fbpx

မောင်မောင်စိုး ● ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာ – အပိုင်း (၄)

June 23, 2017

မောင်မောင်စိုး ● ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာ – အပိုင်း (၄)

(မိုးမခ) ဇွန် ၂၃၊ ၂၀၁၇

သို့သော် ထိုသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသော ပိုက်လိုင်းဖြတ်သန်းသည့် ကျေးရွာများတွင် ၂၄ နာရီရသည်ဆိုသည်မှာ မဒေးကျွန်းအတွက်တော့ မမှန်ကန်ပေ။ မဒေးကျွန်းတွင် တရက် ၄ နာရီသာ မီးရသေးသည်။ သန့်စင်သောသောက်သုံးရေ ရရှိစေသည်မှာလည်း အပြည့်အဝမမှန်ပေ။ မဒေးကျွန်း၌ ရေပေးဝေဖြန့်ဖြူးခဲ့သော်လည်း သောက်သုံးရန်အထိ ရေမသန့် သေးဘဲ သုံးစွဲရန်အတွက်သာ အဆင်ပြေပါသေးသည်။ ထို့အပြင် ၃ မိုင်ခန့်သာ ဖောက်လုပ်ရန်လိုအပ်သည့် ရွာချင်းဆက် လမ်းမှာလည်း ဖောက်လုပ်ပေးသည်ဆိုသည့် ၂ နှစ်အတွင်းမှာပင် ရွှံ့အလူးလူး ဗွက်အလူးလူးနှင့်သာရှိပါသေးသည်။ ရွာချင်း ဆက်လမ်းပေါ်ရှိ တံတားများလည်း ကျိုးပဲ့ပျက်စီး၍နေသည်က ဖြစ်ရပ်မှန်များဖြစ်သည်။

သို့ဖြစ်ရာ ပထမအချက်အနေနှင့် ပြန်သုံးသပ်ကြည့်လျှင် အမှန်တကယ် မဒေးကျွန်းလက်ခံရရှိသော စာသင်ကျောင်း မီတာ ဘောက် စသည်တို့ကဲ့သို့အရာများရှိသကဲ့သို့ ရေ/လျှပ်စစ်မီးစသည်တို့ကဲ့သို့ အပြည့်အဝအကောင် ထည်မဖေါ်နိုင်သေး သည်များလည်း ရှိသည်။ ရွာချင်းဆက်လမ်းကဲ့သို့ ငွေကြေးအကုန်အကျခံပြီး ဖောက်ပေးထားသော်လည်း နှစ်ပိုင်းအတွင်း ပြန်လည်ပျက်စီးသွားခဲ့ခြင်းနှင့်ပတ်သက်ပြီး အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းအပ်နှံရာတွင် လက်ခံရာ တွင် အရည်အသွေးစစ်ဆေးမှုနှင့်ပတ်သက်ပြီး အားနည်းချက်ရှိသည်ဟု ဆိုရမည်။ ၂၀၁၇ မေ ၂၂ ရက်နေ့ မဒေးကျွန်း ဆန္ဒပြပွဲအပြီး ဇွန်လဆန်းမှစ၍ ရွာချင်းဆက်လမ်းပေါ်ရှိ ကျိုးပျက်နေသောတံတား ၃ စင်းအား ကွန်ကရစ်တံတားများအဖြစ် ပြန်လည်ဆောက်လုပ်နေသည်ကတော့ ကောင်းသည့်ကိစ္စဖြစ်ပေသည်။

ဒုတိယအချက် ထည့်သွင်းစဉ်းစားထားခြင်းရှိဟန်တူသော ပြဿနာများပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခု မဒေးကျွန်း ရေ လမ်းကြောင်း၌ ရေနံတင်သင်္ဘောများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း ထိခိုက် သည့်ပြဿနာဖြစ်သည်။ ဤအခြေအနေများနှင့်ပတ်သက်၍ အဓိကပြည်ထောင်စုအစိုးရတွင် တာဝန်ရှိသည်ဟု ဆိုနိုင်ပါ သည်။ သို့သော် တရုတ်ကုမ္ပဏီများသည်လည်း တာဝန်ခံမှု တာဝန်ယူမှု ရှိရန်လိုအပ်ပေလိမ့်မည်။ ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့က ဒေသခံ ၁၀၀၀ ကျော် တို့ လှေအစီး ၂၂၀ နှင့် CNPC သို့သွားရောက်ပြီး ရေလမ်းကြောင်းပိတ်ပင်ခံရမှုနှင့် ပတ် သက်ပြီး ဆန္ဒပြရာတွင် CNPC လက်အောက်ခံ SEAOP ဒုတိယဥက္ကဌ မစ္စတာ လီဇိလင် Li Zilin က “ဒေသခံတွေတောင်းဆိုတဲ့ အချက်တွေက ကုမ္ပဏီတာဝန်ထက် ကျော်လွန်နေပါတယ်။ ဒါကို အစိုးရကိုတင်ပြပေးပါမယ်” ဟု ဆိုသည်။ အထက်ပါပြော ကြားချက်သည် လက်ခံနိုင်ဖွယ်ရှိသော်လည်း ကုမ္ပဏီ၏ တာဝန်ရှိမှု တာဝန်ခံမှု responsibility အား ပစ်ပယ်၍ မရပေ။

၂၀၁၇ မေ ၂၂ ရက်နေ့ မဒေးကျွန်းရေပေါ်ဆန္ဒပြပွဲအပြီး CNPC မှတာဝန်ရှိသူအချို့မှ စာနယ်ဇင်းများသို့ ပေးပို့ရှင်းလင်းသည့် အချက်အလက်အချို့၌ တာဝန်ခံမှု မရှိသည်မှာ စိတ်ပျက်စရာဖြစ်သည်။ သို့သော် အံ့အားသင့်ဘွယ်ကောင်းသည်မှာ ထို ပေးပို့သော ရှင်းလင်းချက်တွင် မည်သည့်ကုမ္ပဏီ မည်သူမည်ဝါမှဟူ၍ လက်မှတ်ရေးထိုးထားခြင်း မရှိခြင်းဖြစ်သည်။ တရုတ် တို့၏အလွတ်သဘောပြောဆိုမှုဟု ဆိုရပါမည်။

၎င်းစာတွင်ဖေါ်ပြထားသည်မှာ သင်္ဘောလမ်းကြောင်းနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားတင်ပြပြီး ခွင့်ပြုချက်ရရှိ၍ အသုံးပြုခြင်းဖြစ်သည်။ နိုင်ငံတကာသင်္ဘောဝင် လမ်းကြောင်းသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်အောက်တွင်ရှိပြီး မည်သူမဆို အစိုးရဥပဒေကို နာခံရမည်ဟူ၍ ရှင်းလင်း ထားသည်ကိုတွေ့ရသည်။

အဆိုပါရေလမ်းကြောင်းသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်ဆိုသော်လည်း ရေလုပ်သား ၂၀၀၀ ခန့် သည် သူတို့၏မိသားစုများအတွက် အသက်မွေးဝမ်းကြောင်းပြုသည့်နေရာဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍ နှစ်နိုင်ငံ ဆွေးနွေးစဉ်က ထည့်သွင်းတွက်ချက်မှု မပြုခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် လက်ရှိအဆိုပါပြဿနာအား လက်ငင်း တွေ့ရှိနေရချိန်တွင် ပြည်ထောင်စုအစိုးရတွင် အဓိကတာဝန်ရှိသကဲ့သို့ တရုတ်တို့အနေနှင့် တာဝန်ရှိမှု တာဝန်ခံမှုအရ ပူး ပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီအများစုမှာ ပြဿနာတစုံတရာဖြစ်ပွားလျှင် အစိုးရနှင့် သဘောတူညီမှု ရပြီးသားဖြစ်၍ မိမိနှင့်မဆိုင်ဟူ၍ ငြင်းပယ်လေ့ရှိကြသည်။ ဤသို့ငြင်းပယ်မှုများသည် တရုတ်တို့၏ တာဝန် သိမှု တာဝန်ခံမှုအတွက် မေးခွန်းထုတ်ဖွယ်ဖြစ်ပြီး တရုတ်ကုမ္ပဏီများ၏ပုံရိပ်ကို များစွာထိခိုက်စေသည်သာဖြစ်သည်။

ထို့ပြင် အဆိုပါရွှေဂက်စ်စီမံကိန်းသည် နိုင်ငံ ၄ နိုင်ငံ ကုမ္ပဏီ ၆ ခု ပူးပေါင်းထားသည်မှန်သော်လည်း အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့ခြင်းသည် တရုတ်တို့နှင့်အဓိသက်ဆိုင်ပြီး တရုတ်တို့ အဓိကအကျိုးရှိသည့်လုပ်ငန်းကြီးဖြစ်ပေသည်။ အရှေ့အ လယ်ပိုင်းဒေသမှ တရုတ်ပြည်အရှေ့ဖက် ပင်လယ်ဆိပ်ကမ်းမြို့များသို့ ရေကြောင်းခရီးအားဖြင့် ကီလိုမိုင် ၅၀၀၀ ခန့်သက် သာစေသော ခရီးဖြစ်သည်။ ထိုအချက်အား တရုတ်တို့ အလေးထားရန် လိုအပ်သည်။

သို့ဖြစ်ရာ ဒုတိယပြဿနာဖြစ်သော ထည့်သွင်းတွက်ချက်ထားခြင်း ရှိပုံမရသော ရေလမ်းကြောင်း အသုံးပြု ခြင်းဖြစ်ပေါ်လာ သည့် ဒေသခံများ အသက်မွေးဝမ်းကြောင်းထိခိုက်မှုပြဿနာအား ပြည်ထောင်စု အစိုးရနှင့်ပူးပေါင်းပြီး ဖြေရှင်းသည့်နည်းလမ်း ရှာဖွေကြရန် လိုအပ်ပေမည်။

တတိယအနေနှင့်ဆိုလျှင် ထင်ရှားသည့် အမှတ်လက္ခဏာကြောင့်ဟု ဆိုနိုင်သည်။ ပိုက်လိုင်းစီမံစတင်သည့်အချိန်က ပိုက်လိုင်းမြှုပ်နှံရာလမ်းကြောင်းတလျောက် ကန့်ကွက်သံများ ဆူညံခဲ့သော်လည်း လျော်ကြေးပြဿနာဖြေရှင်းခြင်း ဒေသဖွံ့ဖြိုး လုပ်ငန်းများဆောင်ရွက်ခြင်းတို့ဖြင့် ပြန်လည်တုန့်ပြန်ဖြေရှင်းခဲ့သည်။ သို့သော် ယခုအခါ ပိုက်လမ်းကြောင်းတလျောက် ကန့်ကွက်သံသိပ်မကြားရပါ။ အကြောင်းတခုမှာ ပိုက်လိုင်းကလည်း မြေအောက်ရောက်သွားပြီဖြစ်ရာ လူမြင်ကွင်းတွင် မရှိ တော့ပေ။ လူများ အာရုံစိုက်ခြင်း သိပ်မရှိလှတော့ပေ။ ထပ်ဆင့်တွန်းအားပေးရုံများဆိုသည်မှာလည်း ကြီးကြီး မားမားများ မဟုတ်လှ။ မဒေးကျွန်းရှိ Terminal ကား လူမြင်ကွင်း၌ သိသိသာသာဖြစ်ပြီး လူများ အာရုံစိုက်မိသည့်နေရာဖြစ်သည်။ ရေနံ တင်သင်္ဘော ကြီးများလည်း မပြတ်ဝင်ထွက်နေသည့်နေရာဖြစ်၍ လူအများ ပို၍အာရုံစိုက်မိကြသည်။ထိုပြင် ပင်မရေနံ terminal သည် အခြေစိုက်ရာဒေသရှိ လူထုနှင့် နေ့စဉ်ထိတွေ့မှု ရှိနေသည်။

ဤသို့သောအခြေအနေတွင် သိသာ၍ လူအာရုံစိုက်သောနေရာများတွင် လူမှု အကျိုးပြုလုပ်ငန်း ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများပြု လုပ်ခြင်း အလေးပေးရန်လိုသည်။ သို့ဖြစ်ရာ တရုတ်တို့အနေနှင့် ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရာ အလေးထားလုပ် ဆောင်ရမည့်နေရာ ရွေးချယ်ရာတွင် လိုအပ်ချက်ရှိခဲ့သည်ဟု ဆိုရမည်။ ဤအချက်ကို တရုတ်တို့ ပြန်လည်သုံးသပ်ထည့် သွင်းစဉ်းစားရန် လိုအပ်ပေလိမ့်မည်။

တရုတ်တို့ဆိုသကဲ့သို့ မဒေးကျွန်းပေါ်ရှိ လမ်းပမ်းဆက်သွယ်ရေး လျှပ်စစ်မီးရရှိရေးတို့အတွက် အဓိကတာဝန်ရှိသူမှာ ပြည် ထောင်စု အစိုးရတာဝန်ဖြစ်သည်မှာ ငြင်းပယ်ရန်မရှိပေ။ သို့သော် တရုတ်တို့၏ တာဝန်သိမှု တာဝန်ခံမှုလည်း လိုအပ်သည်။ တရုတ်တို့အနေနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှု အပြင်ပိုမိုကြီးမားသောရင်းနှီးမြှုပ်နှံမှုများနှင့်အတူ OBOR ဟုခေါ်သည့် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းအားဆောင်ရွက်ရန် စိုင်းပြင်နေကြသူများဖြစ်သည်။ သူတို့၏ စီမံကိန်းများ ရင်းနှီးမြှုပ်နှံမှုများသည် ထိုတိုင်းပြည်အတွက်လည်းကောင်း၊ ဒေသခံများအတွက်လည်းကောင်း၊ အကျိုးရှိစေသည်ဆိုသည်ကို ပြသနိုင်ရန် လိုအပ် သည်။

တရုတ် CNPC နှင့်သူ၏လက်အောက်ခံကုမ္ပဏီများဖြစ်သည့် SEAGP နှင့် SEAOP တို့ ဘီလီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသည့် မဒေးကျွန်းကဲ့သို့ အိမ်ခြေ ၇၁၀ လူဦးရေ ၃၀၀၀ ခန့်သာရှိသည့်နေရာတွင် သိသာသော လူမှုဘဝအပြောင်းအလဲကို မပြ နိုင်ပါက တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုကို ဒေသခံတို့ ကြိုဆိုရန် ခက်ခဲနေပေဦးမည်ဖြစ်သည်။

● ကျောက်ဖြူ အထူးစီးပွားရေးဇုံ
ကျောက်ဖြူ အထူးစီးပွားရေးဇုံ ဖေါ်ထုတ်ရန် တရုတ်နှင့်မြန်မာအစိုးရတို့ သဘောတူညီချက်ရရှိပြီးဖြစ်သည်။ တရုတ်ဖက်မှ တရုတ်အစိုးရပိုင် CITIC China International Trust Invesment Corporation တရုတ်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကော် ပိုရေးရှင်းမှ လုပ်ကိုင်မည်ဖြစ်သည်။ မြန်မာ အစိုးရဖက်မှ ဒုသမတ ဟင်နရီဗန်ထီးယူခေါင်းဆောင်သော ကျောက်ဖြူ အထူး စီးပွားရေးဇုံကော်မတီဖွဲ့စည်းထားပြီး မြန်မာဖက်မှ ပါဝင်လုပ်ကိုင်မည့် ကုမ္ပဏီ ၂၁ ခုအား ရွေးချယ်ထားပြီးဖြစ်သည်။

ကျောက်ဖြူ အထူးစီပွားရေးဇုံ ကနဦးစီမံကိန်းတွင် မြေဧရိယာ ၄၂၈၉.၃၂ ဧကပေါ်တွင် ပြုလုပ်မည်ဖြစ်သည်။ ထိုစီမံကိန်းတွင် ရမ်းဗြဲကျွန်းနှင့် မဒေးကျွန်း တံတားထိုးရေးစီမံကိန်းတခုနှင့် မဒေးကျွန်းပေါ်တွင် ကွန်တိန်နာ ကုန်တင်ကုန်ချ ဆိပ်ခံတခု ဆောက်လုပ်ရန်လည်းပါရှိသည်။ ထိုစက်မှုဇုံတွင် အသုံးပြုမည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံကိန်းတခုလည်း ပါဝင် ဖွယ်ရှိသည်။ အစောပိုင်းသတင်းများအရ တရုတ်အစိုးရပိုင် CITIC က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အမေရိ ကန်ဒေါ်လာ ၇.၃ ဘီလျံ မြှုပ်နှံပြီး ရှယ်ရာဝေစု ၇၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းထိ ပါဝင်ခွင့်ရရန်တောင်းဆိုထားသည်ဟု ရိုက်တာသတင်းတရပ်အရ သိရှိရသည်။ မြန်မာဖက်က ၅၀ ရာခိုင်နှုန်းစီ ပြုလုပ်ရန်တောင်းဆိုထားပြီး သဘောတူညီမှု မရရှိ သေးဟု ဆိုသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံတွင် တရုတ်တို့က ကနဦးမြှုပ်နှံမှု အဖြစ်အမေရိကန် ဒေါ်လာ ၁၀ ဘီလီ လျံ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုပါသည်။

အတိုင်းအတာကြီးမားသည့် ထိုကျောက်ဖြူ အထူစီးပွားရေးဇုံ SEZ စီမံကိန်းသည် ရခိုင်ဒေသခံများကို လှုပ်လှုပ် ခတ်ခတ်ဖြစ် စေပါသည်။

● ကျောက်ဖြူ အထူးစီးပွားရေးဇုံ မြေပြင် ကနဦးပြင်ဆင်မှုများ
ကျောက်ဖြူ အထူးစီးပွားရေးဇုံအတွက်ဟု ယူဆရသည့် မြေပြင် ကနဦးပြင်ဆင်မှုဟုယူဆရသည့် ပြင်ဆင်မှုမှာ ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့်ပြုလုပ်ခဲ့သော သိုင်းချောင်းဆည်တမံဖြစ်သည်။ ကျောက်ဖြူမြို့နှင့် ၁၂ မိုင်အ ကွာတွင် ဒေသခံလယ်သမားများ၏ လယ်ဧက ၄၀ အားလျော်ကြေးငွေ တဧကလျှင် ၃၆ သိန်းပေး၍ သိမ်းယူတည်ဆောက် ခဲ့သည့် ရေဂါလံ သန်း ၂၄၀ ခန့်ဆန့်သည့် ရေလှောင်တမံဖြစ်သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံအတွက် သောက်သုံး ရေပေးဝေရန်ရည်ရွယ်၍ ဆောက်လုပ်ထားသည်ဟု ယူဆရသည်။ ၎င်းဆည်တမံဆောက်လုပ်ပြီးစီးသွားသော် လည်းမြေ သားခိုင်ခန့်မှု ရှိပုံမရ၍ ရေသိုလှောင်မှု ပြုလုပ်ခြင်းမရှိသေးပေ။ အကယ်၍သာ ဤတာတမံသည် ကျောက်ဖြူမြို့ ရေပေး ရေးအတွက်မဟုတ်ဘဲ အထူးစီးပွားရေးဇုံအတွက် ဆောက်လုပ်သည်မှာ သေချာပါက ပြည်ထောင်စုအစိုးရ၏ အထူးစီမံ ကိန်းအား ပြည်နယ်ဘတ်ဂျက်ဖြင့် ပံ့ပိုးရသည်မှာ စိတ်ဝင်စားစရာကိစ္စတရပ်ဖြစ်ပေလိမ့်မည်။ လက်ရှိ ကျောက်ဖြူမြို့၌ စည် ပင်သာယာ ရေပေးဝေရေးစနစ်တရပ် မရှိသေးဘဲ မိရိုးဖလာ ရေတွင်းများနှင့် ပုဂ္ဂလိက စက်ရေတွင်းများမှ နီးစပ်ရာတပိုင်တနိုင် ရေဖြန့်ဖြူးသည်ကိုသာ အသုံးပြုနေကြသည့် အခြေအနေတွင်သာ ရှိပါသည်။

တရုတ် CITIC ဖက်မှ ပြင်ဆင်မှုအဖြစ် စက်မှုဇုံနှင့် ဆက်စပ်နေသည်ဟုယူဆရသော ကျေးရွာ ၅၀ အား တရွာလျှင် ကျပ်ငွေ သိန်း ၃၀၀ ဖြင့် စုစုပေါင်း သိန်း ၁၅၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁.၁ သန်းခန့်) ချေးငွေအား၂၀၁၅ ခုနှစ်မှ စတင်ထုတ် ချေးပေးထားသည်ဟု သိရသည်။ ထိုချေးငွေကို ရွာသားများ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံး ပြုရန် ကျေးရွာအလိုက် တာဝန်ယူရသည့် ဝိုင်းကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေးထားသည်ဟု ဆိုပါသည်။ တရုတ် CITIC အတွက် ဒေသခံများစည်းရုံးသည့်လုမှုရေးအထောက်အကူပြုမှု အစီအစဉ်တရပ်ဖြစ်ပြီး လက်တွေ့ဒေသခံများအတွက် မည်မျှအကျိုးရှိသည်ဆိုသည်ကိုတော့ မသိရသေးပေ။

● မြေယာပြဿနာ
ပထမဆုံးကြုံတွေ့ရမည့်ပြဿနာမှာ မြေယာပြဿနာဟု ဆိုရပါမည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံအတွက် ရာထားသည့် မြေပမာဏမှာ ကျေးရွာအုပ်စု ၉ အုပ်စု ကျေးရွာ ၃၅ ရွာမှ ပိုင်ဆိုင်နေသော ဆက်စပ်နေသော မြေ ၄၂၈၉.၃၂ ဧကဟု ဆိုပါသည်။ အဆိုပါဧရိယာတွင် အောက်ပါမြေအမျိုးအစားများ ပါဝင်သည်ဟု သိရသည်။

မြေလွတ်မြေရိုင်း = ၁၈၆၉.၃၃ ဧက
လယ်မြေ = ၉၉၈.၅၀ ဧက
ဥယျာဉ်မြေ = ၆၄၅.၉၅ ဧက
ဓနိမြေ = ၇၂.၀၀ ဧက
အခြားနည်းအသုံးပြုခွင့်မြေ = ၁၁၅.၇၀ ဧက
လမ်းမြေ = ၂.၄၀ ဧက
ဆည်ကန်တာတမံမြေ = ၄၆၉.၉၆ ဧက ဟု ပိုင်းခြားသတ်မှတ်ထားသည်ဟု ဆိုပါသည်။

ဤမြေယာပြဿနာတွင် ပြည်ထောင်စုအစိုးရကြည့်မြင်ပုံနှင့် ဒေသခံတို့ကြည့်မြင်ပုံ မတူကြပေ။ ကြည့်မြင်ပုံမတူကြသည့် အဓိကအချက်မှာ မြေလွတ်မြေရိုင်းဆိုသည့်ပြဿနာဖြစ်သည်။ အစိုးရဖက်က လယ်မြေ ဥယျာဉ်မြေ ဓနိမြေ ရွာမြေ အစရှိသည်တို့ကို ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ် အသိအမှတ်ပြုသော်လည်း အခြားမြေများအား အစိုးရပိုင် မြေလွတ်မြေရိုင်းများအဖြစ်သဘောထားသည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး

(ဆရာမောင်မောင်စိုး၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူခြင်းဖြစ်သလို ဧရာဝတီမြန်မာပိုင်း၌ ၂၀၊ ၆၊ ၂၀၁၇ ရက်နေ့ကလည်း ဖော်ပြပြီးဖြစ်သည်။) 

 

Photo credit : Frontier Myanmar


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)