ကိုနိုင်း – ရန်မကုန်တဲ့မြို့တော် အော်သံ

June 25, 2017

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၆ )
ရန်မကုန်တဲ့မြို့တော် အော်သံ
 ကိုနိုင်း 
(သူရိယနေ၀န်း၊ ရန်ကုန်) သစ်ခက်သံလွင်၊ မိုးမခ၊ ဇွန် ၂၅၊ ၂၀၁၇

 

ဒီအပတ်ပြတင်းတံခါးကိုဖွင့်ပြီးကြည့်လိုက်တော့ လူတွေရဲ့ အော်သံ တွေကိုကြားလိုက်ရပါတယ်။ အော်သံတွေကလည်း ဒုက္ခတရားကို ကြုံတွေ့လို့ညည်းညူသံတွေကပိုကြားနေရပါတယ်။ ဘယ်သူတွေညည်းညူနေကြတာလည်းလို့ ပြတင်းပေါက်ကြားထဲ ကနေ ဇာခန်းဆီးကို အသာအယာလှပ်ပြီး ကြည့်လိုက်မိပါတယ်။
          ညည်းညူသံတွေက မြန်မာပြည်သူပြည်သားတွေရဲ့အသံပါ လားလို့ဂရုဏာသက်စွာ မြင်တွေ့လိုက်ရပါတယ်။ ဒီလူတွေက ပြီးခဲ့ တဲ့ တစ်နှစ်ကျော်လောက်က လန်းဆန်းတက်ကြွနေခဲ့ကြတဲ့ ပြည် သူတွေပါပဲ။ စစ်အာဏာရှင်ခေတ်ကိုတိုက်ပွဲဝင်ဖို့စစ်မြေပြင်ဆီကို အရောက် ချီတက်နေခဲ့ကြတဲ့ အနီရောင်အလံတွေလွှင့်ထူခဲ့တာ ကိုပြန်ပြီးမြင်ယောင်နေပါတယ်။ ဒီစစ်အာဏာရှင်တွေကိုမြန်မာ့နိုင်ငံ ရေး စစ်မြေပြင်မှာ အပြုတ်တိုက်ဖို့အတွက် ရဲရင့်ခဲ့ကြတယ်။ ဒုက္ခတွေကလွတ်မြောက်ဖို့မျှော်လင့်ချက်တွေ အပြည့်ထားခဲ့ကြ တယ်။ တပ်ဦးကစစ် အာဏာရှင်တွေကို ရင်ဆိုင်တိုက်ပွဲဝင်မယ့် သေနာပတိချုပ်ကို ယုံကြည့်မှုအပြည့်ပေါ့။
          ဒီလိုမျှော်လင့်ယုံကြည်ချက်တွေနဲ့ ညာသံကြွေးကြော်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ပြည်သူတွေ အခု ဘာ ကြောင့် ဒုက္ခတွေနဲ့ညည်းညူနေကြတာလဲ။ ရန်ကုန်မြို့တော်ကြီးကိုလှမ်းကြည့်လိုက်မိတယ်။ ဘယ်သူတွေဘယ်လိုပဲပြောင်းပြောင်း ကျနော်တို့ပြည်သူတွေအတွက် ရန်ကုန်ဟာ ကျနော်တို့ရဲ့ပထမမြို့တော်ပါပဲ။ မဟာဗျူဟာအကျဆုံးမြို့တော်ပါပဲ။ ခေတ်တခုမှာနေပြည်တော်ဆိုတာ မင်းစိုးရာဇာတွေနေထိုင်ခဲ့ကြတဲ့ နန်းမြို့တော်အဖြစ် တည်ရှိခဲ့ပါတယ်။ ခေတ်တခေတ်မှာ ပြည်သူတွေဝေးနိုင်သမျှဝေးအောင် ပုန်းလျှိုးကွယ် လျှိုးနေထိုင်ခဲ့တဲ့ လူတွေနေထိုင်ခဲ့ဖူးပါတယ်။ လိုဏ်ခေါင်းတွေတူးပြီး ဂလိုင်ထဲမှာနေခဲ့ကြတဲ့ကြွက်တွေလို့ ပြောရပါလိမ့်မယ်။
 
အဲဒီနေရာကိုနေပြည်တော်ဟုခေါ်သည်ဆိုပြီး စာထဲမှာဖတ်ဖူးကြမှာပါ။ ပြည်သူတွေအတွက်ကတော့ ရန်ကုန်ဆိုတာမြို့တော်၊ ကျနော်တို့ရဲ့ ပထမမြို့တော်ပါပဲ။ ဒီပထမမြို့တော်ကြီးရဲ့အသံတွေကို နားစွင့် လိုက်မိပါတယ်။THE PEOPLE’S DIGEST မဂ္ဂဇင်းထဲက ကဗျာဆရာ မိုးကျော်သူရဲ့ ပထမမြို့တော် ရန်ကုန် ကိုနားစွင့်ကြည့်ပါ။
 
မိုးလောက်မြင့်တဲ့ အိမ်အဆောက်အအုံတွေမလိုပါဘူး
တခါတခါ မြေကြွက်ကြီးတွေ ဖြတ်ပြေးသွားတာ ခင်ဗျားမြင်ရမှာပဲ
ဒါ ပထမမြို့တော် ရန်ကုန်
ရန်ကုန်မှာ ဥမင်လိုဏ်ခေါင်းတွေမရှိဘူး
မြေကြွက်ကြီးတွေမှာရှိတယ်
 
တကယ်တော့ ရန်ကုန်ဟာမြေကိုမပိုင်ဘူး
မြေကြွက်ကြီးတွေပဲ ပိုင်တယ်
အိမ်ရှင်အိမ်ငှားပြဿနာတွေပဲပိုင်တယ်။
မြေကြွက်ကြီးတွေဟာ
လော်စပီကာသံတွေကို ချုပ်ဝတ်ပြီး
ဂျွန်စတိန်းဘတ်ရဲ့၊ တို့ပိုင်တဲ့မြေအကြောင်း
ခင်ဗျားကိုပြောနေကြမယ်။
ခင်ဗျားကတော့ လူစင်စစ်ဖြစ်ကြောင်း
ဒါ ပထမမြို့တော် ရန်ကုန်ဖြစ်ကြောင်း
မြေကြွက်တကောင်လို အိမ်ပြန်လာမယ်။
         ဒီကဗျာ ကျနော်တို့ပထမမြိ့တော်က ရန်ကုန်ဖြစ်တဲ့အကြောင်း မိတ်ဆက်လိုက်တာပါ။ ဒီ ပထမ မြို့တော်ရန်ကုန်က မြေတွေမပိုင်ဘူးဆိုတာ စပြီး မကျေနပ်ညည်းညူပြလိုက်ပါတယ်။ မြေမပိုင်ပေမယ့် ပထမမြို့တော်ရန်ကုန်မှာနေကြတဲ့လူတွေက လူစင်စစ်တွေ ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ ပြောချင်တာတခုပဲ ရှိပါတယ်။ ရန်ကုန်မြို့တော်ကြီးမှာ အိမ်ရှင်အိမ်ငှားပြဿနာက ခေတ်တိုင်းရှိနေတာပါ။ ဘယ်အစိုးရတက်တက် ဒီပြဿနာကတော့ တိုးပွားလာတဲ့လူဦးရေအရ အိမ်ရှင်အိမ်ငှားပြဿနာဟာလွယ် လွယ်ကူကူနဲ့မပျောက်ကွယ်နိုင်ပါဘူး။ ဒီပြဿနာထက်နေစရာမရှိလို့ကျူးကျော်ပြဿနာတွေပါ။ တခြားပြဿနာတွေရဲ့အော်သံတွေကိုနားစွင့်လိုက်မိပါတယ်။ ဒီကဗျာက မိုးမခအွန်လိုင်းပေါ်က ကဗျာ ဆရာ ကျော်ဟုန်း ရဲ့ အိုဘယ့် ရန်ကုန် တဲ့။
နောင် နှစ် ၂၀
စင်ကာပူထက်သာမယ်၊ ရဲရဲကြီးပြောစကားကို
လှောင်ပြောင်သရော်လေသလား ရန်ကုန်
၆၆ ဃ နော်။
ဝါမဆို ဝါမခေါင်ခင်
မိုးကလေးသည်းသည်းပိုတော့
ရန်ကုန်က ရေမြုပ်ပြတယ်။
စင်ကာပူ ငါးခြင်္သေကြီးက
ရေတွေအန်ပြရုံလေး၊ ငါတို့ရန်ကုန်က ရေလျှံပြလိုက်တယ်
ရန်ဗင်းနစ်ကုန် ဖြစ်သွားရော
မင်းလောက်တော့သနားတယ် စင်ကာပူရေ
တကွက်ပြပဲရှိသေးတယ်၊ ရန်ဗင်းနစ်ကုန်ကွ။
         လူတွေပြောမယ်ဆိုရင်လည်းပြောစရာပါပဲ။ ပြည်သူတွေစစ်မြေပြင်ကိုချီတက်ပြီး စစ်အာဏာရှင်တွေ ကို အပြတ်ပြုတ်အောင် တိုက်ပွဲဝင်တုန်းက ဒီအသေးအဖွဲလောက်ပြဿနာတွေပျောက်ကွယ်သွားမှာပါလို့၊ အိပ်မက်တွေကိုကြွေးကြော်ခဲ့ကြပါရဲ့။မျှော်လင့်ချက်တွေကိုယ်စီ ပခုံးနဲ့ထမ်းခဲ့ပါရဲ့။ အခုရန်ကုန်မြို့ကြီးကိုထမ်းထားရတာပိုလေးနေပြီ။ ပခုံးပေါ်ကရန်ကုန်မြို့ကြီးကိုထမ်းထားလို့ လေးနေတဲ့အပြင် ခြေထောက်တွေ ရေထဲမြုပ်လို့ ယိုင်နဲ့နဲ့ဖြစ်နေရတယ်။ နောက် အော်သံတခုကိုထပ်ကြားလိုက်ရပါတယ်။
YBS ဘတ်စ်တွေ
ဂျိမ်းဘွန်းကားတွေလို၊ ကုန်းပေါ်ရေထဲ ပြေးလွှား
လမ်းသွားလူ ရေစင် ယိုင်လဲလို့
ဒေါသထွက်နေတဲ့ လူအုပ်ကြီးက
ကားသမားကိုရိုက်မယ်တကဲကဲ။
ပြည်သူတွေအနေနဲ့လည်း ကားစပယ်ယာတွေ၊ ဒရိုင်ဘာတွေရဲ့ရိုင်းစိုင်းမှုတွေအပေါ်မခံနိုင်ကြတော့ဘူး။ ဒေါသတွေထိန်း မရတော့တဲ့ ဥပဒေမဲ့ခေတ်ကိုပြန်ရောက်ခဲ့ရပြီလား ရန်ကုန်လို့မေးလိုက်ချင်ပါတယ်။ တကယ်တော့ ကျနော်တို့ရဲ့မြို့တော်ရန်ကုန်ဟာ ရန်မကုန်သေးတဲ့ မြို့တော်အဖြစ် ကံကြမ္မာက ဒဏ်ခတ် ခံနေရတုန်းပါ။ ဆက်ပြီးနားထောင်ကြည့်ကြပါ။
သစ်ပင်ကျိုး ဓာတ်ကြိုးပြတ်တွေနဲ့
ကတ္တရာလမ်းက အဖတ်လိုက်ကွာ ချိုင့်ကျ
ဟိုအဘလက်ထက်ကစေတနာတွေမြင်ရ။
တကယ်ပြန်စမ်းစစ်ရင်
ရှိပြီးသား လူ၂ ရပ်မြင့် ရေနှုတ်မြောင်းကြီး
ဘယ်သောအခါမှမပြုပြင်သလို
ဘယ်သောအခါမှ မြောင်းမရှင်းခဲ့တဲ့အကျိုး။
ခုထိ အမှိုက်ကို၊ စနစ်တကျ မစွန့်ပစ်တတ်တဲ့ယဉ်ကျေးမှုကြား
ရန်ကုန်ဟာ၊ အင်္ဂလိပ်ကို ကျွန်ပြန်ပြုခိုင်းရမလိုလို။
ပြုပြင်ထိန်းသိမ်းဖို့
ရေရှည်မျှော် မြို့ပြစရိုက်ဆန်ဖို့၊ နည်းသိ စည်းရှိဖို့လိုကြောင်း
ရန်ကုန်ဟာ ဗင်းနစ်မြို့ပြလို
ဟန်ဆောင်ပြခဲ့လိုက်တာပါ။
အသိသတိ ညီစေသောဝ်။
         ကြားလိုက်ရတဲ့အသံက မကြားရက်လောက်အောင်ပါပဲ။ ဒါ ငါတို့ ပထမမြို့တော်ကြီးရန်ကုန်ဆိုပြီး ပြလိုက်ရမှာ ရှက်စရာပါပဲ။ အမှန်တော့လည်း ကျနော်တို့ပြည်သူတွေမှာလည်း အပြစ်မကင်းပါဘူး။ ဘယ်အရာကိုမှ နည်းစနစ်မရှိတဲ့လူမျိုးဖြစ်ခဲ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့ အကျင့်စရိုက်တွေ ပျက်စီး ခဲ့ရတာ အရင်ခေတ် အာဏာရှင်တွေက ဖျက်ဆီးပစ်ခဲ့လို့ပါ။ ဒါပေမဲ့ ဒီလိုစရိုက် ယဉ်ကျေးမှုကိုပြင်ပြင်ဖို့ အတွက်လည်း အခုတက်လာတဲ့အစိုးရမင်းတွေက မစဉ်းစားကြဘူးနဲ့တူပါရဲ့။ စဉ်းစားတွေးခေါ်ဉာဏ်မရှိ လို့လည်း ဖြစ်နိုင်ပါတယ်။
          ပြည်သူတွေအနေနဲ့ သူတို့ကိုအုပ်ချုပ်ဖို့ ပခုံးပေါ်ထမ်းတင်ထားကြတဲ့ အစိုးရမင်းတွေအတွက် ပေါလောမျောပါမတတ်ရေထဲမှာ ခြေထောက်တွေယိုင်နဲ့စွာရပ်တည်နေရမယ်ဆိုရင် …။ ပြည်သူတွေအားမကိုးရတဲ့အစိုးရဆိုပြီး အနည်းဆုံး ဟားတိုက်ခံနေရမှာပဲ။ ဒီအကြောင်းကိုစာရေးဆရာ၊ ကဗျာဆရာကြီးမြေလတ်မောင်မြင့်သူက ဒီကနေ့ရန်ကုန်(၅)ဆိုပြီး သတိပေးလိုက်ပါတယ်။
အညီအညွတ်မဟုတ်ပဲ
ညီညွတ်သယောင် လေဘောင်တင်ထားတဲ့ဟိတ်နဲ့
လက်ချင်းချိတ်လို ချိတ်ကြ။
တယောက်စိတ်ထဲတယောက်ကူးရင်း
တက်တူးတွေအပြန်အလှန်ထိုးကာ
အရိုးခိုက်အောင် ရူးလား ရူးကြ။
တယောက်အနား တယောက်ကပ်
တယောက်ပါး တယောက်အပ်လို့
ခါးကြား ဓားဝှက်ထားတဲ့အပြုံးနဲ့
ပက်လက်လှန်ထွေးတဲ့ တံတွေးကို
အပြိုင်ပန်းကုံးစွပ်ဖို့ ကြိုးစားလား ကြိုးစားကြ။
ဖလန်းဖလန်းနဲ့
လမ်းမဆုံးခင်ရွာမတွေ့သေးပါဘဲ
တွေ့တဲ့ငါကို ခံတွင်းတွေ့၊ ငါကွ ငါ ဟေ့လို့ အလံထူ
ဖလံဖြူကို သိဒ္ဓိတင်ထားတဲ့ ကိုယ်ရောင်ကိုယ်ဝါမျိုးနဲ့
ဦးရာလူက တန်ခိုးထွားပြနေပုံများ
ဟားရမှာလား၊ ခါးရမှာလား ရန်ကုန်။  ။
         ပြည်သူတွေအနေနဲ့အခုအချိန်မှာ မဟားနိုင်တော့ပါဘူး။ ဒုက္ခတွေလည်ပင်းထိမနစ်အောင် ရုန်းကန် နေကြရပါပြီ။ ပီတိဆိုတဲ့အချိုအရသာတွေပျောက်ဆုံးကုန်ပါပြီ။ ခါးသီးတဲ့အရသာကို မမြိုချင်ပဲမြိုချပစ် လိုက်ရတဲ့အခြေအနေကိုရောက်နေပါပြီ။ ဒီအခြေအနေမှာ ရန်ကုန်မြို့တော်ကြီးအတွက် အရေးပေါ် အခြေ အနေကို ကြေညာရတော့မယ့်အနေအပထားကိုရောက်နေပါပြီ။ ဒီအခြေအနေကို ကဗျာဆရာ ဆောင်းဒီက ရန်ကုန်မြို့အရေးပေါ်အခြေအနေ ဆိုပြီး ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းထဲမှာ မြည်တွန်းလိုက်သံကိုနားထောင်ကြည့်ပါ။
ဆူသံဆဲသံ ကားဟွန်းသံတွေနဲ့
ရန်ကုန်မြို့ မြင်ကွင်းဟာ ခြေချစရာ မြေမလွတ်တော့
ဆေးလိပ်ငွေ့ မီးခိုးငွေ့ လူငွေ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ငွေ့တွေနဲ
ပလက်ဖောင်းတွေဟာ ကျပ်တည်းလာတယ်
တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေ မြို့ထဲဝင်လာပြီး
မြို့ထဲကလူတွေက တိရစ္ဆာန်ရုံထဲ ဝင်သွားကြတယ်
တဖြည်းဖြည်း လူတွေက မနုဿဝါဒကလွဲရင် ဝါဒအားလုံးကျင့်သုံးလာတယ်
အပြုံးမှာ အစွယ်တွေ ထွက်လာပြီး
အနမ်းတွေမှာ သွေးညှီနံ့တွေ ထောင်းထောင်းထလာတယ်
လမ်းက ကျယ်ပါတယ်၊ ဟိုဘက်နားကပ်ရပ်ဖို့တော့လိုပါတယ်
အချင်းချင်း ပခုံးစောင်းနဲ့ချည်း ဝင်ဝင်ဝှေ့နေတော့
တခဏတာ ပွင့်တဲ့ ဥယျာဉ်တွေ ခင်ဗျားမမြင်လိုက်ရဘူးပေါ့
ရိုးသားမှုခမျာ ကောက်ရိုးပုံမှာ အပ်ပျောက်သွားသလို
သပွတ်အူခြောက်ကို အူတိုင်လှည့်မိရဲ့လား
ကောက်ကျစ်မှုအစွဲတွေက၊ ရန်ကုန်မြို့ပြရဲ့အထင်ကရစားသောက်ကုန်တခုလို
ဝါယာကြိုးမျှင်ကတဆင့်၊ လက်ဖျံသွေးကတဆင့် လျှပ်စစ်ဓာတ်တွေစီးဆင်းနေကြ
ဒီနေ့ ကိုယ့်ကိုယ်တိုင်မယဉ်ကျေးခဲ့ဘဲ
“ကြေး”ဘယ်လိုပေါက်လဲလို့ ယဉ်ကျေးမှုအဆင့်အတန်းကို ဈေး လှမ်းလှမ်းမေးမိတယ်
ရန်ကုန်မြို့ဟာ အခုထိ ကျန်းမာရေးချူချာလို့ကောင်းတုန်း။
ကဲ ကျနော်တို့ရဲ့ပထမမြို့တော်ကြီးရန်ကုန်ကျန်းမာရေးချူချာနေသလို ရန်မကုန်နိုင်သေးတဲ့ရန်ကုန်က လူတွေက ပိုပြီးကျန်းမာရေး ချူချာနေပါပြီ။ ချူချာရုံတင်မကပါဘူး၊ သေအံ့ဆဲဆဲ လူနာတွေဖြစ်နေကြပါပြီ။ မြန်မာပြည်ကြီးအနေနဲ့ ပထမမြို့တော်ကြီးကိုအရေးပေါ် ဆေးရုံကိုတင်ရပါတော့မယ်ဆိုတာအသိပေးရင်း ပြတင်းတံခါးကိုပြန်ပိတ်လိုက်ပြီး တောင်းတိုင်း ဘယ်အခါမှမပြည့်တဲ့ဆုကို တောင်းနေမိပါတော့တယ်။
ကိုနိုင်း
သုံးသပ်မိသောကဗျာများ
၁။ မိုးကျော်သူ( ပထမမြို့တော်ရန်ကုန်)၊ THE PEOPLE’S DIGEST မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၇။
၂။ ကဗျာဆရာ ကျော်ဟုန်း ( အိုဘယ့် ရန်ကုန်)၊ မိုးမခအွန်လိုင်း၊ ဇွန်လ ၂၀၁၇။
၃။ မြေလတ်မောင်မြင့်သူ(ဒီကနေ့ ရန်ကုန်)၊ MyayLattMg ဖေ့ဘုတ်၊ ဇွန် ၂၀၁၇။
၎။ ဆောင်းဒီ(ရန်ကုန်မြို့အရေးပေါ်အခြေအနေ)၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဇွန်လ ၂၀၁၇။
-သူရိယနေဝန်းဂျာနယ်၊ Vol-1, No- 152 , June 17,2 017

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်