စိုးနေလင်း ● ကိုယ်တိုင်းကျပ်တဲ့ အရေခွံ

June 21, 2017

စိုးနေလင်း ● ကိုယ်တိုင်းကျပ်တဲ့ အရေခွံ
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၇

မြစ်ကရောင်ပြောင်းတောက် အင်္ကျီသစ်နဲ့
တဆစ်ချိုး ကကြိုးအပြောင်းမှာ
ဇာတ်ကောင်စာရင်းအရ
အပြစ်ရှာလိုသူ ဝံပုလွေတကောင်
တောကြောင် ဖားဖားတသိုက်နဲ့
တိမ်းစောင်းသွားတဲ့မြားလမ်းကြောင်းတလျှောက်
လွင့်မြောက် လေပူဖောင်းတို့ တိုးဝှေ့
ရှေ့မှာ….
ဗေဒါကြပ်တဲ့ ကောင်းကင်…ပျပျ
တစွန်းတစမျှသာ။

ဇာတိသွေး ဇာတိမာန် ခေါင်းပေါင်းကို
ဆောင်းချင်သူတွေကလည်း တရဲရဲ
ချောက်ထဲကျလုတဲတဲ အခြေအနေရောက်ဖို့သာ
မုတ်ဆိတ်မှာ ပျားတွေစွဲပါပေါ့။

ဟောဒီ မြစ်ရိုး အသီးသီးမှာတော့
လျှော့ရင်းပြတ်ခဲ့ရတဲ့ စွန်တွေလည်း
ခြာလည်ဝဲကတော့ထဲ မနည်းတော့။      ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, စိုးနေလင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်