မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၂)

August 3, 2017

မောင်မောင်စိုး ● ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၂)
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၁၇

● ရှောင်လွှဲ၍မရသည့်ပြဿနာ
အထူးသဖြင့် ၂ဝ၁၂ မှ စ၍ ဘင်္ဂါလီများကို လုံခြုံရေးအရ နယ်မြေကန့်သတ်၍ သွားလာခွင့်ပြုခြင်းနှင့် IDP စခန်းများတွင် ထားခြင်းသည် ၅ နှစ်ခန့်ရှိသွားပေပြီ။ ဤပြဿနာသည် ဖြေရှင်းရန်လိုအပ်သည့် ပြဿနာဆိုသည်မှာ ငြင်းပယ်ရန်မရှိပေ။ မည်သို့ဖြေရှင်းကြမည်နည်းဆိုသည်ကသာ အရေးကြီးပေသည်။ ထို့ပြင် လက်ရှိအနေအထားသည် ၅ နှစ်တိုင်ခဲ့ပြီဖြစ်ရာ ပို၍ လျင်မြန်စွာ ဖြေရှင်းရန်လိုအပ်နေသည်။ အချိန်ကြာမြင့်လေ ပို၍ဖြေရှင်းခက်ခဲသည့်အခြေအနေနှင့် ကြုံရမည်ဖြစ်သကဲ့သို့ အချိန်မရွေး ထပ်မံပေါက်ကွဲနိုင်သည်ဆိုသည်ကို သတိပြုကြရန် လိုအပ်ပါသည်။

ရခိုင်ပြည်နယ်ရှိ ပြဿနာကို ဖြေရှင်းရာတွင် အခြေခံဖြေရှင်းရမည့်ပြဿနာမှာ တရားဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှု ကို အရင်ဆုံးကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

● နိုင်ငံသားဖြစ်မှု
နိုင်ငံတနိုင်ငံ၏ နိုင်ငံသားဖြစ်မှု သည် အဆိုပါနိုင်ငံ၏တရားဥပဒေနှင့်အညီဖြစ်သည်။ ဤအချက်ကို ဒီမိုကရေစီနှင့်လူအခွင့် ရေး ရှေ့တန်းရောက်သည်ဆိုသော နိုင်ငံများရော အခြားနိုင်ငံများရော အတူတူဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံသားဖြစ်မှု အတွက် လိုအပ်သောအထောက်အထားပြသမှုနှင့် လိုအပ်သည့် အစစ်ဆေးခံမှု မဖြစ်မနေ လိုအပ်သည်။ လက်ရှိ မြန်မာပြည် တိုင်းရင်းသားများဖြစ်ကြသည့် ရခိုင်ဖြစ်စေ ကရင်ဖြစ်စေ ရှမ်းဖြစ်စေ ဖြစ်စေ ဗမာဖြစ်စေ နိုင်ငံသားသက်သေ ခံလက်မှတ်အတွက် လိုအပ်သည့်အထောက်အထားစာရွက်စာတမ်းများ အစစ်ဆေးခံရန် လိုအပ်ပေသည်။ မည်သူမဆိုလည်း အဆိုပါအထောက်အထားများကို တင်ပြလျှောက်ထားရသည်သာဖြစ်သည်။

ယခု ဘင်္ဂါလီပြဿနာကိုကြည့်လျင် နိုင်ငံသားစိစစ်မှု မလုပ်ဟူ၍ အစိုးရဖက်က ငြင်းပယ်ထားသည်မဟုတ်ပေ။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်စဉ်ကာလကထဲက ဘင်္ဂါလီများဖက်မှ ပူးပေါင်းဆောင်ရွက်ရန် အားနည်းခဲ့သည်။ ထို့ပြင် နိုင်ငံသား လျှောက်ထားမှုအား အစိုးရဖက်က လမ်းဖွင့်ပေးထားခဲ့သည်။ သို့သော် မြို့နယ်တိုင်း၌ လာရောက်လျှောက်ထားသူ နည်းပါး ခဲ့သည်။ အများစုကြီးက လာရောက်လျှောက်ထားခြင်း မပြုကြချေ။ ဤသို့ လျှောက်ထားခြင်းမပြုသည်မှာ ပြည့်စုံသော အထောက်အထားမရှိသူကအများစု ဖြစ်နေ၍ဖြစ်သည်ဟု သုံးသပ်ရသည်။ ယခုချိန်ထိ နိုင်ငံသားအဖြစ် အသိမှတ်ပြုနိုင်သူ ၂ဝဝဝ ခန့်သာရှိသေးသည်။

သို့သော် ဤသို့သောအခြေအနေတွင် UN အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများက အစိုးရ၏တရားဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားခွင့်ပြုထားခြင်းအား အလေးထားအသိမှတ်ပြုခြင်း အဆိုပါအချက်ဖက်မှ ရပ်ခံခြင်းမတွေ့ရပေ။ အဘယ် ကြောင့်ဤအချက်ကို တရားဥပဒေနှင့်အညီ ပြဿနာဖြေရှင်းနိုင်ရန် လိုအပ်ချက်အဖြစ် UN နှင့် နိုင်ငံတကာအဖွဲ့အစည်းများက အသိမှတ်ပြု တွန်းအားမပေးသနည်း။ မည်သည့်နိုင်ငံတွင်ရော အထောက်အထားမရှိသူများအား နိုင်ငံသားပေးသည်ကို တွေ့ဘူးပါသနည်း။

လက်ရှိအချိန်တွင် နိုင်ငံသားဖြစ်မှုအတွက် အထောက်အထားမရှိသော်လည်း မဖြစ်မနေ လိုအပ်ချက်အဖြစ်စဉ်းစားလျင် မည်သည့် အဆင့်အတန်းထား၍ မည်သို့ဖြေရှင်းမည် မည်သို့ထည့်သွင်းစဉ်းစားမည်နည်းဆိုသည်ကိုမှန်ကန်စွာ သုံးသပ်ရန် လိုသည်။ သို့သော်ထိုအခြေခံဖြေရှင်းမှုအတွက် ဦးစားပေးစဉ်းစားမှုကို ဘေးဖယ်ထားပြီး ရခိုင်ရှိ ဘင်္ဂါလီများသည် ဘေးအန္တ ရာယ် ကျရောက်နေသည်။ ထိုသူတို့အတွက် အကာကွယ်ပေးရန်လိုသည်။ ထိုသူတို့၏လုံခြုံမှုအတွက် စုံစမ်းစစ်ဆေးမှု ပြု လုပ်ရန်လိုသည်။ ထိုမျှသာမကထိုသူများအတွက် အန္တရာယ်ကင်းဇုံတခုသတ်မှတ်ပေးရန်လိုသည်ဟု ပြောဆိုချဉ်းကပ်ကာ ရခိုင်ရှိ ဘင်္ဂါလီပြဿနာကို ဒုတိယ ကိုဆိုဗိုကဲ့သို့ ကြည့်မြင်သုံးသပ်ဖြေရှင်းလာခြင်းမျိုးသည် မြေပြင်အခြေအနေမှန်များနှင့် ကင်းကွာသကဲ့သို့ ပြဿနာဖြေရှင်းပုံအား လမ်းလွှဲရန် ကြိုးစားအားထုတ်နေခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။ မည်သူတွေ အန္တရာယ်ရှိနေသနည်းဆိုသည်ကို ဘက်ပေါင်းစုံမှ သုံးသပ်ကြည့်ရန်လိုအပ်ပါသည်။

● အန္တရာယ်ကင်းဇုံ
အန္တရာယ်ကင်းဇုံ safety zone ဟူ၍ ပြောဆိုနေကြ၍ မည်သူတွေ အန္တရာယ်ကင်းရန် အမှန်တကယ်လိုအပ်နေသည်ကို မြေပြင်ပကတိလက်တွေ့အခြေအနေများအရ သုံးသပ်ကြည့်ကြရန်လိုသည်။ ဦးစွာအားဖြင့် ရခိုင်ရှိ ဘင်္ဂါလီ မွတ်စလင်ဘာ သာဝင်များ အများစုနေထိုင်သော မောင်တောခရိုင်၏ မြေပြင်ပကတိလက်တွေ့အခြေအနေကို သုံးသပ်ကြည့်ရန် လိုအပ် သ ည်။ ဤပြဿနာသည် ရှောင်လွှဲ၍မရသော ပြဿနာဖြစ်သည်မှန်သော်လည်း လမ်းလွှဲ၍ ဖြေရှင်းရမည့်ပြဿနာလည်း မ ဟုတ်ပေ။

● မောင်တောခရိုင်
မြန်မာပြည်၏ အနောက်ဖက်တံခါးဟုဆိုသော မောင်တောခရိုင်သည်ရခိုင်ပြည်နယ်၏အနောက်မြောက်ဖက်၌ တည်ရှိသည်။ မူလက မြို့နယ်အဆင့်သာရှိသောမောင်တောအား ယခုအခါ ခရိုင်အဆင့်အဖြစ် ပြောင်းလဲဖွဲ့ စည်းထားသည်။ မောင်တော ခရိုင်အတွင်း မောင်တောမြို့နယ်အပြင် ဘူးသီးတောင်မြို့နယ်နှင့် မောင်တော၏ အနောက်မြောက် ၃၈ မိုင်ခန့်အကွာ ဘင်္ဂ လားဒက်ရှ်နယ်အနီး တောင်ပြို လက်ဝဲမြို့နယ်ခွဲတို့ပါရှိသည်။ တောင်ပြို လက်ဝဲမြို့နယ်ခွဲသည် မောင်တောမြို့ နယ်ထဲမှ ထပ်မံခွဲထုတ်ခြင်းဖြစ်သည်။ မောင်တော၏ မြောက်ဖက် မိုင် ၃ဝ ကျော် ခန့်အကွာတွင် ခမောက်ဆိပ်နှင့် မောင်တော၏တောင် ဖက် မိုင် ၂ဝ ကျော်ခန့်အကွာရှိ မြင်းလွှတ်တို့အား မြို့သစ်များအဖြစ်တည်ဆောက်ရန် လျာထားထားပါသည်။

● မောင်တောမြို့နယ်
မောင်တောမြို့နယ်၏ အရှေ့ဖက်၌ မယူ (မေယု) တောင်တန်းရှိသည်။ မောင်တောဒေသအနောက်ဖက် အထက်ပိုင်းတွင် နတ်မြစ်သည် မြန်မာနှင့်ဘင်္ဂလားဒက်ရှ်အားပိုင်းခြားထားသည်။ အောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်ဖြစ်သည်။ မယူ တောင်တန်းမှ စီးဆင်းလာသည့် မောင်တောချောင်းကြိမ်ချောင်း ပြူးမချောင်း စသည့် ချောင်းပေါင်း ၂ဝ ကျော်သည် နတ်မြစ် နှင့်ဘင်္ဂလားပင်လယ်အော်တွင်းသို့စီးဝင်ရာ မယူတောင်တန်းနှင့် နတ်မြစ်အကြား နတ်မြစ်ဝှမ်းဟုဆိုရာမည့် ကျယ်ပြန့်၍ ပြန် ပြူးသောလွင်ပြင်သည် မောင်တောမြို့နယ်ဖြစ်ပေသည်။

ဘင်္ဂလားပင်လယ်အော်အတွင်းသို့ မယူမြစ်စီးဆင်းဝင်ရောက်ရာအလယ်သံကျော် (မောင်တော တောင်ဖက် ၁၂ မိုင်ခန့်အ ကွာ) အထက်ဖက်နတ်မြစ်နှင့် မယူတောင်တန်းကြားတွင် ပို၍ကျယ်ပြန့်သော နတ်မြစ်ဝှမ်းရှိပြီး အောက်ဘက် ဘင်္ဂလားပင် လယ်အော်နှင့် မယူတောင်တန်းအဆုံးသတ်ရာ အငူမော်ကြားတွင် မြေပြန့်သည် တဖြေဖြေးကျဉ်းမြောင်းသွားပေရာမောင်တောမြို့နယ်၏ မြောက်ပိုင်းတွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်နိုင်သောလယ်မြေများပြားပြီး တောင်ပိုင်းတွင်း တဖြည်းဖြည်း နဲ သွားသည်ဟုဆိုရမည်။

လက်ရှိ ခရိုင်ဖွဲ့စည်းပုံအရ အငူမော်မှ မြောက်ဖက် ၁၂ မိုင်ခန့်အကွာတွင်ရှိသည့် (မယူတောင်တန်းအနောက်ဖက်ခြမ်း) သဝန်ချောင်းအထိအား ရသေ့တောင်မြို့ နယ်အတွင်းတွင် ထည့်ထားရာ မောင်တောမြို့နယ် အနေဖြင့်သဝန်ချောင်းမှ မယူမြစ်စီးဝင်ရာအထိ ဘင်္ဂလာပင်လယ်အော်နှင့် ခန့်မှန်းချေ ၂၄ မိုင်ခန့် ထိစပ်နေပြီး နတ်မြစ်ကြောင်းနှင့် ဘင်္ဂလားပင်အော်သို့ စီးဝင်သည့်နေရာမှ မြောက်ဖက်တောင်ပြို လက်ဝဲအထိ မိုင် ၆ဝကျော်ထိစပ်နေ သည်ဟု ဆိုရမည်။

သို့ဖြစ်ရာ မောင်တောမြို့နယ်အတွင်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် လယ်ယာစိုက်ပျိုးလုပ်ကိုင်နိုင်ရန် နတ်မြစ်ဝှမ်းတွင်လယ်ဧကပေါင်း၇၃၆၆ဝ ခန့်ရှိနေပြီး ရေလုပ်ငန်းဖြင့် အသက်မွေးရန် နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်တို့နှင့် ထိစပ်မှု စုစုပေါင်း ၈၅ မိုင်ခန့်ရှိသည့် ရေပြင်ရှိနေသည်ဟုဆိုရပါမည်။ ဤရေပြင်သည် မူလသဘာဝစီးပွါးရေးအပြင် ယနေ့ ခေတ်သစ်တွင် ဘင်္ဂလားဒေ့ရှ် အိန္ဒိယနိုင်ငံတို့နှင့် မှောင်ခိုစီးပွါးကူးသန်းခြင်းအပါ ရေကြောင်းကူးသန်းရောင်းဝယ်ရေးအတွက်လည်း လွန်စွာအသုံးဝင်ပေ သည်။

● ဘူးသီးတောင်မြို့နယ်
မောင်တောခရိုင်အတွင်း နောက်တမြို့နယ်မှာ ဘူးသီးတောင်မြို့ နယ်ဖြစ်သည်။ ဘူးသီးတောင်မြို့ နယ်သည် အနောက်ဖက် မယူတောင်တန်း အရှေ့ဖက် စိုင်းတင်တောင်တန်းကြား မြောက်ဖက် ထိုတောင်တန်းနှစ်ခု ဆုံရာ မယူမြစ်အထက်ပိုင်း ကုလားပန်းဇင်းချောင်းနှင့်စိုင်းတင်ချောင်းရိုးတလျောက် ဆိုရလျင် မယူမြစ်ဝှမ်း အထက်ပိုင်းဖြစ်သည်။ မြို့ နယ်အထက်ပိုင်းတွင် တော တောင်ထူထပ်သော်လည်း မြို့ နယ်၏အောက်ဖက်ပိုင်းတွင် မြေပြန့်လွင်ပြင်များရှိသည်။

ဘူးသီတောင်မြို့ နယ်အတွင်း အဓိကမြို့နယ်၏ တောင်ဖက်ပိုင်း၌စိုက်ပျိုးနိုင်သော လယ်မြေဥယျာဉ်မြေ စုစုပေါင်း ဧက ၇၈ဝဝဝ ခန့်ရှိသည်။ မြောက်ပိုင်း စိုင်းတင်တောင်ကြောတလျောက် ထူထပ်သော ဝါးတောကြီးများရှိသည်။ ရေလုပ်ငန်းနှင့် ဆက်စပ်မွေးမြူ ရေးလုပ်ငန်းတို့အတွက် မယူမြစ်ကုလားပန်ဇင်းချောင်းနှင့် စိုင်းတင်ချောင်းတို့ရှိပါသည်။

● မောင်တောခရိုင် လူမှုစီးပွါးအခြေခံ
ရှည်ကြာလှသော သမိုင်းနှင့်မတူသော ချဉ်းကပ်မှုများအရ မောင်တောဒေသ ဖြစ်ထွန်းလာမှုနှင့်ပတ်သက်ပြီး ဤနေရာတွင် ဖေါ်ပြသုံးသပ်ခြင်း မပြုလိုသေးပါ။ လက်ရှိဖြစ်တည်နေသော ပကတိမြေပြင် အချက်အလက်များပေါ်၌သာ ဦးစားပေးသုံးသပ် သွားလိုပါသည်။

လက်ရှိမောင်တောမြို့ နယ်အတွင်း မြို့နယ်ခွဲ ၁ ခု မြို့သစ် ၂ မြို့နှင့် ကျေးရွာပေါင်း ၃၆၄ ရွာရှိသည်ဟု ဆိုပါသည်။ မောင် တောဒေသတွင်နေထိုင်ကြသည့် လူမျိုးများမှာ အငြင်းပွါးမှုမရှိဘဲ ဒေသခံတိုင်းရင်းသားအဖြစ် အသိမှတ်ပြု ခြင်းခံထားရသည့် ရခိုင်၊ ဒိုင်းနက်၊ မြိုတို့ အများစုနေထိုင်ကြပြီး ခမီး မရာမာကြီးနှင့်ကမန်တို့မှာ အနဲငယ်သာရှိသည်ဟု ဆိုသည်။ ထိုသူ တို့အားလုံးမှာ နိုင်ငံသားကဒ်ပိုင်ဆိုင်ခွင့်ရကြသူများ ဖြစ်သည်။ ထို့ပြင် မောင်တောဒေသတွင် ဟိန္ဒူအချို့နေထိုင်ကြပြီး နိုင်ငံ သားကဒ် ကိုင်ဆောင်ခွင့်ရကြသည်။ ထိုလူဦးရေမှာ ၂ဝ၁၆ ခု စက်တင်ဘာစာရင်းအရ ၃ဝဝဝဝ ခန့် ရှိသည်ဟု ဆိုပါသည်။

တကယ်တမ်းများပြားသည့်လူဦးရေမှာ ထိုနိုင်ငံသားကဒ်ကိုင်ဆောင်ခွင့်ရသည့် အငြင်းပွါးဖွယ်မရှိသည့် ဒေသခံတိုင်းရင်းသား များဖြစ်ကြသည့်ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက်တို့မဟုတ်ပေ။ ၎င်းတို့အား ရိုဟင်ဂျာဟူ၍ သတ်မှတ်ပေးရန် တောင်းဆိုနေသည့် ဘင်္ဂါလီ မွတ်စလင်များ ဖြစ်ကြသည်။ ထိုဘင်္ဂါလီများအား ၂ဝ၁ဝ မတိုင်မီ white card ထုတ်ပေးစဉ်ကာလက မောင်တော ဒေသတွင် သုံးသိန်းခန့်ထုတ်ပေးခဲ့ပြီး ယခုအချိန်တွင် ထပ်မံစာရင်းကောက်ယူမှုများအရ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအထိ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နယ် ခမောက်ဆိပ်မြို့သစ် မြင်းလွှတ်မြို့သစ်တို့၌ ဘင်္ဂါလီ လူဦးရေ ၄၉ဝဝဝဝ ခန့် ရှိသည်ဟု ဆိုသည်။ ဒေသခံအချို့ကတော့ ထို့ထက်ပိုနိုင်သည်ဟု ယုဆကြပါသည်။

လက်ရှိ မောင်တောမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၆၄ ရွာရှိသည့်အနက် ဘင်္ဂါလီသီးသန့်နေထိုင်သည့် ကျေးရွာ ၂၇၂ ရွာရှိပြီး တိုင်းရင်းသား (ရခိုင်/ မြို / ဒိုင်းနက်/သက်/ခမီ ) ကျေးရွာ ၈၅ ရွာသာရှိ၍ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရောနေသည့် ရွာ ၇ ရွာခန့်ရှိပါသည်။ ထို့ပြင် တိုင်းရင်းသားများနေထိုင်သည့် ရွာများအနက် အိမ်ခြေ ၁ဝဝ မှ ၂ဝဝ ခန့်ထိရှိသည့် ရွာ ၄ ရွာ ခန့်သာရှိပြီး အများစုမှာ အိမ်ခြေ ၂ဝ မှ ၄ဝ ခန့်သာရှိသည့် ရွာငယ်များဖြစ်ကြသည်။ ဘင်္ဂါလီရွာအများစုကတော့ အိမ်ခြေရာချီ ရှိကြပြီး အိမ်ခြေထောင် ဂဏန်းအထိရှိသည့် ရွာကြီးများလည်းမနည်းလှပေ။

လက်ရှိအချိန် မောင်တောမြို့ နယ်အတွင်း ရခိုင်တိုင်းရင်းသားကျေးရွာ၈၅ ရွာရှိနေသည်ဆိုခြင်းမှာလည်း ၂ဝဝဝ ပြည့်နှစ် ကာလပိုင်း နတလဝန်ကြီးဌာနမှ နတလကျေးရွာဟူ၍ ဝန်ကြီးဌာနပံ့ပိုးမှု ဖြင့်တည်ဆောက်ပေးသောကျေးရွာက ၂ဝ ကျော် ၃ဝ နီးပါးပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နေထိုင်ကြသော ရခိုင်မျိုးနွယ်စုဝင်များ ဘင်္ဂလီများနှင့် လူမျိုးရေးပဋိပက္ခဖြစ်ပွါးပြီး ရွာများမီးရှို့ခံရပြီးနောက် ထွက်ပြေးလာကြသူများအား ရခိုင်ပြည်နယ်အတွင်း လက်ခံ၍နေရာချပေးထားသော ရွာအချို့ လည်းပါဝင်သည်။

ထို့ပြင် လယ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ပြောရလျင် အများစုသည် ဘင်္ဂါ လီတို့၏လက်တွင်း၌ရှိသည်ဟု ဆိုနိုင်သည်။ မောင်တော၏မြောက်ဖက်ကြိမ်ချောင်းဆိုသည့်ရွာတွင် ဘင်္ဂါလီအိမ်ခြေ ၁ဝဝဝ ခန့်ရှိပြီး ရခိုင်တိုင်းရင်းသားအိမ်ခြေ ၄ဝ ခန့်ရှိသည်။ ထိုရခိုင်တိုင်းရင်းသားအိမ်ခြေ ၄ဝ ခန့်တွင်လယ်ပိုင်ဆိုင်သူ တဦးမှမရှိပေ။ ထို့အတူ ငါးခူရရွာအနီးရှိ အိမ်ခြေ ၉၆ အိမ်ခန့် ရှိသော လောင်ဒုံရွာတွင် လယ်ပိုင်ဆိုင်သူ အိမ်ထောင်စု ၂ စုသာရှိသည်။တအိမ်က ၂၅ ဧကပိုင်ဆိုင်၍ တအိမ်က ၁ဝ ဧကပိုင်ဆိုင်သည်။ ကျန် ၉၄ အိမ်ထောင်စုမှာ လယ်မြေပိုင်ဆိုင်ခြင်းမရှိပါ။ အလားတူ ၂ဝဝဝ ခုနှစ် ပတ်ဝန်းကျင်က တည် သော နတလရွာများမှာလည်း လယ်ဧက ပိုင်ဆိုင်မှု အလွန်နည်းသည်။ မောင်တောချောင်းတဖက်ကမ်း အောင်ဗလ ရခိုင် တိုင်းရင်းသားရွာ၌လယ်မြေပိုင်ဆိုင်သူတဦးမှ မရှိပါ။

သို့ဖြစ်ရာ မောင်တောမြို့ နယ်တွင်းရှိ လယ်ဧက ၇ဝဝဝဝ ကျော်၏ တစ်ရာခိုင်နှုန်းမျှလောက်သာ ရခိုင်တိုင်းရင်းသားတို့၏ လက်တွင်း၌ရှိမည်ဟု ခန့်မှန်းရသည်။ ထို့ပြင် မောင်တောမြို့နယ်အတွင်းရှိ နတ်မြစ်ကမ်းတလျောက်နှင့် ဘင်္ဂလားပင်လယ် အော်ကမ်းခြေတလျောက်တွင်လည်း ကိုးတန်ကောက် အလယ်သံကျော်စသည့် ဘင်္ဂါလီရွာကြီးများသာရှိပြီး ရေလုပ်ငန်းနှင့် ပတ်သက်၍လည်း ဘင်္ဂါလီတို့က စိုးမိုးထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မောင်တောမြို့နယ်အတွင်းရှိ ရခိုင်တိုင်းရင်း သားအများစု ကျပမ်းလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုနေကြပါသည်။

ဘူးသီးတောင်မြို့နယ်အတွင်း၌ ၂ဝ၁၆ ဒီဇင်ဘာလစာရင်းအရ ရခိုင်တိုင်းရင်းသား ၄၅ဝဝဝ ခန့်ရှိပြီး ဘင်္ဂါလီလူဦးရေ ၂၅ ဝဝဝဝ ကျော်ရှိသည်။ ရခိုင်တိုင်းရင်းသားကျေးရွာ ၁၅၉ ရွာ ဘင်္ဂါလီကျေးရွာ ၁၇၅ ရွာနှင့် ရောနှောနေသည့်ကျေးရွာ ၅ ရွာရှိသည်။ လယ်မြေပိုင်ဆိုင်မှုအရ ရခိုင်တိုင်းရင်းသားအိမ်ထောင်စု ၄၉၄ဝ ပိုင်ဆိုင်သည့်လယ်မြေ ၂ဝ၉၁၃ ဧကရှိပြီး ဘင်္ဂါ လီအိမ်ထောင်စု ၂၁၄၃၃ ပိုင်ဆိုင်သည် လယ်မြေ ၅၇၁၉၂ ဧကရှိသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ မောင်တောမြို့ နယ် ထက်စာလျင် ဘူးသီးတောင်မြို့နယ်အတွင်း၌တိုင်းရင်းသားတို့၏လက်ထဲတွင် လယ်မြေအတန်အသင့်ရှိသေးသည်ဟု ဆို နိုင်ပါသည်။

ထို့ကြောင့် မောင်တောခရိုင်တခုလုံးတွင်ချုပ်၍ဆိုရလျင် ….
ရခိုင် ၄၄၅၆၉ ဦး
ခမီး ၇၅၇၂ ဦး
ဒိုင်းနက် ၈၄၈၇ ဦး
မြို ၈၂၁၃ ဦး
သက် ၂ဝ၁ဝ ဦး
မရမာ ၃၃၃ ဦး
ဗမာ ၂၄၆၄ ဦး
ကရင် ၂ဝ ဦး
ချင်း ၁၄၁ ဦး
ဟိန္ဒူ ၅၁၇ဝ ဦး
အခြား ၂၇၆ ဦး

ဘင်္ဂါလီမွတ်စလင် ၇၅၅၃၇၁ ဦး ရှိသည်ကို တွေ့ရသည်။ ခရိုင်တခုလုံးအရဆိုလျင် ရခိုင်တိုင်းရင်းသားလူဦးရေထက် ဘင်္ဂါ လီလူဦးရေက ဆယ်ဆခန့်များသည်ကိုတွေ့ရပါသည်။

သို့ဖြစ်ရာ မောင်တောခရိုင်အတွင်း လယ်ယာမြေအများစုကို ဘင်္ဂါလီတို့က ပိုင်ဆိုင်လုပ်ကိုင်နေသကဲ့သို့ ရေလုပ်ငန်းနှင့်ပတ် သက်သည့် အချက်အခြာကျသည့် နေရာများကိုလည်း ဘင်္ဂါလီတို့၏ ထိမ်းချုပ်၍လုပ်ကိုင်နေသည်ကို တွေ့ရပါသည်။

သို့ဖြစ်ရာ လူဦးရေနှင့် လယ်မြေပိုင်ဆိုင်မှုအချိုးအစား အတန်အသင့်ရှိသော ဘူးသီးတောင်ထက် မောင်တောမြို့နယ်တွင် ဘင်္ဂါလီတို့၏ လွှမ်းမိုးမှုကိုပိုတွေ့ရသည်။ မောင်တောမြို့ ဈေးကြီး ရခိုင်တိုင်းရင်းသားအထည်ဆိုင် ၃ ဆိုင်ခန့်သာရှိသည်။ မောင်တောမြို့နယ် ကြိမ်ချောင်းဈေးတွင် ရခိုင်တိုင်းရင်းသားဈေးသည်တယောက်မှ မရှိပါ။

ဘာသာရေးအရဆိုလျင်လည်း မောင်တောခရိုင်အတွင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၂၂၂ ကျောင်း ရဟန်းအပါး ၃၃ဝ သာမဏေ ၁၅၅ ပါးသီလရှင် ၁၇ ပါးရှိသည်။ မွတ်စလင် မော်လဝီဆရာ ၁၃၁၈ ယောက် ဗလီ၁၃၂ဝ အာရဗီကျောင်း ၁၁၅၈ ကျောင်း ရှိသည်။ ဟိန္ဒူဘုရားကျောင်း ၁၇ ကျောင်း ခရစ်ယန်ဘုရာကျောင်း ၇ ကျောင်းရှိသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဧရာဝတီမြန်မာပိုင်း၌ ဇူလိုင် ၁၈၊ ၂၀၁၇ ရက်နေ့က ဖေါ်ပြပြီးဖြစ်သည်။)

 

Photo : Christophe Archambault / AFP / Getty Images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်