လှကျော်ဇော ● သူစီဒိုက် ထောင်ချောက်ကို ဘယ်လိုကျော်မလဲ

August 2, 2017

လှကျော်ဇော ● သူစီဒိုက် ထောင်ချောက်ကို ဘယ်လိုကျော်မလဲ
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇

ယခုတလော အမေရိကန်မှာရော တရုတ်ပြည်မှာပါ နိုင်ငံရေးဆွေးနွေးပွဲတွေ ပညာရှင်တွေရဲ့ လေ့လာသုံးသပ်မှု ဆောင်းပါး တွေ စကားဝိုင်းဆွေးနွေးပွဲများ ရုပ်မြင်သံကြားအစီအစဉ်က တွေ့ဆုံမေးမြန်းခန်းတွေမှာ အလွန်ရေပန်းစားပြီး မကြာခဏ ထည့်သွင်း ကိုးကားပြောဆိုနေတဲ့ စကားလုံးတလုံးရှိပါတယ်။ အဲဒါကတော Thucydides Trap တဲ့။

တိုက်ရိုက်အသံဖလှယ်ဘာသာပြန်ရင် ‘သူစီဒိုက် ထောင်ချောက်ပေါ့။ ဘီစီ ၅ ရာစုက အေသင်လူမျိုးများ အရှိန်အဟုန်နဲ့ ကြီး ထွားလာတော့ နဂိုရှိရင်းစွဲ သြဇာအာဏာကြီးမားနေတဲ့ စပါတာလူမျိုးများက စိုးရိမ်ကြောက်လန့်မှုနဲ့အတူအပြိုင်အ                       ဆိုင် အားပြိုင်ရင်းက စစ်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ဒီသမိုင်းတွေကို ရေးသားမှတ်တမ်းတင်ခဲ့တဲ့ ဂရိပညာရှင်ကြီး သူစီ ဒိုက်ကိုရည်စူးပြီး ဒီလိုမျိုးဖြစ်စဉ်ကို သူစီဒိုက်ဖြစ်စဉ်လို့ခေါ်ပြီး စစ်ပွဲအထိဖြစ်ပေါ်လာရမှုကိုတော့  သူစီဒိုက်ထောင်ချောက်လို့ အမေရိကန်ပညာရှင်များက ခေါ်ဝေါ်သတ်မှတ်ထားပါတယ်။ နှစ်ပေါင်း ၁၅၀ဝ အတွင်းမှာလည်း တည်ရှိဆဲ အင်အားကြီး နိုင်ငံနဲ့ အသစ်တက်လာတဲ့အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှု ၁၅ ကြိမ် ရှိရာမှာ ၁၁ ကြိမ်မှာ စစ်ပွဲများဖြစ်လာတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အနီးခေတ်သမိုင်းကိုပဲ ကြည့်ပါ။ ၁၉၁၄ ခုနဲ့ ၁၉၃၉ ခုနှစ်တွေမှာ အရှိန်သြဇာတက်လာတဲ့ ဂျာမနီက ရှိရင်းစွဲအင်အားကြီး အင်္ဂလန်ကို အာခံပြိုင်ဆိုင်ရာက ကမ္ဘာစစ်ကြီး (၂) ပွဲ ဖြစ်ခဲ့တဲ့ သာဓကများရှိပါတယ်။

ယခု ၂၁ ရာစုမှာတော့ ခေတ်သစ်အေသင် တရုတ်နဲ့ ခေတ်သစ်စပါတာ အမေရိကန်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။

ကမ္ဘာစစ်ကြီး (၂) ပွဲရဲ့ အနိဋ္ဌာရုံများကိုလည်းကောင်း။ ဒီနောက် ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသစစ်အမျိုးမျိုးရဲ့ အနိဋ္ဌာရုံများ ကိုလည်းကောင်း (အထူးတိုးတက်လာတဲ့ သတင်းနည်းပညာများကြောင့်) နေ့စဉ်နဲ့အမျှ တွေ့ကြုံယဉ်ပါးနေရတဲ့ ကမ္ဘာသူ ကမ္ဘာသား အားလုံးအနေနဲ့ စစ်ကိုမုန်းတီး ကြောက်ရွံ့ဆန့်ကျင်နေတဲ့စိတ်များ ဝင်ရောက်ကိန်းအောင်းနေပါတယ်။ ဒါကြောင့် ပဲ နိုင်ငံအသီးသီးက နိုင်ငံရေးသမားခေါင်းဆောင်များရော ပညာရှင်များပါ စစ်ပွဲကို ဘယ်လိုရှောင်ကြမလဲဆိုတာတွေကို အထူးဂရုပြု လေ့လာလာနေကြပါတယ်။

အထူးသဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးအဖြစ် နေရာယူလာနေတဲ့ တရုတ်နဲ့ ကမ္ဘာ့တဦးတည်းသော အင်အားကြီးနိုင်ငံ (စူပါပါဝါ) အမေရိကန်အကြား ပြိုင်ဆိုင်မှုများ ပွတ်တိုက်မှုများဟာ တချက်တချက် အလွန်အန္တရာယ်ကြီးတဲ့ ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနေတာကို တွေ့နေရပါတယ်။

ဥပမာအားဖြင့် ၂၀၁၃ နိုဝင်ဘာလ တရုတ်က လေကြောင်းကာကွယ်ရေးဇုန်  (ADIZ) ကြေညာအပြီး ….        (က) တရုတ်သင်္ဘောတစင်းနဲ့ အမေရိကန်သင်္ဘောတစင်း တို့တိုက်မိမတတ်ဖြစ်ခဲ့တဲ့ကိစဏ၊
(ခ) တရုတ်နဲ့ ဂျပန် (အမေရိကန်ရဲ့မဟာမိတ်) ကင်းလှည့်လေယာဉ်များ လေပြင်မှာ မကြာခဏ တိုက်မိမတတ် ဖြစ်ဖြစ် နေ တဲ့ကိစ္စများ၊

ဒါတွေကြောင့် အမှတ်မထင် အသေးအမွှားလေးကစလို့ ပြာသာဒ်မီးလောင်ပြီး ကမ္ဘာစစ်ထိမဖြစ်တောင် ဒေသစစ်ပွဲကြီး များ ဖြစ်လာမယ့် အန္တရာယ်များရှိနေပါတယ်။ ဒါ့အပြင် အခုအချိန်အခါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်က ကမ္ဘာမဟုတ်တော့ ပါဘူး။ ယခု အမေရိကန်မှာ ပိုင်ဆိုင်ထားတဲ့ အနုမြူလက်နက်ပေါင်းစုံရဲ့အစွမ်းဟာ ကမ္ဘာပေါ်ရှိလူသားအားလုံးကိုသာမက ကမ္ဘာကြီးကိုပါ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ တရုတ်အနေနဲ့ အမေရိကန်ရဲ့ စုစုအင်အားကို မယှဉ်နိုင်ပေမယ့် အမေရိ ကန်ရဲ့တိုက်ခိုက်မှုကိုတော့ ခုခံနိုင်တဲ့အင်အား အလုံအလောက်တော့ရှိနေပါတယ်။ ဒါ့ကြောင့် ဒီတခါ ကမ္ဘာစစ်ပွဲကြီးဖြစ် လာရင်တော့ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်မှ ဘယ်လူသားမှ မလွတ်နိုင်တော့ပါဘူး။

ဒါကြောင့် ဒီအန္တရာယ်က (အခုပြောပြောနေကြတဲ့ သူစီဒိုက်ထောင်ချောက်က) လွတ်အောင်ဘယ်လိုလုပ်ကြမလဲ။ ဒါဟာ အားလုံးအတွက် သေရေး ရှင်ရေးပြဿနာကြီး ဖြစ်လာနေပါတယ်။

ဒီကိစ္စကို နိုင်ငံအများအပြား (အထူးသဖြင့် အင်အားကြီးနိုင်ငံများ) ကြား အကြီးအကျယ် အလောတကြီး တိုင်ပင်ဆွေးနွေး လေ့လာနေကြပါတယ်။ ဒီလိုနဲ့ အလွန်ကောင်းမွန်တဲ့နည်းလမ်းကောင်းတွေ  လုပ်ဟန်ကောင်းတွေကို ရှာတွေ့လာကြပါတယ်။ (ဒီနေရာမှာ ဘုံသဘောထားတခုကတော့  ဘယ်သူမှအနုမြူစစ်ပွဲ မတိုက်ချင်ကြတာပါ။ သမရိုးကျစစ်ပွဲဆိုရင် ခေါင်းဆောင် တွေက မသေနိုင်ပါဘူး။ အနုမြူစစ်ပွဲ ကျဘယ်သူမှမလွတ်နိုင်ဘူး။ ဒါက အခရာကျပါတယ်။) အဲဒီနည်းလမ်းတွေကတော့ …

(၁) သေနင်္ဂဗျူဟာ မဟာမိတ်ဖွဲ့မှု (Stretegic Partnership) အစီအစဉ်ပါ။ သက်ဆိုင်ရာနိုင်ငံများက တာဝန်ရှိ အဆင့်မြင့်ခေါင်း ဆောင်များ မကြာခဏ တွေ့ဆုံပြီး အပြန်အလှန်အမြင်ချင်းဖလှယ်တာ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းတာ (မိမိတို့ (၂) နိုင်ငံ ကိစ္စများသာမက တကမ္ဘာလုံးဆိုင်ရာ ပြဿနာများကိုပါ စဉ်းစားတာ)။ အပြန်အလှန် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောဆို ကြပြီး အပြန်အလှန် ရှင်းလင်းကြတာ။ အပြန်အလှန် စီးပွားရေး ဘဏ္ဍာရေး ကုန်သွယ်ရေးများ ပူးပေါင်းလုပ်ဆောင်ကြတာ (ဒီနည်းနဲ့ နိုင်ငံအချင်းချင်းကြား စီးပွားရေးတွေ အပြန်အလှန် အမှီသဟဲပြုလာရပြီး ကမ္ဘာတဝန်း ဖြန့်ကျက်မှု (Globalization ပိုမိုနက်ရှိုင်းလာရတာ) အရေးပေါ် တယ်လီဖုန်းလိုင်းများ (hotline) ဖွင့်ထားတာ စတာတွေလုပ်ဆောင်ရင်း စကားများ များပြော များများထိတွေ့ ဆက်ဆံလုပ်ဆောင်နေကြရင်း အပြန်အလှန် သေနင်္ဂဗျူဟာယုံကြည်မှု (Stretegic Trust)ကို တည်ဆောက်ကြဖို့။

ဒီနေရာမှာ ဥပမာတခုပြောပြချင်ပါတယ်။

တရုတ်က ADIZ  ကြေညာလိုက်တဲ့အခါ အမေရိကန်ရော ဂျပန်ပါ ဒေါသတကြီး ထကန့်ကွက်တာကို တရုတ်က မခံမရပ် နိုင်ဖြစ်ပါတယ်။ အဲဒီ (၂) နိုင်ငံလုံးက သူတို့ရဲ့ ADIZ  ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကြေညာပြီးသားပါ။ ဒါကြောင့် သူတို့ကျမှကန့်ကွက်တာ မတရားဘူးလို့ ဆိုလာပါတယ်။ တရုတ်က စစ်ပွဲတွေရှောင်ချင်လို့လုပ်ရတာ။ ဒါ့အပြင် သူတို့ လတ် တလောရင်ဆိုင် နေရတဲ့ပြိုင်ဘက် ဂျပန်ဟာ အလစ်တိုက်ခိုက်တတ်တဲ့အကျင့်ရှိလို့ ဒါကို  ကြိုတင်ရှောင်နိုင်အောင်လုပ်ရတာလို့ ဆိုလာပါတယ်။

ဒါကို အမေရိကန်က အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ် တာဝန်ယူဖူးတဲ့ စတီဖင်ဟာဒီက ဒီလိုရှင်းပြပါတယ်။ အချိန်ကာလ မတူညီမှုကိုကြည့်ရမယ်လို့ ဆိုပါတယ်။ အမေရိကန်တို့ကြေညာချိန်ဟာ စစ်အတွင်းဖြစ်တယ်။ ပုလဲဆိပ်ကမ်း အဖြစ်အပျက်မျိုး ထပ်မဖြစ်ရေးအတွက် အလောတကြီးလုပ်ရတာ၊ အခုအချိန်က ငြိမ်းချမ်းရေးကာလဖြစ်တယ်။ ဖြည်းဖြည်း ဆေးဆေး ပြင်ပြင်ဆင်ဆင် လုပ်လို့ရတယ်။ မိမိရဲ့လုပ်ဆောင်ချက်များအပေါ် အမြင်ရှင်းအောင် အရင်ပြောပြတာ။ သဘော ထားတွေကို တီးခေါက်တာ တွေလုပ်သင့်တယ်။ ကြိုတင်သတိပေးချိန်ဟာ မိနစ် (၃၀) ပဲ ရှိတယ်။ ဒါလည်း မသင့်တော်ပါဘူး၊ အဲဒီဒေသမှာက နဂိုကတည်းက ဖြတ်သန်းသွားလာနေတဲ့ လေကြောင်းလိုင်းတွေ ရေကြောင်းလမ်းတွေ ရှိတယ်။ တခါကြေ ညာချက်မှာလည်း ခြိမ်းခြောက်တဲ့သဘောတွေ ပါနေတဲ့အတွက် ဒါကို လက်မခံနိုင်ကြတာပါလို့ ပြန်ရှင်းပြပါတယ်။

ဒီမှာတင် (၂) ဖက်စလုံး အပြန်အလှန် နားလည်သွားကြပြီး ယုံကြည်မှုကို တဆင့်တက် တည်ဆောက်လိုက်နိုင်ပါတယ်။ ဒါ ဟာ အပြန်အလှန် ဆွေးနွေးမှုကနေရလိုက်တဲ့ အကျိုးဆက်ကောင်းတရပ်ပါ၊

(၂) ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း၊ စစ်တပ်အချင်းချင်းအကြား ဆက်ဆံမှုများဟာ အရေးကြီးပါတယ်။ ဥပ မာတခု ကြည့်ရအောင်ပါ။

အမေရိကန်ဟာ ပစိဖိတ်ဂွင် (ခွင်) အတွင်း နိုင်ငံအတော်များများပါဝင်တဲ့ ရေတပ် စုပေါင်းလေ့ကျင့်မှုတွေ (RIMPAC) ကို နှစ်စဉ် ပြုလုပ်လေ့ရှိပါတယ်။ အရင်က လေ့ကျင့်ပွဲတွေမှာ တရုတ်ကိုမဖိတ်ဘဲ တရုတ်ပတ်လည်က နိုင်ငံများသာ ပါဝင်ခဲ့တာ ဖြစ်လို့ တရုတ်က ဒီပွဲတွေဟာ သူ့ကို ပစ်မှတ်ထားတာလို့ သံသယရှိခဲ့တာပါ၊ ဒီနှစ် (၂၀၁၄) မှာတော့ တရုတ်ကို ဖိတ် ကြားတဲ့အတွက် တရုတ်က တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ တရုတ်ရေတပ်က အစီအစဉ် (၇) ခုမှာ ပါဝင်ပြီး စစ်သင်္ဘော များ၊ ရေငုပ်သင်္ဘောများ၊ ဆေးကုသရေးသင်္ဘောများ စတာတွေနဲ့အတူ အရာရှိတပ်သား (၁၁၀ဝ) ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ပါဝင်တဲ့စစ်အင်အားဟာ အမေရိကန်ပြီးရင် ဒုတိယ အများဆုံးပါပဲ။

ရရှိချက်ကတော့  တရုတ်များဘက်က သံသယတွေပျောက်သွားပြီး တကယ် ရှေ့တန်းမှာရင်ဆိုင်ရမယ့် စစ်သားများ အချင်း ချင်းကြား ခင်မင်မှုတွေ ရင်းနှီးမှုတွေ ရရှိလိုက်တာပါပဲ။ စစ်ရေးလေ့ကျင့်ခန်းဆိုပေမယ့် တခြားပူးတွဲလှုပ်ရှားမှုတွေဖြစ်တဲ့ အားကစားပွဲတွေ မိတ်ဆုံစားပွဲတွေလည်း လုပ်ကြတာကိုး။ သူ့နိုင်ငံကိုယ့်နိုင်ငံက သင်္ဘောတွေပေါ်တက်ပြီး အပြန်အလှန် လည်ပတ်မှုတွေလည်းရှိတော့ ကိုယ်စီမှာရှိတဲ့ သေနင်္ဂဗျူဟာရည်မှန်းချက်များကိုလည်း မှန်းဆနိုင်ကြတော့ သံသယတွေ လည်း လျော့နည်းလာနိုင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ နည်းလမ်းတွေပါပဲ။

(၃) နိုင်ငံခေါင်းဆောင်များအနေနဲ့ခေါင်းအေးအေးထားပြီး ဘာကိစ္စမဆို ကြည့်မြင်ရာမှာ အမြင်ကျယ်ဖို့။ အမြင်ရှည်ဖို့ လိုပါတယ်။ နိုင်ငံအချင်းချင်းအကြား ဆက်ဆံရာမှာ မကြာခဏ ပွတ်တိုက်မှုတွေ ပဋိပက္ခတွေ ပေါ်နိုင်ပါတယ်။ တခုချင်းကိစ္စ ကို တခုချင်းပဲဖြေရှင်းပြီး တခုလုံးခြုံတဲ့ ဆက်ဆံရေးကိုမထိခိုက်ဖို့ လိုပါတယ်။ အထူးသဖြင့် အပြန်အလှန်ဆွေးနွေးပွဲ ယဉ် ကျေးမှု (Dialogue Culture) ရင့်ကျက်လာဖို့ လိုပါတယ်။ အခုခေတ်မှာ နိုင်ငံတကာဆွေးနွေးပွဲတွေ။ အုပ်စုလိုက်ဆွေးနွေး ပွဲတွေစသဖြင့် ပြဿနာအရပ်ရပ်ကိုဆွေးနွေးနိုင် ဖလှယ်နိုင်တဲ့ အဆောက်အအုံတွေအမျိုးမျိုးလည်း ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါတွေကို ကောင်းကောင်း အသုံးချတတ်ဖို့ ကြိုးစားလုပ်ဆောင်ရပါမယ်။

(၄) ကမ္ဘာ့ပြည်သူလူထုကြီးတရပ်လုံးရဲ့ နိုးကြားမှုနဲ့ အရေးပါလာမှုများကလည်း အစိုးရများအနေနဲ့ မိမိတို့လုပ်ချင်ရာတွေကို မလုပ်နိုင်တော့ဘဲ မိမိပြည်သူများရဲ့အသံကို တစုံတရာ နားထောင်လာကြရပါတယ်။

ဒါတွေကြောင့်ပဲ သူစီဒိုက်ထောင်ချောက်ကို ကျော်နင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။

လှကျော်ဇော
၂-၇-၂၀၁၄

ကိုးကား
(၁) 27-6-2014 China Daily-PLA participation in RIMPAC a milestone²
(၂) 1-7-2014CCTV Dialogue with Steven Hardy² အရေးတော်ပုံဂျာနယ်၊ အတွဲ (၂) အမှတ် (၂)။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်