မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၃)

August 6, 2017

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၃)
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၇

 

● လက်တွေ့မြေပြင်အခြေအနေ
ထို့ပြင် နိုင်ငံသားကဒ်မရှိ၍ ခရီးသွားခွင့် ကန့်သတ်ခံထားရသော ဘင်္ဂါလီများသည် မြန်မာပြည်တွင်း နယ်ကျော်ခွင့်မရှိသော် လည်း နတ်မြစ်ရိုးတလျောက် နယ်စပ်ကို လက်ချင်းယှက်မပိတ်နိုင်သည့်အလျောက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဖြတ်သန်း သွားလာကြသည်။ ထိုထက်မက ဘင်္ဂလားပင်လယ်အော်ကမ်းခြေရှိ အလယ်သံကျော်အစရှိသည့် ဘင်္ဂါလီရွာများမှ ဘင်္ဂလား ဒေ့ရှ်သို့ စက်လှေအသွားအလာပုံမှန်ရှိသည်ဟု ဒေသခံများကဆိုပါသည်။ ဤသို့သောအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နှင့်တိုက်ရိုက်ကုန်သွယ်မှု ပြုနိုင်ကြသည်။ထို့ပြင် ရန်ကုန်ရှိ ဘူးသီးတောင် မောင်တောအဆက်အနွယ် ဘင်္ဂါလီများနှင့် ချိတ်ဆက်၍ ကုန်သွယ်မှု ပြု လုပ်ကြသည်ကို တွေ့ရသည်။ ခရီးသွားလာခွင့်ရှိသည့် နိုင်ငံသားရခိုင်တိုင်းရင်းသားများ၏လက်ဝေခံအဖြစ် မှီခိုနေရသည် မဟုတ်သကဲ့သို့ ကုန်ရောင်းကုန်ဝယ်တွင်လည်း ရခိုင်များ၏ လက်ဝေခံအဆင့်တွင် မရှိပါ။

ထို့ပြင် အစိုးရအုပ်ချုပ်ရေးပိုင်းက ပြဿနာဖြစ်ပွါးမည်ကို ရှောင်ရှားသည့်အနေဖြင့် အုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်းအတိုင်း ဘင်္ဂါလီရွာများကို ထိထိရောက်ကိုင်တွယ်ခြင်းမရှိပေ။ သို့ဖြစ်ရာ ခွင့်ပြုချက်မရသော်လည်း ဗလီများဆောက်နေသည် သာ ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းက မှတ်တမ်းတင်နိုင်သည်မှာ တရားမဝင်ဗလီဟူ၍သာဖြစ်သည်။ မောင်တောခရိုင်အတွင်းရှိ ဗလီအလုံးတထောင်ကျော်မှာ အစိုးရမှတ်တမ်းအရ တရားမဝင်ဗလီများ ဖြစ်ကြသည်။

မောင်တောခရိုင်အတွင်း နေရာအတော်များများရှိဘင်္ဂါလီရွာများ၌ အိမ်များတိုးချဲ့ဆောက်နေသည်ကို တွေ့ရသည်။ အိမ် အတော်များများသည် လယ်မြေအတွင်း ဝင်ရောက်ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ ရွာမြေမဟုတ်သည့် နေရာ သစ်များတွင် ဘင်္ဂါလီအိမ်များတိုးချဲ့ ဆောက်လုပ်လျက်ရှိသည်ကို တွေ့ရသည်။ သို့သော် အုပ်ချုပ်ရေးပိုင်းက ကိုင်တွယ်အရေးယူနိုင်ခြင်းမရှိပေ။ နောက်နှစ်အချို့ကြာလျင် ဘင်္ဂါလီရွာသစ်များဖြစ်လာနိုင်သည်။

ထို့ပြင် နိုင်ငံသားကဒ်မရှိ၍ သွားလာခွင့်ပိတ်ပင်ခံထားရသော ဘင်္ဂါလီများအား ဒုက္ခသည်အဖြစ်သတ်မှတ်၍၎င်း ဆင်းရဲမွဲတေ မှု ခေါင်းစဉ်ဖြင့်၎င်း UN နှင့် INGO များက အကူအညီအထောက်အပံ့များပေးအပ်သည်။ မောင်တောခရိုင်အတွင်း UN နှင့် INGO ရုံး ၁၅ ရုံးရှိသည်။ ထိုရုံးအားလုံးသည်ဘင်္ဂါလီများသာကူညီသည့် ရုံးများဖြစ်သည်။ တကယ်တော့ မောင်တော ခရိုင်အတွင် ဘင်္ဂါလီ IDP စခန်းတခုမှ မရှိပေ။ သို့သော်လည်း အဆိုပါ မောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီများအား ရိက္ခာ ဆေးဝါးအပြင် ပညာရေး ကျန်းမာရေး စိုက်ပျိုးရေးကဏ္ဏများနှင့်ပတ်သက်သည့်အကူ့ညီများ ကျေးရွာချင်းဆက်လမ်းဖေါက်လုပ်ခြင်းများ စသည့် အကူအညီများ ပေးကမ်းလျက်ရှိသည်။ ထို UN နှင့် INGO များ၏ ကူညီသည့်ပမာဏကို မသိရ သော်လည်း ဒေါ်လာသန်းအချို့ရှိမည်ဟု ခန့်မှန်းရပါသည်။

သို့သော် ရခိုင်တိုင်းရင်းသားများကား UN နှင့် INGO များ၏ အကူအအညီများမရကြဟုဆိုပါသည်။ ၂ဝ၁၂ အရေးအခင်း ကာလက မောင်တောခရိုင်အတွင်း မီးရှို့ဖျက်ဆီးခံရသည်မှာ ရခိုင်တိုင်းရင်းသားရွာများနှင့် ဘုန်းကြီးကျောင်းများဖြစ်သည်။ မောင်တောအနီးရှိ ဝေသာလီ၊ ရွှေရင်အေးဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ ရွှေဗဟို၊ သရေကုန်းပေါ်၊ ကိုင်းကြီးမောရဝတီ၊ ဥဒေါင်း စသည့် ရွာ ၁ဝ ရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ သို့သော်ထိုရွာများသို့ UN နှင့် INGO များ၏ အကူအညီအနည်းငယ် သာရခဲ့ပြီး အဓိကအစိုးရအုပ်ချုပ်ရေးပိုင်းကသာ ကူညီပေးခဲ့သည်။ ၂ဝ၁၂ ခုနှစ် အရေးအခင်းအတွင်း အဖျက်ဆီးခံရသော ဘင်္ဂါလီရွာမရှိပါ။

မောင်တောဒေသတွင်း တကယ်တမ်းတိုက်ခိုက်ဖျက်ဆီးခံရသူများလည်းဖြစ် လူနည်းစုလည်း ဖြစ်နေသော ရခိုင်တိုင်းရင်း သားများသည် လက်တွေ့စီးပွါးရေးဘဝတွင်လည်း အကြပ်အတည်းကြီးသည်။ လယ်ယာပိုင်ဆိုင်မှုနည်းပါးပြီး ကြုံ ရာကျပမ်း ဖြင့် ရုန်းကန်အသက်ရှင်နေရသည်။ ထို့ပြင် ၂ဝ၁၂အရေးအခင်းကာလတိုက်ခိုက်ခံရပြီးနောက် ပို၍ခက်ခဲလာကြသည်။ မောင်တောဒေသတွင်း၌ နတ်မြစ်နှင့် ပင်လယ်ကမ်းခြေတလျောက်တွင် ဘင်္ဂါလီရွာများက စိုးမိုးထားရာ အသက်မွေးဝမ်း ကြောင်းအတွက်မဆိုထားနှင့် ဟင်းစားအတွက် ငါးရှာ ဖားရှာပင်သွားရန် ခက်ခဲလာသကဲ့သို့ မယူတောင်တန်းအတွင်း တယောက်ချင်းနှစ်ယောက်ချင်းသွားလာ၍ ထင်းခုတ် ဝါးခုတ်ပြုရန် စိုးရိမ်စိတ်များရှိနေကြသည်။ ထို့ကြောင့် စိုင်းတင်တောင် တန်းမြောက်ဖက်ခြမ်းရှိ ထူထဲလှသော ဝါးတောကြီးမှ အရေအတွက် သိန်းချီသည့်ဝါးထုတ်လုပ်မှုကို ဘင်္ဂါလီတို့ လုပ်ကိုင် နေကြသည်။

အထူးသဖြင့် ၂ဝ၁၂ အရေးအခင်းအပြီး ရခိုင်တိုင်းရင်းသားထဲမှ တယောက် နှစ်ယောက်စ တောတောင်နှင့် မြစ်ချောင်းများသို့ သွားရောက်လုပ်ကိုင်ရင်း လက်သည်မပေါ်သော လူသတ်မှုများကြုံရသဖြင့် ပို၍စိုးရိမ်စိတ်ရှိလာကြခြင်းဖြစ်သည်။ ထို့ပြင် အ ချို့ ရခိုင်ရင်းသားပိုင်လယ်များသည် ဘင်္ဂါလီတို့ လုပ်ကိုင်နေသည့်လယ်ယာမြေအများအပြားကြားတွင်ရှိရာ စိုးရိမ်မှုနှင့် သွားရောက်မလုပ်ရဲကြသည်ကို တွေ့ရသည်။ လုံခြုံရေးတာဝန်ရှိသူများကလည်း တောတောင် မြစ်ချောင်း လယ်ကွင်းများ အထိ လုံခြုံ ရေးယူပေးနိုင်ခြင်းမရှိပေ။

တချိန်တည်းတွင် မောင်တောမြို့နယ်ထဲရှိ ရခိုင်တိုင်းရင်းသားအများစုမှာ ကျပမ်းလုပ်ကိုင်စားသောက်ရပြီး နွမ်းပါးသူများဖြစ် သဖြင့် ကလေးငယ်များ ပညာရေးအား အားမပေးနိုင်။ ကျောင်းထားရန်အခက်အခဲရှိသည်။ မောင်တောမြို့ နယ်မြောက်ပိုင်း တောင်ပြို လက်ဝဲအနီး နံ့သာတောင်ပရဟိတကျောင်းတွင် ရခိုင်တိုင်းရင်းသား ကျောင်းသားလူငယ် ၄ဝဝ ခန့်ကို တာဝန်ယူ ပညာသင်သင်ပေးနေသည်ကို တွေ့ရသည်။ ဘင်္ဂါလီကလေးငယ်များအတွက် UN နှင့် INGO များမှ စာအုပ်စာတမ်း ကျောင်း ဝတ်စုံများမှအစ အကူအညီရရှိသည်။ ရခိုင်တိုင်းရင်းသားကလေးငယ်များကတော့ ပရဟိတအကူအညီ အနည်းငယ်မျှဖြင့်သာ ရုန်းကန်နေရသည်။

ဘင်္ဂါလီများသည် မောင်တောခရိုင်အတွင် လူများစုဖြစ်နေသည်။ အိမ်ခြေထောင်နှင့်ချီသည့် ဘင်္ဂါလီရွာကြီးများသည် အိမ် ခြေ ဆယ်ဂဏန်း ရာဂဏန်းသာရှိသည့် တိုင်းရင်းသားရွာများ၏ ပတ်လည်တွင်ရှိသည်။ ရခိုင်တိုင်းရင်းသားရွာများတွင် အစိုး ရအုပ်ချုပ်ရေးအာဏာသက်ရောက်သည်။ လယ်ထဲတွင်အိမ်ဆောက်လျင် အရေးယူခံရမည်။ ရခိုင်ရိုးရာ စာပေယဉ်ကျေးမှု ဟောပြောခွင့်လုပ်မည်ဆိုလျင် ခွင့်ပြုမိန့်တင်ရမည်။ သို့သော် ဘင်္ဂါလီရွာများတွင်မူ အစိုးရအုပ်ချုပ်မှုအာဏာသည် အပြည့် အဝ မသက်ရောက်ပေ။ လယ်ကွင်းထဲ အိမ်ဆောက်လျင်လည်း အရေးယူခြင်းမရှိ။ နေရာအသစ်များတွင် အိုးအိမ်တည် လျင်လည်း တားမြစ်ခံရခြင်းမရှိ။ ဗလီဆောက်လုပ်မှု တရားမဝင်ဟုဆိုသော်လည်း ဗလီ အလုံး ၁ဝဝဝ ကျော်နှင့် ဝတ်ပြု ခွင့်များရသည်။ ဘင်္ဂါလီရွာများအတွင်း ပြုလုပ်နေသော အစည်းအဝေးပွဲလမ်းများအား အုပ်ချုပ်ရေးပိုင်းက တားဆီးမှု မရှိသ လောက်ဖြစ်သည်။ သို့ဖြစ်ရာ မောင်တောဒေသတွင်း၌ ဘင်္ဂါလီတို့သည် လွတ်လပ်သည့်အနေအထားကို ရနေသည်ဟုဆိုနိုင်
သည်။

အထူးသဖြင့် ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း ဘင်္ဂါလီမွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းတခု၏ အစိုးရတပ်ဖွဲ့ တပ်စခန်းများအား တိုက်ခိုက်မှု ဖြစ်ပွားလာပြီးနောက် မောင်တောခရိုင်တွင်း ရခိုင်တိုင်းရင်းသားတို့နှင့် အခြားဘာသာဝင်များကြား စိုးရိမ်မှုများ ပိုလာသည်။ ၂ဝ၁၆ ခုနှစ်တိုက်ခိုက်မှု အပြီးအမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ရှိရာ ကျီးကန်ပြင် မြောက်ဖက်ကြိမ် ချောင်းရွာရှိ ခမီးလူမျိုးများဝတ်ပြုရာ ခရစ်ယန်ဘုရားကျောင်းအား ပြန်လည်ဖွင့်လှစ်ခြင်း မပြု နိုင်သေး။ မောင်တောတောင်ပိုင်း အစွန် ဘင်္ဂလားပင်လယ်ကမ်းခြေရှိ ကျောက်ပန္ဒူ ဟိန္ဒူ ဘုရားကျောင်းမှာလည်း ခြိမ်းခြောက်ခံရပြီး အစောင့်တယောက်သာ ထားပြီး ကျန်ဟိန္ဒူများ ပြောင်းရွှေ့ပြေးကုန်ကြသည်။ နှစ်စဉ်ကျင်းပသော ဟိန္ဒူဘုရားပွဲလည်း မကျင်းပနိုင်ခဲ့သည်ကို တွေ့ ရသည်။

● မည်သို့ ကြည့်မြင်ကြမည်နည်း
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာကိုကြည့်မြင်ကြရာတွင် နိုင်ငံတကာရှိ အချို့သူများသည်၂ဝ၁၂ အရေးအခင်းကာလအ တွင်း တိုက်ခိုက်ခံရသော ရခိုင်တောင်ပိုင်းရှိ ဘင်္ဂါလီအရေးကို ရှေ့တန်းတင်ကြည့်မြင်ကြပုံရသည်။ ရခိုင်မြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများတိုက်ခိုက်ခံရမှုကို ထိမ်ချန်ထားလေ့ရှိသည်။ ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ အများစုကြီးဖြစ် သည့် ၇၅ ရာခိုင်နှုန်းသည် မောင်တောခရိုင်အတွင်းတွင် ရှိသည်။ ရခိုင်တောင်ပိုင်းတွင် ၂၅ ရာခိုင်နှုန်းခန့်သာရှိသည်။

သို့ဖြစ်ရာ ဘင်္ဂါလီအများစုနေထိုင်ရာ မောင်တောခရိုင်အတွင်း လယ်မြေအများစုနှင့် စိုက်ပျိုးရေးလုပ်ငန်းသည် ဘင်္ဂါလီတို့ လက်တွင်း၌ရှိသည်။ နတ်မြစ်တလျောက်နှင့် ဘင်္ဂလားပင်လယ်အော်တလျောက် ရေလုပ်ငန်းအားလည်း ဘင်္ဂါလီတို့စိုးမိုးထား သည်။ ဘူးသီးတောင်အရှေ့မြောက်တောင်တန်းများပေါ်မှ နှစ်စဉ် သိန်းဆယ်ချီ၍ထုတ်လုပ်သော ဝါးထုတ်လုပ်ငန်းအားလည်း ဘင်္ဂါလီတို့ လုပ်ကိုင်နေသည်ကို တွေ့မြင်နိုင်သည်။ သူတို့တွင် နိုင်ငံသားကဒ်မရှိ၍ သွားလာခွင့်မရှိသော်လည်း ဘင်္ဂလားဒေ့ရှ် နှင့်သော်လည်းကောင်း၊ ရန်ကုန်နှင့် တိုက်ရိုက်အဆက်အသွယ်နှင့် ကူးသန်းရောင်းဝယ်မှုရှိသည်။ UN နှင့် INGO များ၏ ပံ့ပိုးမှုအဖြစ် ရိက္ခာဆေးဝါးမှအစ ကျန်းမာရေး ပညာရေး လူမှုရေး စိုက်ပျိုးရေး လမ်းပမ်းဆက်သွယ်ရေးမှအစ ကဏ္ဍပေါင်းစုံမှ ရရှိထားသည်။ ထို့ပြင် အစိုးရအုပ်ချုပ်ရေးအာဏာသည် ဘင်္ဂါလီရွာများတွင် သက်ရောက်ခြင်း လွန်စွာအားနည်းသည်။ပြဿနာမဖြစ်အောင် လွှတ်ထားသည်ကများသည်ဟု ဆိုနိုင်သည်။ ဘင်္ဂါလီများသည် လူဦးရေများသဖြင့် လယ်ထဲကိုင်းထဲသွား လျင်ဖြစ်စေ တောတောင်တွင်းသွားလျင်ဖြစ်စေ မြစ်ထဲ ပင်လယ်ထဲသွားလျင်ဖြစ်စေ လူအင်အားတောင့်တင်း၍ မည်သည့် စိုးရိမ်စိတ်မှ မရှိကြ။ ထို့ပြင် လူမျိုးရေး အရေးအခင်းဖြစ်လျင်လည်း မောင်တောခရိုင်အတွင်း လူအများစုဖြစ်သော ဘင်္ဂါလီ ရွာများပျက်စီးမှုမရှိ၊ ပျက်စီးမည့်အရေး စိုးရိမ်စရာမလို အပ်ခဲ့ပေ။

လူနည်းစုဖြစ်နေသော ရခိုင်တိုင်းရင်းသားများကား အထက်ပါအချက်များနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ လယ်မြေအနဲစုသာ လက်ထဲတွင်ရှိသည်။ မောင်တောမြို့နယ်အတွင်း နတ်မြစ်နှင် ဘင်္ဂလားပင်လယ်အော် ရေလုပ်ငန်းအားလည်း ဝင်ရောက်လုပ် ကိုင်နိုင်ခြင်းမရှိပေ။ အလားတူပင် ဘူးသီးတောင် အရှေ့မြောက်ရှိတောင်တန်းများရှိ ဝါးထုတ်လုပ်ငန်းအားလည်း လုပ်ကိုင် နိုင်ခြင်းမရှိပေ။ နိုင်ငံသားကဒ်ရှိ၍ ကူးသန်းသွားလာနိုင်သည်ဆိုသော်လည်း ၂ဝ၁၂ နောက်ပိုင်း ဘင်္ဂါလီများက ရခိုင်တိုင်း ရင်းသားများနှင့် မဖြစ်မနေကိစ္စအချို့မှလွဲ၍ အရောင်းအဝယ်မလုပ်ကြတော့သဖြင့် ရောင်းဝယ်မှု ကြီးကြီးမားမား လုပ်မရပေ။ ထို့ပြင် ရခိုင်တိုင်းရင်းသားတို့သည် ဘဏ္ဍာအင်အားတောင့်တင်းသည့် UN နှင့် INGO တို့မှ အကူမရကြ။ နံ့သာတောင် ပရ ဟိတစာသင်ကျောင်းကဲ့သို့ အလှူရှင်နှင့် ပရဟိတသမားတို့၏ အကူအညီ အနည်းအပါးသာရှိသည်။ မောင်တောတွင် ဂျပန်ရောက် ရခိုင်များ၏ အလှူငွေများဖြင့် မတည်ထားသည့် ARG ခေါ် ရက္ခိုင်မျိုးစောင့်အဖွဲ့ဆိုသည့် အဖွဲ့ငယ်တဖွဲ့ရှိ သည်။ ရခိုင်တိုင်းရင်းသားများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို ကူညီနေ သည်။ သို့သော် ဘဏ္ဍာအင်အားတောင့်လှသည် မဟုတ်သည့်ပြင် အစိုးရပိုင်းက မျိုးစောင့်ဟူသောအမည်ကြောင့် ဘာသာရေးပဋိပက္ခရှောင်ရှားရန်လိုသည်ဟူသော ကြည့် မြင်ချက်ကြောင့် အုပ်ချုပ်ရေးပိုင်း၏ အကူအညီမရပေ။ ရခိုင်တိုင်းရင်းသားကျေးရွာများတွင် အစိုးရအုပ်ချုပ်ရေး အာဏာ အပြည့်အဝ ထိရောက်သည်။ ထို့အတူ လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားပါက အသက်အိုးအိမ်များ ဆုံးရှုံးမှုအန္တရာယ်အတွက် စိုးရိမ်မှု ရှိကြသည်။ ကြုံလဲ ကြုံဖူးခဲ့ကြသည်။

သို့ဖြစ်ရာ ရခိုင်တောင်ပိုင်းရှိ ဘင်္ဂါလီလူနဲစုများအတွက် ကြည့်မြင်စဉ်းစားသင့်သည့်နည်းတူ ရခိုင်မြောက်ပိုင်း မောင်တောခရိုင် အတွင်းရှိ ရခိုင်တိုင်းရင်းသား လူနဲစုဖြစ်နေသူများ၏ပြဿနာကို ထည့်သွင်းစဉ်းစားရန်လိုသည်။ ထို့ပြင် မောင်တော ခရိုင် အတွင်းရှိ ရခိုင်တိုင်းရင်းသားများသည် အထက်ပါအခြေအနေများအပြင် ၂ဝ၁၆ နှစ်ကုန်ပိုင်းကစ၍ မူဂျာဟစ်ဒင်ဆိုသူများ၏တိုက်ခိုက်မှု အန္တရယ်များကိုလည်း ကြုံနေရသည်။

သို့ဖြစ်ရာ ဘင်္ဂါလီများအတွက် အန္တရာယ်ကင်းဇုံလိုအပ်သည်ဟု စဉ်းစားခြင်းသည် ပြဿနာကိုဖြစ်ပွားနေသော ဘက်နှစ်ကို စလုံးကို ထည့်သွင်းမစဉ်းစားဘဲ တဘက်ထဲကိုကြည့်၍ စဉ်းစားခြင်းဖြစ်သည်။ ထိုတဖက်ထဲတွင်ပင် အများစုကြီး အခြေအ နေကိုမကြည့်ဘဲ အနဲစုကိုကြည့်၍ ပြောဆိုနေခြင်းဖြစ်သည်။ ဤသို့ ပြောဆိုချဉ်းကပ်ပုံမျိုးသည် ပြဿနာကို မဖြေရှင်းနိုင် မည်မဟုတ်ပါ။ တကယ်တမ်းတွေ့မြင်ရသည်မှာ စိုးရိမ်ပူပန်မှုသည် တဖက်ထဲတွင် ရှိနေသည်မဟုတ်ပါ။ နှစ်ဖက်စလုံးတွင် စိုးရိမ်ပူပန်မှု များရှိနေသည်ကို မှန်မှန်ကန်ကန်ကန် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းမည်ဆိုလျင် အခြေခံအားဖြင့် တရားဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုပြဿနာကို ကိုင်တွယ် ဖြေရှင်းရန်သာဖြစ်ပေသည်။ ဤပြဿနာကို ရှောင်လွှဲပြီး သို့မဟုတ် ချန်ထားပြီး ပြဿနာကို ဖြေရှင်းရန်ကြိုးစားမှုများသည် ပြဿနာကို ပြေလည်ရန်ခက်ခဲသည်။ နိုင်ငံသားဖြစ်မှု နှင့်အတူ နိုင်ငံ၏ တရားဥပဒေ အုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်း အောက်တွင်ရှိရေးသည် အရေးကြီးဆုံးပြဿနာဖြစ်သည်။ ဤသည်မှာ အများပြောဆိုကြသည့် နိုင်ငံတော် အချုပ်အခြာ အာဏာဆိုသည်အတွက် အရေးပါသည့်အချက်လည်း ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဧရာဝတီမြန်မာပိုင်း၌ ဇူလိုင် ၂၀၊ ၂၀၁၇ ရက်နေ့က ဖော်ပြပြီး ဖြစ်သည်။)

Photo : AFP


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်