ကျော်ကျော် (မြရည်စမ်း) ● လွမ်း​နေကြသူများနှင့်​ လွမ်း​နေရသူများ
August 7, 2017
ကျော်ကျော် (မြရည်စမ်း) ● လွမ်း​နေကြသူများနှင့်​ လွမ်း​နေရသူများ
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇
မိုးက တနေကုန်​​အောင်​ပင်​ သွန်​ချသလိုရွာပစ်​သည်​။ မိုးတိတ်​သွားသည့်​ ည​နေခင်းသည်​ အလွမ်းစိုစိုတို့ကို ထုထည်​ကြီးမား လာ​စေသည်​ ထင်​၏။ ကချင်​ပြည်​နယ်​မှ ကျ​နော်​​နေထိုင်​ရာ ​တောင်​တန်းများဝန်းရံ​နေသည့်​ မြို့ငယ်​​လေးသည်​ ဘယ်​​နေရာ​မျှော်​ကြည့်​ကြည့်​ လွမ်း​မောဖွယ်​အတိ။ ဒီ​တနေ့အဖို့ ​နေ​ရောင်​ခြည်​ကို ​မျှော်​၍ မရနိုင်​​တော့ပြီ…။ အလွမ်း…။ မိုးရွာပြီးစ ည​နေခင်း​လေးသည်​ အလွမ်းတို့ကို စိုအိလာ​စေ​တော့သည်​။
မ​နေ့ညက ​ဖေ့စ်​ဘုတ်​သုံးရင်း မိုင်​​ထောင်​ချီ​ဝေးသည့်​ ကမ္ဘာ့တဖက်​ခြမ်းတ​နေရာမှ ​ရေးတင်​လိုက်​​သော စာ​လေးကို ဖတ်​ရ သည်​။ ထိုစာ​လေးက အမှတ်​မထင်​ရင်​ထဲစူးနစ်​ချိတ်​တွယ်​​နေခဲ့သည်​။ ယခုလည်း ​မြောက်​ဖျားသို့သာ တလိပ်​လိပ်​တက်​​နေ ဆဲဖြစ်​သော တိမ်​ညိုအစိုင်​အခဲများကို ကြည့်​​နေရင်း သူတို့ကို ​တောင်​ဘက်​သို့ စုန်​​စေချင်​​နေမိသည်​။ အကယ်​၍ သူတို့စုန်​ဆင်းပါက ရူးနှမ်းသည်​ဟုဆိုကြဆိုကြ ကျ​နော်​လိုက်​ပါခွင့်​​ တောင်းမိမည်​လား မ​ပြောတတ်​​တော့ပါ။ အသွင်​အမျိုးမျိုး​ပြောင်း လဲကာ အလိပ်​လိုက်​တက်​​နေ​သော မိုးတိမ်​ထုများ​အ​ပေါ်တွင်​ ​ဖေ့စ်​ဘုတ်​မှာဖတ်​ရပါ​သော စာသား​လေး နွဲ့​နှောင်း​ပျော့​ပျောင်း စွာ ​ပေါ်လာပြန်​သည်​။
အလွမ်းအိုင်ချင်း
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းငယ်ကောင်း အောဖျန့်တို့လေ။
ညကအလုပ်သွားဖို့ကားရပ်ရာနေရာဆီ
ဒီလမ်းကြားလေးထဲကဖြတ်အသွား
အမှတ်မထင်ရေအိုင်လေးကိုတွေ့တော့
နောက်ကြောင်းပြန်လှည့်အခန်းထဲက ကင်မရာပြန်ယူ
ကဗျာကယာဓာတ်ပုံရိုက်ထားလိုက်မိတယ်
မနေ့က နေလည်းသိပ်မကောင်းဘူးလေ
အအေးမိနှာစေး ကိုယ်လက်ကိုက်ခဲ
တနေ့ကုန်မိုးရယ်ကစွေစွေ လွမ်းနေရတဲ့အထဲ
အိုင်စရာပုံစံရှားလို့ ရေအိုင်က
မြန်မာပြည်မြေပုံနဲ့မှ တူအောင်အိုင်ရလား
အိုင်မယ်ဆိုလည်း လွတ်လွတ်ကင်းကင်းအိုင်ပေါ့ကွယ်
တောင်ပတ်လည်နှင့်
မိုးဖီးလ်ဆိုသည် တောင်ပေါ်မြို့မှာ
မောင့်လွမ်းဖွယ်လေး။
သန်း​ဌေး​မောင်
ဇူလိုင်၊၂၉ ၊၂၀၁၇
တိမ်​အဆင်​​တွေသာ အမျိုးမျိုး​ပြောင်းသွား​သော်​လည်း စာသား​လေးက မ​ပြောင်းမလဲတွယ်​ငြိ​နေဆဲ။
+++++++++++++++++
ယုံကြည်​ချက်​နှင့်​ခံယူချက်​​ကြောင့်​ အမိ​မြေနှင့်​​ဝေးကွာ​နေခဲ့ကြရသူများ ​နေရပ်​မပြန်​နိုင်​ကြ​သေး။ေ​ဝးနေရသည်​။ ဝေးကြရ သည်​။ တချို့က အမိ​မြေနှင့်​ ​ဝေးကွာရသလို၊ တချို့က​တော့ ဇာတိ​မြေနှင့်​ ​ဝေးရသည်။ တချို့မှာမူ အိမ်​တိုင်​နွယ်​ရစ်​​နေသည်​ကိုပင်​ သွားမဖြုတ်​ရဲ၊ မလှမ်းမကမ်းမှ ​ငေးကြည့်​​နေရဆဲ။ ထရပ်​ကားအစုတ်​၏ ဝမ်းဗိုက်​ထဲ ထည့်​​မောင်းခံရသည့်​ ဆီးဖြူသီး များပမာ အားလုံးနီးပါး တည်​ငြိမ်​မှုမရနိုင်​ကြ​သေး။ အစိုးမရ ကြ​​သေး။ တိမ်​ကိုစီးပြီး ​အောက်​ပြည်​​အောက်​ရွာခရီးနှင်​ချင်​သည့် ​ကျ​နော်​စိတ်​သည်​လည်း မိုး​လေ​အေး​အေးထဲတွင်​ ဘယ်​လိုမှပင်​ မစိုးမရချင်​​တော့။ စိတ်​သည်​ လျှင်​မြန်​လွန်း​သော အဟုန်​ဖြင့်​ အတိတ်​သို့တရစပ်​ကြီး ​ရွက်​လွှင့်​သွား​လေ​တော့သည်​။
+++++++++++++++
လွမ်းကြသည်​။ လွမ်းတတ်​ကြပါသည်​။ ကျ​နော်​လည်း လွမ်းဖူးသည်​။ လွမ်းသည့်​ကိစ္စကို တဦးတည်း မူပိုင်​ထားခွင့်​ရှိသလား။ မရှိသလား..ဟူ၍ ဘယ်​​သောအခါမှ မစဉ်းစားမိခဲ့ဖူးပါ​သော်​လည်း လွတ်​လွတ်​လပ်​လပ်​ကြီး​တော့ အခါတရာမက လွမ်းဆွတ်​​နေခဲ့ ဖူးပါသည်​။ သို့​သော်​ ကျ​နော်​သည်​ အကျင့်​မ​ကောင်း။ လွမ်းဆွတ်​ခြင်း တမ်းတခြင်းမှန်​သမျှတို့ အား လူကြားထဲချပြရမည်​ကို ရှက်​သလိုလို၊ ​ကြောက်​သလိုလို အကြိမ်​အဖန်​များစွာ ဖြစ်​ခဲ့ဖူး၊ ခံစားခဲ့ရဖူးသည်​။ အမှန်​တကယ်​​တော့ လွမ်းဆွတ်​တမ်းတခြင်းသည်​ ကံငါးပါးကျူးလွန်​ခြင်း မျိုးမဟုတ်​သည့်​အတွက်​ ​အော်​ဟစ်​လွမ်းမည်​ဆိုပါက လွမ်း၍ရ​ပေမည်​။ နားမခံသာသူ များ ကဲ့ရဲ့မည်​ဆိုပါကလည်း ခုနှစ်​ရက်​ပင်​ ​ကျော်​လွန်​မည်​မဟုတ်​။ ချီးမွမ်း​ခုနှစ်​ရက်၊ ကဲ့ရဲ့ခုနှစ်​ရက်​ ​လောကကြီးတွင်​ တခါ တရံ​တော့လည်း ​အော်​ဟစ်​​ပြီး လွတ်​လပ်​စွာ လွမ်းတမ်းတလိုက်​ချင်​​နေမိပြန်​ပါသည်​။
+++++++++++
ကျ​နော့်​တွင်​ စာ​ရေးသူ၊ ကဗျာ​ရေးသူများဖြစ်​ကြသည့်​ စာ​ရေးဆရာ၊ ကဗျာဆရာ မိတ်​​ဆွေတချို့ရှိပါ၏။ ​သူတို့သည်​ သား သတ်​သမားများမဟုတ်​ကြတာ​တော့ ​သေချာပါသည်​။ ဖြစ်​နိုင်​​ချေ၊ ဖြစ်​တန်​စွမ်းများအရဟူ၍ ကြီးကျယ်​​သောစကား ဆိုရပါ လျှင်​ သူတို့၏နှလုံးသားများ နူးညံ့ကြ​ပေမည်​။ ကဗျာဆရာသည်​ ​တော်​လှန်​ကဗျာတွင်​ ရဲရင့်​ပြတ်​သားသ​လောက်​ တချို့သော ကိစ္စများတွင်​​တော့ အသည်းနုရှာ​ပေလိမ့်​မည်​။ သ​ရော်​စာ​ရေးသည့်​ စာ​ရေးဆရာသည်​လည်း ​လောကသဘာဝအ​တော်​များများကို ထီမထင်​​ကျော်​ဖြတ်​ဝံ့သ​လောက်​ လွမ်းစရာ များနှင့်​ကြုံလာပါက ချုံးပွဲချမငိုလျှင်​​တောင်​ မျက်​ရည်​​တော့ ​ဝေ့သီ​နေ​ပေလိမ့်​မည်​။ ထိုအရာများသည်​ ကျ​နော့်​အ​တွေးသာ ဖြစ်​ပါ၏။ အတုနှင့်​အစစ်​​ ၊ခွဲခြားမရ​အောင်​ ယှက်​လိမ်​​နေ​သော ယခု​ခေတ်​အခါသမယတွင်​ အစစ်​များကိုသာ ရည်​ရွယ်​စဉ်းစားမိခြင်း ဖြစ်​ပါသည်​။
++++++++++++++
ကျ​နော်​တို့သည်​ ကွယ်​လွန်​သွားသည့်​ သူကို ပို၍လွမ်းတမ်းတကြ​သေးသည်​။ ထိုအချင်းအရာသည်​ ​ကောင်းပါသည်​။ သို့​သော်​ မကွယ်​လွန်​မီ လွမ်းတတ်​ကြပါက ပို၍ ​ကောင်းမည်​လားဟု မကြာခဏ စဉ်းစားခဲ့ဖူးသည်​။ စဉ်းစားမိခဲ့ခြင်းမှာလည်း ​ဖေ့စ်​ဘုတ်​ထဲမှ မီးလင်း​နေ​သေး​သော်​လည်း မူလသုံးစွဲသူစစ်​စစ်​မဟုတ်​​တော့သည့်​နာမည်​​လေးများ။ အပြီးအပိုင်​ မီးမှိတ်​သွား​သောနာမည်​​လေးများကို သတိထားမိခဲ့ခြင်းမှ အစပြုခဲ့သည်​ ဆိုရ​ပေ မည်​။ မ​​သေမီ ယဉ်​​ကျေးစွာသုံးနှုန်းရပါက မကွယ်​လွန်​မီ လွမ်းလို့ရမရကို ကျ​နော်​သိချင်​​နေမိ ပြန်​သည်​။ တကယ်​​တော့ လွမ်းလို့ရကိုရရ​ပေမည်​။ လွမ်းဆွတ်​ခြင်းကို ပုဒ်​ထီး၊ ပုဒ်​မနှုတ်​မိန့်များဖြင့်​ ဖမ်းဆီး၍​တော့ မရတန်​စ​ကောင်း။
+++++++++++++++
ကျ​နော့်​ဘဝအချိုးအ​​ကွေ့တခုတွင်​ စာ​ရေးဆရာကြီးတ​ဦးနှင့်​ ဆုံခဲ့ရဖူးသည်​။ ကျ​နော်​က သူ့ကို အများနည်းတူ ဆရာဟုမ​ခေါ် ပါ။ ချစ်​မြတ်​နိုးခြင်းနှင့်​​လေးစားတန်​ဖိုးထားမှုတို့ ​ပေါင်းစပ်​ကာ ဘဘဟု ​ခေါ်ခဲ့သည်​။
ကဗျာဆရာ​အောင်​ဘညိုနှင့်​ စာ​ရေးဆရာ​ဒေါင်း​နေမင်း ကွယ်​လွန်​ပြီးစအချိန်​​လေးတွင်​ ဘဘနှင့်​ကျ​နော်​ စ​တွေ့ကြသည်​။ ထို အချိန်​က စာ​ရေးဆရာ​ဒေါင်း​နေမင်း ကွယ်​လွန်​သည်​မှာ ရက်​ပင်​မလည်​​သေး​ချေ။ မြို့​လေး၏အပူဒဏ်​နှင့်​ ဖုန်​မှုန့်​များကို အာ ရုံမထားပဲ ထိုသူများကိုလွမ်း​နေသည့်​ဘဘကို ကျ​နော်​အံ့သြတကြီး ဖြစ်​ခဲ့ရသည်​။…
“လွမ်းတယ်​ကွာ.. ဘဘ သူတို့အ​ကြောင်း လွမ်းချင်​​သေးတယ်​”
ထူထဲ​သောမျက်​မှန်​​အောက်​မှ မျက်​ဝန်းများ စိုလဲ့​နေသည်​ကို ကျ​နော်​​တွေ့လိုက်​ရပါသည်​။
အိပ်ရာ​လေးအ​ပေါ် ဝမ်းလျားထိုး​မှောက်​ကာ စာရွက်​​လေးထဲစာ​ရေးချ၍ အလွမ်း​ဖြေ​နေ​သလား၊ လွမ်းတ​နေသလား​တော့ မဆိုနိုင်​။ စာ​ရေးလျှင်​ ဝမ်းလျားထိုး​မှောက်​ကာ ​ရေးရသည်​ကို ပိုမိုနှစ်​ခြိုက်​​ကြောင်း ​ပြောတတ်​​သေးသည်​။
ထိုကာလ၌ ကျ​နော်​သည်​ဘ၀၏ အချိန်​များစွာကို ရည်​မှန်းချက်​မဲ့စွာ ဖြုန်းတီး​နေခဲ့​သောကာလဟုဆိုလျှင်​လည်း ဆို၍ ရ​ပေ သည်​။ မနက်​မိုးလင်းလျှင်​ လက်​ဖက်​ရည်​​ရောင်းမည်​။ ​နေ့လည်​​နေ့ခင်း ဆိုင်​လူပါးချိန်​​လေး၌ စာဖတ်​ချင်​ဖတ်​မည်​။ ဖတ်​သည့် စာဆိုသည်​မှာလည်း ကြုံသလို၊ ညားသလိုသာ ဖတ်​ခြင်းဖြစ်​သည်​။ အချိန်​တခုလွန်​​မြောက်​​စေရန်​သာ ဖတ်​ခြင်းဖြစ်​သည်​။ စာဖတ်​​နေခိုက်​ လက်​ဖက်​ရည်​ ထ​ဖျော်​လျှင်​​ဖျော်​သည်​။ ပြန်​ထိုင်​ချိန်​၌ ထိုစာကို ဆက်​ဖတ်​ဖြစ်​ချင်​မှ ဖတ်​ဖြစ်​​တော့သည်​။ ဘဘနှင့်​​တွေ့ပြီး​နောက်​ပိုင်း အချိန်​များတွင်​ စာကိုဆုံး​အောင်​ဖတ်​သည့်​ အ​လေ့အကျင့်​​ကို ရခဲ့ပါသည်​။ ထိုအ​လေ့အကျင့် သည်​ ယခု​နေအခါ​တော့ အ​လေ့အထတခုဖြစ်​၍ ​နေ​ပေပြီ။
ဘဘသည်​ ကျ​နော့်​လက်​ဖက်​ရည်​ဆိုင်​​လေးသို့ ည​နေတိုင်းလိုလို ​ရောက်​လာတတ်​သည်​။ အ​ကြောင်းတစုံတရာ​ကြောင့်​ အ​ရောက်​​နောက်​ကျ​နေခဲ့လျှင်​လည်း ကျ​နော်​နှင့်​ဇနီးသည်​မှာ ​မျှော်​​နေတတ်​သည်​။ ဘဘသည်​ ဇနီးသည်​နှင့်​သမီး​လေးကိုပါ ကျ​နော်​နှင့်​ ​ပြောဆို​နေသည့်​ စကားဝိုင်းသို့ ဝင်​သာ​အောင်​ လမ်းဖွင့်​​ပေးတတ်​​သေးသည်​။ဇနီးသည်​ကလည်း ဘဘလာလျှင်​ ထမင်းဖြူပူပူ​နွေး​နွေးကို ဆီဆမ်း၊ ဆားဖြူးကာ ဆိတ်​သား​ခြောက်​ကို မွမွ​​လေးဖြစ်ေ​အာင်​ဖွ၍ ​နေ့စဉ်​ဧည့်​ဝတ်​ပြုရှာသည်​။ ကျ​နော့်​သမီး​လေးကလည်း အသံထွက်​ခက်​ခဲမ​သေချာသည့်​ အင်္ဂလိပ်​စာများကို ​မေးတတ်​သည်​။ ဘဘထံမှ ကျ​နော်​နမူနာယူ ရသည့်​ အမူအကျင့်​များစွာထဲမှ မှတ်​မှတ်​ရရတခုကိုလည်း ​ပြောပြချင်​​သေးသည်​။ ကျ​နော့်​သမီး​မေးသည့်​ အင်္ဂလိပ်​စာအသံ ထွက်​ကို ဘဘ အ​နေဖြင့်​ ဝတ်​​ကျေတန်း​ကျေသ​ဘောမျိုးမထားဘဲ အင်္ဂလိပ်​စာ၊ အင်္ဂလိပ်​စကားနှင့် ရေစီး​ကြောင်းအတိုင်း ​ရွေ့လျား​နေ​သော စာ​ရေးဆရာမတဦးကိုဖုန်းဆက်​​မေးပြီးမှ အ​ဖြေ​ပေးတတ်​သည်​။ အသံထွက်​ပြတာ ​မှားမှာစိုးလို့ပါဟု ဆို တတ်​​သေးသည်​။ ဘဘသည်​ မ​သေချာ​ သောကိစ္စရပ်​များကို အသိ၊ အတတ်​ မလုပ်​တာ​တော့ ​သေချာလှပါသည်​။
ကျ​နော်​နှင့်​ဘဘဆုံ​တွေ့ကြရ​သော မြို့​လေးသည်​ ကျ​နော့်​ချက်​မြှုပ်​ဇာတိမဟုတ်​။ ​တနေ့သားတွင်​ မြို့​လေးမှာ စာ​ပေ​ရေးသား သူ ဘယ်​သူရှိသလဲဟု ကျ​နော့်​ကို ​မေးရှာသည်​။ စာ​ရေးဆရာကြီးသည်​ စကားစမြည်​​ပြောစရာ မိတ်​​ဆွေ​ကောင်းကို ​တောင့် တ​ကြောင်း ကျ​နော်​နားလည်​ပါသည်​။ ခက်​​နေသည်​မှာ စာ​ပေ​ရေးသားသူများကို ကျ​နော်​သိသည်​။ ကဗျာဆရာတချို့ကိုလည်း ကျ​နော်​သိသည်​။ ကျ​နော်​ယုံကြည်​ရာ ကဗျာဆရာ​လေးမှာ တနယ်​တ​ကျေး​ရောက်​​နေသည်​။ ​ခေါင်းပူ​အောင်​ စဉ်းစားပြီး  လမ်းစဉ်​ပါတီ​ခေတ်​က စာ​ပေဆုများရဖူးသည့်​ စာ​ရေးဆရာတ​ဦးကို မျက်​လုံးထဲမြင်​မိ၍ သူ့အိမ်​သို့ ကျ​နော်​သွားခဲ့သည်​။ တံဆိပ်​အမျိုးအစား​ပေါင်းစုံကပ်​ထား​သော အရက်​ပုလင်းများကြားမှ မျက်​မှန်​တ​လက်​ဝင်းခနဲ လက်​သွားတာမြင်​လိုက်​ရ သည်​။ ဘာအရက်​ယူမလဲဟု ​မေးလိုက်​သည့်​ သူ့စကားသံမဆုံးမီ ချာခနဲ ကျ​နော်​လှည့်​ပြန်​လာခဲ့ပါသည်​။ အများသူငါကို ​လောင်​ကျွမ်း​စေပြီး မိမိကိုယ်​ကို အ​ရောင်​တင်​သူနှင့်​ မိမိကိုယ်​ကို​အ​လောင်​အမြိုက်​ခံပြီး အများ​သူငါကို အလင်း​ပေးသူ ဘဘ သည်​ ရင်​ဘတ်​ခြင်းမတူညီ၊ သံစဉ်​ခြင်းညှိမရဟူ၍ ကျ​နော်​သ​ဘောပိုက်​ထားလိုက်​သည်​။ ကျ​နော်​ စိတ်​အထင်​​တော့၊ ကျ​နော်​သိသ​လောက်​​တော့ မြို့​လေး၏ဘူတာရုံအို​လေးမှ စာ​ပေဝါသနာရှင်​ရုံပိုင်​အိုကြီးနှင့်​သာ ဘဘစကား​ပြောခဲ့သည်​။
ကျန်​သည့်​အချိန်​များကို​တော့ စာ​ရေး၊ စာဖတ်​ခြင်းများဖြင့်​သာ ​ကျော်​ဖြတ်​သွားခဲ့ရှာသည်​။
တကယ်​​တော့ ထိုစဉ်​က ကျ​နော်​အယူအဆများ မှားယွင်းခဲ့ခြင်းသာ ဖြစ်​​ပေလိမ့်​မည်​။ လူကိုမကြည့်​ဘဲ စာ​ပေအနုပညာကိုသာ ကြည့်​တတ်​သူများအ​ကြောင်းကို ​သေ​သေချာချာ သိတတ်​ချိန်​တွင်​ ​နောင်​တပင်​ ရမိ​လေသည်​။
++++++++++++++
ဘဘ​ပြောပြသည့်​  စကားများစွာထဲမှ နာနတ်​​တောသင်္ချိုင်းထဲမှ အုတ်​ဂူတလုံးစီ​ပေါ်တွင်​ ပက်​လက်​အိပ်​ရင်း ကဗျာရွတ်​ကြ သည့်​အ​ကြောင်းအရာသည်​ ကျ​နော့်​စိတ်​ကိုညှို့ယူ သွားခဲ့သည်​။ လူ​သေများမြှုပ်​နှံထားသည့်​ တိတ်​ဆိတ်​ငြိမ်​သက်​လှ​သောသုဿန်​ထဲရှိဂူ​လုံး စီ​ပေါ်တွင်​ လူသားနှစ်​ဦးရှိ​နေသည်​။ အချိန်​က…ည။ လမင်းက သာ​နေ၏။ ရှယ်​လီ၏ ကမ္ဘာ​ကျော်​ကဗျာသည်​ နရီအတက်​အကျဖြင့်​ ​တောင်​ပံခတ်​​နေ​ပေမည်​။ ကျနော့်​နှလုံးသားထဲ ကဗျာပိုး​လေး သွင်း​ပေးထားခဲ့​လေသ လားမသိ။ ကဗျာဆရာ​မောင်​​လေး​အောင်​အ​ကြောင်းကိုပြောပြ​တော့ ဇနီးသည်​နှင့်​သမီး​လေးပင်​ သနား​နေကြသည်​။ ယခု​အချိန်​တွင်​မ​တော့ ကဗျာမဖတ်​သူ သူတို့ပင်​လျှင်​ ​မောင်​​လေး​အောင်​၏ ​”​လောကဘုရားပွင့်​ပါ​လေ” ကဗျာကို​​တော့ အလွတ်​ရကြသည်​။ တခါတရံ​တော့ ကျ​နော်​သည်​လည်း ကဗျာနှင့်​ဆင်​​သော စကား​ပြေ​တိုလီထွာလီ​လေးများကို ကဗျာအမှတ်​နှင့်​ ​ရေးစပ်​မိပါသည်​။
မြို့​လေးမှ ဘဘပြန်​သွားပြီး မကြာမီမှာပင်​ ကျ​နော်​တို့မိသားစုလည်း ​ရေကြည်​ မြက်​နုရာ ​နောက်​ထပ်​တမြို့သို့ ​ပြောင်းခဲ့ ကြပြန်​ သည်​။
တ​နေ့..၊ ရန်​ကုန်​မြို့မှ ကချင်​ပြည်​နယ်​သို့ ​ပြေးဆွဲ​နေ​သော ခရီးသည်​တင်​ကားဖြင့်​ စာအုပ်​ထုပ်​ကြီးတထုပ်​​ရောက်​လာသည်​။ ​သေသပ်​လှပ​သော ဘဘ၏လက်​​ရေးဖြင့်​ ကို​ကျော်​ဖတ်​ဖို့ စာ​ရေးသူ၏လက်​​ဆောင်​ဟု ​ရေးထား​သောစာအုပ်​များအပြင်​ ကျ​နော်​ လိုချင်​​တောင့်​တလွန်းသည့်​ ကဗျာဆရာ​ မောင်​​လေး​အောင်​၊ ​မောင်​​ချောနွယ်​၊ ​ဖော်​​ဝေး၊​ အောင်​ဘညိုတို့၏ ရှားရှား ပါးပါး ကဗျာစာအုပ်​များ ပါလာသည်​။ ဆရာမ ​မေစာနှင့်​ ဆရာမရာသက်​ပန်​တို့​ရေးသည့်​ စာဝိုင်း​ပေဝိုင်းစကားဝိုင်း၊ မြန်​မာ့ ဝတ္ထုတိုလမ်း​ကြောင်းကလည်း ကျ​နော်​စာ​ရေးဖို့ အ​ထောက်​အပံ့များစွာ ဖြစ်​​စေသည်​။ ဆရာ​မောင်​ထွန်းသူ ဘာသာပြန်​စာ အုပ်​များလည်း ပါလာသည်​။ မ​ဟေသီမဂ္ဂဇင်းများဆိုလျှင်​ အထပ်​လိုက်​ကြီး။ စာအုပ်​ထုပ်​ကြီးမားလွန်းသဖြင့်​ပစ္စည်း သယ်​​သောသူသည်​ပင်​ မနိုင်​ရင်​ကာ သယ်​ပိုးလာရသည်​အထိ။
ယခုလည်း မိုး​အေး​အေးနှင့်​မို့ ပြတင်းဝမှခွာကာ ထိုစာအုပ်​များရှိရာ စာအုပ်​စင်​အို​လေးနား ကျ​နော်​​ရောက်​ခဲ့ပြန်​ပါပြီ…။ အ​တွေးတို့သည်​ လူးလွန့်​​နေကြဆဲ…။
မ​နေ့ညက ဖုန်းစကားရသည်​။ အလိုက်​ကန်းဆိုးမသိ၊ ကျ​နော်​ပူဆာမိ၍ “အ​နော်​ရထာည” ကဗျာကို ရွတ်​ပြရှာသည်​။ ကြည်​လင်​​သောအသံသည်​ အနည်းငယ်​​တော့ ​အ​မောရိပ်​စွက်​​နေသည်​။ ​နောက်​​နောင်​ ကျ​နော်​ဆင်​ခြင်​ရမည်​။ ကျ​နော့်​လွမ်းဆွတ်​မှုသည်​ လူကြီးမိဘ၊ ဆရာ သမားကို အခက်​အခဲမ​တွေ့​စေသင့်​။
စိမ့်​ခနဲ​အေးသွား​စေ​သော ​လေနုနု​လေးများနှင့်​အတူ မိုးတ​ဖြောက်​​ဖြောက်​သံကို ကြားရ ပြန်​ပြီ။ စာ​ရေးစားပွဲ​လေးတွင်​ ကျ​နော်​ထိုင်​ချလိုက်​မိသည်​။ စားပွဲ​ပေါ်တွင်​ ကျ​နော်​ဖတ်​လက်​စ စာအုပ်​​လေး အရံသင့်​ရှိ​နေသည်​။ စာအုပ်​မျက်​နှာဖုံးကို ပန်း ချီဆရာမုတ်​သုန်​​ ရေးဆွဲထားသည်​။ လူတ​ဦးသည်​ ​ကျော​ပေးအ​နေအထားဖြင့်​ ခပ်​​စွေ​စွေ​လေးထိုင်​ကာ သီတင်းစာ တ​စောင်​ကို ဖတ်​​နေ၏။
+++++++++++
ထိုသူ့ကို ကျ​နော်​လွမ်း​နေ​ရသော ဘဘဟုပင်​ ထင်​မိလိုက်​​သေးသည်​။ စာအုပ်​​လေးက စာ​ရေးဆရာမင်းသစ်​ ရေးသည့်​ “လွမ်းရတဲ့သူ​တွေ”။ ။
ကိုးကား…
ဦးသန်း​ဌေး​မောင်​ ​ဖေ့စ်​ဘုတ်​စာမျက်​နှာ..
ကျော်​​ကျော်​ (မြရည်​စမ်း)
၁.၈.၂၀၁၇
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Tags: ,
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခ ဇူလိုင် ထွက်ပါပြီ …
By
မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...
Read more »
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ
By
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...
Read more »
မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ
By
    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...
Read more »
စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်
By
  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်