သူသူမေ (မော်ကျွန်း) ● လိမ့်​​နေ​သော​ကျောက်​တုံး​လေး

June 20, 2017

သူသူမေ (မော်ကျွန်း) ● လိမ့်​​နေ​သော​ကျောက်​တုံး​လေး
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၇

“လိမ့်​​နေ​သော​ကျောက်​တုံးသည်​ မည်​သည့်​​​ ရေညှိ ရေ​မှော်​မျှ တင်​ကျန်​နိုင်​မည်​မဟုတ်”

မည်​သူ၏အဆိုအမိန့်​ဆိုသည်​ကိုမူ မမှတ်​မိ​တော့ပါ။ ငယ်​စဉ်​ကဖတ်​မှတ်​၍ ကြိုက်နှစ်​သက်​ခဲ့သဖြင့်​ ယခုကာလအထိပင်​ ဦး​နှောက်​တွင်​သယ်​​ဆောင်​လာခဲ့မိသည့်​ အဆိုအမိန့်​​လေးဟု ဆိုရမည်​။ ထိုအဆိုအမိန့်​အား စတင်​သိကျွမ်းခဲ့သည်​မှာ တက္က သိုလ်​ဝင်​တန်းပြီးစီး၍ အားလပ်​​နေချိန်​ ကျွန်​မတို့မြို့​လေး၏ စာကြည့်​တိုက်​သို့​ခြေဦးတည့်​မိစဉ်​အစမှာပင်​ ဖြစ်​သည်​။ ​ကျွန်​မ၏ အားလပ်​ချိန်​များတွင်​ ထိုစာကြည့်​တိုက်​က​လေး၏​လေသာပြတင်းမှ ​လောကကို စိတ်​ကူးဖြင့်​​တွေးကြည့်​​နေကျဖြစ်​သည်​။ ကျွန်​မမှာ အိမ်​တွင်​ အစ်​မလတ်​ဖြစ်​သူ၏ စက်​ချုပ်​သည့်လုပ်​ငန်းတွင်​ ကူလုပ်​​ရင်းနေရသူဖြစ်​၍ အခြားသူများကဲ့သို့ ကျောင်း ပိတ်​သည်​နှင့်​အပြင်​တွင်​ ​အလုပ်​ထွက်​ လုပ်​ရန်​မလိုသူလည်းဖြစ်​သည်​။ ​လောကဓံအား အ​ရေးတကြီး ​ပြေး​တွေ့ရန်​ မလို​သေး​သောကာလဟု ဆိုရမည်​။ သို့အတွက်​လောကဓံဟူ​​သော အ​တွေ့အကြုံသည်​ ကျွန်​မအဖို့ ပါးလျားလွန်းသည့်​အရာမျှဖြစ်​သည်​။  စာကြည့်​တိုက်​သည်​သာ ကျွန်​မ၏နား​နေရာ ဇရပ်​၊ စာကြည့်​တိုက်​မှ စာအုပ်​ငှါးသူအန်​တီမှာပင်​ ကျွန်​မ၏ ပထမဆုံး အပြင်​မိတ်​​ဆွေ ဖြစ်​ပါသည်​။ စာကြည့်​တိုက်​မှ ဝန်​ထမ်းတချို့နှင့်​လည်း ရင်းနှီးခဲ့ပြီး ထိုစာကြည့်​တိုက်​တွင်​ ကျွန်​မအတွက်​ (ever smile) ဟူ​သောနာမည်​​ပြောင်​ပင်​ ရရှိခဲ့ပါ​သေး၏။ ထိုစဉ်​အခါက ကျွန်​မမှာထိုစာကြည့်​တိုက်​မှ စာအုပ်​များသာမဟုတ်​ အစ်​မဖြစ်​သူတာဝန်​ကျရာ​ ​ကျောင်းစာကြည့်​တိုက်​မှ ယူလာသည့်​ စာအုပ်​များပါ ဖတ်​ဖြစ်​ပါသည်​။ ကိုယ်​တိုင်​လည်း ပိုက်​ဆံရှိ လျှင်​ ရှိသလိုဝယ်​​ပါသည်​။ ထိုမျှထိ စာအုပ်​ကြိုက်​မှန်းမသိ ကြိုက်​​နေမိပါ၏။

ကျွန်​မ၏မိသားစုတွင်​ အ​မေသည်​ ​ကျွန်​မတို့၏​နောင်​​ရေးအတွက်​ ​ရွှေစုရသည်​ကိုကြိုက်​နှစ်​သက်​သူဖြစ်​ပြီး အစ်​မအကြီးဆုံးမှာ ဓာတ်​ပုံရိုက်​ရသည်​ကို ကြိုက်​နှစ်​သက်​​သူဖြစ်​သည်​။ အစ်မကြီး ​တက္ကသိုလ်​တက်​စဉ်​ကမူ အခြားအရာများအား ​တိုင်းထွာ​ချွေတာ​လွန်း​သော်​လည်း ဓာတ်​ပုံရိုက်​ရမည်​ဆိုလျှင်​ မည်​မျှပင်​ကုန်​​စေ မမှုသူဖြစ်​သည်​။

အစ်​မလတ်​မှာ​တော့ အလုပ်​လည်းအပင်​ပန်းခံလုပ်​မည်​ သုံးမည်​စားမည်​ဟူ​သော စိတ်​ဓာတ်​မျိုးဖြစ်​သည်​။ အိမ်​တွင်​ အစ်​မလတ်​သည်​ အလုပ်​အား မနားမ​နေ ဇွဲနပဲကြီးစွာ လုပ်​တတ်​သူဖြစ်​သည်​။ အစ်​ကိုဖြစ်​သူမှာ​တော့ ​ယောက်ျား​လေးဖြစ်​၍ စက်​ပစ္စည်းပိုင်းဆိုင်​ရာ ကလိရသည်​၊ တီထွင်​ရသည်​များအား ဝါသနာထုံသူဖြစ်​သည်​။ ​ကျွန်​မမှာမူ အထက်​တွင်​ဆိုခဲ့သည့်​အတိုင်း စာအုပ်​စာ​ပေနှင့်​ပတ်​သက်​၍ ဝါသနာထုံသူ ဖြစ်​ပါသည်​။ ကျွန်​မသည်​ စိတ်​ကူးဖြင့်​ မိသားစုငါး​ယောက်​စု၍ ​ဈေးဝယ်​ထွက်​ကြည့်​မိသည်​။ ထိုသို့ဆိုလျှင်​ အ​မေသည်​ ​ရွှေဆိုင်​သို့ဝင်​၍၊ အစ်​မကြီးသည်​ ဓာတ်​ပုံရိုက်​ရန်​ ပိုစ့်​​ပေး​နေပြီး၊ အစ်​မလတ်​မှာ အလုပ်​အတွက်​ အသုံးတည့်​မည့်​ ပစ္စည်းဆိုင်​​တွင်​​ရောက်​နေမည်​ဖြစ်​ပြီး အစ်​ကိုမှာမူ စက်ကိရိယာပစ္စည်းဆိုင်​​တွင်​ အလုပ်​များ​ နေ​ပေမည်​။ ကျွန်​မက​တော့ စာအုပ်​ဆိုင်​သို့သာ ဝင်​မည့်​သူဖြစ်​သည်​။ မိသားစုတွင်​ ကျွန်​မသည်​စာအုပ်​အဝယ်​ဆုံးသူ၊ စာဖတ်​အများဆုံးသူဖြစ်​ပြီး အမှားအများဆုံးသူလည်းဖြစ်ပါသည်​။

ကျွန်​မသည်​ ဘဝတွင်​ ဆုံးဖြတ်​ချက်​အမှားများ၊ ​ဝေခွဲရခက်​မှုများ မ​​သေချာမ​​ရေရာမှုများနှင့်​ ဘဝ၏သက်​တမ်းတဝက်​အထိ နယ်​ပယ်​များစွာမှ ပထမအဆင့်​ပေါင်းများစွာသို့​လျှောက်​လှမ်းရင်း ဆင်​ခြေ​များစွာဖြင့််​ လိမ့်​​နေ​သော ​ကျောက်​တုံးတစ်​တုံးဖြစ်​ခဲ့ဖူး၏။ နေရာတစ်​ခု အလုပ်​တစ်​ခု တွင် ​ဇောက်​ချလုပ်​ကိုင်​ခြင်းမရှိဘဲ ​ကောင်းနိုးနိုးဖြင့်​ ​ပြောင်းရင်း ​ပြောင်းရင်း မည်​သည့် အလုပ်​မှ အဖတ်မတင်​ဘဲ ကြီးလာ​သောအသက်​သာ အဖတ်တင်​ခဲ့​လေသည်​။

အလုပ်​တခုနှင့်​ တခုချိန်းတိုင်းပင်​ ကျွန်​မအတွက်​ ​ကောင်းမွန်​လှပသည့်​ဆင်​​ခြေတစ်​ခု အမြဲအဆင်​သင့်​ရှိမြဲပင်​ဖြစ်​သည်​။ ကျွန်​မသည်​ ထိုဆင်​​ခြေများနှင့်​ မိမိကိုယ်​ မိမိ လှည့်​စား၏။ အိမ်​ရှိမိသားစုဝင်​များအား စကားလုံးကြီးများနှင့်​ ကိုင်​​ပေါက်​၏။ ဤသည်​မှာ အလုပ်​​တစ်​ခု​ပြောင်းတိုင်း ပြုလုပ်​​နေကျဓမ္မတာလိုပင်​ ဖြစ်​​နေပါသည်​။

ယခင်​ ကျွန်​မတို့​ခေတ်​တွင်​ တက္ကသိုလ်​ဝင်​တန်းအား မည်​မျှအ​ရေးပါ​သည်​ဖြစ်​​ကြောင်း ​လေးနက်​​စေရန်​ ဘဝ၏တဆစ်​ချိုးဟု ဆိုခဲ့ကြပါသည်​။

ကျွန်​မမှာ ထိုတဆစ်​အားသင်​ကြား​ရေးစနစ်​ ​တော်​သင့်​ညံ့ မှတ်​ချက်​​ပေးသည့်​​ခေတ်​တွင်​ အတန်းတွင်း (သင့်​) အ​နေအထား ဖြင့်​ပင်​ ချိုးခဲ့ပါသည်​။ အမှတ်​စာရင်းအရမူ ညံ့ဟု ဆိုရမည်​။ မည်​သို့​ဆို​စေ တကွေ့အား ချိုးခဲ့ပါပြီ။ ဆယ်​တန်း​အောင်​​အောင်​ချင်းပင်​ ရန်​ကုန်​တွင်​ ကွန်​ပျူတာသင်​တန်းသွားတက်​ဖြစ်​၏။ ထိုစဉ်​က ကွန်​ပျူတာသင်​တန်းဆိုသည်​အား မည်​သို့မည်​ပုံ သိရှိပြီး ပူဆာတတ်​ခဲ့သည်​မသိ၊ အိမ်​မှာလည်း စီးပွား​ရေး​ကောင်း​သည့်​အိမ်​မဟုတ်​ပါဘဲ ​ရန်​ကုန်​တွင်​သွားတက်​​စေခဲ့သည်​ကို ယခုပြန်​စဉ်းစားမိသည့်​အခါမှ အံ့သြရပါသည်​။

ကွန်​ပျူတာသင်​တန်းမှာမူ စာ​မေးပွဲစစ်​သည့်​အခါ  ပထမဆုရသူအား ​နောက်​တဆင့်​တက်​ရန်​ သင်​တန်း​ကြေး အခမဲ့ဖြစ်​ပြီး ဒုတိယဆု၊ တတိယဆုရပါက တဝက်​​ကြေး​သာပေးရမည်​ဖြစ်​သည်​။ ကျွန်​မမှာ တတိယဆုရ၍ တဝက်​​ကြေးဖြင့်​ ဆက်​တက်​ခွင့်​ရပါသည်​။ သို့​သော်​ ဆက်​မတက်​ဖြစ်​ဘဲ ပထမတထစ်​ဖြင့်​ပင်​ ထိုနယ်​ပယ်​မှ ထွက်​ခွာလိုက်​ပါသည်​။

ထိုမှပြန်​လာပြီးသည့်​အခါ အသိအရာရှိကြီးဦး​​လေးတ​​​ယောက်​အကူအညီဖြင့်​ ဋ္ဌာနဆိုင်​ရာရုံးတခုတွင်​ ပြာတာဝင်​လုပ်​ဖြစ်​ပါ​သေးသည်​။ ထိုအသိဦး​လေးမှ ကျွန်​မအား အတည်​ဝန်​ထမ်းဖြစ်​သည်​အထိ ကူညီ​ပေးရန်​ဆန္ဒ ရှိပါသည်​။ ကျွန်​မမှာ ထိုဋ္ဌာန တွင်​လည်း တနေ့မှနှစ်​​နေ့သွားရသည်​အား မသွားချင်​​တော့သဖြင့်​ ဆင်​​ခြေမျိုးစုံ​ပေးကာ မလုပ်​နိုင်​​တော့​ကြောင်း ​ပြော၍ ထွက်​ခဲ့ပြန်​ပါသည်​။ နောက်​ပိုင်းတွင်​ ​ဘွဲ့ရသည့်​အခါ အိမ်​ရှိ အ​မေ အစ်​မများမှာ​ကျောင်းဆရာမများသာ ဖြစ်​ကြ​သော်​လည်း ဆရာမအလုပ်​မှာ မြင်​​နေ​တွေ့​နေကျဖြစ်​၍ အမျိုးအမည်​ရိုးသည်​ဟုမြင်​ကာ မလုပ်​ခဲ့ဘဲ ​ရှေ့​နေအလုပ်​၊interviewer အလုပ်​၊ စီးကွင့်​ထိုး၊ ဖ​ယောင်းလှီး မိုထုတ်​ဖြင့်​ လုပ်ငန်း​​တမျိုးလျှင်​ တနှစ်​သာသာခန့်​ လုပ်​လိုက်​​ပြောင်းလိုက်​ ဋ္ဌာနဆိုင်​ရာအလုပ်​နှင့်​ အပြင်​အလုပ်​၊ ရန်​ကုန်​နှင့်​ ​မော်​ကျွန်း၊ ​ဘောင်းဘီဝတ်​နှင့်​ လုံချည်​ဝတ်​ ​ပြောင်းလိုက်​ ​ရွှေ့လိုက်​ဖြင့်​ အချိန်​​များကုန်​လာဖြစ်​ခဲ့ပါဖြစ်​သည်​။ ထိုအချိန်​တွင်​ ကျွန်​မနှင့်​ သက်​တူရွယ်​တူ အ​ပေါင်းအသင်းများမှာ ဆိုင်​ရာဆိုင်​ရာလုပ်​ငန်းများတွင်​ အ​ခြေကျ​နေကြပြီးလည်းဖြစ်​သည်​။ မိမိကိုယ်​မိမိကြည့်​ရင်း (ဒါဝင်​) ၏ သီအိုရီကို သတိရမိပါသည်​။ (ဒါဝင်​) သည်​ ထိုသီအိုရီကို ကျွန်​မတဦးအတွက်​သာ ထုတ်​နုတ်​သွား​လေသလားပင်​ ထင်​မိသည်​။

ယခု​နောက်​ဆုံးတွင်​​မှ ဟိုခုန်​ဒီခုန်​ကူးရသည်​အား ကိုယ့်​ကိုယ်​ကို စိတ်​ပျက်​လာသည်​နှင့်​ တထိုင်​တည်း တည်​တည်​ငြိမ်​ငြိမ်​ဖြစ်​ရန်​ ဆရာမပြန်​​လျှောက်​ပါ​တော့သည်​။ သို့ဖြင့်​ ​နိုင်​ငံ​ရေးလှည့်​ကွက်​ကင်းစွာပင်​ ကျွန်​မ၏ တကိုယ်​​တော်​အ​ရေးအတွက်​ ဘောင်းဘီဝတ်​မှ လုံချည်​ဝတ်သို့ ချိန်းရပြန်​ပါသည်​။ ကျွန်​မသည်​ ဘဝတွင်​ ​ဘောင်းဘီနှင့် ​လုံချည်​ချိန်းရင်း ​လောကကွင်း ပတ်​လည်​ရှိ ​လှေကားထစ်​များ၏ ပထမအထစ်​များတွင်​ ​မြွေလိမ်​​မြွေ​ကောက်​ အဆင်းအတက်​လုပ်​​နေသူနှင့်​ တူလှသည်​။ စာအုပ်​များမှ ထုတ်​နုတ်​​ပေးလိုက်​သည့်​ အသိပညာသည်​လည်း ကျွန်​မ၏အသုံးချမှုတွင်​ နက်​နဲကျယ်​​ပြောသည့်​ ဆင်​​ခြေများ အဖြစ်​ အသုံးကျသွားသည်​လား ​ပြောရမလိုပင်​ဖြစ်​​နေခဲ့၏။

ကျွန်​မမှာ​ နယ်​ပယ်​များစွာသို့ အားရစွာလိမ့်​​နေခဲ့ရာမှ ယခုအချိန်​တွင်​​တော့ ​ကျွန်​မတဖြစ်​လဲ ​ကျောက်​တုံး​လေးသည်​ ​ကျောင်း ဆရာမတည်းဟူ​သော အရပ်​တွင်​ ငြိမ်​သက်​​၍နေပါသည်​။ နှစ်​​ပေါင်းများစွာ  နှလုံးသွင်းဆင်​ခြင်​မှုကင်းစွာ ဦး​နှောက်​တွင်​ စွဲ မြဲကြိုက်​နှစ်သက်​​လာခဲ့သည့်​ အဆိုအမိန့်​​​လေးအား ​အနှစ်​သာရရှိရှိ ​ရေရွတ်​မိပါသည်​။ ဤသို့ဆိုပြန်​​တော့လည်း မိမိသည်​​ တည်ငြိမ်​​နေ​သော​ကျောက်​တုံး​လေးသဖွယ်​ပင်​တည်း…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်