မောင်မောင်စိုး ● ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ – အပိုင်း (၂)

June 19, 2017

Image result for Gas Pipeline in Myanmar

မောင်မောင်စိုး ● ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ – အပိုင်း (၂)
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၇

● ရေနံ/သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့် ရခိုင်လူထု
ဤသို့ ရခိုင်ကမ်းလွန်မှ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုနှင့်အတူ တရုတ်တို့အား ရေနံဖြတ်သန်းပို့လွှတ်မှုကြောင့် ပြည်ထောင်စု အစိုးရ အကျိုးအမြတ်ရသကဲ့သို့ ရခိုင်ဒေသခံလူထု ဘာများအကျိုးရရှိသနည်းဆိုသည်မှာ ရခိုင်လူထု ဆန်းစစ်မေးခွန်းထုတ် နေကြသည်။ ဤနေရာတွင် ရခိုင်လူထုအကျိုးဖြစ်ထွန်းမှုမှာ နှစ်ပိုင်းရှိသည်။ ပထမပိုင်းအရ ရခိုင်ပြည်နယ်အတွက် မည်သို့ အကျိုးဖြစ်ထွန်းသနည်း (ဝါ) ရခိုင်ပြည်အတွက် မည်မျှ ခွဲဝေသုံးစွဲပေးသနည်းဖြစ်ပြီး ဒုတိယပိုင်း ထိုစီးပွားရေးလုပ်ငန်းများအခြေစိုက်ရာ ဒေသခံများအတွက် မည်မျှအကျိုးဖြစ်ထွန်းသနည်း (ဝါ) ဘတ်ဂျက်မည်မျှ ခွဲဝေသုံးစွဲပေးပါသနည်း ဟူ၍ နှစ် ပိုင်းရှိသည်။

မြန်မာပြည်တွင် ပြီးခဲ့သောနှစ်ပိုင်းအတွင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဟူသောစကားကို သုံးစွဲလာကြသော်လည်း ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ သဘောတူညီမှု မရနိုင်သေး။ ပြီးခဲ့သော နှစ်ပေါင်းများစွာသည် ဗဟိုဦးစီးစနစ်ဖြစ်သည်။ ယ နေ့ ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ်လွှတ်တော်ပေါ်လာခဲ့သော်လည်း ဗဟိုကချုပ်ကိုင်ထားဆဲဖြစ်သည်။ ၂၀၁၆ /၁၇ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ်ကရရှိသည့် ဘတ်ဂျက်သည် ပြည်ထောင်စုအစိုးရဘတ်ဂျက်၏ ၀.၇% ကျပ်ငွေ ၁၃၀ ဘီလျံသာရှိသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ် မြို့နယ်ခွဲ ၃ မြို့နယ် စုစုပေါင်း မြို့နယ် ၂၀ အတွက် တမြို့နယ်လျှင် ပျမ်းမျှ ၆.၅ ဘီလျံသာရှိသည်။ သို့ဖြစ်ရာ ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် လုပ်ငန်းကြီးများ မလုပ်နိုင်ပေ။

ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မည်၍ မည်မျှသုံးစွဲသည် ကို သီးခြားဖေါ်ပြသည်ကို မတွေ့ရသဖြင့် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရက စုစုပေါင်း မည်မျှသုံးစွဲသည်ကို အများပြည်သူ လွယ်လင့်တကူ မမြင်သာနိုင်ပါ။ ၂၀၁၅ နောက်ပိုင်းတွင် စစ်တွေမြို့ ကုတင် ၂၀၀ ဆေးရုံအား ကုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခြင်း မြောက်ဦးအပါ အခြားမြို့များရှိ ဆေးရုံအချို့အား ကုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့် မြှင့်တင်ခြင်းများပြုလုပ်နေသော်လည်း ဆောက်လုပ်ဆဲဖြစ်သည်။

ရခိုင် ပြည်နယ်အတွင်း သိသာသော အခြေခံအဆောက်အအုံတည်ဆောက်မှု မှာ ၂၀၁၄/၁၅ အတွင်း ဆောက်လုပ်ပြီးစီးခဲ့သော ပုဏ္ဏားကျွန်း၊ အမ်းမြို့၊ ကျောက်ဖြူမြို့နှင့် တောင်ကုတ်တို့ရှိ ၂၃၀ KV ဓါတ်အားခွဲရုံ ၄ ခုဟု ဆိုရမည်။ ထိုဓါတ်အားခွဲရုံ ၄ ခုအား မဟာဓါတ်အားလိုင်းနှင့်ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်အား လျှပ်စစ်မီးပေးခြင်းဖြစ်သည်။ ထိုမဟာဓါတ်အားလိုင်းထဲသို့ ပြည်၊ အုတ်သျှစ်ပင်၊ မင်းဘူး၊ မန်းနှင့် ကျောက်ဖြူ သဘာဝဓါတ်ငွေ့စက်ရုံတို့မှ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပြီး ရခိုင်ပြည်နယ် အတွက် လျှပ်စစ်ဖြန့်ဝေသည်။ ကျောက်ဖြူတွင် ထုတ်လုပ်သည့် သဘာဝဓါတ်ငွေ့စက်ရုံအတွက် ခွဲတမ်းအား ရွှေသဘာဝ ဓါတ်ငွေ့ခွဲတမ်းမှရယူသည်ဟု ဆိုပါသည်။ အဆိုပါ ကျောက်ဖြူစက်ရုံသည် ၉၀ MW အထိ ထုတ်လုပ်နိုင်သော်လည်း လက်ရှိအချိန်တွင် ၆၀ MW အထိသာ ထုတ်လုပ်သည်ဟု ဆိုသည်။

သို့ဖြစ်ရာ ၂၀၁၅ မတိုင်မီ နှစ်ပေါင်းများစွာ ဒီဇယ်အင်ဂျင်ဖြင့်သာ အချိန်ပိုင်း မီးပေးနိုင်ပြီးမီတာခ ပြည်မထက်များစွာမြင့်မား သော ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မြို့ကြီး အတော်များများတွင် မီးရသည်ဟု ဆိုနိုင်သည်။ သို့သော် လက်ရှိအချိန်ထိ မဟာဓါတ်အားလိုင်း မရောက်သေးသော မြို့နယ်များမှာ မောင်တော၊ တောင်ပြို၊ လက်ဝဲမြို့နယ်ခွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနှင့် မာန်အောင်မြို့နယ်များဖြစ်သည်။ ထို့ပြင် လက်ရှိ မဟာဓါတ်အား လိုင်းရောက်ရှိနေသောမြို့များမှလည်း မြို့နယ်တွင်းရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားပေးရန် ၆၆ KV နှင့် ၁၁ KV ဓါတ်အား ခွဲရုံများ တည်ဆောက်ရန်နှင့် ဓါတ်အားလိုင်းသွယ်တန်းရန် များစွာကျန်နေသေးသည်။ ရှေ့အား မည်သို့ဆက်လက်ဆောင် မည်ကို ရှင်းလင်းစွာ မသိရသေးပေ။ လက်ရှိအစိုးရ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် နှစ်ကာလအဆင့် ဆင့် တည်ဆောက်သွားမည်ဟု ဆိုထားသည်ကိုသာ တွေ့ရသည်။

အထက်ပါ လျှပ်စစ်ဓါတ်အားခွဲအားရုံများတည်ဆောက်ခြင်း မဟာဓါတ်အားလိုင်းမှ ရခိုင်ပြည်နယ်သို့ ၂၀၁၅ မှစ၍ ၂၄ နာရီ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းသည် လွတ်လပ်ရေးရပြီး ၆၈ နှစ်အကြာတွင်တွေ့ရသော သိသာသည့် အပြောင်းအလဲဖြစ်ပေရာ ရွှေသဘာဝဓါတ်ငွေ့မှရသည့် မြင်သာသည့် တခုတည်းသော အကျိုးဖြစ်ထွန်းမှု ဆိုရပါမည်။ အဆိုပါ မဟာဓါတ်အားလိုင်း ရခိုင်ပြည်အတွင်း သွယ်ယူနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် ကျောက်ဖြူ လူထုတွေ့ဆုံပွဲတခုတွင် CNPC ကုမ္ပဏီမှ မြန်မာ အစိုးရသို့ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့သည်။

လက်ရှိ အခြေခံဥပဒေအောက်တွင် ပြည်နယ်တခုတွင် ထုတ်ယူသော သဘာဝသယံဇာတများအား သက်ဆိုင်ရာပြည်နယ်က မည်၍ မည်မျှ ရယူရမည်ဟု ရာခိုင်နှုန်း ခွဲခြားသတ်မှတ်ပိုင်းခြားထားခြင်းမရှိပေ။ ဖက်ဒရယ်စံနှုန်းများနှင့်တိုင်းတာလျှင် အ တော်လိုအပ်နေပေသေးရာ သဘာဝဓါတ်ငွေ့နှင့် ရေနံတင်ပို့မှုလုပ်ငန်းများမှ ရခိုင်ပြည်နယ်နှင့် ရခိုင်လူထုအတွက် မည်မျှ အကျိုးရှိသနည်းဆိုသည်က မေးခွန်းတရပ်ဖြစ်နေဆဲဖြစ်သည်။

● နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဒေသခံများ
ရွှေဂက်စ်ပိုက်လိုင်းသည် ရမ်းဗြဲကျွန်း ကျောက်ဖြူမြို့အနီး၌ ကုန်းပေါ်သို့စတက်သည်။ ပိုက်လိုင်းဖြတ်သန်းရာတလျောက် မြေယာများအား လျော်ကြေးပေးဖြေရှင်းခဲ့သည်။ ကျောက်ဖြူမြို့နယ်အတွင်း အထက်တန်းကျောင်းအပါ စာသင်ကျောင်း အချို့၊ ဆေးခန်းအချို့ဆောက်လုပ်ပေးသည်ကို တွေ့ရသည်။ ကျောက်ဖြူသည် ကိုလိုနီခေတ်ကထဲက ဖွံ့ဖြိုးမှုရှိပြီး အရေး ပိုင်အုပ်ချုပ်သောမြို့ ဖြစ်သည်။ ရွှေဂက်စ်စီမံကိန်းကျောက်ဖြူမြို့နယ်အတွင်း အခြေစိုက်လုပ်ကိုင်၍ ပြောပလောက်သော ဖွံ့ဖြိုးမှုမှာ ၂၀၁၄ အကုန် ၂၀၁၅ မှစ၍ မဟာဓါတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီးရပြီး ပြည်မနှင့်တန်းတူ မီတာခပေး ဆောင်ရခြင်းဟု ဆိုရမည်။ ကျောက်ဖြူ မြို့ပေါ် ၁၀ ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၄၇ ရွာတွင် မီးရရှိပြီဟု ဆိုသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်များအတွင်း ကျေးရွာအရေအတွက်အများဆုံး လျှပ်စစ်မီးရသည့်မြို့နယ်ဟု ဆိုနိုင်ပါမည်။

ဒေသခံများ အလုပ်အကိုင်ရမှုမှာ တည်ဆောက်ရေးကာလက အလုပ်ကြမ်းများတွင်သာများပြီး လက်ရှိပုံမှန်ဖြစ်ချိန်တွင် အလုပ်အကိုင်ရမှု နည်းပါးသည်ဟု ဆိုသည်။ ထို့ပြင် ဒေဝူးနှင့်တရုတ် CNPC တို့၏ လှူဒါန်းမှုကြောင့် အထက်တန်းကျောင်း ဆောင်သစ်၊ အလယ်တန်းကျောင်းသစ်နှင့် ဆေးပေးခန်းများဆောက်လုပ်ပေးရာ ကျောက်ဖြူမြို့ ပညာရေးနှင့်ကျန်းမားရေး နယ်ပယ်အချို့တွင် ကောင်းမွန်သည့်ပတ်ဝန်းကျင်ရခဲ့သည်ဟု ဆိုနိုင်သည်။ ချုပ်၍ဆိုလျှင် ရွှေဂက်စ်ရင်းနှီးမြှုပ်နှံမှုကြောင့် လျှပ်စစ်မီးရရှိမှုအပြင် ပညာရေး၊ ကျန်းမာရေးနယ်ပယ်အချို့၌ အကျိုးသက်ရောက်မှုအချို့ အနည်းငယ်ခံစားရသော်လည်း အခြားသိသာသော ထူးခြားသည့် ဖြစ်ထွန်းမှုမရှိ ဒေသခံတို့၏ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်း သိသာစွာတိုးတက်မှု မရှိဟု ဒေသခံတို့က ရှုမြင်ကြပါသည်။

● တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် မဒေးကျွန်း
ကျောက်ဖြူမြို့မှ ၇ မိုင်ခန့်အကွာတွင်ရှိသော ကျောက်ဖြူမြစ်၊ သံစိုက်မြစ်အလယ်တွင်ရှိသော အလျား ၃ မိုင် အနံ ၃ မိုင် ခန့်ရှိသော ကျွန်းငယ်လေးတခုဖြစ်သည်။ ထိုကျွန်းငယ်လေးပေါ်တွင် ရွာ ၄ ရွာရှိသည်ဟု ဆိုနိုင်ပါသည်။ အိမ်ခြေ ၃၀၀ ခန့် ရှိသည့် ပြင်ရွာ၊ အိမ်ခြေ ၁၇၀ ခန့်ရှိသည့် ရွာမရွာ၊ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကျောက်တန်းရွာနှင့် အိမ်ခြေ အိမ်ခြေ ၄၀ ခန့် ရှိသည့် ပန်းတိမ်ဆည်ရွာတို့ရှိပြီး စုစုပေါင်း အိမ်ခြေ ၇၁၀ ခန့် လူဦးရေ ၃၀၀၀ ခန့် နေထိုင်ကြသည်။

မဒေးကျွန်းပေါ်တွင် လယ်ဧက ၁၀၀၀ ခန့်ရှိပြီး ကျွန်းပေါ်ရှိဒေသခံအားလုံး၏ ၇၀ % ခန့်မှာ ရေလုပ်ငန်းနှင့်အသက်မွေးသူများဖြစ်သည်။ ထိုမဒေးကျွန်းငယ်လေးပေါ်တွင် တရုတ်အစိုးရပိုင် CNPC ၏ ကြီးမားသည့်တန်ချိန်သိန်းချီ တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘောများဆိုက်ကပ်နိုင်သည့် ရေနက်ဆိပ်ကမ်းတခုအပြင် ကြီးမားသည့် ရေနံလှောင်ကန် ၁၂ ကန် အပါအဝင် ရေနံပို့လွှတ်သည့် Gas Terminal ကြီးတခုအား ခန့်ညားထည်ဝါစွာ ဆောက်လုပ်နိုင်ခဲ့ကြသည်။ ညစဉ်မီးထိန်ထိန်ညီးလျှက် ရှိသည်ကို ရင်သပ်ရှုမောဘွယ်မြင်တွေ့ရသည်။ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းကြီး တခု၏အစိတ်အပိုင်း မဟုတ်ပါလော။

ထို တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုတို့နှင့်အတူ မဒေးကျွန်းသားများ မည်သည်တို့ကို စွန့်လွှတ်လိုက်ရ၍ မည်သည်တို့ကို ပြန်ရရှိ လိုက်ပါသနည်း။ ထိုရင်းနှီးမြှုပ်နှံမှုကြီးနှင့် မဒေးကျွန်းဒေသခံများ မည်သည့်ဖွံ့ဖြိုးတိုးတက်လာသည်ကို စောကြောကြည့်ကြ ရန်လိုပါသည်။

မဒေးကျွန်းပေါ်ရှိ တရုတ်တို့၏ရင်းနှီးမြှုပ်နှံနှင့် မဒေးကျွန်းအတွက် ပြန်လည်လုပ်ဆောင်ပေးချက်များမှာ ရေတမံတခု တည် ဆောက်၍ ထိုဆည်ထဲမှရေအား တောင်ကုန်းအမြင့်တခုပေါ်ရှိ ကန်ထဲသို့မောင်းတင်ပြီး ထိုကန်မှတဆင့် ရွာများအား အလို အလျောက် ရေစီးဆင်းစနစ်ဖြင့် ရွာများ သောက်သုံးရေဖြန့်ဝေပေးခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်ပေးသည်။ တောင် အောက်ဆည်ထဲမှ တောင်ပေါ်သို့ ရေမောင်းတင်သည့်တာဝန်အား တရုတ်တို့က တာဝန်ယူထားသည်။ ရွာများတွင် အများ သုံး ရေဘုံဘိုင်များ တရွာလျှင် ၃ ခုမှ ၅ ခုအထိ ဆောက်လုပ်ပေးထားပြီး ရွာသားများက ရေဘုံဘိုင်မှ ခပ်ယူသုံးစွဲနိုင်ကြသည်။

လျှပ်စစ်မီးပေးခြင်းကို ၂၀၁၄ ခုနှစ် စ၍ ဆောင်ရွက်ပေးပြီး ရွာရှိအိမ်တိုင်းအတွက် CNPC မှ မီတာဘောက် အလုံး ၇၁၀ လှူ ဒါန်းပေးခဲ့သည်။ မီတာခမှာ ပြည်မနှင့်အတူတူဖြစ်သည်။ သို့သော် ယခုအချိန်ထိ ၂၄ နာရီ မီးမပေးနိုင်သေးဘဲ ညစဉ် ၆ နာ ရီခွဲမှ ၁၀ နာရီခွဲအထိ တရက်လျှင် ၄ နာရီ မီးပေးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မဒေးကျွန်းပေါ်ရှိ ရွာချင်းဆက် မြေသားလမ်း အရှည်၂ မိုင်ခွဲခန့်အား CNPC မှ တာဝန်ယူဖောက်လုပ်ပေးခဲ့ သည်။ ထို့ပြင် မဒေးကျွန်းပေါ်ရှိ ရွာများတွင်မူလတန်းစာသင်ကျောင်ဆောင် ၃ ခု ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ မဒေး ကျွန်းပေါ်တွင်ဆက်သွယ်ရေးအဆင်ပြေစေရေးအတွက် MPT တာဝါတိုင်တခု ဆောက်လုပ်ရန် CNPC မှအမေရိကန်ဒေါ်လာ ၃ သိန်း စိုက်ထုတ်ဆောက်လုပ်ပေးခဲ့သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်တွင် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဖြင့် ကျပ်သိန်း ၉၇၀ အကုန်အကျခံပြီး ပြင်ရွာနှင့်ရွာမရွာအတွင်း အရှည် ပေ ၁၁၀၀ ရှိသည့် ကွန်ကရစ်ခင်းပေးခဲ့ပြီး သိန်း ၄၂၀၀ ဘတ်ဂျက်ဖြင့် တာတမံ ( ဒေသအခေါ် ကာရီ) တခု စတင်ဆောက်လုပ်ခဲ့ပြီး ယနေ့တိုင် အပြီးသတ်နိုင်ခြင်းတော့ မရှိပေ။

မဒေးကျွန်း၌ CNPC/SEAGP အတွက် ရေနံလှောင်ကန်နှင့်အဆောက်အအုံများနှင့် ရေနံတင်သင်္ဘောဆပ်ကပ်နိုင်ရန် ကနဦး မြေသိမ်းဆည်းမှုမှာ ဧက ၁၇၀ ခန့်ရှိပြီး ဒေသခံများပိုင်သည့် လယ်မြေ ဧက ၇၀ ပါဝင်ကာ ကျန်မြေ ဧက ၁၀၀ ခန့်အား မြေ လွတ်မြေရိုင်းဟုသတ်မှတ်သည်။ ထို့ပြင် ဒုတိမြေသိမ်းဆည်းမှုမှာ သောက်သုံးရေအတွက် ဆည်တမံဆောက်လုပ်ရန် မြေ ဧက ၆၀ ခန့် အသုံးပြုရာတွင် ဒေသခံတို့၏လယ်မြေ ဧက ၅၀ ခန့်ပါဝင်သည်။ ထိုလယ်မြေများအတွက် လျော်ကြေးပေးရာတွင် လယ်တဧက ၁၈ သိန်းသတ်မှတ်ပြီး ၃ နှစ်စာ သီးနှံလျော်ကြေးအဖြစ် သိန်း ၃၀ စုစုပေါင်း တဧကလျှင် ၄၈ သိန်းကျပ်အား နှစ်ရစ်ခွဲပြီး ပေးလျော်ခဲ့သည်။ တတိယ မြေသိမ်းဆည်းမှုမှာ ပိုက်လိုင်းမြှုပ်နှံရန်အတွက် အကျယ် ပေ ၆၀ ခန့် အလျား ၃ မိုင်နီးပါးခန့်ဖြစ်သည်။ ထိုအကြိမ်တွင် လျော်ကြေးပေးအပ်ခဲ့သော်လည်း တွက်ချက်မှု ရှုပ်ထွေးပြီး ဒေသခံများကြား ရှင်းလင်း မှု မရှိပေ။

● မဒေးကျွန်း မြေယာလျော်ကြေးငွေ
တတိယအကြိမ် ပိုက်လိုင်းမြှုပ်နှံရာတွင်အသုံးပြုသော မြေယာအတွက်လျော်ကြေးပေးအပ်မှုမှာ ဒေသခံများကြား ရှင်းလင်းမှု မရှိသော လျော်ကြေးငွေဟု ဆိုနိုင်သည်။ ထိုအတွက် လျော်ကြေးငွေပေးအပ်ရာတွင် အစိုးရ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ MOGE မြန်မာ့ရေနံနှင့် သဘာဓါတ်ငွေ့လုပ်ငန်းနှင့် အိန္ဒိယကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်ပေးအပ်သည်ဟု ဆိုပါသည်။ တရုတ်ကုမ္ပဏီပါဝင်ခြင်းမရှိရာ ပိုက်လိုင်းတည်ဆောက်ရေးကာလတွင် တရုတ်ဘက်က တာဝန်ယူပုံမရပေ။ သို့သော် လက်ခံရရှိသော ရွာသားများ ထံတွင် ခိုင်မာသော စာရွက်စာတမ်းများ မရှိပါ။ သာမန်စာရွက်အပိုင်းအစ များပေါ်တွင် ငွေပမာဏရေး၍ လျော်ကြေးပေးထားသည်ကိုတွေ့ရသည်။ မည်သို့မည်ပုံသတ်မှတ်၍ လျော်ကြေးပေးသည်ကို ရွာသားများ မသိကြရပါ။

အတန်ငယ် အမြင်ကျယ်သော ရွာသားတဦးထံတွင် မြေယာလျော်ကြေးနှင့်ပတ်သက်သည့် တွက်ချက်ထားသည့် စာရွက် တရွက်သာတွေ့ရှိသည်။ အဆိုပါစာရွက်တွင်ဖေါ်ပြထားသည့်တွက်ချက်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပိုက်လိုင်းဖြတ် သန်းရာတွင် ပါဝင်သည့် ဥယျာဉ်မြေ အနံ ၅၄ ပေအလျား ၄၂၀ ပေ (၀.၈၇ ဧက) အတွက် တွက်ချက်မှု ဖြစ်ပါသည်။

(က) ဥယျာဉ် (G)- ၃၆၀၀၀၀၀ ကျပ် × ၀.၈၇  ဧက × ၁ × ၀.၇၅ × ၁ = ၂၃၄၉၀၀၀ ကျပ်
(ခ) ငှက်ပျော- ၂၀၀၀ ကျပ် × ၁ ခိုင် × ၁၅၀ လတ်× ၀.၄ × ၅ နှစ် = ၆၀၀၀၀၀ ကျပ်
(ဂ) သီဟိုဠ် – ၁၅၀၀ ကျပ် × ၁၀  ပိဿ × ၂၅ ပင် × ၀.၁ × ၅ နှစ် = ၁၈၇၅၀၀ ကျပ်
(ဃ) ရာဘာ – ၁၈၀၀ ကျပ်× ၈ ပေါင်× ၇၅ ပင် × ၀.၁ × ၅ နှစ် = ၅၄၀၀၀၀ ကျပ်
၁၈၀၀ ကျပ် × ၈ ပေါင် × ၁၀ ပေါက် × ၀.၀၅  × ၅ နှစ် = ၃၆၀၀ ကျပ်


မြေ + သီးနှံ = စုစုပေါင်းလ ၂၃၄၉၀၀ + ၁၃၆၃၅၀၀ = ၃၇၁၂၅၀၀ ကျပ်ဟူ၍ တွေ့ရှိရသည်။

(က) ဥယျာဉ်မြေကိုကြည့်လျှင် တဧက ၃၆ သိန်းနှုန်းဖြင့် လျော်ကြေးပေးရာ ပိုင်ရှင်ဖြစ်သူမှာ ၀.၈၇ ဧကရှိ၍ ထိုပိုင်ဆိုင်မှု နှင့်မြှောက်ပါက ထိုသူသည် ၃၁၃၂၀၀၀ ကျပ် ရရှိမည်ဖြစ်သော်လည်း ၀.၇၅ နှင့် ထပ်မြှောက်သဖြင့် ထိုငွေ၏ ၇၅ % ဖြစ် သော ၂၃၄၉၀၀၀ ကျပ်သာ ရရှိသည်ကိုတွေ့ရသည်။ အဘယ်ကြောင့် ၀.၇၅ နှင့်မြှောက်၍ လျော်ကြေးငွေပေးခဲ့သနည်းကို မည်သူမျှ ရှင်းလင်းစွာမသိပေ။

(ခ) ငှက်ပျောကိုကြည့်လျင် ငှက်ပျောတခိုင်လျှင် ၂၀၀၀ ကျပ်နှုန်းနှင့် အပင် ၁၅၀ အတွက် ၅ နှစ်စာလျော်သည်ကို ဖေါ်ပြ ထားရာ ထိုအတိုင်းဆိုလျှင် ၁၅ သိန်းရမည်ဖြစ်သော်လည်း ၀.၄ နှင့် ထပ်မြှောက်ထားရာ အဆိုပါငွေ၏ ၄၀ % ဖြစ်သော ၆ သိန်း သာရသည်ကိုတွေ့ရသည်။

သီဟိုတွင်လည်း သီဟိုစေ့တပိဿ ၁၅၀၀ ကျပ်နှုန်းနှင့် တပင်လျှင် ၁၀ ပိဿထွက်ရှိသည့်အပေါ်အခြေခံ၍ ၅ နှစ်စာ တွက် ချက်ထားသော်လည်း ၀.၁ နှင့် ထပ်မြှောက်ထား၍ ရသင့်ငွေ၏ ၁၀ % သာရရှိသည်ကိုလည်းကောင်း၊ ရာဘာတွင် ပင်ကြီးနှင့် ပင်ပေါက်ခွဲ၍ ၁၀ % နှင့် ၅ % သာတွက်ချက်ပေးသည်ကိုလည်းကောင်း တွေ့ရှိရသည်။ မည်သို့တွက်ချက်သည်ကို မည် သည့်ရွာသားမျှ ရှင်းလင်းစွာမသိကြပေ။ အထက်ပါတွက်ချက်မှုတွင်ပါဝင်သော ၀.၇၅/၀.၄/၀.၁/၀.၀၅ စသည့်ကိန်း ဂဏန်း များကို ရှင်းလင်းစွာသိသူမရှိချေ ။

CNPC နှင့်နီးစပ်သူတဦး၏အဆိုအရ ပိုက်လိုင်းမြှုပ်နှံသည့်မြေဧရိယာများနှင့်ပတ်သက်၍ မြေယာလျော်ကြေးပေးရာတွင် အ ပြည့်အဝပေးခြင်းမရှိဟု ဆိုသည်။ အကြောင်းမှာ ထိုမြေများပေါ်တွင် အပင်ကြီးများမှအပ အခြားရာသီပင်များ စိုက်ပျိုးရန် မူလပိုင်ရှင်များအား ပြန်လည်ခွင့်ပြု မည်ဖြစ်ရာ မြေအမျိုးအစားအလိုက် သီးနှံအမျိုးစားအလိုက် မူသေသတ်မှတ်ထားသည့်နှုန်း ၏ ရာခိုင်နှုန်းခွဲခြားသတ်မှတ်သည့်အချိုးအစားအတိုင်း လျော်ကြေးပေးသည်ဟု ဆိုသည်။ သို့သော် လက်တွေ့လျော်ကြေးပေး ရာတွင် ဤသို့ပိုင်းခြားသတ်မှတ်မှုနှင့်ပတ်သက်၍ ဒေသခံများကြားရှင်းလင်းမှု မရှိပေ။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဆရာမောင်မောင်စိုး၏ လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ဧရာဝတီမြန်မာပိုင်း၌ ၁၈၊ ၆၊ ၂၀၁၇ ရက်နေ့က ဖေါ်ပြပြီးဖြစ်ပါသည်)

 

Photo credit : Natural Resource Governance Institute


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်