာနီကာ Guernica’ ပန်းချီကားအကြောင်းကို အသေးစိတ်ရေးသားထားပါတယ်။
http://www.bbc.com/culture/story/20170206-the-artists-who-fought-fascism


သမိုင်းကြောင်းထဲမှာ နာဇီဂျာမနီနဲ့အီတလီတို့ရဲ့ ဗုံးကြဲလေယာဉ်တွေဟာ ၁၉၃၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ စပိန်နိုင်ငံ ဂွါရာနီ ကာ ခရိုင်ရဲ့ *ဘာ့စ်က်စီးတီးမြို့ကို သုံးနာရီကျော်ကြာ လေကြောင်းတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ကြပါတယ်။ တိုက်ခိုက်ခံ လိုက် ရတဲ့ ရှေးဟောင်းမြို့ ရဲ့လေးပုံသုံးပုံလောက်ဟာ ပျက်စီးသွားခဲ့ရသလို လူအများအပြားဟာလည်း ထိခိုက်ဒဏ်ရာတွေ ရသူရ၊ အသက်ဆုံးရှုံးသူတွေဆုံးရှုံးနဲ့မကောင်းတဲ့မြင်ကွင်းတွေ၊ မကောင်းတဲ့ခံစားမှုတွေဖြစ်ခဲ့ရတာပါ။ အဆိုပါ တိုက်ပွဲကို “ဘယ်စစ်သမိုင်းမျိုးမှာမှ လုံးဝမဖြစ်ဖူးခဲ့တဲ့ စစ်ဆင်ရေးကြီး” လို့ ကမ္ဘာကျော် “တိုင်းမ်စ်မဂ္ဂဇင်း Times Magazine” ရဲ့ ရေး သားချက်အရသိရှိခဲ့ရပါတယ်။ ကမ္ဘာကျော် စပိန်ပန်းချီဆရာကြီး ပါဘလို ပီကာဆို (Pablo Picasso) ကလည်း အဲဒီ အ ကြောင်းကို “ဂွါရာနီကာ Guernica” ဆိုတဲ့ ပန်းချီကားတချပ် ရေးဆွဲခဲ့ပါတယ်။  အဲ့ဒီ စစ်ဆန့်ကျင်ရေး ပန်းချီကားကြီး ဂွါရာ နီကာဟာ “၁၉၃၇ ခုနှစ် ပါရီ ပန်းချီ၊ အနုပညာပြပွဲ” မှာပြသခဲ့ဖူးသလို နာမည်လည်း အထူးကျော်ကြားခဲ့ပါတယ်။

လေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စပိန်ဖြစ်တာ (၁ဝ) လလောက်ဘဲရှိသေးတဲ့ကာလအတွင်း မှာ “၁၉၃၇ ခု နှစ် ပါရီ ပန်းချီ၊ အနုပညာပြပွဲ” ဖွင့်လှစ်ပြသဖို့အတွက် အနုပညာရှင်တွေကို ပြင်သစ်လာဖို့ဖိတ်ခေါ်ခဲ့ပါ တယ်။ ဒီအနုပညာပြပွဲ ဟာ အထူးသဖြင့် အဲဒီ့အချိန်က စက်မှုနည်းပညာအရ ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်နေသလို နိုင်ငံရေးအရ  အင်မတန် စိတ်ဓါတ်ခိုင် မာပြတ်သားတဲ့ ဂျာမနီနိုင်ငံကတဖက်၊ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ ‘တူ’ နဲ့တောင်သူ လယ်သမားတွေကို ကိုယ်စား ပြုတဲ့ ‘တံဇဉ်း’ အမှတ်အသားကိုအသုံးပြုပြီး တိုင်းပြည်နဲ့ပြည်သူပြည်သားတွေအတွက် အောင်အတိတ်၊ အောင်နိမိတ်အဖြစ် ခံယူကာ အင်အားကြီးနိုင်ငံတခု ဖန်တီးထူထောင်ထားတဲ့ ဆိုဗီယက်ယူနီယံတို့က တဖက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးကစားပွဲ ဆိုတာကို သတိတရဖြစ်စေပါတယ်။ ဒီနေ့ကမ္ဘာကြီးဟာ ခေတ်မမီတော့ဘူးလို့

တချို့ ကပြောဆိုနေချိန်မှာ တချို့ ကကျတော့ ရှေးဟောင်းအမွေအနှစ်တွေလိုက်လံရှာဖွေဖေါ်ထုတ်ပြီး သုတေသနတွေကို တစိုက်မတ်မတ်လုပ်ကိုင်နေကြပါတယ်။ ပြသခဲ့တဲ့ “၁၉၃၇ ခုနှစ် ပါရီပန်းချီ၊ အနုပညာပြပွဲ” ဟာ ဗိုလ်ချုပ်ကြီး ဖရန်ကို (General Franco) ဦးစီးခဲ့တဲ့ စပိန်နိုင်ငံရဲ့ ခေတ်စနစ်ဆိုးကြီးကို အပြီးအပြတ်နိဂုံးချုပ်သွားစေခဲ့တဲ့ ပြပွဲတခုလို့လည်း  လေ့ လာမှတ်သားနိုင်ခဲ့ရပါတယ်။

ဒီပွဲဟာ ဆိုဗီယက်ယူနီယံ ဦးဆောင်ဖန်တီးထားခဲ့တဲ့ လုံးဝဥဿုံအာဏာချုပ်ကိုင်ထားမှုနဲ့အီတလီ၊ ဂျာမနီတို့က ဖန်တီးထားခဲ့ တဲ့ နာဇီစနစ်ကို အမြစ်ပြတ်ဖယ်ရှားပစ်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ခဲ့ကြတာပါလို့ သမိုင်းအထောက်အထားတွေအရ သိရှိခဲ့ရ ပါတယ်။ ဥရောပတိုက်နိုင်ငံတွေဟာ ကမ္ဘာစစ်ကြီးထဲဝင်ရောက်လာဖို့တာဆူနေချိန်လည်းဖြစ်တာကြောင့် ကမ္ဘာကြီးအပေါ်မှာ သြဇာကြီးနိုင်သမျှကြီးအောင်လုပ်တဲ့နည်းနဲ့အခွင့်သာမှုကို အရယူခဲ့တာပါဘဲ။ အဲဒီအချိန်က ဖက်စစ်   စနစ်နဲ့ကွန်မြူနစ်ဝါဒီ တွေကလည်း ကမ္ဘာပေါ်ကထင်ရှားတဲ့အနုပညာရှင်တွေကိုအသုံးချပြီး ဝါဒဖြန့် ချိနေခဲ့ပါတယ်။ အဲဒါ ကြောင့် ကမ္ဘာကျော် အနုပညာရှင်ကြီးတွေဖြစ်ကြတဲ့ ပါဘလို ပီကာဆို (Pablo Picasso)၊  ဂျူလီယို ဂွန်ဇာလက်ဇ် (Julio González)၊ ဂျိုအဲန် မီရို (Joan Miró)၊ အလက်ဇန္ဒား ကာလ်ဒါ (Alexander Calder)၊ အယ်လ်ဘာတို ဆန်ချက်ဇ် (Alberto Sánchez) နဲ့ဂျိုဆေ ဂူတီအဲရက်ဇ် ဆိုလဲန် (José Gutiérrez Solan) တို့ဟာ စပိန်နိုင်ငံရဲ့ နိုင်ငံရေးမြင်ကွင်းထဲ ရောက်ရှိလာပါတော့တယ်။

စပိန်နိုင်ငံ ဂွါရာနီကာ ခရိုင်ရဲ့ ဘာ့စ်က် စီးတီးမြို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့မှုကို ပီကာဆိုက ‘ဂွါရာနီကာ’ ဆိုတဲ့ နာမည်နဲ့ပန်းချီကားတချပ်ရေးဆွဲမှတ်တမ်းတင်ခဲ့ပါတယ်။ ဒီပန်းချီကားဟာ စစ်ဆန့်ကျင်ရေးအနုပညာပန်းချီတွေထဲမှာအင်မတန် ထင်ရှားခဲ့ပါတယ်။ (စပိန်နိုင်ငံက “Museo Nacional Centro de Arte Reina Sofía”  လို့ခေါ်တဲ့ အမျိုးသားပြတိုက်မှာ ပြသထားပြီး အဲဒီပြတိုက်ကဘဲ ဒီ ပန်းချီကားဓါတ်ပုံကို ရရှိခဲ့တာပါ)

အဲဒီအချိန်ကစပြီး ပီကာဆို ကို မြို့က မုခ်ဦးတွေ၊ အောင်မုခ်တွေတည်ဆောက်တဲ့ စံပြပုဂ္ဂိုလ်ကြီးတယောက်လို့ အများက သတ်မှတ်လာခဲ့ကြပါတော့တယ်။ အဲဒီနောက် ၁၉၃၇ ခုနှစ် အစောပိုင်းကာလမှာတော့ သူဟာအမျိုးသားရေးဝါဒ Nationalism ကို ဆန့်ကျင်တဲ့ “ဖရန်ကိုရဲ့ မျှော်လင့်ချက်နဲ့လိမ်ညာမှုများ Dream and Lie of Franco” ဆိုတဲ့ ပန်းချီကားကို ရေးဆွဲခဲ့ပါတယ်။ အဲဒီကစပြီး ဖရန်ကိုနဲ့သူ့အပေါင်းအသင်းရောင်းရင်းတွေက “ဂွါရာနီကာ” ပန်းချီကားကို  ဝေဖန်ထိုးနှက်မှု တွေကို စပြီးလုပ်လာခဲ့ကြတာပါ။ ပီကာဆို ဟာ ဖက်ဆစ်စနစ်ကိုဆန့်ကျင်ရေးအယူအဆနဲ့ပန်းချီကား  တွေရေးဆွဲခဲ့တဲ့အတွက် ကြောင့်လို့ စွပ်စွဲခဲ့ကြပါတယ်။ “စစ်သမိုင်းထဲကို ပြန်လေ့လာကြည့်လိုက်ရင်မြို့ တွေပေါ်မှာရော၊  ကျေးလက်တောရွာတွေမှာပါ လူအချင်းချင်း လူသားမဆန်တဲ့ ပြုမူဆက်ဆံလာတာတွေ၊ နည်းပရိယာယ်တခုလိုအသုံးပြု လာတာတွေ၊ လက်နက်တခုလို အသုံးပြုလာတာတွေကို တွေ့မြင်လာခဲ့ရပါတယ်။ စက်ပစ္စည်းသစ်တခုကို စမ်းသပ်သလိုမျိုး၊ လူသားတွေကို စမ်းသပ် အသုံးပြုလာကြပါတယ်။ ပီကာဆိုက အဲဒီအချက်ကို ပေါ်လွင်အောင် သူ့ပန်းချီကားထဲမှာ  ရေးဆွဲတင်ပြထားတာပါ။ အဲဒါ ကြောင့် လူတွေက သူ့ကို အနုပညာတမန်တော်လို့သတ်မှတ်ဂုဏ်ပြုထားခဲ့ကြတာပါ” လို့  အနုပညာဘာသာရပ် ပါမောက္ဓ ဖာနန်ဒို မာတင် (Fernando Martín) က ပြောဆိုခဲ့ဖူးပါတယ်။

 “ကျနော်ဟာ ဂွါရာနီကာ ပန်းချီကားထဲမှာ စပိန်နိုင်ငံကို ပင်လယ်ထဲ နစ်မြုပ်သွားအောင် စစ်တပ်ကလုပ်နေတာကို အင်မတန် ရွံရှာမုန်းတီးတဲ့ အနှစ်သာရကို ပေါ်အောင်ပုံဖေါ်ထားခဲ့တာပါ”

ပါဘလို ပီကာဆို


ဂွါရာနီကာ ပန်းချီကားဟာ မဒရစ်မြို့ တော်ဝန်ဦးစီးခဲ့တဲ့ ပန်းချီပြပွဲမှာတွင်မကဘဲ စပိန်နိုင်ငံမြို့ တော် မဒရစ်မြို့ ရဲ့ နာမည်ကြီး ရိုင်းနား ဆိုဖီယာ Reina Sofía Museum ပြတိုက်မှာလည်း ပြသထားခဲ့တယ်လို့သိရှိရပါတယ်။ သူ ပန်းချီ ကားရေးဆွဲနေစဉ်က သူ့လှုပ်ရှားမူပုံရိပ်တွေကို သူ့ ချစ်သူ အမျိုသမီး ဒိုရာ မားရ် Dora Maar ကဓါတ်ပုံရိုက်ပြီး မှတ်တမ်း တင်ထားခဲ့ပါတယ်။  ဒိုရာ မားရ်ရဲ့အဆိုအရ အဲဒီ့ပန်းချီကားကို ပီကာဆိုဟာ တလကျော်ကာလအတွင်း ရေးဆွဲသွားခဲ့တာလို့သိရပါတယ်။ ရေးဆွဲနေ ခိုက်မှာ သူဟာ အမျိုးသားရေးဝါဒီတွေကို ပံ့ပိုးကူညီပေးနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ဖူးပေမယ့် ပီကာ ဆိုက အဲဒါနဲ့ပတ်သက်ပြီးကြေညာချက်တစောင်ထုတ်ပြီး ငြင်းဆိုခဲ့ဖူးပါတယ်။ ပီကာဆိုရဲ့ ကြေညာချက်ထဲမှာတော့ “ကျနော် ဂွါရာနီကာ ကားဆွဲနေတုန်းမှာတလျှောက်လုံး ဆွဲနေတဲ့ကားပေါ်မှာဘဲအာရုံစိုက်ထားတာပါ။ အဲဒီတုန်းက စပိန်နိုင်ငံ ပင်လယ်ထဲနစ်မြုပ်သွားတာလို့ကျနော် တကယ့်ကိုခံစားခဲ့ရပြီး နောက်ဆုံး စပိန်နိုင်ငံဟာ ပင်လယ်ရေအောက် နစ်မြုပ်နေစဉ် ညည်းသံတွေကို စဉ်ဆက်မပြတ်ပေါ်ထွက်နေခဲ့တာ နောက်ဆုံး စပိန်နိုင်ငံတနိုင်ငံလုံး  ရေအောက်နစ်မြုပ် ပျောက်ကွယ်သွား တဲ့အထိပေါ့” လို့ ပီကာဆို က ပြောဆိုခဲ့ဖူးပါတယ်။

● နိုင်ငံရေးနောက်ခံ မြင်ကွင်း
မြို့ ရဲ့ မုခ်ဦးတွေ စတဲ့ မြို့ပြအင်္ဂါရပ်တွေကို ပြုလုပ်ဖန်တီးနေခိုက်မှာ အနုပညာရှင်တွေဟာ သူတို့စိတ်ကို ဖန်တီးနေတဲ့ အနု ပညာပစ္စည်းတွေအပေါ်မှာဘဲ လုံးဝနှစ်မြှုပ်ထားကြတာပါ။ “ပြသခဲ့တဲ့ အနုပညာတွေအားလုံးဟာ လက်ရာ အပြောင်မြောက်ဆုံးနဲ့အင်မတန်ဆွဲဆောင်မှုရှိလှပါတယ်။ ပြပွဲကော်မတီကလည်း အခုပြပွဲဟာ နိုင်ငံရေးကို အရမ်းဇောင်းပေးတာမျိုး မဖြစ်စေ ချင်သလို အနုပညာရှင်တွေကလည်း သူတို့ အနုပညာတွေကို သူတို့ခံစားရတဲ့အတိုင်း အကောင်းဆုံး တင်ပြနိုင်မှု ရှိ၊ မရှိ ဆိုတာအပေါ်မှာဘဲ မူတည်စေချင်ကြတာပါ။ ပြသခဲ့တဲ့အနုပညာပစ္စည်းတွေဟာ အဆင့်အမြင့်ဆုံးလို့  သတ်မှတ်လို့ရတာ တွေပါ”  လို့မြို့ တော်ဝန်ပြတိုက်ပြပွဲအတွက် ပြင်ဆင်နေခိုက်မှာ အနုပညာပစ္စည်းစုဆောင်းသိမ်းဆည်း သူ ဂျိုအဲန် မဲနျူရယ် ဘွန်းးနက် Juan Manuel Bonet က အဲဒီလို ပြောဆိုခဲ့ပါတယ်။

ရီပတ်ဘလီကင် အစိုးရရဲ့  “စပိန်နိုင်ငံကို ကူညီကြပါ  (Aidez L’Espagne)” အကူအညီပေးတဲ့ကိစ္စအကြောင်း  ရော်ဘာတံဆိပ် တုံး အပြင်အဆင်ဟာ အနုပညာရှင် မီရို ရဲ့ လက်ရာတခုဖြစ်ပါတယ် (စပိန်နိုင်ငံက Museo Nacional Centro de Arte Reina Sofía  လို့ခေါ်တဲ့ အမျိုးသားပြတိုက်မှာ ပြသထားပြီး အဲဒီပြတိုက်ကဘဲ ဒီပန်းချီကားဓါတ်ပုံကို ရရှိခဲ့တာပါ)

အမြင်တမျိုး၊ ရှုထောင့်သစ်တခုအနေနဲ့သူတို့ကို ရှုမြင်ကြည့်ကြသူတွေလည်းရှိနေကြပါတယ်။ “၁၉၃၆ ခုနှစ် မတိုင်မီကဆိုရင် ပီကာဆို ရော၊ မီရိုရော ဟာနိုင်ငံရေးနဲ့သိပ်ကိုအလှမ်းဝေးနေခဲ့တယ်လေ။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေ  အသက်ရှင်နေထိုင် နေစဉ်မှာတော့ အနုပညာရှင်တွေအနေနဲ့ဘဝကိုဆက်လက်ရပ်တည်နေထိုင်သွားကြပေမယ့် စပိန် ပြည်တွင်းစစ်က သူ တို့ရဲ့ စိတ်ထားတွေ၊စိတ်ဓါတ်တွေကို ပြောင်းလဲပေးလိုက်တာပါ။ နောက်ပိုင်းကျတော့ ၁၉၄၄ ခုနှစ်ထဲမှာ ပီကာဆိုဟာ ပြင်သစ် ကွန် မြူနစ်ပါတီနဲ့ဆက်သွယ်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၆ဝ ခုနှစ် နှောင်းပိုင်းနဲ့၇ဝ ခုနှစ် ဆန်းပိုင်းတွေလည်းရောက်ရော မီရို ပါပူးပေါင်းလာခဲ့ပြီး ဖရန်ကို အစိုးရကို တစိုက်မတ်မတ် ဆန့်ကျင်နေခဲ့ပါတော့တယ်”

အမေရိကန် ပန်းပုပညာရှင် အလက်ဇန္ဒား ကာလ်ဒ် (Alexander Calder) ကလည်း စောစောပိုင်းတုန်က  သူ့  အနုပညာတွေ ဟာ ပါတီအတွက်ဝါဒဖြန့် ချိရေးသက်သက်အတွက်ဘဲ သုံးစွဲခဲ့တာလို့ယူဆခဲ့ပါတယ်။ ရီပါတ်ဘလီကဲန်ပါတီ ကတော့ ဂျိုအဲန် မီရို (Joan Miró) ကို အင်မတန် ကောင်းမွန်တဲ့ မိတ်ဆွေတယောက်လို့ဘဲ ရှုမြင်နေပြီး ကာလ်ဒါး ကို တော့  စပိန်လူမျိုးမဟုတ်တဲ့ အတွက် သူ့အနုပညာတွေကို ဖန်တီးခွင့်မပြုခဲ့တာလို့ ကောက်ချက်ချနေခဲ့တာပါ။ ကာလ်ဒါး ကို အနုပညာတွေဖန်တီးခွင့်မပြုခဲ့ပေမယ့် စပိန်နိုင်ငံရဲ့ အကျိုးအတွက် စည်းရုံးလှုံ့ ဆော်ခွင့်တော့ပြုနေခဲ့ပါတယ်။ အရင်က ပိတ်ပင်ခံထားခဲ့ရတဲ့ ရေပန်းပုံပါတဲ့ပန်းပုရုပ်တုကိုတော့ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ အရင်ကတော့ ပြဒါးရည်အသုံးပြုခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ခွင့်မပြုခဲ့တာလို့ ယူဆထားခဲ့ကြပါတယ်။ ပန်းပုရုပ်တုပုံလောင်းတဲ့အခါ ပြဒါးရည်တွေနဲ့‘ပုံစံလောင်းခွက်’ အရင်လုပ်ပြီးမှ ပုံလောင်းခဲ့၊ ထည့် သွင်းခဲ့တယ်လို့ယူဆခဲ့ကြတာပါ။ အဲဒီအချိန်နောက်ပိုင်း ကာလ်ဒ် သွန်းထုတဲ့ ဘယ်ပန်းပု ရုပ်တုကိုမဆို သူကိုယ်တိုင်က နာမည်သစ် မပြောင်းလဲမခေါ်ဆိုမချင်း ‘[M1] အာလ်မေဒဲန် Almadén အုပ်စုမှ သွန်းလုပ်သည်’ လို့နာမည်ပေးထားခဲ့ပါ တော့တယ်။

အလက်ဇန္ဒား ကာလ်ဒါ (Alexander Calder) ထုဆစ်ခဲ့တဲ့  ‘ရေပန်းရုပ်တု’ ဟာ ရီပါတ်ဘလီကဲန်ပါတီရဲ့   အမာခံနယ်မြေဖြစ်တဲ့ ပြဒါးအများအပြား ထွက်ရှိတဲ့နေရာကို ရည်ည္ဂန်းတဲ့နေရာတခု (ဒီပုံကို ဓါတ်ပုံမှတ်တမ်းဌာန Alamy မှ ကူးယူရရှိပါတယ်)

‘[M2] အာလ်မေဒဲန်’ စကားလုံးဟာ  ရီပတ်ဘလီကဲန်ပါတီက  အမြဲသုံးနေခဲ့တဲ့ စကားလုံးပါဘဲ။ ၁၉၃၇ ခုနှစ်တုန်းက  အမေရိ ကန်နိုင်ငံအနှံ့ ဖရန်ကိုနဲ့သူ့အဖွဲ့ ဝင်တွေက ပြဒါးကို လိုက်လံရှာဖွေနေတုန်း သူတို့ကို အမာခံပြီးခုခံခဲ့တဲ့ဒေသတခုကို အစွဲပြု ပြီးခေါ်ဆိုခဲ့တဲ့ နာမည်တခုပါ။ အဲဒီအချိန်ကစပြီး မာကျူရီဓါတ်ကိုအသုံးပြုပြီး လက်နက်ကိရိယာတွေ ထုတ်လုပ်အသုံးပြုနိုင်တယ်ဆိုတာကိုသိရှိပြီး နောက်ပိုင်းမှာ သူတို့ဟာ မာကျူရီဓါတ်ကို မရ၊ ရအောင် လိုက်လံရှာဖွေကြ တော့တာပါဘဲ။ “ဂရုတ စိုက် မလေ့လာ၊ မစူးစမ်း၊ မဆင်ချင်ဘဲနဲ့ဘာတခုမှအောင်မြင်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး” ဆိုတဲ့ စကားလုံးတွေ၊ တခုခု လုပ်တော့မယ်ဆိုရင် မလုပ်ခင်အရင်ဆုံး လုပ်သင့်ရဲ့လားဆိုတာကို စဉ်းစားတဲ့အခါ အသုံးပြုခဲ့တဲ့ ရီပါတ်ဘလီကဲန်ပါတီရဲ့ တခုတည်းသောနည်းပရိယာယ်တခုပါဘဲလို့ အနုပညာဘာသာရပ် ပါမောက္ဓ ဖာနန်ဒို မာတင် (Fernando Martín) ကလည်း ထောက်ပြရေးသားခဲ့ပါသေးတယ်။

“ဂွါရာနီကာဟာ ပန်းချီဆွဲသလိုမျိုးဆွဲထားတာမဟုတ်ဘဲ ဂရပ်ဖီတီလို့ခေါ်တဲ့ ခဲကောက်ကြောင်းနဲ့ဆွဲထားတာမျိုးပါ။ တကယ့် ကို ထူးချွန်တဲ့ ဂရပ်ဖီတီသမားတယောက်က ဆွဲထားတာမျိုးပါ”

ဂျိုဆေ ဘဲရ်ဂါမင်


အနုပညာပြပွဲကိုသမိုင်းပညာရှင်လည်းဖြစ်သလို ဂျိုအဲန် မီရိုရဲ့ မြေးတော်သူလည်းဖြစ်တဲ့ ဂျိုအဲန် ပွန်ယက် မီရို (Joan Punyet Miró) တို ပြပွဲကို အတူတကွ ကျင်းပပြုလုပ်ခဲ့ကြပါသေးတယ်။ အဲဒီပြပွဲမှာတုန်းက သူ့အဖိုးရေးသားခဲ့ တဲ့ “ကောက်ရိတ်သိမ်းသူ El Segador (The Reaper)” ဆိုတဲ့ ပန်းချီကားရေးဆွဲစဉ်က ကတ္တာလန် Catalan ဆိုတဲ့ နေရာဟာလည်း ဖျက်ဆီးခဲ့တဲ့ထဲ ပါသွားတဲ့အကြောင်းကိုလည်း ပြသထားခဲ့ပါတယ်။ အဆိုပါ ပန်းချီကားက ကတ္တာလန်  ဒေသခံလယ်သမားတယောက်ဟာ လက်နဲ့ကိုင်လို့ရတဲ့ ပုဆိန်အကြီးစားမျိုးနဲ့စပိန်နိုင်ငံကို ပစ်ပေါက်နေပုံနဲ့ခိုင်းနှိုင်းရေး ဆွဲထားခဲ့တဲ့ ပန်းချီကားမျိုးပါဘဲ။ “ကျနော့်အထင်တော့သူသပိတ်မှောက်တာမျိုးပါ။ ကတ္တာလန်က တောင်သူလယ်သမားတယောက်ဟာ အင်အားကြီးမားပြီး တဦး တည်း လွတ်လွတ်လပ်လပ် စဉ်းစားဆုံးဖြတ်လုပ်ကိုင်နိုင်တာကို  ထင်ဟပ်ထားတာမျိုးဖြစ်ပါတယ်” လို့ မီရိုက ပြောဆိုခဲ့ပါ တယ်။

● ဝါဒဖြန့်  အစီအစဉ်
“ကောက်ရိတ်သိမ်းသူ” ရော “ဂွါရာနီကာ” ရော ပန်းချီကားနှစ်ချပ်ဟာလုံးဟာ ဆိုဗီယက်ယူနီယံကဝါဒဖြန်ဖို့ အတွက် ကိုယ် လိုတဲ့ဖက်ဘက်လိုက်ပြီး တဖက်စောင်းနင်း ဖန်တီးရေးဆွဲထားခဲ့ကြတာပါ။ “အမှန်က အပျော်ဖတ်၊ ပေါ်ပင်ပန်းချီ ကား တချပ်ပါ။ နိုင်ငံရေးဆိုလို့ ရိပ်ဖမ်းသံဖမ်းမျိုးတောင်မပါဘဲ လူထုကြီးတခုလုံးကိုယုတ္တိရှိရှိ လိမ်လည်လှည့်ဖြားထား တာပါ” လို့ ဂျိုအဲန် ပွန်ယက် မီရိုက လောကနီတိကို ဆန့်ကျင်ပြီး ရေးသားထားခဲ့ဖူးပါတယ်။ ကဗျာဆရာ ဂျိုဆေ ဘာဂါမဲန် (José Bergamín) ကလည်း “ဂွါရာနီကာဟာ ပန်းချီကားတချပ်မဟုတ်ဘဲ ခဲကောက်ကြောင်း ဂရပ်ဖီတမျိုးပါဘဲ လို့ပြောဆိုခဲ့ဖူးပါ တယ်။  အနုပညာလက်ရာမြောက် ဖန်တီးနိုင်တဲ့ ဂရပ်ဖီတီရေးဆွဲသူ တယောက်ပါ” လို့ထောက်ပြ ဝေဖန်ခဲ့ဖူးပါတယ်။

“ကောက်ရိတ်သိမ်းသူ El Segador (The Reaper)” ဆိုတဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့တဲ့ ဂျိုအဲန် ပွန်ယက် မီရိုဟာ ဝါဒဖြန့်ချိရေးသက်သက် ပန်းချီကားတွေကို အင်မတန်မုန်းတီးတယ်လို့ သူ့မြေးရဲ့အပြောအရ သိရှိရပါတယ် (အခု ပန်းချီကား ဟာ မီရိုရဲ့ အနုပညာပစ္စည်းများသိမ်းဆည်းထားခဲ့တဲ့ ဌာနမှ ရယူခဲ့တာပါ)

သူ့အနုပညာပန်းချီကားတွေဟာ ဘဏ္ဍာငွေကြေး အခက်အခဲတွေကြောင့် ကင်းဗတ်စ်ဆိုတဲ့ ပိတ်တမျိုးပေါ်မှာဘဲ ရေးဆွဲနိုင် ခဲ့ပါတယ်လို့ ဂျိုအဲန် ပွန်ယက် မီရို ရဲ့ အဆိုအရ သိခဲ့ရပါတယ်။ “သူ့ကားမှန်သမျှကိုလက်နဲ့တို့ထိ၊ စမ်းသပ်  ကိုင်တွယ်ကြည့်ဖို့လုံးဝခွင့်မပြုပါဘူး  … ဂွါရာနီကာကလည်း မီရိုရဲ့ ပန်းချီကားတွေလိုမျိုးလိုစမ်းသပ်ဖို့လုံးဝခွင့်ပြုမထားပါဘူး။ ပီကာဆိုရဲ့ကား ကိုတော့ လန်ဒန်ကနေ အမေရိကန်နိုင်ငံကို နေရာရွှေ့ပြောင်းထား လိုက်တယ်လို့ကြားသိရပါတယ်”

ကာလကြာလာတဲ့အခါ အနုပညာမြင်ကွင်းဟာလည်း ပြောင်းလဲလာခဲ့ပြီး ဟိုးအစကနဦးကာလမျိုး ပြန်လည်  ရောက်ရှိသွား ခဲ့ပါတယ်။ ဂွါရာနီကာ ကားဟာဆိုရင် အင်္ဂလန်နိုင်ငံကို ၁၉၃၈ ခုနှစ်လောက်မှာ ရောက်ရှိသွား ခဲ့တာပါ။ “ပီကာဆိုဟာ နယူး ယောက်မှာရှိတဲ့ Museum of Modern Art (MoMA) လို့ခေါ်တဲ့ အနုပညာကုမ္ပဏီ တခုနဲ့ချိတ်ဆက်မိပြီး ပန်းချီကားတွေကို ဆက်လက်ရေးဆွဲ နေခဲ့ပါတော့တယ်။ အဲဒီလိုနဲ့အမေရိကန်မှာနေထိုင်နေရင်း  သူ့မွေးဇာတိ စပိန်နိုင်ငံကို ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာတဲ့အထိ မပြန်တော့ပါဘူး။ အဲဒီအချက်က  သိပ်ကိုအရေးကြီးပြီး အနုပညာလောကကြီးတခုလုံး အ တွက် အမြဲအောက်မေ့အမှတ်ရနေကြတော့မှာပါ” လို့ ဂျိုအဲန်  မဲနျုရယ် ဘွန်းနက်က  ပြောဆိုခဲ့ဖူးပါတယ်။

● အမှောင်ကာလတခုကို ဖြတ်ကျော်ခြင်း
ဂွါရာနီကာ ကားဟာ နှစ်တွေအတော်များများမှာ လူတွေရဲ့ ပါးစပ်ဖျားမှာ ရောက်နေခဲ့တာပါ။ “စပိန်ပြည်တွင်း စစ်အကြောင်း ပြောတဲ့အခါ တိုင်းသူပြည်သားတွေရဲ့  အကျိုးစီးပွားတွေအကြောင်း ပါဝင်လာပါတော့တယ်။ စပိန်ပြည်တွင်း စစ်အကြောင်း ပြောရင် ဘာ့စ်က်စီးတီးမြို့ အကြောင်းပါလာတော့တာပါ။ ဘယ်စစ်ပွဲအကြောင်းကိုပြောပြော စပိန်ရဲ့ပြည်တွင်း စစ်ကိစ္စက မပါမပြီးပါဘဲ။ အဖြူနဲ့အမည်းရောင်ကင်ဗတ်စ်ပ်ါမှာ ရေးဆွဲပါစေဦးတော့ အဲကင်းဗတ်စ် ပန်းချီကားဟာ တကယ်လက် ရာမြောက်၊ အနုပညာလက်ရာမြောက်ရင် ဂန္ဓဝင်ပန်းချီကား ဖြစ်လာမှာပါ … “ကျနော်တို့နှစ်သက်မြတ်နိုး တန်ဖိုးထားတဲ့ အနုပညာပစ္စည်းတခုခု ပျောက်ဆုံးသွားမှာမျိုးကို ကျနော်တို့မလိုလားပါဘူးလို့ ပီကာဆို ကိုယ်တိုင်ရေးသားခဲ့တဲ့ စာတ စောင်ထဲမှာ ရေးသားထားခဲ့ပါတယ်” လို့ ပြင်သစ်စာရေးဆရာ မိုက်ကယ်လ် လိုင်းရစ္စ Michel Leiris က  မှတ်ချက်ပြု ရေး သားခဲ့ဖူးပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် မျှော်လင့်ချက်ကတော့ ရှိနေပါသေးတယ်တဲ့။ ပီကာဆိုကတော့ ဝဝဖြိုးဖြိုး၊ ကျန်းကျန်းမာမာ ပါဘဲလို့ အနုပညာဘာသာရပ် ပါမောက္ဓ ဖာနန်ဒို မာတင်အဆိုအရ သိရှိရပါတယ်။ “ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်နေတဲ့၊ ခြေဆန့်လက်ဆန့်လုပ်နေတဲ့အမျိုးသမီးတယောက်ကို တွေ့ရတတ်ပါတယ်။ အဲဒီ့အမျိုးသမီးဟာ လက်ကိုင်  ဆီမီးခွက်ကိုင် ထားပြီး အမှောင်ထုထဲမှာ ထွက်သွားတာမျိုးကို တွေ့ ရတတ်ပါတယ်” လို့ဖာနန်ဒို မာတင်က  ပြောပြခဲ့ဖူးပါတယ်။

ဖြတ်သန်းခွင့်မပြု။ (ဖြတ်သန်းသွားလာခွင့်မပြုရ!) ပန်းချီသရုပ်ပြပုံကို ရာမွန် ပျူယိုလ် Ramón Puyol က ရေးဆွဲခဲ့တာပါ။ “အထိခိုက်မခံနိုင်တဲ့ အနုပညာရပ်တခုရဲ့ သီဝရီတခုဖြစ်တဲ့ ‘အနုပညာသည် အနုပညာအတွက်ဘဲဖြစ်ရမယ် Arts for arts sake’ ဆိုတဲ့ ထင်ရှားခဲ့တဲ့ စာပေအယူအဆကို ပျူယိုလ်က ကိုင်စွဲအသုံးပြုနေခဲ့သူ သေဆုံးသွားတဲ့အထိပါဘဲ” (မှတ်ချက်။         ။ အခုတင်ပြထားတဲ့ပုံကို CRAI Biblioteca del Pavelló de la República/Mayoral ပြတိုက်မှ တဆင့်ရရှိခဲ့ပါတယ်)

ဂွါရာနီကာ ပန်းချီကားဟာ ဟိုး အတော်စောစောကာလ နပိုလီယန်ရဲ့ စပိန်နိုင်ငံကို သိမ်းယူအုပ်ချုပ်ခဲ့စဉ်ကာလတုန်းက အနုပညာရှင် ဂိုယာ Goya ရဲ့ သြဇာလွှမ်းမိုးခဲ့တဲ့ စပိန်နိုင်ငံရဲ့ အနုပညာလောကမှာ ထွန်းကားခဲ့တဲ့ အနုပညာလိုမျိုးပါ။ “ဂိုယာရဲ့ အနုပညာရပ်တွေလိုမျိုး သူ့အနုပညာတွေမှာလည်း နိုင်ငံရေးယုံကြည်ချက်တွေရိုက်ခတ်နေခဲ့တာကို အထင်အရှား တွေ့မြင်နေရပါတယ်။ အဲဒါကြောင့် သူ့ အနုပညာရပ်တွေဟာ အဲဒီခေတ်အထိ အောင်မြင်ကျော်ကြားနေခဲ့ တာဖြစ်ပါတယ်။ ပီကာဆိုဟာ ဂိုယာရဲ့ ရှုပ်ထွေးပွေလီလှတဲ့ စပိန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့သမရိုးကျဘာသာရေးနောက်ခံအယူ   အဆတွေရဲ့လွှမ်းမိုး မှုကို အများအပြားခံခဲ့ရတာဖြစ်ပါတယ်။  အဲဒါတွေကတော့ အမှောင်လွှမ်းနေခဲ့တဲ့ခေတ်

စပိန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ဘာသာရေးတို့ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ မြင်ကွင်းတခုပါဘဲ” လို့ ရိုင်နာ ဆိုဖီယာ Reina Sofía ပြတိုက်မှာ အနုပညာရပ်တွေ စုဆောင်းလေ့လာရေးဌာနရဲ့ အဆိုအရ သိရှိခဲ့ရပါတယ်။

“ပီကာဆို၊ မီရို၊ ကာလ်ဒါနဲ့ဂွနှ်ဇာလက်ဇ်တို့ဟာ စပိန်ပြည်တွင်းစစ်ကာလအတွင်း အနုပညာအပါအဝင် တခြား အရာတွေကို အတူတကွ လေ့လာသင်ယူခဲ့ကြတာပါ။ သူတို့ဖန်တီးခဲ့တဲ့ အနုပညာရပ်တွေဟာ အလွန်အဆင့်မြင့်ပြီး စပိန် နိုင်ငံရဲ့ အမြင့်ဆုံး နေရာမှာ ရှိနေကြတာပါ။ သူတို့ဖန်တီးခဲ့တဲ့အနုပညာတွေဟာ စပိန်နိုင်ငံရဲ့ ဖက်ဆစ်စနစ်နဲ့ဒီမိုကရေစီ စနစ်နှစ်ခုအကြား ဖြတ်သန်းလှုပ်ရှားခဲ့ရတဲ့ တော်လှန်ရေးနောက်ခံပေါ် အခြေခံထားခဲ့တာပါ” လို့ပြတိုက်အုပ်ချုပ်ရေးမှူး ဂျော်ဒီ မာယောရာယ် လ်  Jordi Mayoral က ပြောဆိုခဲ့ပါတယ်။

“အနုပညာသမားတယောက်ဟာ သူ့အသက်ရှင်ရပ်တည်နေထိုင်နေသရွေ့ သူဘာဘဲလုပ်လုပ်၊ ဘယ်လိုဘဲ စဉ်းစား၊ စဉ်စား သူ့စိတ်ထဲနှလုံးထဲမှာ သူဖန်တီးနေတဲ့ အနုပညာပစ္စည်းအပေါ်မှာဘဲ အာရုံထားပြီး လုပ်ကိုင်လှုပ်ရှားနေတာပါ။ သူ့စိတ်အာရုံနဲ့ သူ့လှုပ်ရှားမှုတွေဟာ ထပ်တူထပ်မျှကျနေရပါလိမ့်မယ်။ အဲဒါမှ Humanity လို့ခေါ်တဲ့ လူသားတယောက်ရဲ့ ဖြစ်တည်မနဲ့ Civilisation လို့ခေါ်တဲ့ လူ့ယဉ်ကျေးမှုတွေဟာထပ်တူထပ်မျှတိုးတက်လာနိုင်မှာပါ” လို့၁၉၃၇ ခုနှစ်လောက်တုန်းက  ပီ ကာဆိုကိုယ်တိုင်ကလည်း သူ့ဖာသာသူ မှတ်ချက်ပြုဆုံးဖြတ်ခဲ့ဖူးပါတယ်။  ။

(အခုဆောင်းပါးကို ဆောင်းပါးရှင် ဖီယုဏ္ဏာ မက္ကဒေါ်နယ် Fiona Macdonald က ရေးသားပြီး မောင်ဖေသက်နီက မြန်မာပြန် ဆိုပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)