မင်းဘုန်းနိုင် ● အနက်ရောင်တွေနဲ့အတူ အနှုတ် ၁ ဒီဂရီ

August 5, 2017

● အနက်ရောင်တွေနဲ့အတူ အနှုတ် ၁ ဒီဂရီ
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၇

Bleak ကို Unhappy/chearless/ miserable လို့ အဓိပ္ပါယ်ဖွင့်လို့ရပါလိမ့်မယ်။
စာလုံးတွေဟာ နက်နဲနေပါတယ်။ နက်နက်နဲနဲ မွန်းကြပ်ဖို့ ကောင်းပါတယ်။

-၁-
ကျနော်က လူမနီးသူမနီးတဲ့ တောင်စောင်းတခုမှာ နေထိုင်နေပါတယ်။ ဗဟိုချက်မက ဘာလဲလို့မေးရင် ဒီဇင်ဘာအချမ်း အခဲကြီးနဲ့ ညပေါ့လို့ ပြန်ဖြေမိမှာပါ။
ကျနော် ဒီဇင်ဘာ အခဲလိုက်ကြီးနဲ့ထိ သိနေတဲ့အချိန်ပေါ့။

မြန်မာပြည်မြောက်ဖျားဟာ အအေးဓာတ်ကို လူးလဲပြီး ခံရတယ်။ အနှုတ် ၁ ဒီဂရီ က ကျနော့်လို ၂၈ ဒီဂရီလောက်ရှိတဲ့ အပူပိုင်းကကောင်အတွက် အလူးအလဲပေါ့။ ခန်းစီးစတွေက ပြာလဲ့လဲ့ အဆင်းရှိတယ်။
မီးရောင်အဖြူနဲ့ နှင်းမိုးတွေဟာ သွပ်မိုးကို တဗြန်းဗြန်း ရိုက်နေတယ်။

ကျနော်အခန်းမှာ တီဗီတလုံးရယ် ချန်နယ်ခြောက်ခု လောက်ပဲကြည့်ရတဲ့ စကိုင်းနက် တလုံးရယ်၊ ခုတင်ရယ်၊ စာကြည့်မီး အိမ်လေးရယ်၊ လက်ပ်တော့ တလုံးရယ်မီးအိမ်က အလင်းရောင်ဟာ စာလုံးတွေပေါ် ဖြာကျနေတယ်။ ကျနော်က စာလုံးတွေ ကို မမြင်ဘူး အလင်းပြန်ခြင်းနိယာမကိုသင်ယူခဲ့ဖူးသလားစဉ်းစား နေသေးတယ်။

ကျနော်စာအုပ်ကိုကြည့်နေပေမယ့် စာအုပ်က ကျနော်ကို မကြည့်ဘူး။
ဆိုလိုတာက စာအုပ်ထဲကအကြောင်းခြင်းရာတွေကို ကျနော်မမှတ်မိဘူးဗျ။
စိတ်ထဲမှာ ရူပဗေဒ ဖော်မြူလာတွေကို သိသလိုလို ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို မြင်နေသလိုလိုဖြစ်နေတယ်။

ကျနော် တဒင်္ဂလေးမှာပဲ ငါရူးနေသလားလို့ တွေးမိသေးတယ်။ တုန်လှုပ်မိသွားသလိုပဲဗျ။ ပတ်ဝန်းကျင်က ရှိမှုတရား တွေကို ခဏမေ့ပြီး တယောက်တည်း လမ်းလျှောက် နေရသလိုမျိုးလေ။

-၂-
ဒီအကြောင်းတွေကို နောက်နေ့ကျမှ လူမှုကွန်ယက်က သူငယ်ချင်းတွေဆီကို မေးတော့မယ်လို့ တွေးပြီး စာကို ပေကပ်ဖတ် နေခဲ့တယ်။

ညဟာ ထင်ထားတာတက်ပိုပြီး စီးစီးပိုင်ပိုင် ချမ်းနေတယ်။
ကျနော်ဖတ်နေတဲ့စာအုပ်က တစ္ဆေဝတ္ထုမဟုတ်ဘဲနဲ့ ကျနော် ကြောက်နေတယ်။
နောက်ရက်မှာ ကျနော် ဒီအကြောင်းတွေကို ပြန်ပြောဖြစ်ရင် မင်းဘာစာအုပ်ဖတ်နေတာလဲလို့ မေးခံရမှာ သေချာတယ်။

ခက်တာဘာမှန်းမသိတဲ့စာအုပ်ကို ဖတ်နေတာပဲ။ စာအုပ်ထဲက စာလုံးတွေကို ပြန်မပြောတတ်ဘူး။ ကျနော်အလိုလို ကြောက်ရွံ့လာတယ်။ ဘာကိုကြောက်ရွံ့နေတာလဲ။

-၃-
ကျနော်မပျော်ရွှင်ပါဘူး။ ကျနော့်ဘေးက လက်ပ်တော့လေးလည်း ပျော်ရွှင်မယ်မထင်ဘူး။
အဲ့ဒီလက်ပ်တော့ဟာ Dell အမျိုးအစား။ သီချင်းအပုဒ်ပေါင်း လေးသောင်းခွဲလောက်ပါတဲ့ လက်ပ်တော့လေး။
အနှုတ် ၁ ဒီဂရီနဲ့ညဟာ သီချင်းတွေကို မနွေးထွေး စေတာသေချာပါတယ်။
ကျနော် ဂစ်တာတီးတတ်လားမသိဘူးဗျ။
ကဗျာရောရေးတတ်လားမပြောတတ်ဘူး။
ကြောက်ရွံ့စိတ်တွေဟာ နှလုံးကလာသလား ဦးနှောက်က လာသလားဆိုတာ ကျနော်သိပ်သိချင်မိတယ်။
နှလုံးသွေးတွေ ပြာနှမ်းနေတာ ။
ဦးနှောက်ထဲ သွေးကြော ဂျပ်ပင်တွေ လိမ်ရှုပ်နေတာ။ စသည့်ဖြင့်ပေါ့လေ။
ဒါပေမဲ့ ကျနော့်ရှေ့ကို ခပ်မဲမဲအရာဝတ္ထုကြီးကျလားမလား အသံဗလံတွေကြားရမလား စတာတွေကိုတော့ ကျနော်ကြောက် တာ မဟုတ်ဘူး။
အဲဒီလိုတွေးနေတုန်း  အမျိုးသမီးကြီး တယောက်ရဲ့ ရယ်သံခပ်လွင်လွင် ကြားရတယ်။
အခန်းဝကို ကျနော်အပြေးထွက်လာမိတယ်။
ကျနော်ကြားရတဲ့အသံက ရယ်သံမဟုတ်ဘူး။ ခပ်တည်တည်နဲ့မိန့်ခွန်းခြွေနေတဲ့ အသံမျိုးဖြစ်သွားတယ်။

လောကကြီးမှာ တစ်ချိန်ချိန်ကပြောခဲ့ဖူးတဲ့အသံဗလံတွေကို ကျွန်တော်လက်ရှိရောက်နေတဲ့
အနုတ် ၁ ဒီဂရီနဲ့ ညမှာ ပြန်ကြားနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။
သိပ္ပံပညာရှင်အချို့လည်း ယုံကြည်ကြောင်း ကြားဖူးနေတာပဲ။
အခုအမျိုးသမီးရဲ့ရယ်သံ ခပ်လွင်လွင်နဲ့ တည်တည်ကြည်ကြည် အသံတွေက ဘယ်ရာစုလောက်က ဖြစ်မလဲတွေးမိပါ သေးတယ်။
ပြီးတော့တစ်ယောက်တည်း အော်ရယ်ချင်လာတယ် ၁၂ ရာစုက အမျိုးသမီးရဲ့အသံကို ကြားနေတဲ့အဖြစ်ကို ရယ်ချင်လို့ပါ။

တခါတခါ ရယ်သံတွေဟာ ကွဲရှရှ နိုင်တတ်တယ်။
မပျော်ရွှင်ဘဲ ရယ်ရတာမျိုး တကယ့်လောကမှာ ရှိသလား။

-၄-
အမျိုးသမီးရဲ့အသံကို K လို့ ကျနော်ပေးလိုက်မိတယ်။
ကျနော့်ရယ်သံက K မဟုတ်တဲ့ တခြားအက္ခရာပေါ့။ မြန်မာအက္ခရာလည်းဖြစ်နိုင်တာပဲ။
အနုတ် ၁ ဒီဂရီညရဲ့အခန်းမှာ K အသံရယ် K မဟုတ်တဲ့ တခြားအသံရယ် ရှိတယ်လို့ ကျနော်မှတ်သား ထားလိုက်မိတယ်။

‘တယောတလက်အသံကို ကြားရတယ်ကွ ‘
K အသံက ကျနော့်ကိုလှမ်းပြောပါတယ်။
‘တယောမဟုတ်ဘူး ဓားသံတွေ’ လို့ ကျနော် ပြန်ပြောမိတယ်။

နှစ်ပေါင်းများစွာက တယောသံတွေဟာ အချိန်တွေကြာလာတော့ ဓားသံတွေ အဖြစ်ပြောင်း သွားတတ်သလား။
တယောက်တည်းတွေးမိပါတယ်။

၁၂ ရာစုလောက်က အမျိုးသမီးကြီးရဲ့ အသံ K  ကြားလိုက်တာ တယောသံ။ ကျနော်ကြားမိတာ ဓားသံ။
K ကို ကျနော်မေးမိတယ်။
‘ဒီအသံခင်ဗျားကြားတဲ့ အသံက Canon in D လား’လို့
K ကဘာမှပြန်မဖြေဘူး။ Canon ကိုလည်းသိပုံမပေါ်ဘူး။
ကျနော်နောက်ထပ်စဉ်းစားမိတာ သူ့ကို မဒမ်လို့ခေါ်ရမလား အန်တီလို့ ခေါ်ရမလား ဒေါ်လေးလို့ခေါ်ရမလားဆိုတာကိုပါ။
ကျနော်က K ဟာ မိန်းမကြီးတယောက်ရဲ့အသံလို့ပဲသိတာ။ အသက်အပိုင်းအခြားတို့ လူမျိုတို့သိတာမှ မဟုတ်တာ။

နာရီဟာ ကိုးနာရီ အတိကိုပြနေပါတယ်။
နှင်းတွေက တဗြန်းဗြန်းးရိုက်ခက်တုန်းပါ။ ကြောက်တဲ့ စိတ်တွေဟာ K ပျောက်သွားတဲ့ အချိန်မှာ ထိန်းမနိုင်သိမ်းမရပါပဲ။

-၅-
အနှုတ် (၁) ဒီဂရီညရဲ့ ကိုးနာရီ ဆယ့်ငါးမိနစ်အထိ ကျနော်ကြောက်ရွံတုန်းပဲ
ကြောက်တဲ့အခါ အနားမှာရှိတဲ့ပစ္စည်းတွေကို အော်ဆဲလေ့ရှိပါတယ်။
အရင်ကတော့ အကောင်တွေပေါ့။ အဖော်ရလိုရငြား ဘေးမှာ အကောင်ရှိမလားကြည့်တော့ ဘာမှမတွေ့ဘူး။
ယုတ်စွအဆုံး ခြင်တကောင်တလေရဲ့ ဝီဝီဝီ အသံတောင် မကြားမိပါဘူး။
လူအများစုက သုတ္တန်တွေရွတ်ကြတယ်။ ဘုရားတတယ်။ ကျနော့်ကြောက်စိတ်ကတော့ ဆဲမှ ပျောက်တယ်။
ဒါနဲ့ဘေးမှာရှိတဲ့ပြာခွက်ကအစ လက်ပ်တော့အဆုံး ဆဲမိတယ်။
အံ့သြစရာပဲ။
ဘာမှလျော့မသွားဘူး။ နဂိုကြောက်စိတ်တွေပြန်ရှင်သန်တုန်းပါ။

-၆-
စိတ်ပြေလက်ပျောက် တီဗီကြည့်ဖို့ကြိုးစားပါတယ်။
ရုပ်လိုင်းတွေကိုမမြင်ရဘူး။ အသံတွေပဲကြားနေရတယ်။
အသံတွေ။ ဘာဘာသာစကားနဲ့ပြောနေလဲ ကျနော်မသိရဘူး။ ဒါပေမဲ့ ဒါဟာ ကျနော့်ကို ပိုမို အေးစက်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒါကြောင့် တီဗီအသာပိတ်ပြီး တခုခုကို ထိုင်တွေးဖို့လုပ်ရတယ်။ လက်ထဲက ခြူးနဂါးဆေးလိပ် ဟာ မီးတသေသေနဲ့။ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကဖတ်ဖြစ်တဲ့ စာအုပ်ကိုဆက်ဖတ်ဖို့ လုပ်ရမလား။
ခက်တာ စာအုပ်ထဲက စာသားတွေကိုမသိတာ။ ကြားနေရတဲ့အသံတွေကို ခွဲခြားမရနေတာ။

ကျနော် ပျောက်ကွယ်သွားမလား။ ဒါမှမဟုတ် သေဆုံးသွားတာလား။
ဒါတွေက သရုပ်မှန်ပြကွက်တွေ။ ကျနော်သေရင် ဘာဖြစ်မလဲမသိပါဘူး။
အနှုတ်တစ်ဒီဂရီညမှာ မသေသေးတာသေချာပါတယ်။
သေကာနီးလည်းမဟုတ်ဘူးလို့ သိနေပါတယ်။
အချမ်းဓာတ်တွေကို ကျနော်ခံစားမိနေတာပဲ။
ကြောက်ရွံ့စိတ်ကလွဲရင် အမြင်အာရုံနဲ့အကြားအာရုံမှာ ရှောခ့်ဖြစ်နေတာပဲလို့သုံးသပ်မိပြီး ကျနော်ကြိုးစား အိပ်ပါတော့ တယ်။

-၇-
တကယ်က အဲ့ဒီညကို ဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုတာ ကျနော်မမှတ်မိတော့ပါဘူး။
သေပြီးရင် ဘာဖြစ်မလဲမသိသလိုပေါ့။
အိပ်ပျော်လားမပျော်လားတောင်မသေချာပါဘူး။
မနက်လင်းတော့ အခန်းထဲက ကုတင်ပေါ်မှာ ပုံမှန်အိပ်ရာ ကနိုးလာတယ်။

အပူချိန်က ၈ဒီဂရီ ကျော်နေပြီလို့  နံရံကသာမိုမီတာက ပြနေပါတယ်။ K အသံလည်းမရှိသလို ဘာမှမရှိပါဘူး။
ပိုးဟပ်တစ်ကောင်တလေတောင်မတွေ့မိပါဘူး။
ဆေးပေါ့လိပ်ပြာတွေကတော့ ဆေးလိပ်ပြာခွက်ထဲမှာ ပုံမှန်ပါပဲ။ ကျွန်တော်ညက ဖတ်ခဲ့မိတဲ့စာအုပ်က အဘိဓါန်စာအုပ်ပါ။ Bleak ဆိုတာကို ကျွန်တော် ဖတ်နေတယ်ထင်ပါရဲ့။

ရယ်သံခြောက်ကပ်ကပ်နဲ့ ညတစ်ညကို ရရှိဖူးပြီး ကျွန်တော်တွေးနေတာ အသံတွေ ကျွန်တော်တို့ပြောခဲ့ဖူးတဲ့ အသံတွေ တချိန်ချိန်ပြန်ကြားရလေဦးမလားလို့ပါ။

မင်းဘုန်းနိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments